ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၇ ဦးရွိလာ၊ အသက္အငယ္ဆုံး တစ္ႏွစ္ခြဲကေလးအ႐ြယ္ ပါဝင္

ပိုးေတြ႕လူနာအမ်ားဆုံးရွိတဲ့ ၿမိဳ႕နယ္ ၇ ခုကို အစိုးရက အဝင္အထြက္ကန႔္သတ္ထားပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာမွာ ဧၿပီ ၁၉ ရက္ မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၁၀၇ ဦးရွိလာၿပီး အဲဒီထဲမွာ အသက္အငယ္ဆုံး တစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္ ပါဝင္လာပါတယ္။

ဧၿပီ ၁၉ ရက္မနက္ ၇ နာရီ ထုတ္ျပန္ခ်က္အရ မေန႔က တစ္ရက္တည္းမွာ ေရာဂါပိုးေတြ႕လူနာသစ္ ၁၃ ဦး ရွိခဲ့တာေၾကာင့္ လူနာစုစုေပါင္း ၁၀၇ ဦးထိရွိလာၿပီျဖစ္ပါတယ္။

အဲဒီ ထပ္တိုး ၁၃ ဦးထဲမွာ အသက္ တစ္ႏွစ္နဲ႔ ေျခာက္လအ႐ြယ္ ကေလးငယ္ဟာ ပန္းဘဲတန္းက ကြယ္လြန္သြားသူ လူနာနံပါတ္ ၃၉ ရဲ႕ ျမစ္ေတာ္စပ္သူျဖစ္တယ္လို႔ ပန္းဘဲတန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ေျပာပါတယ္။

ကေလးငယ္က အရမ္းငယ္ေသးတဲ့အတြက္ ေဆး႐ုံကိုပို႔ေဆာင္တဲ့အခါ မိခင္ပါ အတူလိုက္ပါဖို႔ ရွိမရွိ ေမးျမန္းတဲ့အခါမွာေတာ့ အေသးစိတ္အေျခအေန ကိုမသိရေသးေၾကာင္း ဦးသန္းႏိုင္ဦးက ေျပာပါတယ္။

လူနာနံပါတ္ ၃၉ မွာ မိသားစုဝင္ရွစ္ဦးရွိတဲ့အနက္ တခ်ိဳ႕ကလည္း ဗိုင္းရပ္စ္ကူးစက္ခံထားရၿပီး ေဆး႐ုံကိုေရာက္ေနတာေၾကာင့္ အခု ကူးစက္ခံရတဲ့ကေလးငယ္ဟာလည္း ေဆး႐ုံမွာ သူ႔မိသားစုဝင္ေတြနဲ႔ နီးနီးကပ္ကပ္ရွိေနမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္းလည္း ဦးသန္းႏိုင္ဦးက ဆက္ေျပာပါတယ္။

အခု ပိုးေတြ႕ရွိသူ ၁၃ ဦးလုံးဟာ အသြားအလာကန႔္သတ္ထားသူေတြထဲက ျဖစ္ၿပီး ၁၂ ဦးက ရန္ကုန္နဲ႔ တစ္ဦးကေတာ့ တာခ်ီလိတ္ၿမိဳ႕က ျဖစ္ပါတယ္။

ေဒါပုံၿမိဳ႕နယ္ထဲက လူနာသစ္ႏွစ္ဦးအနက္ တစ္ဦးဟာ တရားေဟာဆရာတက္ေရာက္တဲ့ ဘာသာေရးပြဲမွာ အခမ္းအနားမႉး ျပဳလုပ္သူျဖစ္တယ္လို႔ ေဒါပုံၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ ဦးသန႔္ဇင္က ဘီဘီစီကိုအတည္ျပဳပါတယ္။

"ယမုံနာ ၁ ရပ္ကြက္ထဲကပါ။ ကမ္နားဘက္က်ပါတယ္။ သေဘၤာေဒါက္က်င္းေတြရွိတဲ့နားကပါ။ တစ္ေယာက္က ေဒးဗစ္လားနဲ႔အဖြဲ႕က တစ္ေယာက္ပါ။ သူက announcer လုပ္တာပါ။ သူကေတာ့ တစ္ေယာက္တည္းေနတယ္။ အဲဒီမတိုင္ခင္မွာေတာ့ သူနဲ႔ ထိေတြ႕တဲ့ သုံးဦး ရွိတယ္လို႔ ေျပာလို႔ ဆက္စပ္တဲ့သူ ေတြကို ေလာ့ေဒါင္းလုပ္ထားပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ မိသားစုသုံးဦးရွိတယ္။ သူက အင္းမဘက္မွာျဖစ္တာ။ အင္းမ က ကြာရန္တင္းစင္တာမွာဝင္ေနတာပါ" လို႔ ဦးသန႔္ဇင္က ေျပာပါတယ္။

