COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ျမန္မာလူထုၾကား စုိးရိမ္ခ်က္


(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံမွာ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြအေပၚ စုိးရိမ္ေနၾကပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

တနဂၤေႏြေန႔ အေစာပုိင္းအထိ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ လူေပါင္း ၁၀၀ ေက်ာ္ ကူးစက္ခံထားရတဲ့ ျမန္မာႏုိင္ငံမွာ ေရာဂါပုိး ကူးစက္ျပန္႔ပြားမႈ ကာကြယ္ေရး အစီအမံေတြကုိ ထိထိေရာက္ေရာက္ ခ်မွတ္ေဆာင္ရြက္ဖုိ႔ က်န္းမာေရး၀န္ထမ္းေတြနဲ႔ လူထုၾကား လုိလားေနၾကပါတယ္။ အထူးသျဖင့္ ျပည္ပခရီးသြားရာဇ၀င္ မရွိဘဲ ေရာဂါပုိးရွိသူကေနတဆင့္ ကူးစက္မႈေတြ ပိုတုိးလာေနတဲ့အတြက္ ကာကြယ္ေရး အစီအမံေတြကုိ စနစ္တက် ျပင္ဆင္ထားဖုိ႔ တုိက္တြန္းေနၾကတာပါ။

အခုဆုိရင္ သႀကၤန္ကာလအတြင္း ေနအိမ္ေတြမွာေနဖုိ႔ ညႊန္ၾကားထားတဲ့ရက္ ကုန္ဆုံးေတာ့မွာ ျဖစ္တာေၾကာင့္ လူေတြ အျပင္ထြက္ရာက ေရာဂါကူးစက္မယ့္ အႏၱရာယ္ တုိးလာမွာကုိ ေရွ႕ေနတဦးျဖစ္တဲ့ ကိုစိုးမိုးျမင့္တုိ႔လုိ ရန္ကုန္ၿမိဳ႕ခံေတြက စုိးရိမ္ေနပါတယ္။

“ရန္ကုန္ရဲ႕ အေျခအေနကေတာ့ မနက္ျဖန္ခါ ၂၀ ရက္ေန႔ဆို ႐ုံးေတြ စဖြင့္ၿပီေပါ့ဗ်ာ။ အခုပဲ က်ေနာ္လည္း အျပင္ကေနျပန္လာတယ္။ ကားလမ္းမမွာ ကားေတြလည္း သြားတာေတာ့ ရွိေနေပမယ့္ ပို႔ေဆာင္ေရး ဘတ္စ္ကားေတြ ယာဥ္ေတြေပၚမွာ လူမရွိဘူး။ အျပင္မွာ လူေတြထြက္ေနတာေတာ့ ဒီေန႔အထိ လမ္းေပၚမွာ မရွိသေလာက္ဘဲ။ ဒါေပမယ့္ လူေတြက တခုရွိတာက ကိုယ့္ရဲ႕ စားဝတ္ေနေရး ကိုယ့္ရဲ႕ ေနမႈထုိင္မႈကို ေျပာင္းလဲခ်င္တဲ့စိတ္ မရွိေသးဘူး။ ကိုယ္ေနတဲ့ရပ္ကြက္ထဲ PPE ဝတ္စံုေတြဝတ္ၿပီး ေဆး႐ုံကားလာေတာ့မွာပဲ ေၾကာက္မယ့္အေနအထား တခ်ိဳ႕ေတြက ရွိတယ္ဗ်။ Stay Home ဆိုတဲ့ရက္ကို တိုးလိုက္မယ္ဆိုရင္ေတာ့ ေရာဂါေတြ ထပ္မတိုးလာဘဲ အုပ္မိလိုက္မယ္လို႔ က်ေနာ္ကေတာ့ျမင္တယ္။”

ဧၿပီလ ၂၀ ရက္ေန႔ လူေတြ လမ္းေပၚျပန္ထြက္လာမွာကို စိုးရိမ္တဲ့အေၾကာင္း သူ ေျပာသြားတာပါ။ ဒါေၾကာင့္ ကူးစက္မႈေတြမျဖစ္ေအာင္ အစိုးရဘက္က ညႊန္ၾကားခ်က္ တိတိက်က် လုပ္သင့္တယ္လို႔ ေျပာပါတယ္။

