စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္လာတာ ဘယ္ေလာက္ စိတ္ပူစရာ ေကာင္းသလဲ

ဓာတ္ပုံ မူပိုင္ Getty Images
(Zawgyi)⤵⤵⤵

စကၤာပူႏိုင္ငံဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြားမႈကို ကိုင္တြယ္ေဆာင္႐ြက္ရာမွာ ထူးထူးခြၽန္ခြၽန္လုပ္ေဆာင္ႏိုင္ခဲ့တံ့ႏိုင္ငံပါ။

ဒီေရာဂါကို နာမည္မတပ္ႏိုင္ေသးခင္ကတည္းကိုက စကၤာပူမွာ အသြားအလာေတြ တင္းတင္းၾကပ္ၾကပ္ကန႔္သတ္လိုက္သလို ေရာဂါပိုး ဘယ္ကေန ကူးစက္ခဲ့သလဲဆိုတာကို ေျခရာခံ တားဆီးေဆာင္႐ြက္မႈေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ေရာဂါ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။

ဒါေပမဲ့ အခုရက္ပိုင္းမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈေတြ တရွိန္ထိုးျမင့္တက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ေရာဂါ ျဖစ္ပြားသူ ၂၈၇ ဦး အထိ အမ်ားဆုံး ျဖစ္ပြားခဲ့ပါတယ္။ အဲဒီမတိုင္တစ္ရက္က ေတာ့ ၁၄၂ ဦး ရွိပါတယ္။

အမ်ားစုဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ စုၿပဳံေနထိုင္ေနတဲ့ ေနရာေတြက ျဖစ္ပါတယ္။ ဒီလို ေရာဂါကူးစက္မႈေတြ မျဖစ္ေအာင္ လနဲ႔ခ်ီ ေရွာင္ရွားႏိုင္ခဲ့အၿပီး အခုအခါ စကၤာပူမွာေက်ာင္းေတြနဲ႔ အေရးမႀကီးတဲ့ စီပြားေရးလုပ္ငန္းေတြ ပိတ္ထားသလို လူေတြကိုလည္း အိမ္ထဲမွာပဲ ေနၾကဖို႔ တိုက္တြန္းထားပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံေတြထဲက တစ္ခု ျဖစ္တဲ့ စကၤာပူႏိုင္ငံဟာ သင့္ေလ်ာ္တဲ့ လုပ္ေဆာင္မႈေတြကိုေဆာင္႐ြက္ေနပုံရေၾကာင္းနဲ႔ ဆင္းရဲတဲ့ႏိုင္ငံေတြအတြက္ အေရးပါတဲ့ သင္ခန္းစာေတြ ေပးႏိုင္ၿပီး ေျဖရွင္းေဆာင္႐ြက္ဖို႔ အခ်ိန္မီေသးတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။
စကၤာပူမွာ ဘယ္လိုေၾကာင့္ အေျခအေန ေကာင္းခဲ့တာလဲ

စကၤာပူမွာ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားတာက အရမ္းကိုေစာပါတယ္။ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ဝူဟန္ၿမိဳ႕ကေန ေရာက္လာတဲ့ တ႐ုတ္ခရီးသည္တစ္ဦးမွာ စျဖစ္တာပါ။ အဲဒီေန႔တစ္ရက္တည္းမွာပဲ ဗိုင္းရပ္စ္ပိုးစေတြ႕တဲ့ အခ်က္အခ်ာေနရာကို ပိတ္ထားလိုက္ပါတယ္။

