ေနျပည္ေတာ္ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ ထုတ္ျပန္


 ေနျပည္ေတာ္က ၿမိဳ႕နယ္ ရွစ္ခုမွာ ည ၁၀ နာရီကေန မနက္ ၄ နာရီ အထိ အျပင္မထြက္ဖို႔ တားျမစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီက ၫႊန္ၾကားခ်က္အမိန႔္ကို ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။

ၿမိဳ႕နယ္ ရွစ္ခု ျဖစ္တဲ့ ဇမၺဴသီရိ၊ ပုဗၺသီရိ၊ ဥတၱရသီရိ၊ ဒကၡိဏသီရိ၊ ေဇယ်ာသီရိ၊ ပ်ဥ္းမနား၊ တပ္ကုန္းနဲ႔ လယ္ေဝး ၿမိဳ႕နယ္ေတြမွာ ဒီေန႔ ဧၿပီ ၁၈ ရက္ေန႔ကစၿပီး ည ၁၀ နာရီ ကေန မနက္ ၄ နာရီအထိ အျပင္ကို မထြက္ဖို႔ ေနျပည္ေတာ္ ေကာင္စီက ၫႊန္ၾကားခ်က္ ထုတ္လိုက္တာပါ။

ေနျပည္ေတာ္ ေနထိုင္သူေတြ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ မရွိေစေရးနဲ႔ အခ်ိန္မွီ ထိန္းသိမ္းႏိုင္ေရးအတြက္ ဌာနဆိုင္ရာ တာဝန္နဲ႔ သြားေရာက္သူေတြ က်န္းမာေရးကိစၥ၊ နာေရးကိစၥေတြမွအပ ည အျပင္မထြက္ဖို႔ တားျမစ္မိန႔္ ထုတ္ျပန္ရျခင္းျဖစ္တယ္လို႔ အမိန႔္ၫႊန္ၾကားခ်က္မွာ ေျပာထားပါတယ္။

ဒီေန႔ ညေနပိုင္းမွာ ဇမၺဴသီရိ ၿမိဳ႕နယ္အတြင္းမွာ အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြက ရပ္ကြက္ေတြအတြင္း အမိန႔္ၫႊန္ၾကားခ်က္ကို ေလာ္စပီကာနဲ႔ လိုက္လံ အသိေပးေနတာကို ေတြ႕ရပါတယ္။

ေနျပည္ေတာ္ကို ဝင္ထြက္သြားလာတဲ့ ခရီးသြားေတြကိုလည္း ဧၿပီ ၁၄ ရက္ေန႔က စၿပီး က်န္းမာေရး စစ္ေဆးတာေတြ စတင္ေဆာင္႐ြက္ေနပါတယ္။

RFA Burmese
---------------------------------------------------
နေပြည်တော် မြို့နယ် ရှစ်မြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်

 နေပြည်တော်က မြို့နယ် ရှစ်ခုမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ အပြင်မထွက်ဖို့ တားမြစ်ကြောင်း နေပြည်တော်ကောင်စီက ညွှန်ကြားချက်အမိန့်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ် ရှစ်ခု ဖြစ်တဲ့ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနဲ့ လယ်ဝေး မြို့နယ်တွေမှာ ဒီနေ့ ဧပြီ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ အပြင်ကို မထွက်ဖို့ နေပြည်တော် ကောင်စီက ညွှန်ကြားချက် ထုတ်လိုက်တာပါ။

နေပြည်တော် နေထိုင်သူတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မရှိစေရေးနဲ့ အချိန်မှီ ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်နဲ့ သွားရောက်သူတွေ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စတွေမှအပ ည အပြင်မထွက်ဖို့ တားမြစ်မိန့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အမိန့်ညွှန်ကြားချက်မှာ ပြောထားပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ဇမ္ဗူသီရိ မြို့နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးရုံးတွေက ရပ်ကွက်တွေအတွင်း အမိန့်ညွှန်ကြားချက်ကို လော်စပီကာနဲ့ လိုက်လံ အသိပေးနေတာကို တွေ့ရပါတယ်။

နေပြည်တော်ကို ဝင်ထွက်သွားလာတဲ့ ခရီးသွားတွေကိုလည်း ဧပြီ ၁၄ ရက်နေ့က စပြီး ကျန်းမာရေး စစ်ဆေးတာတွေ စတင်ဆောင်ရွက်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေနျပည္ေတာ္ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ ထုတ္ျပန္ ေနျပည္ေတာ္ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ ထုတ္ျပန္ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.