ဒီလိုမ်ိဳး ရန္ကုန္ၿမိဳ႕ခံေတြ စိုးရိမ္သလိုပဲ လုပ္ငန္းရွင္ေတြဘက္ကလည္း စိုးရိမ္စိတ္ရွိပါတယ္။ ျမန္မာႏိုင္ငံက လုပ္ငန္းရွင္တေယာက္လည္းျဖစ္ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ တာဝန္ရွိသူလည္းျဖစ္တဲ့ ေဒါက္တာစိုးထြန္းကလည္း လူထုၾကား ကူးစက္မႈမျဖစ္ေအာင္ မျဖစ္မေန လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္ လုပ္သားေတြအတြက္လည္း အႏၱရာယ္မျဖစ္ေအာင္ ဗဟိုအစိုးရဘက္က စနစ္က်တဲ့ ညႊန္ၾကားခ်က္နဲ႔ ေအာက္ေျခအဆင့္အထိ တိတိက်က် ကုိင္တြယ္သင့္တယ္လို႔ ေျပာပါတယ္။

“လက္ရွိအေနအထားကေတာ့ဗ်ာ ဒီကေန႔အထိ ၁၉ ရက္ေန႔အထိဆိုရင္ က်ေနာ္တို႔ဆီမွာ ပံုမွန္ သႀကၤန္ပိတ္ရက္ ျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ လူေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ အျပင္ကို မထြက္ၾကဘူးေပါ့ေနာ္။ သို႔ေသာ္ က်ေနာ္တို႔က ဒီတပတ္ ေရွ႕တပတ္နဲ႔ ဧၿပီလကုန္အထိ ေစာင့္ၾကည့္ၾကဖို႔ လိုတာေပါ့ေနာ္။ တခုေတာ့ရွိတာေပါ့ ဗဟိုရဲ႕ ေဆာင္ရြက္ခ်က္ေတြကေတာ့ အားရပါတယ္။ ဗဟိုအစိုးရနဲ႔ တိုင္းနဲ႔ျပည္နယ္ အစိုးရေတြက ညႊန္ၾကားခ်က္ေတြ ထုတ္ေပးတယ္။

“ဒါေပမယ့္ ေအာက္ေျခမွာေတာ့ ကြဲလြဲခ်က္ေတြရွိတယ္။ တေနရာနဲ႔ တေနရာၾကားမွာ ရပ္ကြက္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ အေျခခံလူထုၾကား တခ်ိဳ႕ဟာေတြက သူတို႔ဘာသာ စဥ္းစားၿပီး ဆံုးျဖတ္ၾကတာေပါ့ေနာ္။ အဲဒါေလးေတြေတာ့ က်ေနာ္တို႔ေတြ ေတာ္ေတာ္ေလး သတိထားဖို႔ လိုတယ္လို႔ျမင္တယ္။ အခုေနာက္ဆံုး ကူးစက္လူနာေတြကို သယ္ယူပို႔ေဆာင္တာ ကုသတာကအစ လူမႈအဖြဲ႔အစည္းေတြ လုပ္ေဆာင္ေနတာမို႔ ေရာဂါမျပန္႔ပြားရေအာင္ စနစ္တက် သင္တန္းေပးတာမ်ိဳး လူထုၾကား သတင္းစကားေပးတာမ်ိဳး ျဖစ္ေစခ်င္တယ္။ ဒီ့ထက္ပိုၿပီး ရွင္းလင္းျပတ္သားတဲ့ လမ္းညႊန္ခ်က္မ်ိဳး ထုတ္ေပးႏုိင္ရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္။”

လူထုကို က်န္းမာေရး ပညာေပးေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာ မိုးေအာင္ေက်ာ္ႏုိင္ကလည္း အခုလို လူေတြ အိမ္ထဲမွာေနဖို႔ ညႊန္ၾကားခ်က္ရပ္တဲ့ ဧၿပီလ ၂၀ ရက္ေန႔အတြက္ စိုးရိမ္မိေနတယ္လို႔လည္း ေျပာပါတယ္။

