လူနာအမွတ္ ၁၅ သားသမီးေတြနဲ႔ အတူေနခြင့္ရၿပီ

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာအမွတ္ ၁၅ က ေတာင္းဆိုတဲ့အတြက္ ျပည္ၿမိဳ႕ေဆး႐ုံမွာရွိတဲ့ သူ႔ကေလးေတြကို သူနဲ႔အတူေနဖို႔ ရန္ကုန္ ေဝဘာဂီေဆး႐ုံကို  က်န္းမာေရးဌာနက ဧၿပီ ၈ ရက္ မေန႔ညက ပို႔ေဆာင္လိုက္ပါတယ္။

မိသားစုတစ္စုလုံး ကုသမႈခံယူေနရတဲ့ ရန္ကုန္ ေဝဘာဂီေဆး႐ုံက လူနာအမွတ္ ၁၅ ဟာ လူနာအမွတ္ ၁၇ ျဖစ္သူ ခင္ပြန္းသည္ ပဲခူးတိုင္း ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ေသဆုံးသြားၿပီးတဲ့ေနာက္ ကေလးေတြနဲ႔အတူ ေနခြင့္ရဖို႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေတာင္းဆိုခဲ့တဲ့ေနာက္ပိုင္း သူ႔ဆႏၵအတိုင္း စီစဥ္ေပး လိုက္တယ္လို႔ ျပည္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚခင္စိုးစိုးၾကည္က ဆိုပါတယ္။

"ငါးေယာက္စလုံး ကူးစက္ခံထားရတာျဖစ္တဲ့အတြက္ အခု အေဖဆုံးပါးသြားေတာ့ သားနဲ႔သမီး၊ တူမေလးက ျပည္ေဆး႐ုံမွာ သူတို႔စိတ္လုံၿခဳံမႈမရမွာ စိုးရိမ္စရာ အေကာင္းဆုံးျဖစ္ပါတယ္။ အေမကလည္း ေဝဘာဂီမွာ ပူပန္ေနရတဲ့အတြက္ ဒါကို လူႀကီးေတြက အားလုံးတိုင္ပင္ၿပီးေတာ့ မေန႔က ည ၇ နာရီ ၅ မိနစ္မွာ ေဝဘာဂီ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ပါတယ္။"

မေန႔က သူ႔ခင္ပြန္းသည္ရဲ႕ နာေရးကို ျပည္ေအးၿငိမ္းရာသုသာန္မွာ  စီစဥ္ခဲ့ၾကေပမယ့္   မိသားစုဝင္ေတြ လိုက္ပါပို႔ေဆာင္ဖို႔ အေျခအေနမေပးခဲ့ပါဘူး။

လူနာအမွတ္ ၁၇ ဟာ ေရာဂါအေျခအေနဆိုးတာေၾကာင့္ ျပည္ေဆး႐ုံ အထူးၾကပ္မတ္ေဆာင္မွာ ႏွစ္ရက္ေလာက္ ကုသမႈခံယူခဲ့ၿပီးေနာက္ ေသဆုံးခဲ့တာပါ။ သူ႔ရဲ႕နာေရးကေတာ့ စိတ္မခ်မ္းေျမ့ဖြယ္ရာျဖစ္ပါတယ္။ မိသားစုရွိလ်က္ နဲ႔ မိသားစုဝင္တစ္ေယာက္မွ လိုက္ပါပို႔ေဆာင္ခြင့္မရွိတဲ့နာေရးပါ။

သူ႔ရဲ႕ ႐ုပ္အေလာင္းကို ျပည္ေဆး႐ုံႀကီးကေန သယ္ယူၿပီး သၿဂိဳဟ္ႏိုင္ဖို႔ စီစဥ္ေပးခဲ့တယ္လို႔ မိုးေမတၱာ နာေရးကူညီမႈအသင္း ဥကၠ႒ ဦးစိုးမိုးႏိုင္က ေျပာပါတယ္။