ဒါ့အျပင္ ေျမာက္ဒဂုံက ပိုးေတြ႕လူနာ ႏွစ္ဦးဟာလည္း ဘာသာေရးပြဲနဲ႔ ဆက္စပ္သူေတြျဖစ္တယ္လို႔ ေျမာက္ဒဂုံအမတ္ ေဒါက္တာခင္ေမာင္ေမာင္က ဘီဘီစီကိုေျပာပါတယ္။

"ေျမာက္ဒဂုံ ၄၀ ရပ္ကြက္မွာေနတဲ့သူပါ။ လူနာနံပါတ္ ၁၀၁ နဲ႔ ၁၀၇ ပါ။ ဇနီးေမာင္ႏွံလို႔ သိရပါတယ္။ ထိေတြ႕မႈက တရားပြဲကေနျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ကို သံသယလူနာအျဖစ္ သီးသန႔္ထားေစာင့္ၾကည့္ၿပီး စစ္ေဆးခဲ့တာပါ။ သူတို႔က အဲဒီမွာ ထမင္းခ်က္ေပးတဲ့သူေတြလို႔ေျပာပါတယ္" လို႔ ေဒါက္တာ ခင္ေမာင္ေမာင္က ေျပာပါတယ္။
ဧၿပီ ၁၉ ရက္မနက္ ထုတ္ျပန္ခ်က္ေတြေပၚတြက္ခ်က္မႈအရ ရပ္ကြက္ ၇ ခုမွာ ပိုးေတြ႕လူနာ စုစုေပါင္း ၆၃ ဦးရွိေနပါတယ္။
ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၇ ဦး၊ ေသဆုံး ၅ ဦးနဲ႔ ျပန္လည္ ေကာင္းမြန္လာသူ ၅ ဦး တို႔ ရွိေနပါတယ္။ အဲဒီထဲမွာ အုပ္စုလိုက္ကူးစက္မႈ ႏွစ္ခုရွိထားၿပီး ဘာသာေရးပြဲျပဳလုပ္ခဲ့တဲ့ ၈ မိုင္အုပ္စုနဲ႔ ဒီအခမ္းအနားနဲ႔ ဆက္စပ္တဲ့ အင္းစိန္ဘက္က အုပ္စုလိုက္ ကူးစက္မႈႏွစ္ခုျဖစ္တာကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဝက္ဘ္ဆိုက္က ေဖာ္ျပထားပါတယ္။

BBC Burmese
-------------------------------------------------
(Unicode)⤵⤵⤵
 မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ဦးရှိလာ၊ အသက်အငယ်ဆုံး တစ်နှစ်ခွဲကလေးအရွယ် ပါဝင်

မြန်မာမှာ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁၀၇ ဦးရှိလာပြီး အဲဒီထဲမှာ အသက်အငယ်ဆုံး တစ်နှစ်ခွဲအရွယ် ကလေးငယ် ပါဝင်လာပါတယ်။

ဧပြီ ၁၉ ရက်မနက် ၇ နာရီ ထုတ်ပြန်ချက်အရ မနေ့က တစ်ရက်တည်းမှာ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦး ရှိခဲ့တာကြောင့် လူနာစုစုပေါင်း ၁၀၇ ဦးထိရှိလာပြီဖြစ်ပါတယ်။

အဲဒီ ထပ်တိုး ၁၃ ဦးထဲမှာ အသက် တစ်နှစ်နဲ့ ခြောက်လအရွယ် ကလေးငယ်ဟာ ပန်းဘဲတန်းက ကွယ်လွန်သွားသူ လူနာနံပါတ် ၃၉ ရဲ့ မြစ်တော်စပ်သူဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

ကလေးငယ်က အရမ်းငယ်သေးတဲ့အတွက် ဆေးရုံကိုပို့ဆောင်တဲ့အခါ မိခင်ပါ အတူလိုက်ပါဖို့ ရှိမရှိ မေးမြန်းတဲ့အခါမှာတော့ အသေးစိတ်အခြေအနေ ကိုမသိရသေးကြောင်း ဦးသန်းနိုင်ဦးက ပြောပါတယ်။

