ပလက္ဝ ျမန္မာ့စီးပြားေရးဘဏ္ထဲ လက္နက္ႀကီးက်ၿပီး ကေလးႏွစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ေသဆုံး


(Zawgyi)⤵⤵⤵
 ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚက ျမန္မာ့စီးပြားေရးဘဏ္ထဲကို ဒီေန႔ လက္နက္ႀကီးက်ည္ က်ေရာက္ၿပီး ကေလးႏွစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦး ေသဆုံးသြားတယ္လို႔ ေဒသတြင္း ေနထိုင္သူတခ်ိဳ႕က ေျပာပါတယ္။

ေသဆုံးသြားသူ သုံးဦးဟာ ျမန္မာ့စီးပြားေရးဘဏ္ဝန္ထမ္း မိသားစုဝင္ေတြျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ Relief And Rehabilitation Committee for Chin IDPs (RRCCI) အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝက ေျပာပါတယ္။

ဒီေန႔မနက္ကလည္း ပလက္ဝၿမိဳ႕နယ္ သာယာဝဆိပ္ကမ္းအနီးက ယာေတာထဲမွာ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးထိမွန္ ေသဆုံးသြားၿပီး ႐ုပ္အေလာင္းကို ဒီေန႔ေနလယ္က ပလက္ဝေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔လည္း မိုင္နန္းေဝက ေျပာပါတယ္။

လက္နက္ႀကီးက်ေရာက္တာေၾကာင့္ ေဒသခံ အရပ္သားေတြ ေသဆုံးတဲ့သတင္းနဲ႔ ပတ္သက္ၿပီး ပလက္ဝၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ပလက္ဝဒုကၡသည္ေတြကို ကူညီေပးေနသူလည္းျဖစ္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္းလည္းျဖစ္တဲ့ ဆလိုင္းအိုက္ဇက္ခင္ကေတာ့ ညေနက လက္နက္ႀကီးက်တာေၾကာင့္ သုံးဦး ေသဆုံးသြားတဲ့အေၾကာင္း ေဒသခံေတြက ဆက္သြယ္ေျပာဆိုလာတယ္လို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕ပတ္ဝန္းက်င္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို ဒီရက္ပိုင္းအတြင္း တိုက္ပြဲေတြ ျဖစ္ေနတာ ၄ ရက္ေလာက္ရွိၿပီလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္သံေတြ ဒီေန႔ညေနထိ ပလက္ဝၿမိဳ႕ေပၚကေန ၾကားေနရတာေၾကာင့္ ေဒသခံေတြဟာ အျပင္မထြက္ရဲဘဲ ျဖစ္ေနတယ္လို႔လည္း ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာသူေတြဟာ ပလက္ဝၿမိဳ႕ေပၚက ဒုကၡသည္ စခန္းေတြမွာ ၃၆၀၀ ေက်ာ္ရွိေနၿပီး ၿမိဳ႕ေပၚမွာ လူဦးေရ ၇၀၀၀ ေက်ာ္ကလည္း တိုက္ပြဲေၾကာင့္ ေနအိမ္ေတြကေန အျပင္မထြက္ရဲတဲ့အတြက္ ဒုကၡသည္ တစ္ေသာင္းေလာက္ရွိမယ္လို႔လည္း မိုင္နန္းေဝက ေျပာပါတယ္။

RFA Burmese
--------------------------------------
(Unicode)⤵⤵⤵
ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျပြီး ကလေးနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံး

 ချင်းပြည်နယ် ပလက်ဝမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်ထဲကို ဒီနေ့ လက်နက်ကြီးကျည် ကျရောက်ပြီး ကလေးနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း နေထိုင်သူတချို့က ပြောပါတယ်။

သေဆုံးသွားသူ သုံးဦးဟာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း မိသားစုဝင်တွေဖြစ်ကြောင်း ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Relief And Rehabilitation Committee for Chin IDPs (RRCCI) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။

ဒီနေ့မနက်ကလည်း ပလက်ဝမြို့နယ် သာယာဝဆိပ်ကမ်းအနီးက ယာတောထဲမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးသွားပြီး ရုပ်အလောင်းကို ဒီနေ့နေလယ်က ပလက်ဝဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း မိုင်နန်းဝေက ပြောပါတယ်။

လက်နက်ကြီးကျရောက်တာကြောင့် ဒေသခံ အရပ်သားတွေ သေဆုံးတဲ့သတင်းနဲ့ ပတ်သက်ပြီး ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပလက်ဝဒုက္ခသည်တွေကို ကူညီပေးနေသူလည်းဖြစ် ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဆလိုင်းအိုက်ဇက်ခင်ကတော့ ညနေက လက်နက်ကြီးကျတာကြောင့် သုံးဦး သေဆုံးသွားတဲ့အကြောင်း ဒေသခံတွေက ဆက်သွယ်ပြောဆိုလာတယ်လို့ ပြောပါတယ်။

ပလက်ဝမြို့ပတ်ဝန်းကျင်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်နေတာ ၄ ရက်လောက်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ဒီနေ့ညနေထိ ပလက်ဝမြို့ပေါ်ကနေ ကြားနေရတာကြောင့် ဒေသခံတွေဟာ အပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေဟာ ပလက်ဝမြို့ပေါ်က ဒုက္ခသည် စခန်းတွေမှာ ၃၆၀၀ ကျော်ရှိနေပြီး မြို့ပေါ်မှာ လူဦးရေ ၇၀၀၀ ကျော်ကလည်း တိုက်ပွဲကြောင့် နေအိမ်တွေကနေ အပြင်မထွက်ရဲတဲ့အတွက် ဒုက္ခသည် တစ်သောင်းလောက်ရှိမယ်လို့လည်း မိုင်နန်းဝေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပလက္ဝ ျမန္မာ့စီးပြားေရးဘဏ္ထဲ လက္နက္ႀကီးက်ၿပီး ကေလးႏွစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ေသဆုံး ပလက္ဝ ျမန္မာ့စီးပြားေရးဘဏ္ထဲ လက္နက္ႀကီးက်ၿပီး ကေလးႏွစ္ဦး၊ အမ်ိဳးသမီးတစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.