အိႏၵိယသမၼတ အိမ္ေတာ္၀င္းထဲက ၀န္ထမ္းတဦးမွာ COVID-19 ကူးစက္ေန


(Zawgyi/Unicode)

အိႏၵိယနိုင္ငံၿမိဳ႕ေတာ္၊နယူးေဒလီၿမိဳ႕ က သမၼတ Ram Nath Kovind ရဲ႕ အိမ္ေတာ္ဝင္းအတြင္း ဝန္ထမ္း အိမ္ရာတစ္ခုမွာ ေနထိုင္ တဲ့ ေရသန္႔ဝန္ထမ္းတေယာက္ရဲ႕ မိသားစုဝင္တဦး ဆီမွာ COVID-19 ေရာဂါပိုးကူးစက္ေနတာေတြ႕ရွိရတဲ့ အတြက္ အဂၤါေန႔က သမၼတအိမ္ေတာ္ အိမ္ရာဝင္းအတြင္း ေနထိုင္သူ ၅၀၀ ေလာက္ကို သီးျခားခြဲထားလိုက္ပါတယ္။

အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတ Kovind နဲ႔ သူ႔ကို ေစာင့္ေရွာက္ေနသူေတြကေတာ့ အဆင့္နိမ့္ ဝန္ထမ္းေတြနဲ႔ ထိေတြ႕ ဆက္ဆံမႈ မရွိတာေၾကာင့္ သီးျခားခြဲ ေနထိုင္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ သမၼတအိမ္ေတာ္ဝင္း အလုပ္သမားေတြေနထိုင္တဲ့ တိုက္ခန္း ၁၀၀ ေက်ာ္က ဝန္ထမ္းေတြ အိမ္ထဲမွာပဲေနၾကဖို႔ အမိန္႔ထုတ္ထား သလို ေရသန္႔ဌာနမွာ အလုပ္လုပ္တဲ့ အလုပ္သမားနဲ႔ မိသားစုဝင္ ၇ ဦးကို သီးျခားခြဲေစာင့္ၾကည့္ quarantine စင္တာကို ေျပာင္းေရႊ႕ထားပါတယ္။ လူဦးေရ ၁,၃ ဘီလီယံ ေလာက္ရွိတဲ့ အိႏၵိယမွာ လူေတြကို အိမ္ျပင္ ရက္ ၄၀ မထြက္ရ အမိန္႔ခ်မွတ္ထားပါတယ္။ လက္ရွိမွာလည္း နိုင္ငံတြင္း ေရာဂါကူးစက္သူ ၁၉၀၀၀ နီးပါးနဲ႔ ေသဆုံးသူ ၆၀၀ ေက်ာ္ရွိပါတယ္။

အိႏၵိယလႊတ္ေတာ္တြင္းအလုပ္လုပ္တဲ့ ဝန္ထမ္းတဉီးလည္း ေရာဂါကူးစက္ခံထားရေပမဲ့ သူ႔ကို အလုပ္နားထားတယ္လို႔ တာဝန္ရွိသူ ေတြက ေျပာပါတယ္။

ပါကစၥတန္မွာေတာ့ ဝန္ႀကီးခ်ဳပ္ Imran Khan COVID-19 ေရာဂါရွိ မရွိ အစစ္ေဆး ခံရဖို႔ရွိပါတယ္။ၿပီးခဲ့တဲ့ သီတင္းပတ္က သူေတြ႕ဆုံခဲ့တဲ့ ပရဟိတအဖြဲ႕အစည္းႀကီးတခုရဲ႕ အႀကီးအကဲ တဦး မွာ ေရာဂါပိုးကူးစက္ေနတာကို သိရတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ Khan စစ္ေဆးမႈခံယူရတာပါ။

အာဖဂန္ သမၼတနန္းေတာ္တြင္းမွာလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ကပဲ ေရာဂါပိုးကူးစက္သူ အနည္းဆုံး ၂၀ ေလာက္ေတြ႕တဲ့အတြက္ အာဖဂန္ သမၼတ Ashraf Ghani နဲ႔ သူ႔ဇနီးတို႔လည္း အစစ္ေဆးခံခဲ့ေပမဲ့ ေရာဂါပိုး မေတြ႕ရပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