လူနာနံပါတ် ၃၉ မှာ မိသားစုဝင်ရှစ်ဦးရှိတဲ့အနက် တချို့ကလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဆေးရုံကိုရောက်နေတာကြောင့် အခု ကူးစက်ခံရတဲ့ကလေးငယ်ဟာလည်း ဆေးရုံမှာ သူ့မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်ရှိနေမယ်လို့ မျှော်လင့်ရကြောင်းလည်း ဦးသန်းနိုင်ဦးက ဆက်ပြောပါတယ်။

အခု ပိုးတွေ့ရှိသူ ၁၃ ဦးလုံးဟာ အသွားအလာကန့်သတ်ထားသူတွေထဲက ဖြစ်ပြီး ၁၂ ဦးက ရန်ကုန်နဲ့ တစ်ဦးကတော့ တာချီလိတ်မြို့က ဖြစ်ပါတယ်။

ဒေါပုံမြို့နယ်ထဲက လူနာသစ်နှစ်ဦးအနက် တစ်ဦးဟာ တရားဟောဆရာတက်ရောက်တဲ့ ဘာသာရေးပွဲမှာ အခမ်းအနားမှူး ပြုလုပ်သူဖြစ်တယ်လို့ ဒေါပုံမြို့နယ် လွှတ်တော်အမတ် ဦးသန့်ဇင်က ဘီဘီစီကိုအတည်ပြုပါတယ်။

"ယမုံနာ ၁ ရပ်ကွက်ထဲကပါ။ ကမ်နားဘက်ကျပါတယ်။ သင်္ဘောဒေါက်ကျင်းတွေရှိတဲ့နားကပါ။ တစ်ယောက်က ဒေးဗစ်လားနဲ့အဖွဲ့က တစ်ယောက်ပါ။ သူက announcer လုပ်တာပါ။ သူကတော့ တစ်ယောက်တည်းနေတယ်။ အဲဒီမတိုင်ခင်မှာတော့ သူနဲ့ ထိတွေ့တဲ့ သုံးဦး ရှိတယ်လို့ ပြောလို့ ဆက်စပ်တဲ့သူ တွေကို လော့ဒေါင်းလုပ်ထားပါတယ်။ နောက်တစ်ယောက်ကတော့ မိသားစုသုံးဦးရှိတယ်။ သူက အင်းမဘက်မှာဖြစ်တာ။ အင်းမ က ကွာရန်တင်းစင်တာမှာဝင်နေတာပါ" လို့ ဦးသန့်ဇင်က ပြောပါတယ်။

ဒါ့အပြင် မြောက်ဒဂုံက ပိုးတွေ့လူနာ နှစ်ဦးဟာလည်း ဘာသာရေးပွဲနဲ့ ဆက်စပ်သူတွေဖြစ်တယ်လို့ မြောက်ဒဂုံအမတ် ဒေါက်တာခင်မောင်မောင်က ဘီဘီစီကိုပြောပါတယ်။

"မြောက်ဒဂုံ ၄၀ ရပ်ကွက်မှာနေတဲ့သူပါ။ လူနာနံပါတ် ၁၀၁ နဲ့ ၁၀၇ ပါ။ ဇနီးမောင်နှံလို့ သိရပါတယ်။ ထိတွေ့မှုက တရားပွဲကနေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သံသယလူနာအဖြစ် သီးသန့်ထားစောင့်ကြည့်ပြီး စစ်ဆေးခဲ့တာပါ။ သူတို့က အဲဒီမှာ ထမင်းချက်ပေးတဲ့သူတွေလို့ပြောပါတယ်" လို့ ဒေါက်တာ ခင်မောင်မောင်က ပြောပါတယ်။

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ဦး၊ သေဆုံး ၅ ဦးနဲ့ ပြန်လည် ကောင်းမွန်လာသူ ၅ ဦး တို့ ရှိနေပါတယ်။ အဲဒီထဲမှာ အုပ်စုလိုက်ကူးစက်မှု နှစ်ခုရှိထားပြီး ဘာသာရေးပွဲပြုလုပ်ခဲ့တဲ့ ၈ မိုင်အုပ်စုနဲ့ ဒီအခမ်းအနားနဲ့ ဆက်စပ်တဲ့ အင်းစိန်ဘက်က အုပ်စုလိုက် ကူးစက်မှုနှစ်ခုဖြစ်တာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322234
ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၇ ဦးရွိလာ၊ အသက္အငယ္ဆုံး တစ္ႏွစ္ခြဲကေလးအ႐ြယ္ ပါဝင္  ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၇ ဦးရွိလာ၊ အသက္အငယ္ဆုံး တစ္ႏွစ္ခြဲကေလးအ႐ြယ္ ပါဝင္ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.