အဲဒီဗိုင္းရပ္စ္ပိုးရဲ႕ ေရာဂါကို ကိုဗစ္-၁၉ လို႔ တရားဝင္အမည္ ေပးလိုက္ခ်ိန္မွာေတာ့ စကၤာပူက လူထုအၾကား ေရာဂါပိုး ျပန႔္ႏွံ႔ ကူးစက္ေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အေသအခ်ာ ေလ့က်င့္ ျပင္ဆင္ထားတဲ့ ေဆာင္႐ြက္မႈေတြနဲ႔ စကၤာပူအစိုးရက တုံ႔ျပန္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ေလဆိပ္ေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္တာအျပင္ ေရာဂါသံသယရွိသူတိုင္းကို ထိထိေရာက္ေရာက္ စစ္ေဆးတာမ်ိဳးေတြ၊ ေရာဂါရွိတယ္လို႔ အတည္ျပဳထားသူေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့သူအေယာက္တိုင္းကို ေျခရာခံရွာေဖြၿပီး အဲဒီလူေတြကို ေရာဂါ ကင္းစင္ေၾကာင္း ေသခ်ာတဲ့အထိ အိမ္ထဲမွာ ေနခိုင္းတာမ်ိဳးေတြ လုပ္ခဲ့ပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ တက္ဒေရာ့စ္ အက္ဒါေနာမ္ ဂက္ဘရက္ဆပ္စ္ က "ဒါဟာအစိုးရေတြအားလုံး လုပ္သင့္တဲ့ နမူနာေကာင္းတရပ္ျဖစ္တယ္" လို႔ ေျပာပါတယ္။

စင္ကာပူကိုေရာက္လာသူဘယ္သူမဆို အစိုးရက သီးျခားထားတဲ့ ေနရာမွာ ၁၄ ရက္ ေနရမယ္
စကၤာပူႏိုင္ငံမွာ လူေတြရဲ႕ေန႔စဥ္ဘဝ လႈပ္ရွားသြားလာမႈေတြအေပၚ ကန႔္သတ္မႈေတြ ႀကီးႀကီးမားမားမလုပ္ဘဲနဲ႔ သီတင္းပတ္နဲ႔ခ်ီ ေရာဂါျဖစ္သူေတြ နည္းေအာင္၊ ေရာဂါသည္ေတြကို ေျခရာခံရွာတာေတြ လုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ကမာၻတဝန္း ေရာဂါျဖစ္ပြားမႈ သတိေပး တုံ႔ျပန္ေဆာင္႐ြက္ေရးကြန္ရက္အဖြဲ႕ဥကၠဌ စကၤာပူအမ်ိဳးသားတကၠသိုလ္ပါေမာကၡ ေဒးလ္ ဖစ္ရွာကေတာ့ စကၤာပူအစိုးရ ေဆာင္႐ြက္ေနတာေတြ ေကာင္းတယ္လို႔ လူေတြ ေျပာလာၾကတိုင္း ေလာေလာဆယ္အခ်ိန္မွာေတာ့ ဟုတ္ပါတယ္လို႔ သူက ျပန္ေျပာခဲ့ေၾကာင္း ဘီဘီစီကိုေျပာျပပါတယ္။

"ဒီေရာဂါဟာ ထိန္းခ်ဳပ္ဖို႔ တကယ့္ကိုခက္တဲ့ ေရာဂါျဖစ္တယ္"လို႔ ဆိုပါတယ္။
ဘယ္အခ်ိန္မွာ အေျခအေနေတြ စဆိုးလာတာလဲ

စကၤာပူအစိုးရရဲ႕စနစ္က မတ္လလယ္ေလာက္အထိ အလုပ္ျဖစ္ခဲ့တယ္လို စကၤာပူႏိုင္ငံ ေဆာဆြီးေဟာ့ခ္လူထုက်န္းမာေရးတကၠသိုလ္ ဌာနမႉး ပါေမာကၡ ယစ္ယင္း တီယို က ေျပာပါတယ္။

အဲဒီအခ်ိန္ဟာ ကမာၻတဝန္းမွာ အေျခအေနေတြ ဆိုးလာေနတဲ့အခ်ိန္ျဖစ္ၿပီး ႏိုင္ငံအေတာ္မ်ားမ်ားက ျပည္ပေရာက္ေနတဲ့ သူတို႔ရဲ႕ႏိုင္ငံသားေတြကို အိမ္ျပန္လာၾကဖို႔ စတိုက္တြန္းခဲ့ခ်ိန္ ျဖစ္ပါတယ္။