အိန္ဒိယသမ္မတ အိမ်တော်ဝင်းထဲက ဝန်ထမ်းတဦးမှာ COVID-19 ကူးစက်နေ

(Unicode)

အိန္ဒိယနိုင်ငံမြို့တော်၊နယူးဒေလီမြို့ က သမ္မတ Ram Nath Kovind ရဲ့ အိမ်တော်ဝင်းအတွင်း ဝန်ထမ်း အိမ်ရာတစ်ခုမှာ နေထိုင် တဲ့ ရေသန့်ဝန်ထမ်းတယောက်ရဲ့ မိသားစုဝင်တဦး ဆီမှာ COVID-19 ရောဂါပိုးကူးစက်နေတာတွေ့ရှိရတဲ့ အတွက် အင်္ဂါနေ့က သမ္မတအိမ်တော် အိမ်ရာဝင်းအတွင်း နေထိုင်သူ ၅၀၀ လောက်ကို သီးခြားခွဲထားလိုက်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Kovind နဲ့ သူ့ကို စောင့်ရှောက်နေသူတွေကတော့ အဆင့်နိမ့် ဝန်ထမ်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရှိတာကြောင့် သီးခြားခွဲ နေထိုင်သွားဖို့ အစီအစဉ်မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတအိမ်တော်ဝင်း အလုပ်သမားတွေနေထိုင်တဲ့ တိုက်ခန်း ၁၀၀ ကျော်က ဝန်ထမ်းတွေ အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ထား သလို ရေသန့်ဌာနမှာ အလုပ်လုပ်တဲ့ အလုပ်သမားနဲ့ မိသားစုဝင် ၇ ဦးကို သီးခြားခွဲစောင့်ကြည့် quarantine စင်တာကို ပြောင်းရွှေ့ထားပါတယ်။ လူဦးရေ ၁,၃ ဘီလီယံ လောက်ရှိတဲ့ အိန္ဒိယမှာ လူတွေကို အိမ်ပြင် ရက် ၄၀ မထွက်ရ အမိန့်ချမှတ်ထားပါတယ်။ လက်ရှိမှာလည်း နိုင်ငံတွင်း ရောဂါကူးစက်သူ ၁၉၀၀၀ နီးပါးနဲ့ သေဆုံးသူ ၆၀၀ ကျော်ရှိပါတယ်။

အိန္ဒိယလွှတ်တော်တွင်းအလုပ်လုပ်တဲ့ ဝန်ထမ်းတဉီးလည်း ရောဂါကူးစက်ခံထားရပေမဲ့ သူ့ကို အလုပ်နားထားတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ပါကစ္စတန်မှာတော့ ဝန်ကြီးချုပ် Imran KhanCOVID-19 ရောဂါရှိ မရှိ အစစ်ဆေး ခံရဖို့ရှိပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က သူတွေ့ဆုံခဲ့တဲ့ ပရဟိတအဖွဲ့အစည်းကြီးတခုရဲ့ အကြီးအကဲ တဦး မှာ ရောဂါပိုးကူးစက်နေတာကို သိရတဲ့အတွက် ဝန်ကြီးချုပ် Khan စစ်ဆေးမှုခံယူရတာပါ။

အာဖဂန် သမ္မတနန်းတော်တွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ရောဂါပိုးကူးစက်သူ အနည်းဆုံး ၂၀ လောက်တွေ့တဲ့အတွက် အာဖဂန် သမ္မတ Ashraf Ghani နဲ့ သူ့ဇနီးတို့လည်း အစစ်ဆေးခံခဲ့ပေမဲ့ ရောဂါပိုး မတွေ့ရပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-covid-19-/5384301.html
အိႏၵိယသမၼတ အိမ္ေတာ္၀င္းထဲက ၀န္ထမ္းတဦးမွာ COVID-19 ကူးစက္ေန အိႏၵိယသမၼတ အိမ္ေတာ္၀င္းထဲက ၀န္ထမ္းတဦးမွာ COVID-19 ကူးစက္ေန Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.