ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္း တုိက္ပဲြေတြရပ္ဖုိ႔ ကုလ ထပ္မံတုိက္တြန္း


(Zawgyi / Unicode)

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြအတြင္း အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA တို႔ၾကားမွာ အရပ္သားေတြ ထိခုိက္ေသေက်ေနရတဲ့အထိ အရွိန္ျမင့္ေနတဲ့ တိုက္ပြဲေတြ အဆံုးသတ္ၾကဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဗြီအုိေအသတင္းေထာက္ Lisa Schlein ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕ကေန ေပးပို႔ထားတဲ့သတင္းကို မခြာညိဳက တင္ျပေပးထားပါတယ္။

လြန္ခဲ့တဲ့ ၂ လအတြင္း ျမန္မာႏုိင္ငံကေန ထြက္ေျပးၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲက ဒါဇင္နဲ႔ခ်ီၿပီး ပင္လယ္ျပင္မွာ ေသဆုံးခဲ့ၾကရသလုိ ရာနဲ႔ခ်ီၿပီး ေသာင္တင္ေနတဲ့ အျဖစ္ေတြနဲ႔ ႀကံဳေနရခ်ိန္မွာပဲ လက္နက္ကုိင္ ပဋိပကၡေတြလည္း ဆက္လက္ျဖစ္ပြားေနတာပါ။

ပင္လယ္ျပင္မွာ ေသဆံုးခဲ့ၾကရသူေတြဟာ ျမန္မာစစ္တပ္နဲ႔ ရခုိင္တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔တို႔ၾကားက တုိက္ပြဲေတြနဲ႔ေတာ့ တုိက္႐ုိက္ ဆက္ႏႊယ္ေနတာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္ ပုန္ကန္မႈေတြဟာ လူနည္းစုေတြအေပၚ ခြဲျခားဆက္ဆံမႈနဲ႔ ဖိႏွိပ္မႈေတြကုိ ဆန္႔က်င္ေတာ္လွန္တဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း အကဲခတ္ေတြက ႐ႈျမင္ထားၾကပါတယ္။

လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ ေကာ္မရွင္နာမင္းႀကီး႐ုံး ေျပာခြင့္ရ Rupert Colville ကေတာ့ လတ္တေလာ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ရခုိင္ျပည္နယ္နဲ႔အတူ ကပ္လ်က္ရွိေနတဲ့ ခ်င္းျပည္နယ္မွာပါ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ၊ ခ်င္း၊ ၿမိဳ၊ ဒိုင္းနက္တို႔အျပင္ တျခားအရပ္သားေတြနဲ႔ တုိင္းရင္းသား လူမ်ဳိးစုေတြ ထိခိုက္ေနရတယ္လုိ႔ ေျပာပါတယ္။

“မတ္လ ၂၃ ရက္ေန႔ကစၿပီး လူေနထူထပ္တဲ့ ေနရာေတြကုိ ျမန္မာစစ္တပ္က ေန႔တုိင္းလုိလုိ ေလေၾကာင္းတုိက္ခုိက္မႈေတြ၊ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ အနည္းဆံုး ၃၂ ေယာက္ ေသဆံုးၿပီး ၇၁ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ ဒီထဲမွာ အမ်ားစုက အမ်ဳိးသမီးနဲ႔ ကေလးေတြ ျဖစ္ၾကပါတယ္။ သူတို႔ဟာ ေက်ာင္းေတြ၊ အိမ္ေတြကိုလည္း မီး႐ႈိ႕ဖ်က္ဆီးခဲ့ၾကပါတယ္။”

ဒါ့အျပင္ အခုလို COVID-19 ကမၻာ့ကပ္ေရာဂါေဘး က်ေရာက္ေနတဲ့အခ်ိန္မွာ တကမၻာလံုးက တုိက္ပြဲမွန္သမွ် ရပ္ထားေပးၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေမတၱာရပ္ခံခ်က္ကိုလည္း ႏွစ္ဖက္စလံုးက မသိက်ဳိးကၽြံ ျပဳေနခဲ့ၾကေၾကာင္း Colville က ေျပာပါတယ္။ လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကစလုိ႔ ရခုိင္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ ၉ ခုမွာ အစုိးရက အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားတာဟာလည္း အေျခအေနကုိ ပုိဆုိးေစခဲ့ေၾကာင္း ေျပာခြင့္ရသူက သတိေပးထားပါတယ္။

“အဆက္အသြယ္ ျဖတ္ေတာက္ထားတဲ့အတြက္ အမ်ားျပည္သူ သိသင့္သိထိုက္တဲ့ တကုိယ္ေရသန္႔ရွင္းေရး၊ လူစုလူေ၀းေရွာင္ၿပီး လူခဲြေနၾကဖုိ႔နဲ႔ ေရာဂါ ကာကြယ္တားဆီးေရးအတြက္ ထုတ္ျပန္ထားတဲ့ တျခားစည္းကမ္းေတြကို သိရွိႏုိင္ဖုိ႔အတြက္ အႀကီးအက်ယ္ အဟန္႔အတား ျဖစ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကလည္း အလားတူ ေကာ့ဇ္ဘဇားက ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ အင္တာနက္ အဆက္အသြယ္ေတြကုိ ကန္႔သတ္တာေတြ ရွိပါတယ္။”