စကၤာပူႏိုင္ငံကိုလည္း လူေထာင္နဲ႔ခ်ီ ျပန္လာခဲ့ၿပီး အဲဒီထဲက လူ ၅၀၀ ေက်ာ္ေလာက္ဟာ သူတို႔ကိုယ္တိုင္ မသိဘဲ ေရာဂါပိုးေတြ သယ္လာခဲ့ၾကပါတယ္။

အဲဒီအခ်ိန္ေလာက္မွာေတာ့ ျပည္ပကျပန္လာသူေတြကို ကိုယ့္အိမ္ထဲမွာ သီတင္းႏွစ္ပတ္ မျဖစ္မေန ေနရမယ္လို႔ စကၤာပူအစိုးရက ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ တျခားသူေတြကိုေတာ့ ေရာဂါလကၡဏာ မေတြ႕ရင္ ပုံမွန္သြားလာခြင့္ျပဳခဲ့ပါတယ္။

ေရာဂါျဖစ္ပြားမႈသစ္ေတြ တဟုန္ထိုး တိုးလာခ်ိန္ မတ္လလယ္ေလာက္မွာေတာ့ တစ္ေန႔ကို ေရာဂါျဖစ္သူေပါင္း ေလးငါးဆယ္ ရွိလာခဲ့ပါတယ္။

အမ်ားစုဟာ ျပည္ပက လာသူေတြ ဒါမွမဟုတ္ သူတို႔နဲ႔ဆက္စပ္ေနသူေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္တြင္းမွာ ျဖစ္တဲ့ ေရာဂါျဖစ္ပြားမႈအားလုံးကို ပထမဆုံးႀကိမ္အျဖစ္ အလြယ္တကူ ေျခရာခံလို႔ မရ ျဖစ္ခဲ့ရပါတယ္။

အဆိုးဘက္ကို ၾကည့္ရင္ ျပည္ပက ျပန္ဝင္လာသူေတြနဲ႔ ထိေတြ႕ဆက္ဆံမႈေတြကို မကန႔္သတ္ခဲ့တာဟာ အမွားတစ္ရပ္ျဖစ္တယ္လို႔ ပါေမာကၡ တီယို ကေျပာပါတယ္။ဒါေပမဲ့ လက္ေတြ႕အရေတာ့ မတ္လတုန္းကနဲ႔စာရင္ အခုအခ်ိန္မွာ ဒီေရာဂါအေၾကာင္းကို ထဲထဲဝင္ဝင္ ပိုသိထားၿပီ လို႔ သူက ေျပာပါတယ္။

"ေရာဂါလကၡဏာမျပတဲ့သူေတြဆီကေန ေရာဂါကူးစက္တာမ်ိဳး လုံးဝျဖစ္ႏိုင္ေျခ ရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ အခုသိရပါတယ္။ လက္ရွိမွာလည္း ဒါမ်ိဳးျဖစ္ေနၿပီး ကိုဗစ္-၁၉ ေရာဂါကို အဓိက ျဖန႔္တဲ့ အေၾကာင္းရင္း ျဖစ္ႏိုင္တယ္" လို႔ ပါေမာကၡ တီယို ကေျပာပါတယ္။

စကၤာပူအစိုးရဟာ ေရာဂါျဖစ္ပြားမႈအားလုံးရဲ႕အေသးစိတ္မွတ္တမ္းေတြကို သိမ္းထားတာမို႔ ျပည္တြင္းေရာဂါကူးစက္ျဖစ္ပြားမႈေတြကေန ေလ့လာသုံးသပ္မႈေတြ လုပ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘယ္ကေန ေရာဂါစျဖစ္လာသလဲဆိုတာကို နားလည္သေဘာေပါက္ရာကေန အဆင့္ဆင့္ ေဆာင္႐ြက္မႈေတြ လုပ္ခဲ့ၾကတာလို႔ ပါေမာကၡ တီယို ကေျပာပါတယ္။