"မေန႔က မနက္ ၈ နာရီခြဲေလာက္မွာ မီးသၿဂိဳဟ္ၿပီးတယ္။ ၉ နာရီေလာက္မွာဘာသာေပါင္းစုံ သုသာန္ရဲ႕ ခရစ္ယာန္သုသာန္မွာ ေလးေပအနက္ရွိတဲ့ က်င္းတူးၿပီး အ႐ိုးျပာကို ျမႇဳပ္ႏွံၿပီး သၿဂိဳဟ္ေပးခဲ့ပါတယ္။ ဒီေန႔ မနက္မွာေတာ့ က်န္ရစ္တဲ့မိသားစုဝင္ေတြက သူတို႔ခရစ္ယာန္ ဘာသာအရသၿဂိဳဟ္ပါတယ္။ အခုလက္ရွိမွာေတာ့ သၿဂိဳဟ္ေပးခဲ့တဲ့ အသင္းကလုပ္အားေပးသူ ႏွစ္ေယာက္နဲ႔ မီးသၿဂိဳဟ္စက္က တစ္ေယာက္ စုစုေပါင္း သုံးေယာက္ကို Quarantine လုပ္ထားပါတယ္။"

ေသဆုံးသူရဲ႕ မိသားစုဝင္ေတြဟာ ေနာက္ဆုံးခရီးကို လိုက္ပါပို႔ေဆာင္ခြင့္ မရတဲ့အတြက္ ဓာတ္ပုံ႐ိုက္ မွတ္တမ္းတင္ေပးဖို႔ပဲ ေတာင္းဆိုခဲ့ၾကတာပါ။

ေသဆုံးသူဟာ လူနာအမွတ္ ၁၅ ျဖစ္တဲ့ သူ႔ရဲ႕ ဇနီးသည္ဆီကတဆင့္ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

လူနာအမွတ္ ၁၅ ဟာ ႏိုင္ငံျခားသားေတြကို က်န္းမာေရး ဝန္ေဆာင္မႈေပးေနတဲ့ ရန္ကုန္က က်န္းမာေရးဌာန တစ္ခုမွာ လုပ္ကိုင္ခဲ့သူပါ။ ရန္ကုန္မွာ သားတစ္ေယာက္၊ သမီးတစ္ေယာက္၊ တူမ တစ္ေယာက္နဲ႔အတူ ေနထိုင္တာပါ။

မတ္ ၂၆ ရက္ေန႔က ပဲခူးတိုင္း ေပါက္ေခါင္းၿမိဳ႕နယ္မွာ တာဝန္က်ေနတဲ့ ခင္ပြန္းျဖစ္သူက ရန္ကုန္လာၿပီး သားသမီးႏွစ္ဦးနဲ႔ တူမျဖစ္သူကို ေခၚေဆာင္သြားခ်ိန္မွာ လူနာ အမွတ္ ၁၅ ဟာ သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေၾကာင္း အတည္ျပဳခ်က္ မရေသးပါဘူး။

ေနာက္တစ္ေန႔မွာေတာ့ သူ စတင္ဖ်ားနာခဲ့ၿပီး မတ္ ၃၁ ရက္ေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေၾကာင္း သိခဲ့ရပါတယ္။ အနီးကပ္ရွိခဲ့သူေတြကို စစ္ေဆးရာမွာေတာ့ ခင္ပြန္းျဖစ္သူ လူနာအမွတ္ ၁၇ အပါအဝင္ သားသမီးႏွစ္ေယာက္နဲ႔ တူမ ျဖစ္သူမွာပါ ကို႐ိုနာပိုးေတြ႕ရွိခဲ့တာပါ။

ဒီကေလးေတြ က်န္းမာေရး ေကာင္းမြန္တယ္လို႔ ျပည္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေဒၚခင္စိုးစိုးၾကည္က ေျပာပါတယ္။

