ၿဗိတိန္မွာ Covid-19 လူနာမ်ားလြန္းလုိ႔ ကုသမႈေပးေရး အခက္ေတြ႔ေန

COVID-19 ေရာဂါ အႀကီးအက်ယ္ကူးစက္ေနတဲ့ လန္ဒန္ၿမိဳ႕မွာရွိေနတဲ့ St Thomas' ေဆးရံုမွာ အေရးေပၚလူနာ တင္ယာဥ္က လူနာ တဦးကို သယ္ယူေနတဲ့ ကာကြယ္ေရး၀တ္စံု ၀တ္ဆင္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ား

Zawgyi/Unicode

ၿဗိတိန္ႏိုင္ငံမွာ COVID-19 ကပ္ေဘးေရာဂါနဲ႔ ေသဆံုးသူဦးေရ ေၾကာက္ခမန္းလိလိျမင့္တက္လာေနတာေၾကာင့္ စစ္ပဲြကာလ ေဆးရံုေတြမွာ ဘယ္သူ႕အသက္ကို အရင္ဦးစားေပးကယ္မလဲ ဆိုတဲ့ ေရြးခ်ယ္ ကုသတဲ့ အေျခအေနမ်ဳိးေရာက္လာေနေၾကာင္း Leeds ၿမိဳ႕က ဆီးခ်ဳိ အထူးကုဆရာ၀န္ ေဒါက္တာသက္ကိုကို က ဗီြအုိေအကို ေျပာပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ဆရာ၀န္၊ သူနာျပဳတခ်ဳိ႕လည္း ေသဆံုးခဲ့ရၿပီျဖစ္တယ္လို႔ သူကေျပာပါတယ္။ အသက္ရွဳလမ္းေၾကာင္းကို အဓိက တိုက္ခိုက္တဲ့ COVID-19 ေရာဂါ အတြက္ ၿဗိတိန္ႏိုင္ငံတ၀န္း ေဆးရံုေတြမွာ ဘယ္လို ျပင္ဆင္ ကုသေနသလဲ ဆိုတာေတြကို ဆက္လက္တင္ျပမွာပါ။

ၿဗိတိန္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ဗုဒၶဟူးေန႔ တေန႔တည္း ေသဆံုးသူဦးေရ ၁၀၀၀ ေထာင္နီးပါးရွိခဲ့ၿပီး ကမၻာမွာ အဆိုးဆံုးျဖစ္ေနတဲ့ အီတလီနဲ႔ စပိန္ႏိုင္ငံေတြ ေလာက္နီးပါး အေျခအေန ေရာက္လာေနပါတယ္။ ေဆးရံုေတြေရာက္လာတဲ့ လူနာေတြထဲမွာ ဘယ္သူ႔ကို ဦးစားေပးကယ္မလဲဆိုတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ေဒါက္တာသက္ကိုကိုက အခုလို ရွင္းျပပါတယ္။

"အခုဟာက က်ေနာ္တို႔က စစ္ေျမျပင္ေရာက္ေနသလိုပဲ။ မရွင္ႏိုင္တဲ့ လူေတြကိုေတာ့ မကယ္ေတာ့ဘူး။ ဒီအတိုင္းပဲ ထားခဲ့ရေတာ့မယ္ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ပဲ က်ေနာ္တို႔သြားရပါတယ္။ စိတ္မေကာင္းလဲ ေတာ္ေတာ္ျဖစ္ရပါတယ္။ ကိုဗစ္သာ မျဖစ္ခဲ့ဘူးဆိုရင္ ဒီလူနာေတြကို intensive care အထူးၾကပ္မတ္ေဆာင္ကို ပို႔ေကာင္းပို႔မွာပါ။ အခုဟာက လူနာေတြ ေဆးရံု၀င္လာကတည္းက ဘယ္အဆင့္ထိလုပ္မယ္ဆိုတာကို ဆံုးျဖတ္ေနရတာပါ။ ဥပမာအားျဖင့္ ကိုယ့္ဘာသာကိုယ္ အိမ္အျပင္ ထြက္ၿပီး ေစ်းမ၀ယ္ႏိုင္တဲ့ အရြယ္မ်ဳိး၊ ၿပီးရင္ ေရာဂါအခံရွိေနသူေတြ၊ ေက်ာက္ကပ္၊ အဆုပ္ မေကာင္းတာ၊ ဆီးခ်ဳိ၊ ေသြးတိုးရွိတာ စတဲ့ လူနာေတြမွာ ကိုဗစ္ေၾကာင့္ အသက္မရွဳႏိုင္ျဖစ္ေနတဲ့ေနရာမွာ ventilator အသက္ရွဳစက္ ေပၚတင္ေပးမယ္ဆိုရင္လည္း ျပန္ေကာင္းလာမွာ မဟုတ္ေတာ့ဘူး။ အဲဒီလို သိေနၿပီးသာလူနာေတြကို ventilator ေပၚ မတင္ေတာ့ဘူး။ အဲဒီပံုစံမ်ဳိးကို ၿဗိတိန္တႏိုင္ငံလံုးမွာ consensus အမ်ားသေဘာတူညီခ်က္နဲ႔ က်ေနာ္တို႔ လုပ္ေနပါတယ္။"