"အဲဒီအတြက္ ႏိုင္ငံေတြအေနနဲ႔ အခု ရထားတဲ့ သတင္းအခ်က္အလက္ေတြအေပၚ အရမ္းႀကီး ယုံၾကည္စိတ္ခ်တာမ်ိဳး မလုပ္ၾကဖို႔ လိုပါတယ္။ ဥပမာ ျပန္နာလန္ထူလာတဲ့ လူနာေတြဟာ ေနာက္ထပ္ေရာဂါျဖစ္မွာကို ခံႏိုင္ရည္ ရွိတယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳး မထားဖို႔ လိုပါတယ္။ ဒါက လုံးဝမျဖစ္ႏိုင္ပါဘူး"
ဗိုင္းရပ္စ္ပိုး ျပန႔္ႏွံ႔တာနဲ႔ပတ္သက္လို႔ စကၤာပူအစိုးရက ဘာေျပာသလဲ

ျပည္ပကေန ေရာဂါပိုး သယ္လာတဲ့ ျပႆနာကို ေျဖရွင္းရာမွာ စကၤာပူႏိုင္ငံထဲ ထပ္ဝင္လာသူေတြအားလုံးကို အစိုးရရဲ႕ သီးသန႔္ေဆာင္ေတြကို တိုက္႐ိုက္ ပို႔ၿပီး တျခားသူေတြနဲ႔ ခြဲျခားထားတဲ့နည္းနဲ႔ ေျဖရွင္းေနပါတယ္။ အခုအခါ ႏိုင္ငံထဲ ဝင္လာသူကလည္းအနည္းအပါးပဲ ရွိေတာ့ၿပီး ျပည္ပက ဝင္လာသူေတြ ေရာဂါျဖစ္မႈ အေရအတြက္ကလည္း အခုရက္ပိုင္းအတြင္း ဆယ္ဂဏန္းေအာက္ ထိုးက်သြားခဲ့ပါတယ္။

အဂၤါေန႔ညေနတုန္းကေတာ့ စကၤာပူႏိုင္ငံမွာ ေနရာတခ်ိဳ႕တဝက္ကို အသြားအလာ လုံးဝ ပိတ္လိုက္တဲ့ စည္းမ်ဥ္းသစ္တစ္ခု အတည္ျပဳခဲ့ပါတယ္။ ဒီစည္းမ်ဥ္းကို ဥပေဒ လို႔ေတာ့ တရားဝင္မသုံးခဲ့ပါဘူး။
ပါဆယ္ထုတ္နဲ႔ပဲ ေရာင္းခြင့္ျပဳထား

အခုအခါ စကၤာပူႏိုင္ငံရဲ႕ နာမည္ႀကီး အစားအေသာက္စင္တာေတြ အားလုံး ပိတ္ထားလိုက္ၿပီျဖစ္ၿပီး ပါဆယ္ထုတ္နဲ႔ပဲ ေရာင္းခြင့္ျပဳထားပါတယ္။

မလုပ္မျဖစ္ လုပ္ရမဲ့ကိစၥေတြနဲ႔ ကိုယ္လက္ ေလ့က်င့္ခန္း လုပ္ဖို႔ကလြဲလို႔ ဘယ္သူမွ အိမ္ျပင္မထြက္ၾကဖို႔ တားျမစ္ထားပါတယ္။ က်ဴးလြန္သူေတြကို စကၤာပူေဒၚလာ တစ္ေသာင္း ဒါမွမဟုတ္ ေထာင္ဒဏ္ ၆လ ခ်မွတ္ခံရႏိုင္ပါတယ္။