“ကေလး ႏွစ္ေယာက္လုံးကေတာ့ လုံးဝအဖ်ားမရွိဘူး။ ေခ်ာင္းဆိုး ႏွာေစး လည္ေခ်ာင္းနာ ရင္ၾကပ္လည္း ဘာမွမရွိပါဘူး။ သူ႔တူမေလးကေတာ့ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကေတာ့ အဖ်ား နည္းနည္းတက္ပါတယ္။ ဒါေပမဲ့ တေန႔ကစလို႔ သူကလည္း အဖ်ား မရွိေတာ့ဘူးလို႔ ေျပာပါတယ္။  သူတို႔ သုံးေယာက္လုံး အခုအခ်ိန္မွာ က်န္းမာေရးေကာင္းမြန္ပါတယ္”

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသြားခဲ့တဲ့ လူနာအမွတ္ ၁၇ ရဲ႕ မိသားစုကို ႏိုင္ငံေတာ္က ေစာင့္ေရွာက္ေပးသြား မယ္လို႔ ဧၿပီလ ၈ ရက္ မနက္ပိုင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကသူ႔ရဲ႕ လူမႈကြန္ရက္ ကတဆင့္ ေျပာၾကားခဲ့ပါတယ္။

"ျပည္ေဆး႐ုံမွာ ဆုံးသြားတဲ့ ကြၽန္မတို႔ ႏိုင္ငံသားတစ္ေယာက္အတြက္ စိတ္မေကာင္းဘူး။ ဒါေပမဲ့ စိတ္မေကာင္း ႐ုံနဲ႔ မၿပီးဘူး။ ကြၽန္မတို႔မွာ ဆက္ၿပီးေတာ့ တာဝန္ေတြရွိတယ္။ ေနာက္ထပ္ၿပီး ဆိုးဝါးမႈေတြမရွိေအာင္ ကြၽန္မတို႔ ႀကိဳးစားရမယ္။ က်န္ရစ္ခဲ့တဲ့ မိသားစုေတြကို ႏိုင္ငံေတာ္က အျပည့္အ၀ ေစာင့္ေရွာက္ပါမယ္။  ဒါဟာႏိုင္ငံေတာ္ရဲ႕ တာဝန္ျဖစ္တယ္။"

မတ္လ ၂၃ ရက္ေန႔ကစၿပီး ဧၿပီလ ၈ ရက္ မေန႔ကအထိ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ ၂၂ ဦးရွိခဲ့ၿပီး အဲဒီထဲက ၃ ဦးေသဆုံးခဲ့ပါတယ္။

ကို႐ိုနာေၾကာင့္ အသက္ဆုံးရႈံးမႈေတြရွိလာၿပီး ဝမ္းနည္းစရာသတင္းေတြကို လာမယ့္ရက္သတၱပတ္ေတြမွာ ၾကားရဦးမွာျဖစ္လို႔ အသက္ဆုံးရႈံးမႈ မမ်ားေအာင္ တစ္ေယာက္ခ်င္းစီက ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေန႔က တိုက္တြန္းခဲ့ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/case-15-meets-with-family-04092020081310.html
--------------
(Unicode)⤵⤵⤵
လူနာအမှတ် ၁၅ သားသမီးတွေနဲ့ အတူနေခွင့်ရပြီ

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအမှတ် ၁၅ က တောင်းဆိုတဲ့အတွက် ပြည်မြို့ဆေးရုံမှာရှိတဲ့ သူ့ကလေးတွေကို သူနဲ့အတူနေဖို့ ရန်ကုန် ဝေဘာဂီဆေးရုံကို  ကျန်းမာရေးဌာနက ဧပြီ ၈ ရက် မနေ့ညက ပို့ဆောင်လိုက်ပါတယ်။

မိသားစုတစ်စုလုံး ကုသမှုခံယူနေရတဲ့ ရန်ကုန် ဝေဘာဂီဆေးရုံက လူနာအမှတ် ၁၅ ဟာ လူနာအမှတ် ၁၇ ဖြစ်သူ ခင်ပွန်းသည် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး သေဆုံးသွားပြီးတဲ့နောက် ကလေးတွေနဲ့အတူ နေခွင့်ရဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့တဲ့နောက်ပိုင်း သူ့ဆန္ဒအတိုင်း စီစဉ်ပေး လိုက်တယ်လို့ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ဆိုပါတယ်။

