ရန္ကုန္မွာ ညမထြက္ရ အမိန႔္ထုတ္

ရန္ကုန္က ၁၇ ၿမိဳ႕နယ္မွာ လူနာ စုစုေပါင္း ၆၈ ဦး ကူးစက္ခံထားရၿပီး ၄ ဦးေသဆုံးထား
(Zawgyi)⤵⤵⤵
ရန္ကုန္မွာ ဧၿပီ ၁၈ ရက္ေန႔ ည ၁၀ နာရီက စလို႔ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ထားတယ္လို႔ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက အတည္ျပဳပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဧၿပီ ၁၈ ရက္က စလို႔ ည ၁၀ နာရီကေန မနက္ ၄ နာရီ အထိ ညမထြက္ရအမိန႔္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ႁခြင္းခ်က္အရ အေရးႀကီးကိစၥ ရွိရင္ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြကို အေၾကာင္းၾကားၿပီး ထြက္ခြာႏိုင္ဖို႔ ေဆာင္႐ြက္ေပးမယ္လို႔ ဆိုပါတယ္။

ျမန္မာမွာ ကိုဗစ္၁၉ ပိုးေတြ႕လူနာ ေတြအနက္ ရန္ကုန္က ၁၇ ၿမိဳ႕နယ္မွာ လူနာ စုစုေပါင္း ၆၈ ဦး ကူးစက္ခံထားရၿပီး ၃ ဦးေသဆုံးထားတယ္လို႔လည္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ညမထြက္ရ အမိန႔္ ထုတ္ျပန္ခ်က္က ဆိုပါတယ္။ ဒီမနက္ တစ္ဦးေသဆုံးတဲ့အတြက္ ရန္ကုန္က ေသဆုံးသူ စုစုေပါင္း ၄ ဦးထိ ျဖစ္လာပါၿပီ။
ရန္ကုန္မွာ တစ္ႏိုင္ငံလုံးလူဦးေရရဲ႕ ၁၃ ရာခိုင္ႏႈန္းေက်ာ္ေနထိုင္ပါတယ္။
ကိုဗစ္၁၉ ေရာဂါဟာ အမ်ားျပည္သူတို႔ရဲ႕ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးေတြကို ထိခိုက္ေစတဲ့အျပင္ အသက္ေသဆုံးတဲ့အထိ ျဖစ္ပြားႏိုင္တာေၾကာင့္ ခုလို ညမထြက္ရအမိန႔္ထုတ္ျပန္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

မႏၲေလးမွာလည္း ဧၿပီ ၁၇ ရက္ ကစလို႔ ည ၉ နာရီကေန မနက္ ၄ နာရီထိ အေၾကာင္းကိစၥႀကီးငယ္မရွိဘဲ အျပင္မထြက္ဖို႔ ညမထြက္ရ အမိန႔္ထုတ္ထားပါတယ္။ ဒါ့အျပင္ ေန႔ဘက္အျပင္ထြက္ရင္လည္း တစ္အိမ္ေထာင္တစ္ေယာက္ပဲထြက္ဖို႔ ကန႔္သတ္ထားပါတယ္။

BBC Burmese
------------------------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်မှာ ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်မှာ ဧပြီ ၁၈ ရက်နေ့ ည ၁၀ နာရီက စလို့ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပါတယ်။

ရန်ကုန်မြို့မှာ ဧပြီ ၁၈ ရက်က စလို့ ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခြွင်းချက်အရ အရေးကြီးကိစ္စ ရှိရင် အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကြောင်းကြားပြီး ထွက်ခွာနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်၁၉ ပိုးတွေ့လူနာ တွေအနက် ရန်ကုန်က ၁၇ မြို့နယ်မှာ လူနာ စုစုပေါင်း ၆၈ ဦး ကူးစက်ခံထားရပြီး ၃ ဦးသေဆုံးထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီမနက် တစ်ဦးသေဆုံးတဲ့အတွက် ရန်ကုန်က သေဆုံးသူ စုစုပေါင်း ၄ ဦးထိ ဖြစ်လာပါပြီ။

ကိုဗစ်၁၉ ရောဂါဟာ အများပြည်သူတို့ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေတဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တာကြောင့် ခုလို ညမထွက်ရအမိန့်ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမှာလည်း ဧပြီ ၁၇ ရက် ကစလို့ ည ၉ နာရီကနေ မနက် ၄ နာရီထိ အကြောင်းကိစ္စကြီးငယ်မရှိဘဲ အပြင်မထွက်ဖို့ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။ ဒါ့အပြင် နေ့ဘက်အပြင်ထွက်ရင်လည်း တစ်အိမ်ထောင်တစ်ယောက်ပဲထွက်ဖို့ ကန့်သတ်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322230
ရန္ကုန္မွာ ညမထြက္ရ အမိန႔္ထုတ္ ရန္ကုန္မွာ ညမထြက္ရ အမိန႔္ထုတ္ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.