“အခုဆိုရင္ ဆရာတို႔ ပိုးစေတြ႔တဲ့ ေက့စ္ကစလို႔ သီတင္းပတ္ ၃ ပတ္ေလာက္အတြင္းမွာ ပိုးကူးသူ ၁၀၀ ေက်ာ္သြားတာက ေသခ်ာတာကေတာ့ တဦးကေနတဦး ကူးေနတဲ့ Local Transmission ဆိုတာ မလြဲမေသြသိၿပီ။ ေနာက္ထပ္ ႏွစ္ပတ္ေလာက္အတြင္းမွာလည္း ေနာက္ထပ္ အမ်ားႀကီး ထပ္ေတြ႔ႏုိင္ေျခရွိတယ္လို႔ ဆရာတို႔ယူဆတယ္။ အဲဒီအထဲမွာ ကိုယ္မပါေအာင္ လူတဦးခ်င္း တဦးခ်င္းစီကပဲ တာဝန္ယူ ေဆာင္ရြက္ရမယ္လို႔ ထင္တယ္။ အထူးသျဖင့္ကေတာ့ မနက္ျဖန္ဆိုရင္ လုပ္ငန္းခြင္ေတြဆီကို တခ်ိဳ႕ေတြလည္း ျပန္ဝင္ၾကဖို႔ အေျခအေနရွိတယ္။

“ဒီလိုအေနအထားမွာ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အစိုးရရဲ႕ ညႊန္ၾကားခ်က္ေတြကို တိတိက်က် လိုက္နာၿပီး အျပင္ကို ထြက္မွသာလွ်င္ တဦးကေနတဦး ကူးေနတဲ့ Local Transmission ျဖစ္လာမွာကို ကာကြယ္ႏုိင္မွာပါ။ အျပင္ထြက္ရင္ Mask မျဖစ္မေနတပ္ပါ။ Social Distancing တတ္ႏုိင္သေလာက္ ခပ္ခြာခြာေနေပးၾကပါ။ အိမ္ထဲမွာပဲေနၾကပါ။ ဒါေၾကာင့္ လူတုိင္းလူတုိင္း တဦးခ်င္း တေယာက္ခ်င္းစီမွာ အခုညႊန္ၾကားေနတဲ့ Stay Home Lock down ညႊန္ၾကားခ်က္ေတြကို လိုက္နာေပးၾကပါလို႔ပဲ အႀကံျပဳရမွာေပါ့ေနာ္။”

ဒါေၾကာင့္ အခု ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ ကိုဗစ္ ဒီ့ထက္ပိုၿပီး မျဖစ္ပြားလာေအာင္ လူထုရဲ႕ ပူးေပါင္းပါဝင္မႈက အေရးႀကီးဆံုးျဖစ္သလို အစိုးရ တာဝန္ရွိသူပိုင္းကလည္း ျပည္သူကို စနစ္က်တဲ့ ဦးေဆာင္မႈမ်ိဳးေတြနဲ႔ ညႊန္ၾကားေပးဖို႔ လိုတယ္လို႔လည္း ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္က ေျပာသြားတာပါ။

အခုဆိုရင္ေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ကူးစက္မႈကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းတဲ့အေနနဲ႔ လတ္တေလာမွာေတာ့ ရန္ကုန္ၿမိဳ႕အပါအ၀င္ ၿမိဳ႕ႀကီးတခ်ဳိ႕မွာ ညမထြက္ရအမိန္႔ေတြ၊ လူစုလူေ၀းမလုပ္ဖုိ႔ အမိန္႔ေတြ ထုတ္ျပန္ထားပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

(Unicode)

COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ မြန်မာလူထုကြား စိုးရိမ်ချက်

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေအပေါ် စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၁၀၀ ကျော် ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အစီအမံတွေကို ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူထုကြား လိုလားနေကြပါတယ်။ အထူးသဖြင့် ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ရောဂါပိုးရှိသူကနေတဆင့် ကူးစက်မှုတွေ ပိုတိုးလာနေတဲ့အတွက် ကာကွယ်ရေး အစီအမံတွေကို စနစ်တကျ ပြင်ဆင်ထားဖို့ တိုက်တွန်းနေကြတာပါ။