ၿဗိတိန္ႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသြားတဲ့ ဆရာ၀န္အမ်ားစုက နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုေတြျဖစ္ၿပီး လူနာနဲ႔ အနီးကပ္ကုသေပးရတဲ့သူေတြျဖစ္တယ္လို႔ ေဒါက္တာသက္ကိုကို ကေျပာပါတယ္။ ဒါ့အျပင္ ငယ္ရြယ္တဲ့ သူနာျပဳေတြလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ၿပီး ေသဆံုးခဲ့တာ ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။

လက္ရွိ ၿဗိတိန္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လူနာေတြမွာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာအပိုင္းကို အဓိကပံ့ပိုးေပးႏိုင္ဖို႔ တႏိုင္ငံလံုးက ေဆးရံုေတြမွာ ျပင္ဆင္ထားတဲ့ နည္းစနစ္ကို ေဒါက္တာသက္ကိုကိုက အခုလိုရွင္းျပပါတယ္။

"လန္ဒန္အပါအ၀င္ တတိုင္းျပည္လံုးက ေဆးရံုေတြမွာ ခဲြခန္းေတြအားလံုးကို ရပ္လိုက္ပါတယ္။ Emergency နဲ႕ ကင္ဆာကလဲြလို႔ က်န္တာ ဘာမွ မခဲြပါဘူး။ အဲေတာ့ ခဲြစိတ္ေဆာင္ေတြ၊ လူနာေတြ ျပန္ေကာင္းမေကာင္း ေစာင့္ၾကည့္တဲ့ အေဆာင္ေတြ မွာ ICU အထူးၾကပ္မတ္ေဆာင္ ကုတင္ေတြနဲ႔ အစားထိုးေျပာင္းလဲၿပီးေတာ့ အသက္ရွဴစက္ ကိရိယာေတြ တပ္လိုက္ပါတယ္။ အဲဒီလိုနည္းနဲ႔ intensive care ေတြပိုၿပီးလုပ္ႏိုင္မယ့္ အေျခအေနေတြကို က်ေနာ္တို႔ ျမွင့္တင္လိုက္ပါတယ္။ ေနာက္တဆင့္က အရင္ ေဆးပညာကြန္ဖရင့္ေတြလုပ္ေနတဲ့ လူအမ်ားႀကီးဆန္႔တဲ့ ခန္းမေဆာင္ေတြကို nightingale hospital လို႔ေခၚတဲ့ ယာယီေဆးရံုလိုမ်ဳိး ကို ၿမိဳ႕ႀကီးတခ်ဳိ႕မွာ လုပ္ပါတယ္။ ၿပီးရင္ အဲဒီထဲကို ေဆးရံုက မႏိုင္ေတာ့တဲ့ ကိုဗစ္ေသခ်ာတဲ့ လူနာေတြကိုပို႕ၿပီး ဆက္လက္ကုသမွာျဖစ္ပါတယ္။"

ဗိုင္းရပ္စ္ကူးစက္မႈ ေလ့လာေတြ႕ရွိခ်က္ေတြအရဆိုရင္ ေယာက်္ားေတြမွာ ပိုၿပီး ကူးစက္ခံရၿပီး၊ ခႏၶာကိုယ္ ၀ တဲ့သူေတြမွာ ပိုၿပီး အျဖစ္မ်ားတာ ေတြ႕ရတယ္လို႔ ေဒါက္တာသက္ကိုကိုက ေျပာပါတယ္။ ဒါအျပင္ ေရာဂါအခံရွိသူေတြ၊ အသက္ (၇၀)ေက်ာ္အရြယ္ေတြမွာ ေရာဂါကူးစက္ခံရရင္ အေျခအေနပိုဆိုးတာေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။

လက္ရွိၿဗိတိန္ႏိုင္ငံမွာ ဗုဒၶဟူးေန႔အထိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၅၅၂၄၂၊ ေသဆံုးသူေပါင္း ၆၁၅၉ ထိရွိေနပါတယ္။

