လူနာနံပါတ္ ၆၄ နဲ႔ ထိေတြ႕ခဲ့တဲ့ တပ္မေတာ္အရာရွိနဲ႔ စစ္သည္ေတြကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္

ကိုဗစ္၁၉ အတည္ျပဳလူနာနံပါတ္ ၆၄ နဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ တပ္မေတာ္က အရာရွိ၊ စစ္သည္နဲ႔ မိသားစုဝင္ေတြကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
တပ္မေတာ္က ကိုဗစ္၁၉ အတြက္ စီစဥ္ထားတဲ့ အသြားအလာကန႔္သတ္ေရးစင္တာတစ္ခု
လူနာနံပါတ္ ၆၄ ဟာ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕က ျဖစ္ၿပီး အင္းစိန္က အတည္ျပဳလူနာ နံပါတ္ ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို႔နဲ႔ ထိေတြ႕မႈရွိခဲ့တဲ့သူျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္က ေဖာ္ျပထားပါတယ္။

အဲဒီလူနာနံပါတ္ ၆၄ ဟာ ရန္ကုန္-ဟဲဟိုး-က်ိဳင္းတုံ လမ္းေၾကာင္းအတိုင္းေလယာဥ္ခရီးသြားေရာက္ခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ေလယာဥ္တစ္စီးတည္း လိုက္ပါစီးနင္းခဲ့တဲ့ တပ္မေတာ္အရာရွိ၊ စစ္သည္၊ မိသားစုဝင္ ၂၆ ဦးနဲ႔ သူတို႔နဲ႔ ထပ္မံထိေတြ႕ခဲ့တဲ့သူ ၁၂ ဦး စုစုေပါင္း ၃၈ ဦးရွိတယ္လို႔ ဆိုပါတယ္။

အဲဒီ ၃၈ ထဲက ၃၇ ဦးကို ဧၿပီ ၁၂ ရက္ကစၿပီး က်ိဳင္းတုံက နယ္ေျမခံတပ္မေတာ္ေဆး႐ုံနဲ႔ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းတို႔မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားတယ္လို႔ ဆိုပါတယ္။

တစ္ဦးကိုေတာ့ တာေလၿမိဳ႕ျပည္သူ႔ေဆး႐ုံမွာ Home Quarantine ျပဳလုပ္ထားတာျဖစ္ပါတယ္။

တပ္မေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ၾကည့္ရႈမႈေတြရွိေနၿပီး လက္ရွိအခ်ိန္ထိ ကူးစက္သူမေတြ႕ရေသးဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားပါတယ္။

လူနာနံပါတ္ ၆၄ ဟာအသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး သူဟာ စင္ကာပူကေန ေဖေဖာ္ဝါရီ ၂၈ ရက္က ျပန္လာသူျဖစ္ပါတယ္။ ရန္ကုန္က အင္းစိန္မွာ သူငယ္ခ်င္းေတြနဲ႔အတူ တစ္ညအိပ္ေနထိုင္ခဲ့ၿပီး မတ္ ၁ ရက္ကစလို႔ က်ိဳင္းတုံမွာ တစ္ပတ္ၾကာေနထိုင္ခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အဲဒီေနာက္မတ္ ၉ ရက္မွာ က်ိဳင္းတုံကေန မိထၳီလာကို ရန္ကုန္ကေနတစ္ဆင့္ သြားေရာက္ခဲ့ၿပီး မိထၳီလာက ေက်း႐ြာတစ္႐ြာမွာ ၁၀ ရက္ခန႔္ေနထိုင္ခဲ့ပါတယ္။ မတ္ ၁၈ ရက္မွာ ရန္ကုန္ကိုျပန္ေရာက္လာၿပီး အင္းစိန္အုပ္စုက အတည္ျပဳလူနာေတြျဖစ္တဲ့ နံပါတ္ ၃၄၊ ၃၅၊ ၃၆၊၃၇ တို႔နဲ႔ ဧၿပီ ၇ ရက္ထိ အတူေနထိုင္ခဲ့တာျဖစ္ပါတယ္။

ဧၿပီ ၈ ရက္မွာ မိုင္းျဖတ္ကို ျပန္ခဲ့ၿပီးတဲ့ေနာက္ ဧၿပီ ၁၀ ရက္မွာ ဖ်ားနာၿပီးလည္ေခ်ာင္းနာတဲ့အတြက္ ေဆးခန္းျပရာတစ္ဆင့္ ကိုဗစ္၁၉ အတည္ျပဳလူနာအျဖစ္ စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီ ၁၈ ရက္မနက္ ၈ နာရီအထိ ကိုဗစ္၁၉ အတည္ျပဳလူနာ ၈၈ ဦး၊ ေသဆုံး ၄ ဦးနဲ႔ ျပန္လည္ေကာင္းမြန္လာလို႔ ေဆး႐ုံက ဆင္းခြင့္ရသူ ၂ ဦးရွိထားပါတယ္။

