ပုဏၰားကြၽန္းမွာ တပ္မေတာ္ စစ္ေၾကာင္း ဝင္လာတာေၾကာင့္ ေဒသခံ ၅၀၀ ခန႔္ထြက္ေျပး


(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ နတ္ဆိပ္ေက်း႐ြာကို ဒီေန႔ ဧၿပီ ၂၂ ရက္န႔မနက္က တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာတာေၾကာင့္ နတ္ဆိပ္၊ မင္းကန္နဲ႔ တန္းစြယ္ေက်း႐ြာက ေဒသခံ ၅၀၀ ေလာက္ဟာ တန္ခိုးေက်း႐ြာကို ထြက္ေျပးသြားၾကပါတယ္။

နတ္ဆိပ္ကို တပ္မေတာ္စစ္ေၾကာင္းက ေသနတ္ေဖာက္ဝင္လာတာေၾကာင့္ ေက်း႐ြာကလူေတြက ေၾကာက္ၿပီး ထြက္ေျပးၾကတာကို အနီးနားက မင္းကန္နဲ႔ တန္းစြယ္႐ြာကလူေတြကပါ ျမင္ၿပီး ထြက္ေျပးလာၾကတာလို႔ ထြက္ေျပးလာတဲ့ေဒသခံေတြကို ကူညီေပးေနတဲ့ လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ တန္ခိုးေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။ တန္ခိုးေက်း႐ြာဟာ နတ္ဆိပ္ေက်း႐ြာနဲ႔ ေလးမိုင္ေလာက္ ေဝးတယ္လို႔ ဆိုပါတယ္။

နတ္ဆိပ္႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားတာမ်ိဳးမရွိပဲ ဝင္ေရာက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္းက ေန႔လယ္ပိုင္းမွာ ျပန္ထြက္သြားခဲ့ၿပီး နတ္ဆိပ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးနဲ႔ ေဒသခံတစ္ဦး ဖမ္းဆီးသြားတယ္လို႔ ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ နတ္ဆိပ္႐ြာကိစၥကို မသိေသးေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၂၀ ရက္ေန႔ကလည္း ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာက ေဒသခံ ၃၈ ဦးကို ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ပတ္သက္သူေတြဆိုၿပီး စစ္ေဆးဖို႔ ဖမ္းဆီးထားတယ္လို႔ တပ္မေတာ္က ေျပာၾကားထားပါတယ္။

ဧၿပီ ၂၁ ရက္ေန႔ မေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ ေက်ာက္စာတိုင္ေက်း႐ြာကို တပ္မေတာ္ စစ္ေၾကာင္းဝင္ေရာက္ခဲ့ တာေၾကာင့္ ေဒသခံ အိမ္ေထာင္စု ၄၀ ေလာက္ဟာ အနီးနားက ၿမဳံးေနာင္းေက်း႐ြာကို ထြက္ေျပးေနၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြနဲ႔ ဆက္ႏြယ္လို႔ ေနရပ္စြန႔္ခြာထြက္ေျပးရသူ အေရအတြက္ဟာ တစ္သိန္း ခုနစ္ေသာင္းခန႔္ရွိေနၿပီလို႔ ရခိုင္တိုင္းရင္သားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC က ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA က ရရွိခဲ့တဲ့အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန ဒီေန႔ ဧၿပီလ ၂၀ ရက္ေန႔အထိ အခ်ိန္ တစ္လေက်ာ္ကာလအတြင္း ေသဆုံးသြားတဲ့ အရပ္သား ၈၅ ဦး ထက္မနည္း ရွိေနသလို ထိခိုက္ဒဏ္ရာ ရသူဟာလည္း ၂၀ဝ ေက်ာ္အထိရွိေနပါတယ္။

RFA Burmese
---------------------------------------------
(Unicode)⤵⤵⤵
ပုဏ္ဏားကျွန်းမှာ တပ်မတော် စစ်ကြောင်း ဝင်လာတာကြောင့် ဒေသခံ ၅၀၀ ခန့်ထွက်ပြေး

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ကျေးရွာကို ဒီနေ့ ဧပြီ ၂၂ ရက်န့မနက်က တပ်မတော်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် နတ်ဆိပ်၊ မင်းကန်နဲ့ တန်းစွယ်ကျေးရွာက ဒေသခံ ၅၀၀ လောက်ဟာ တန်ခိုးကျေးရွာကို ထွက်ပြေးသွားကြပါတယ်။

နတ်ဆိပ်ကို တပ်မတော်စစ်ကြောင်းက သေနတ်ဖောက်ဝင်လာတာကြောင့် ကျေးရွာကလူတွေက ကြောက်ပြီး ထွက်ပြေးကြတာကို အနီးနားက မင်းကန်နဲ့ တန်းစွယ်ရွာကလူတွေကပါ မြင်ပြီး ထွက်ပြေးလာကြတာလို့ ထွက်ပြေးလာတဲ့ဒေသခံတွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တန်ခိုးကျေးရွာသားတစ်ဦးက ပြောပါတယ်။ တန်ခိုးကျေးရွာဟာ နတ်ဆိပ်ကျေးရွာနဲ့ လေးမိုင်လောက် ဝေးတယ်လို့ ဆိုပါတယ်။

နတ်ဆိပ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ ဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက နေ့လယ်ပိုင်းမှာ ပြန်ထွက်သွားခဲ့ပြီး နတ်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ နတ်ဆိပ်ရွာကိစ္စကို မသိသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ဒေသခံ ၃၈ ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်သူတွေဆိုပြီး စစ်ဆေးဖို့ ဖမ်းဆီးထားတယ်လို့ တပ်မတော်က ပြောကြားထားပါတယ်။

ဧပြီ ၂၁ ရက်နေ့ မနေ့က ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာကို တပ်မတော် စစ်ကြောင်းဝင်ရောက်ခဲ့ တာကြောင့် ဒေသခံ အိမ်ထောင်စု ၄၀ လောက်ဟာ အနီးနားက မြုံးနောင်းကျေးရွာကို ထွက်ပြေးနေကြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ ဆက်နွယ်လို့ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ တစ်သိန်း ခုနစ်သောင်းခန့်ရှိနေပြီလို့ ရခိုင်တိုင်းရင်သားမျိုးနွယ်စုများ အစည်းအရုံး REC က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့ ဧပြီလ ၂၀ ရက်နေ့အထိ အချိန် တစ်လကျော်ကာလအတွင်း သေဆုံးသွားတဲ့ အရပ်သား ၈၅ ဦး ထက်မနည်း ရှိနေသလို ထိခိုက်ဒဏ်ရာ ရသူဟာလည်း ၂၀ဝ ကျော်အထိရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပုဏၰားကြၽန္းမွာ တပ္မေတာ္ စစ္ေၾကာင္း ဝင္လာတာေၾကာင့္ ေဒသခံ ၅၀၀ ခန႔္ထြက္ေျပး ပုဏၰားကြၽန္းမွာ တပ္မေတာ္ စစ္ေၾကာင္း ဝင္လာတာေၾကာင့္ ေဒသခံ ၅၀၀ ခန႔္ထြက္ေျပး Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.