"ငါးယောက်စလုံး ကူးစက်ခံထားရတာဖြစ်တဲ့အတွက် အခု အဖေဆုံးပါးသွားတော့ သားနဲ့သမီး၊ တူမလေးက ပြည်ဆေးရုံမှာ သူတို့စိတ်လုံခြုံမှုမရမှာ စိုးရိမ်စရာ အကောင်းဆုံးဖြစ်ပါတယ်။ အမေကလည်း ဝေဘာဂီမှာ ပူပန်နေရတဲ့အတွက် ဒါကို လူကြီးတွေက အားလုံးတိုင်ပင်ပြီးတော့ မနေ့က ည ၇ နာရီ ၅ မိနစ်မှာ ဝေဘာဂီ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။"

မနေ့က သူ့ခင်ပွန်းသည်ရဲ့ နာရေးကို ပြည်အေးငြိမ်းရာသုသာန်မှာ  စီစဉ်ခဲ့ကြပေမယ့်   မိသားစုဝင်တွေ လိုက်ပါပို့ဆောင်ဖို့ အခြေအနေမပေးခဲ့ပါဘူး။

လူနာအမှတ် ၁၇ ဟာ ရောဂါအခြေအနေဆိုးတာကြောင့် ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ နှစ်ရက်လောက် ကုသမှုခံယူခဲ့ပြီးနောက် သေဆုံးခဲ့တာပါ။ သူ့ရဲ့နာရေးကတော့ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ပါတယ်။ မိသားစုရှိလျက် နဲ့ မိသားစုဝင်တစ်ယောက်မှ လိုက်ပါပို့ဆောင်ခွင့်မရှိတဲ့နာရေးပါ။

သူ့ရဲ့ ရုပ်အလောင်းကို ပြည်ဆေးရုံကြီးကနေ သယ်ယူပြီး သဂြိုဟ်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ မိုးမေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်က ပြောပါတယ်။

"မနေ့က မနက် ၈ နာရီခွဲလောက်မှာ မီးသဂြိုဟ်ပြီးတယ်။ ၉ နာရီလောက်မှာဘာသာပေါင်းစုံ သုသာန်ရဲ့ ခရစ်ယာန်သုသာန်မှာ လေးပေအနက်ရှိတဲ့ ကျင်းတူးပြီး အရိုးပြာကို မြှုပ်နှံပြီး သဂြိုဟ်ပေးခဲ့ပါတယ်။ ဒီနေ့ မနက်မှာတော့ ကျန်ရစ်တဲ့မိသားစုဝင်တွေက သူတို့ခရစ်ယာန် ဘာသာအရသဂြိုဟ်ပါတယ်။ အခုလက်ရှိမှာတော့ သဂြိုဟ်ပေးခဲ့တဲ့ အသင်းကလုပ်အားပေးသူ နှစ်ယောက်နဲ့ မီးသဂြိုဟ်စက်က တစ်ယောက် စုစုပေါင်း သုံးယောက်ကို Quarantine လုပ်ထားပါတယ်။"

သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့် မရတဲ့အတွက် ဓာတ်ပုံရိုက် မှတ်တမ်းတင်ပေးဖို့ပဲ တောင်းဆိုခဲ့ကြတာပါ။

သေဆုံးသူဟာ လူနာအမှတ် ၁၅ ဖြစ်တဲ့ သူ့ရဲ့ ဇနီးသည်ဆီကတဆင့် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

လူနာအမှတ် ၁၅ ဟာ နိုင်ငံခြားသားတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ရန်ကုန်က ကျန်းမာရေးဌာန တစ်ခုမှာ လုပ်ကိုင်ခဲ့သူပါ။ ရန်ကုန်မှာ သားတစ်ယောက်၊ သမီးတစ်ယောက်၊ တူမ တစ်ယောက်နဲ့အတူ နေထိုင်တာပါ။