လူနာနံပါတ္ ၃၊ ၉ နဲ႔ ၁၂ တို႔ကိုလည္း ေဆးျပန္စစ္ထားရာမွာ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ေတာ့တဲ့အေျဖထြက္ရွိထားတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
-----------------------------------------------------
လူနာနံပါတ် ၆၄ နဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်အရာရှိနဲ့ စစ်သည်တွေကို အသွားအလာကန့်သတ်စောင့်ကြည့်

ကိုဗစ်၁၉ အတည်ပြုလူနာနံပါတ် ၆၄ နဲ့ ထိတွေ့မှုရှိခဲ့တဲ့ တပ်မတော်က အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

လူနာနံပါတ် ၆၄ ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့က ဖြစ်ပြီး အင်းစိန်က အတည်ပြုလူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို့နဲ့ ထိတွေ့မှုရှိခဲ့တဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အဲဒီလူနာနံပါတ် ၆၄ ဟာ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ လမ်းကြောင်းအတိုင်းလေယာဉ်ခရီးသွားရောက်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့တဲ့ တပ်မတော်အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၂၆ ဦးနဲ့ သူတို့နဲ့ ထပ်မံထိတွေ့ခဲ့တဲ့သူ ၁၂ ဦး စုစုပေါင်း ၃၈ ဦးရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၃၈ ထဲက ၃၇ ဦးကို ဧပြီ ၁၂ ရက်ကစပြီး ကျိုင်းတုံက နယ်မြေခံတပ်မတော်ဆေးရုံနဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

တစ်ဦးကိုတော့ တာလေမြို့ပြည်သူ့ဆေးရုံမှာ Home Quarantine ပြုလုပ်ထားတာဖြစ်ပါတယ်။

တပ်မတော်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ကြည့်ရှုမှုတွေရှိနေပြီး လက်ရှိအချိန်ထိ ကူးစက်သူမတွေ့ရသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

လူနာနံပါတ် ၆၄ ဟာအသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူဟာ စင်ကာပူကနေ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်လာသူဖြစ်ပါတယ်။ ရန်ကုန်က အင်းစိန်မှာ သူငယ်ချင်းတွေနဲ့အတူ တစ်ညအိပ်နေထိုင်ခဲ့ပြီး မတ် ၁ ရက်ကစလို့ ကျိုင်းတုံမှာ တစ်ပတ်ကြာနေထိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်မတ် ၉ ရက်မှာ ကျိုင်းတုံကနေ မိထ္ထီလာကို ရန်ကုန်ကနေတစ်ဆင့် သွားရောက်ခဲ့ပြီး မိထ္ထီလာက ကျေးရွာတစ်ရွာမှာ ၁၀ ရက်ခန့်နေထိုင်ခဲ့ပါတယ်။ မတ် ၁၈ ရက်မှာ ရန်ကုန်ကိုပြန်ရောက်လာပြီး အင်းစိန်အုပ်စုက အတည်ပြုလူနာတွေဖြစ်တဲ့ နံပါတ် ၃၄၊ ၃၅၊ ၃၆၊၃၇ တို့နဲ့ ဧပြီ ၇ ရက်ထိ အတူနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၈ ရက်မှာ မိုင်းဖြတ်ကို ပြန်ခဲ့ပြီးတဲ့နောက် ဧပြီ ၁၀ ရက်မှာ ဖျားနာပြီးလည်ချောင်းနာတဲ့အတွက် ဆေးခန်းပြရာတစ်ဆင့် ကိုဗစ်၁၉ အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၈ ရက်မနက် ၈ နာရီအထိ ကိုဗစ်၁၉ အတည်ပြုလူနာ ၈၈ ဦး၊ သေဆုံး ၄ ဦးနဲ့ ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂ ဦးရှိထားပါတယ်။

လူနာနံပါတ် ၃၊ ၉ နဲ့ ၁၂ တို့ကိုလည်း ဆေးပြန်စစ်ထားရာမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့တဲ့အဖြေထွက်ရှိထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322230
လူနာနံပါတ္ ၆၄ နဲ႔ ထိေတြ႕ခဲ့တဲ့ တပ္မေတာ္အရာရွိနဲ႔ စစ္သည္ေတြကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ လူနာနံပါတ္ ၆၄ နဲ႔ ထိေတြ႕ခဲ့တဲ့ တပ္မေတာ္အရာရွိနဲ႔ စစ္သည္ေတြကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.