အခုဆိုရင် သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာနေဖို့ ညွှန်ကြားထားတဲ့ရက် ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် လူတွေ အပြင်ထွက်ရာက ရောဂါကူးစက်မယ့် အန္တရာယ် တိုးလာမှာကို ရှေ့နေတဦးဖြစ်တဲ့ ကိုစိုးမိုးမြင့်တို့လို ရန်ကုန်မြို့ခံတွေက စိုးရိမ်နေပါတယ်။

“ရန်ကုန်ရဲ့ အခြေအနေကတော့ မနက်ဖြန်ခါ ၂၀ ရက်နေ့ဆို ရုံးတွေ စဖွင့်ပြီပေါ့ဗျာ။ အခုပဲ ကျနော်လည်း အပြင်ကနေပြန်လာတယ်။ ကားလမ်းမမှာ ကားတွေလည်း သွားတာတော့ ရှိနေပေမယ့် ပို့ဆောင်ရေး ဘတ်စ်ကားတွေ ယာဉ်တွေပေါ်မှာ လူမရှိဘူး။ အပြင်မှာ လူတွေထွက်နေတာတော့ ဒီနေ့အထိ လမ်းပေါ်မှာ မရှိသလောက်ဘဲ။ ဒါပေမယ့် လူတွေက တခုရှိတာက ကိုယ့်ရဲ့ စားဝတ်နေရေး ကိုယ့်ရဲ့ နေမှုထိုင်မှုကို ပြောင်းလဲချင်တဲ့စိတ် မရှိသေးဘူး။ ကိုယ်နေတဲ့ရပ်ကွက်ထဲ PPE ဝတ်စုံတွေဝတ်ပြီး ဆေးရုံကားလာတော့မှာပဲ ကြောက်မယ့်အနေအထား တချို့တွေက ရှိတယ်ဗျ။ Stay Home ဆိုတဲ့ရက်ကို တိုးလိုက်မယ်ဆိုရင်တော့ ရောဂါတွေ ထပ်မတိုးလာဘဲ အုပ်မိလိုက်မယ်လို့ ကျနော်ကတော့မြင်တယ်။”

ဧပြီလ ၂၀ ရက်နေ့ လူတွေ လမ်းပေါ်ပြန်ထွက်လာမှာကို စိုးရိမ်တဲ့အကြောင်း သူ ပြောသွားတာပါ။ ဒါကြောင့် ကူးစက်မှုတွေမဖြစ်အောင် အစိုးရဘက်က ညွှန်ကြားချက် တိတိကျကျ လုပ်သင့်တယ်လို့ ပြောပါတယ်။

ဒီလိုမျိုး ရန်ကုန်မြို့ခံတွေ စိုးရိမ်သလိုပဲ လုပ်ငန်းရှင်တွေဘက်ကလည်း စိုးရိမ်စိတ်ရှိပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တယောက်လည်းဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူလည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းကလည်း လူထုကြား ကူးစက်မှုမဖြစ်အောင် မဖြစ်မနေ လုပ်ငန်းခွင် ပြန်ဝင်ရမယ့် လုပ်သားတွေအတွက်လည်း အန္တရာယ်မဖြစ်အောင် ဗဟိုအစိုးရဘက်က စနစ်ကျတဲ့ ညွှန်ကြားချက်နဲ့ အောက်ခြေအဆင့်အထိ တိတိကျကျ ကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။

“လက်ရှိအနေအထားကတော့ဗျာ ဒီကနေ့အထိ ၁၉ ရက်နေ့အထိဆိုရင် ကျနော်တို့ဆီမှာ ပုံမှန် သင်္ကြန်ပိတ်ရက် ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ လူတွေ တော်တော်များများကတော့ အပြင်ကို မထွက်ကြဘူးပေါ့နော်။ သို့သော် ကျနော်တို့က ဒီတပတ် ရှေ့တပတ်နဲ့ ဧပြီလကုန်အထိ စောင့်ကြည့်ကြဖို့ လိုတာပေါ့နော်။ တခုတော့ရှိတာပေါ့ ဗဟိုရဲ့ ဆောင်ရွက်ချက်တွေကတော့ အားရပါတယ်။ ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက ညွှန်ကြားချက်တွေ ထုတ်ပေးတယ်။