မတ် ၂၆ ရက်နေ့က ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ခင်ပွန်းဖြစ်သူက ရန်ကုန်လာပြီး သားသမီးနှစ်ဦးနဲ့ တူမဖြစ်သူကို ခေါ်ဆောင်သွားချိန်မှာ လူနာ အမှတ် ၁၅ ဟာ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း အတည်ပြုချက် မရသေးပါဘူး။

နောက်တစ်နေ့မှာတော့ သူ စတင်ဖျားနာခဲ့ပြီး မတ် ၃၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း သိခဲ့ရပါတယ်။ အနီးကပ်ရှိခဲ့သူတွေကို စစ်ဆေးရာမှာတော့ ခင်ပွန်းဖြစ်သူ လူနာအမှတ် ၁၇ အပါအဝင် သားသမီးနှစ်ယောက်နဲ့ တူမ ဖြစ်သူမှာပါ ကိုရိုနာပိုးတွေ့ရှိခဲ့တာပါ။

ဒီကလေးတွေ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။

“ကလေး နှစ်ယောက်လုံးကတော့ လုံးဝအဖျားမရှိဘူး။ ချောင်းဆိုး နှာစေး လည်ချောင်းနာ ရင်ကြပ်လည်း ဘာမှမရှိပါဘူး။ သူ့တူမလေးကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ အဖျား နည်းနည်းတက်ပါတယ်။ ဒါပေမဲ့ တနေ့ကစလို့ သူကလည်း အဖျား မရှိတော့ဘူးလို့ ပြောပါတယ်။  သူတို့ သုံးယောက်လုံး အခုအချိန်မှာ ကျန်းမာရေးကောင်းမွန်ပါတယ်”

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသွားခဲ့တဲ့ လူနာအမှတ် ၁၇ ရဲ့ မိသားစုကို နိုင်ငံတော်က စောင့်ရှောက်ပေးသွား မယ်လို့ ဧပြီလ ၈ ရက် မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့ လူမှုကွန်ရက် ကတဆင့် ပြောကြားခဲ့ပါတယ်။

"ပြည်ဆေးရုံမှာ ဆုံးသွားတဲ့ ကျွန်မတို့ နိုင်ငံသားတစ်ယောက်အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ စိတ်မကောင်း ရုံနဲ့ မပြီးဘူး။ ကျွန်မတို့မှာ ဆက်ပြီးတော့ တာဝန်တွေရှိတယ်။ နောက်ထပ်ပြီး ဆိုးဝါးမှုတွေမရှိအောင် ကျွန်မတို့ ကြိုးစားရမယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို နိုင်ငံတော်က အပြည့်အ၀ စောင့်ရှောက်ပါမယ်။  ဒါဟာနိုင်ငံတော်ရဲ့ တာဝန်ဖြစ်တယ်။"

မတ်လ ၂၃ ရက်နေ့ကစပြီး ဧပြီလ ၈ ရက် မနေ့ကအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၂ ဦးရှိခဲ့ပြီး အဲဒီထဲက ၃ ဦးသေဆုံးခဲ့ပါတယ်။

ကိုရိုနာကြောင့် အသက်ဆုံးရှုံးမှုတွေရှိလာပြီး ဝမ်းနည်းစရာသတင်းတွေကို လာမယ့်ရက်သတ္တပတ်တွေမှာ ကြားရဦးမှာဖြစ်လို့ အသက်ဆုံးရှုံးမှု မများအောင် တစ်ယောက်ချင်းစီက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တိုက်တွန်းခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/case-15-meets-with-family-04092020081310.html
လူနာအမွတ္ ၁၅ သားသမီးေတြနဲ႔ အတူေနခြင့္ရၿပီ လူနာအမွတ္ ၁၅ သားသမီးေတြနဲ႔ အတူေနခြင့္ရၿပီ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.