ဒီလို လုပ္တာက ထိေရာက္မႈ ရွိလာလိမ့္မယ္လို႔ ပါေမာကၡ တီယို ကေျပာပါတယ္။ ေလာေလာဆယ္ ေရတိုကာလမွာ ေရာဂါျဖစ္သူအေရအတြက္ တိုးေကာင္း တိုးေနအုံးမွာ ျဖစ္ေပမဲ့ ဒီလုပ္ေဆာင္မႈေတြက ေရရွည္မွာ ထိေရာက္မႈ ရွိလာမွာျဖစ္တယ္လို႔ သူက အေလးအနက္ ေျပာခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ သီတင္းပတ္က ေၾကာက္စရာေကာင္းေလာက္ေအာင္ ျမင့္တက္သြားခဲ့တဲ့ ေရာဂါျဖစ္ပြားမႈေတြဟာ ဆင္းရဲတဲ့ႏိုင္ငံေတြကေန ေဆာက္လုပ္ေရးလုပ္ငန္း၊ သေဘၤာလုပ္ငန္းနဲ႔ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြမွာ လာအလုပ္လုပ္ၾကတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြအၾကားမွာ ျဖစ္ခဲ့တာပါ။

စကၤာပူႏိုင္ငံဟာ သူ႔ရဲ႕စီးပြားေရးလည္ပတ္ေနဖို႔ ဒီ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအေပၚ မွီခိုအားထားေနရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ေတြရဲ႕ အလုပ္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာ ေနဖို႔ မျဖစ္ႏိုင္တဲ့ အလုပ္ေတြပါ။

ဒါ့အျပင္ စကၤာပူမွာ ထုတ္ျပန္ထားတဲ့ ဥပေဒအရ အလုပ္သမားေဆာင္ေတြမွာ ေနၾကရပါတယ္။ အဲဒီအေဆာင္ေတြဟာ ပုဂၢလိကပိုင္ေတြ ျဖစ္ပါတယ္။ တစ္ခန္းကို လူ ၁၂ ေယာက္ေလာက္အထိ ေနၾကရၿပီး ေရခ်ိဳးခန္း၊ မီးဖိုေခ်ာင္၊ ဧည့္ခန္းတို႔ကို အတူတူ မွ်သုံးၾကရပါတယ္။

ဒီလို အလုပ္သမားေဆာင္မ်ိဳးေတြမွာ စုၿပဳံေနၾကသူေတြမွာ ေရာဂါကူးစက္ခံရမယ့္အႏၲရာယ္ကို ေရွာင္လႊဲလို႔ရမယ့္ပုံမ်ိဳးမရွိသလို တကယ္လည္း သူတို႔အၾကား ေရာဂါ ကူးစက္ ျဖစ္ပြားခဲ့ပါတယ္။

လူေတြ စုၿပဳံေနထိုင္ေနတဲ့ အလုပ္သမားေဆာင္ အေတာ္မ်ားမ်ားမွာ ေရာဂါျဖစ္ပြားမႈ ၅၀၀ နီးပါးေလာက္အထိ ရွိတယ္လို႔ အတည္ျပဳ ထားပါတယ္။

အလုပ္သမားေဆာင္ တစ္ခုတည္းမွာတင္ ေရာဂါျဖစ္ပြားမႈဟာ တႏိုင္ငံလုံးျဖစ္ပြားမႈစုစုေပါင္းရဲ႕ ၁၅ ရာခိုင္ႏႈန္း ရွိပါတယ္။

စကၤာပူႏိုင္ငံ ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဝန္ႀကီး ေလာရင့္စ္ ေဝါင္း က "တကယ္လို႔မ်ား ဒီဗိုင္းရပ္စ္ပိုးဒီေလာက္ ျမန္ျမန္ ကူးစက္ျပန႔္ပြားမယ္မွန္း အေစာပိုင္းက သိခဲ့ရင္ ကြၽန္ေတာ္ တျခားနည္းနဲ႔ ေျဖရွင္းခဲ့မွာပါ"လို႔ ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။

ဒါေပမဲ့ အလုပ္သမားအေတာ္မ်ားမ်ားကေတာ့ ေရာဂါလကၡဏာေတြ ျပေနတဲ့ၾကားက ဆက္အလုပ္ဆင္းခဲ့ၾကပါတယ္။

ေၾကာက္စရာေကာင္းတာက လာမယ့္ သီတင္းပတ္ေတြက်ရင္ ေရာဂါကူးစက္ျဖစ္ပြားသူ အေရအတြက္ဟာ ထိန္းမႏိုင္သိမ္းမရ အေျခအေနမ်ိဳးေရာက္သြားႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52250183
-------------
(Unicode)⤵⤵⤵

စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်လာတာ ဘယ်လောက် စိတ်ပူစရာ ကောင်းသလဲ

    လွန်ခဲ့သော 3 နာရီက

ဒီစာမျက်နှာ Facebook
ဒီစာမျက်နှာ Messenger
ဒီစာမျက်နှာ Twitter
ဒီစာမျက်နှာ အီးမေးလ်

    ဝေမျှပါ

ဓာတ်ပုံ မူပိုင် Getty Images

စင်္ကာပူနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်ရာမှာ ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ခဲ့တံ့နိုင်ငံပါ။

ဒီရောဂါကို နာမည်မတပ်နိုင်သေးခင်ကတည်းကိုက စင်္ကာပူမှာ အသွားအလာတွေ တင်းတင်းကြပ်ကြပ်ကန့်သတ်လိုက်သလို ရောဂါပိုး ဘယ်ကနေ ကူးစက်ခဲ့သလဲဆိုတာကို ခြေရာခံ တားဆီးဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အခုရက်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေ တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရောဂါ ဖြစ်ပွားသူ ၂၈၇ ဦး အထိ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမတိုင်တစ်ရက်က တော့ ၁၄၂ ဦး ရှိပါတယ်။

အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေ စုပြုံနေထိုင်နေတဲ့ နေရာတွေက ဖြစ်ပါတယ်။ ဒီလို ရောဂါကူးစက်မှုတွေ မဖြစ်အောင် လနဲ့ချီ ရှောင်ရှားနိုင်ခဲ့အပြီး အခုအခါ စင်္ကာပူမှာကျောင်းတွေနဲ့ အရေးမကြီးတဲ့ စီပွားရေးလုပ်ငန်းတွေ ပိတ်ထားသလို လူတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခု ဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာ သင့်လျော်တဲ့ လုပ်ဆောင်မှုတွေကိုဆောင်ရွက်နေပုံရကြောင်းနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အရေးပါတဲ့ သင်ခန်းစာတွေ ပေးနိုင်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ အချိန်မီသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
စင်္ကာပူမှာ ဘယ်လိုကြောင့် အခြေအနေ ကောင်းခဲ့တာလဲ

စင်္ကာပူမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားတာက အရမ်းကိုစောပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝူဟန်မြို့ကနေ ရောက်လာတဲ့ တရုတ်ခရီးသည်တစ်ဦးမှာ စဖြစ်တာပါ။ အဲဒီနေ့တစ်ရက်တည်းမှာပဲ ဗိုင်းရပ်စ်ပိုးစတွေ့တဲ့ အချက်အချာနေရာကို ပိတ်ထားလိုက်ပါတယ်။

အဲဒီဗိုင်းရပ်စ်ပိုးရဲ့ ရောဂါကို ကိုဗစ်-၁၉ လို့ တရားဝင်အမည် ပေးလိုက်ချိန်မှာတော့ စင်္ကာပူက လူထုအကြား ရောဂါပိုး ပြန့်နှံ့ ကူးစက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အသေအချာ လေ့ကျင့် ပြင်ဆင်ထားတဲ့ ဆောင်ရွက်မှုတွေနဲ့ စင်္ကာပူအစိုးရက တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာအပြင် ရောဂါသံသယရှိသူတိုင်းကို ထိထိရောက်ရောက် စစ်ဆေးတာမျိုးတွေ၊ ရောဂါရှိတယ်လို့ အတည်ပြုထားသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူအယောက်တိုင်းကို ခြေရာခံရှာဖွေပြီး အဲဒီလူတွေကို ရောဂါ ကင်းစင်ကြောင်း သေချာတဲ့အထိ အိမ်ထဲမှာ နေခိုင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရော့စ် အက်ဒါနောမ် ဂက်ဘရက်ဆပ်စ် က "ဒါဟာအစိုးရတွေအားလုံး လုပ်သင့်တဲ့ နမူနာကောင်းတရပ်ဖြစ်တယ်" လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်ကာပူကိုရောက်လာသူဘယ်သူမဆို အစိုးရက သီးခြားထားတဲ့ နေရာမှာ ၁၄ ရက် နေရမယ်