“ဒါပေမယ့် အောက်ခြေမှာတော့ ကွဲလွဲချက်တွေရှိတယ်။ တနေရာနဲ့ တနေရာကြားမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ အခြေခံလူထုကြား တချို့ဟာတွေက သူတို့ဘာသာ စဉ်းစားပြီး ဆုံးဖြတ်ကြတာပေါ့နော်။ အဲဒါလေးတွေတော့ ကျနော်တို့တွေ တော်တော်လေး သတိထားဖို့ လိုတယ်လို့မြင်တယ်။ အခုနောက်ဆုံး ကူးစက်လူနာတွေကို သယ်ယူပို့ဆောင်တာ ကုသတာကအစ လူမှုအဖွဲ့အစည်းတွေ လုပ်ဆောင်နေတာမို့ ရောဂါမပြန့်ပွားရအောင် စနစ်တကျ သင်တန်းပေးတာမျိုး လူထုကြား သတင်းစကားပေးတာမျိုး ဖြစ်စေချင်တယ်။ ဒီ့ထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်မျိုး ထုတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။”

လူထုကို ကျန်းမာရေး ပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မိုးအောင်ကျော်နိုင်ကလည်း အခုလို လူတွေ အိမ်ထဲမှာနေဖို့ ညွှန်ကြားချက်ရပ်တဲ့ ဧပြီလ ၂၀ ရက်နေ့အတွက် စိုးရိမ်မိနေတယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင် ဆရာတို့ ပိုးစတွေ့တဲ့ ကေ့စ်ကစလို့ သီတင်းပတ် ၃ ပတ်လောက်အတွင်းမှာ ပိုးကူးသူ ၁၀၀ ကျော်သွားတာက သေချာတာကတော့ တဦးကနေတဦး ကူးနေတဲ့ Local Transmission ဆိုတာ မလွဲမသွေသိပြီ။နောက်ထပ် နှစ်ပတ်လောက်အတွင်းမှာလည်း နောက်ထပ် အများကြီး ထပ်တွေ့နိုင်ခြေရှိတယ်လို့ ဆရာတို့ယူဆတယ်။ အဲဒီအထဲမှာ ကိုယ်မပါအောင် လူတဦးချင်း တဦးချင်းစီကပဲ တာဝန်ယူ ဆောင်ရွက်ရမယ်လို့ ထင်တယ်။ အထူးသဖြင့်ကတော့ မနက်ဖြန်ဆိုရင် လုပ်ငန်းခွင်တွေဆီကို တချို့တွေလည်း ပြန်ဝင်ကြဖို့ အခြေအနေရှိတယ်။

“ဒီလိုအနေအထားမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပြီး အပြင်ကို ထွက်မှသာလျှင် တဦးကနေတဦး ကူးနေတဲ့ Local Transmission ဖြစ်လာမှာကို ကာကွယ်နိုင်မှာပါ။ အပြင်ထွက်ရင် Mask မဖြစ်မနေတပ်ပါ။ Social Distancingတတ်နိုင်သလောက် ခပ်ခွာခွာနေပေးကြပါ။ အိမ်ထဲမှာပဲနေကြပါ။ ဒါကြောင့် လူတိုင်းလူတိုင်း တဦးချင်း တယောက်ချင်းစီမှာ အခုညွှန်ကြားနေတဲ့ Stay Home Lock down ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါလို့ပဲ အကြံပြုရမှာပေါ့နော်။”

ဒါကြောင့် အခု မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကိုဗစ် ဒီ့ထက်ပိုပြီး မဖြစ်ပွားလာအောင် လူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးဆုံးဖြစ်သလို အစိုးရ တာဝန်ရှိသူပိုင်းကလည်း ပြည်သူကို စနစ်ကျတဲ့ ဦးဆောင်မှုမျိုးတွေနဲ့ ညွှန်ကြားပေးဖို့ လိုတယ်လို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသွားတာပါ။

အခုဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လတ်တလောမှာတော့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ ညမထွက်ရအမိန့်တွေ၊ လူစုလူဝေးမလုပ်ဖို့ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-myanmar-…/5378534.html
COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ျမန္မာလူထုၾကား စုိးရိမ္ခ်က္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ျမန္မာလူထုၾကား စုိးရိမ္ခ်က္ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.