ဒါေၾကာင့္ မတ္လ ၂၀ ရက္ေန႔ကတည္းက ၿဗိတိန္အစိုးရကေန တတိုင္းျပည္လံုးလိုက္နာဖို႔ ထုတ္ျပန္ထားတဲ့ Lock down အမိန္႔ကို ေနာက္သတင္းပတ္အထိ ထပ္ၿပီးတိုးခ်ဲ႕လိုက္ပါတယ္။ အဲဒီအမိန္႔အရ တတိုင္းျပည္လံုး ခရီးအသြားအလာနဲ႔ လူေတြေနအိမ္ကေန အျပင္ထြက္တာေတြကို ျပင္းျပင္းထန္ထန္ ကန္႔သတ္ထားၿပီး၊ စီးပြားေရးလုပ္ငန္းေတြ၊ ေက်ာင္းေတြ၊ ရံုးေတြ၊ စားေသာက္ဆိုင္ေတြ အားလံုး ပိတ္ပင္ထားတာျဖစ္ပါတယ္။

----------------


ဗြိတိန်နိုင်ငံမှာ COVID-19 ကပ်ဘေးရောဂါနဲ့ သေဆုံးသူဦးရေ ကြောက်ခမန်းလိလိမြင့်တက်လာနေတာကြောင့် စစ်ပွဲကာလ ဆေးရုံတွေမှာ ဘယ်သူ့အသက်ကို အရင်ဦးစားပေးကယ်မလဲ ဆိုတဲ့ ရွေးချယ် ကုသတဲ့ အခြေအနေမျိုးရောက်လာနေကြောင်း Leeds မြို့က ဆီးချို အထူးကုဆရာဝန် ဒေါက်တာသက်ကိုကို က ဗွီအိုအေကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆရာဝန်၊ သူနာပြုတချို့လည်း သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သူကပြောပါတယ်။ အသက်ရှုလမ်းကြောင်းကို အဓိက တိုက်ခိုက်တဲ့ COVID-19 ရောဂါ အတွက် ဗြိတိန်နိုင်ငံတဝန်း ဆေးရုံတွေမှာ ဘယ်လို ပြင်ဆင် ကုသနေသလဲ ဆိုတာတွေကို ဆက်လက်တင်ပြမှာပါ။

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဗုဒ္ဓဟူးနေ့ တနေ့တည်း သေဆုံးသူဦးရေ ၁၀၀၀ ထောင်နီးပါးရှိခဲ့ပြီး ကမ္ဘာမှာ အဆိုးဆုံးဖြစ်နေတဲ့ အီတလီနဲ့ စပိန်နိုင်ငံတွေ လောက်နီးပါး အခြေအနေ ရောက်လာနေပါတယ်။ ဆေးရုံတွေရောက်လာတဲ့ လူနာတွေထဲမှာ ဘယ်သူ့ကို ဦးစားပေးကယ်မလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာသက်ကိုကိုက အခုလို ရှင်းပြပါတယ်။

"အခုဟာက ကျနော်တို့က စစ်မြေပြင်ရောက်နေသလိုပဲ။ မရှင်နိုင်တဲ့ လူတွေကိုတော့ မကယ်တော့ဘူး။ ဒီအတိုင်းပဲ ထားခဲ့ရတော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ကျနော်တို့သွားရပါတယ်။ စိတ်မကောင်းလဲ တော်တော်ဖြစ်ရပါတယ်။ ကိုဗစ်သာ မဖြစ်ခဲ့ဘူးဆိုရင် ဒီလူနာတွေကို intensive care အထူးကြပ်မတ်ဆောင်ကို ပို့ကောင်းပို့မှာပါ။ အခုဟာက လူနာတွေ ဆေးရုံဝင်လာကတည်းက ဘယ်အဆင့်ထိလုပ်မယ်ဆိုတာကို ဆုံးဖြတ်နေရတာပါ။ ဥပမာအားဖြင့် ကိုယ့်ဘာသာကိုယ် အိမ်အပြင် ထွက်ပြီး ဈေးမဝယ်နိုင်တဲ့ အရွယ်မျိုး၊ ပြီးရင် ရောဂါအခံရှိနေသူတွေ၊ ကျောက်ကပ်၊ အဆုပ် မကောင်းတာ၊ ဆီးချို၊ သွေးတိုးရှိတာ စတဲ့ လူနာတွေမှာ ကိုဗစ်ကြောင့် အသက်မရှုနိုင်ဖြစ်နေတဲ့နေရာမှာ ventilator အသက်ရှုစက် ပေါ်တင်ပေးမယ်ဆိုရင်လည်း ပြန်ကောင်းလာမှာ မဟုတ်တော့ဘူး။ အဲဒီလို သိနေပြီးသာလူနာတွေကို ventilator ပေါ် မတင်တော့ဘူး။ အဲဒီပုံစံမျိုးကို ဗြိတိန်တနိုင်ငံလုံးမှာ consensus အများသဘောတူညီချက်နဲ့ ကျနော်တို့ လုပ်နေပါတယ်။"