အင္တာနက္ ဆက္သြယ္မႈေတြ ပိတ္ထားတာကုိ ျမန္မာအစိုးရက ခ်က္ခ်င္းျပန္ဖြင့္ေပးဖို႔နဲ႔ ပဋိပကၡဒဏ္ကို ခံစားေနၾကရတဲ့ ေဒသေတြမွာ လူသားခ်င္း စာနာမႈ အေထာက္အပံ့ေတြ ေပးႏုိင္ေအာင္ ခြင့္ျပဳဖို႔လည္း လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ေတာင္းဆုိထားပါတယ္။ လိုက္နာေဆာင္ရြက္ဖို႔ ပ်က္ကြက္မယ္ဆိုရင္ေတာ့ ပဋိပကၡျဖစ္ရာ ေဒသေတြမွာ အရပ္သားေတြ အတိဒုကၡေရာက္ေနတဲ့ အေျခအေန ပိုဆိုးလာမွာျဖစ္သလို အင္မတန္ ဆုိးရြားျပင္းထန္တဲ့ COVID-19 ကပ္ေရာဂါကို တိုက္ဖ်က္ဟန္႔တားရာမွာ အဟန္႔အတား ျဖစ္ေစလိမ့္မယ္လို႔လည္း Mr. Colville က သတိေပးထားပါတယ္။

မခြာညိဳ  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------

(Unicode)

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေရပ်ဖို့ ကုလ ထပ်မံတိုက်တွန်း

ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားမှာ အရပ်သားတွေ ထိခိုက်သေကျေနေရတဲ့အထိ အရှိန်မြင့်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပေးပို့ထားတဲ့သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂ လအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒါဇင်နဲ့ချီပြီး ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြရသလို ရာနဲ့ချီပြီး သောင်တင်နေတဲ့ အဖြစ်တွေနဲ့ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြရသူတွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြားက တိုက်ပွဲတွေနဲ့တော့ တိုက်ရိုက် ဆက်နွှယ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကန်မှုတွေဟာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville ကတော့ လတ်တလော မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့အတူ ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ်မှာပါ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ၊ ချင်း၊ မြို၊ ဒိုင်းနက်တို့အပြင် တခြားအရပ်သားတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ ထိခိုက်နေရတယ်လို့ ပြောပါတယ်။

“မတ်လ ၂၃ ရက်နေ့ကစပြီး လူနေထူထပ်တဲ့ နေရာတွေကို မြန်မာစစ်တပ်က နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၃၂ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျောင်းတွေ၊ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။”

ဒါ့အပြင် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဘေး ကျရောက်နေတဲ့အချိန်မှာ တကမ္ဘာလုံးက တိုက်ပွဲမှန်သမျှ ရပ်ထားပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း နှစ်ဖက်စလုံးက မသိကျိုးကျွံ ပြုနေခဲ့ကြကြောင်း Colville က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာဟာလည်း အခြေအနေကို ပိုဆိုးစေခဲ့ကြောင်း ပြောခွင့်ရသူက သတိပေးထားပါတယ်။

“အဆက်အသွယ် ဖြတ်တောက်ထားတဲ့အတွက် အများပြည်သူ သိသင့်သိထိုက်တဲ့ တကိုယ်ရေသန့်ရှင်းရေး၊ လူစုလူဝေးရှောင်ပြီး လူခွဲနေကြဖို့နဲ့ ရောဂါ ကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားတဲ့ တခြားစည်းကမ်းတွေကို သိရှိနိုင်ဖို့အတွက် အကြီးအကျယ် အဟန့်အတား ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း အလားတူ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အင်တာနက် အဆက်အသွယ်တွေကို ကန့်သတ်တာတွေ ရှိပါတယ်။”

အင်တာနက် ဆက်သွယ်မှုတွေ ပိတ်ထားတာကို မြန်မာအစိုးရက ချက်ချင်းပြန်ဖွင့်ပေးဖို့နဲ့ ပဋိပက္ခဒဏ်ကို ခံစားနေကြရတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် ခွင့်ပြုဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တောင်းဆိုထားပါတယ်။ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အရပ်သားတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေ ပိုဆိုးလာမှာဖြစ်သလို အင်မတန် ဆိုးရွားပြင်းထန်တဲ့ COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဟန့်တားရာမှာ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့လည်း Mr. Colville က သတိပေးထားပါတယ်။

မခွာညို  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-army-aa-…/5378576.html
ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္း တုိက္ပဲြေတြရပ္ဖုိ႔ ကုလ ထပ္မံတုိက္တြန္း ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္း တုိက္ပဲြေတြရပ္ဖုိ႔ ကုလ ထပ္မံတုိက္တြန္း Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.