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ ဆရာဝန်အများစုက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုတွေဖြစ်ပြီး လူနာနဲ့ အနီးကပ်ကုသပေးရတဲ့သူတွေဖြစ်တယ်လို့ ဒေါက်တာသက်ကိုကို ကပြောပါတယ်။ ဒါ့အပြင် ငယ်ရွယ်တဲ့ သူနာပြုတွေလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာအပိုင်းကို အဓိကပံ့ပိုးပေးနိုင်ဖို့ တနိုင်ငံလုံးက ဆေးရုံတွေမှာ ပြင်ဆင်ထားတဲ့ နည်းစနစ်ကို ဒေါက်တာသက်ကိုကိုက အခုလိုရှင်းပြပါတယ်။

"လန်ဒန်အပါအဝင် တတိုင်းပြည်လုံးက ဆေးရုံတွေမှာ ခွဲခန်းတွေအားလုံးကို ရပ်လိုက်ပါတယ်။ Emergency နဲ့ ကင်ဆာကလွဲလို့ ကျန်တာ ဘာမှ မခွဲပါဘူး။ အဲတော့ ခွဲစိတ်ဆောင်တွေ၊ လူနာတွေ ပြန်ကောင်းမကောင်း စောင့်ကြည့်တဲ့ အဆောင်တွေ မှာ ICU အထူးကြပ်မတ်ဆောင် ကုတင်တွေနဲ့ အစားထိုးပြောင်းလဲပြီးတော့ အသက်ရှူစက် ကိရိယာတွေ တပ်လိုက်ပါတယ်။ အဲဒီလိုနည်းနဲ့ intensive care တွေပိုပြီးလုပ်နိုင်မယ့် အခြေအနေတွေကို ကျနော်တို့ မြှင့်တင်လိုက်ပါတယ်။ နောက်တဆင့်က အရင် ဆေးပညာကွန်ဖရင့်တွေလုပ်နေတဲ့ လူအများကြီးဆန့်တဲ့ ခန်းမဆောင်တွေကို nightingale hospital လို့ခေါ်တဲ့ ယာယီဆေးရုံလိုမျိုး ကို မြို့ကြီးတချို့မှာ လုပ်ပါတယ်။ ပြီးရင် အဲဒီထဲကို ဆေးရုံက မနိုင်တော့တဲ့ ကိုဗစ်သေချာတဲ့ လူနာတွေကိုပို့ပြီး ဆက်လက်ကုသမှာဖြစ်ပါတယ်။"

ဗိုင်းရပ်စ်ကူးစက်မှု လေ့လာတွေ့ရှိချက်တွေအရဆိုရင် ယောကျ်ားတွေမှာ ပိုပြီး ကူးစက်ခံရပြီး၊ ခန္ဓာကိုယ် ၀ တဲ့သူတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာသက်ကိုကိုက ပြောပါတယ်။ ဒါအပြင် ရောဂါအခံရှိသူတွေ၊ အသက် (၇၀)ကျော်အရွယ်တွေမှာ ရောဂါကူးစက်ခံရရင် အခြေအနေပိုဆိုးတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိဗြိတိန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၅၂၄၂၊ သေဆုံးသူပေါင်း ၆၁၅၉ ထိရှိနေပါတယ်။

ဒါကြောင့် မတ်လ ၂၀ ရက်နေ့ကတည်းက ဗြိတိန်အစိုးရကနေ တတိုင်းပြည်လုံးလိုက်နာဖို့ ထုတ်ပြန်ထားတဲ့ Lock down အမိန့်ကို နောက်သတင်းပတ်အထိ ထပ်ပြီးတိုးချဲ့လိုက်ပါတယ်။ အဲဒီအမိန့်အရ တတိုင်းပြည်လုံး ခရီးအသွားအလာနဲ့ လူတွေနေအိမ်ကနေ အပြင်ထွက်တာတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပြီး၊ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ စားသောက်ဆိုင်တွေ အားလုံး ပိတ်ပင်ထားတာဖြစ်ပါတယ်။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com/a/uk-covid-19-burmese-doctor-staff-choose-whose-life-to-save/5365555.html
ၿဗိတိန္မွာ Covid-19 လူနာမ်ားလြန္းလုိ႔ ကုသမႈေပးေရး အခက္ေတြ႔ေန ၿဗိတိန္မွာ Covid-19 လူနာမ်ားလြန္းလုိ႔ ကုသမႈေပးေရး အခက္ေတြ႔ေန Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.