စင်္ကာပူနိုင်ငံမှာ လူတွေရဲ့နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုတွေအပေါ် ကန့်သတ်မှုတွေ ကြီးကြီးမားမားမလုပ်ဘဲနဲ့ သီတင်းပတ်နဲ့ချီ ရောဂါဖြစ်သူတွေ နည်းအောင်၊ ရောဂါသည်တွေကို ခြေရာခံရှာတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကမ္ဘာတဝန်း ရောဂါဖြစ်ပွားမှု သတိပေး တုံ့ပြန်ဆောင်ရွက်ရေးကွန်ရက်အဖွဲ့ဥက္ကဌ စင်္ကာပူအမျိုးသားတက္ကသိုလ်ပါမောက္ခ ဒေးလ် ဖစ်ရှာကတော့ စင်္ကာပူအစိုးရ ဆောင်ရွက်နေတာတွေ ကောင်းတယ်လို့ လူတွေ ပြောလာကြတိုင်း လောလောဆယ်အချိန်မှာတော့ ဟုတ်ပါတယ်လို့ သူက ပြန်ပြောခဲ့ကြောင်း ဘီဘီစီကိုပြောပြပါတယ်။

"ဒီရောဂါဟာ ထိန်းချုပ်ဖို့ တကယ့်ကိုခက်တဲ့ ရောဂါဖြစ်တယ်"လို့ ဆိုပါတယ်။
ဘယ်အချိန်မှာ အခြေအနေတွေ စဆိုးလာတာလဲ

စင်္ကာပူအစိုးရရဲ့စနစ်က မတ်လလယ်လောက်အထိ အလုပ်ဖြစ်ခဲ့တယ်လို စင်္ကာပူနိုင်ငံ ဆောဆွီးဟော့ခ်လူထုကျန်းမာရေးတက္ကသိုလ် ဌာနမှူး ပါမောက္ခ ယစ်ယင်း တီယို က ပြောပါတယ်။

အဲဒီအချိန်ဟာ ကမ္ဘာတဝန်းမှာ အခြေအနေတွေ ဆိုးလာနေတဲ့အချိန်ဖြစ်ပြီး နိုင်ငံအတော်များများက ပြည်ပရောက်နေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို အိမ်ပြန်လာကြဖို့ စတိုက်တွန်းခဲ့ချိန် ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံကိုလည်း လူထောင်နဲ့ချီ ပြန်လာခဲ့ပြီး အဲဒီထဲက လူ ၅၀၀ ကျော်လောက်ဟာ သူတို့ကိုယ်တိုင် မသိဘဲ ရောဂါပိုးတွေ သယ်လာခဲ့ကြပါတယ်။

အဲဒီအချိန်လောက်မှာတော့ ပြည်ပကပြန်လာသူတွေကို ကိုယ့်အိမ်ထဲမှာ သီတင်းနှစ်ပတ် မဖြစ်မနေ နေရမယ်လို့ စင်္ကာပူအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားသူတွေကိုတော့ ရောဂါလက္ခဏာ မတွေ့ရင် ပုံမှန်သွားလာခွင့်ပြုခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုသစ်တွေ တဟုန်ထိုး တိုးလာချိန် မတ်လလယ်လောက်မှာတော့ တစ်နေ့ကို ရောဂါဖြစ်သူပေါင်း လေးငါးဆယ် ရှိလာခဲ့ပါတယ်။

အများစုဟာ ပြည်ပက လာသူတွေ ဒါမှမဟုတ် သူတို့နဲ့ဆက်စပ်နေသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဖြစ်တဲ့ ရောဂါဖြစ်ပွားမှုအားလုံးကို ပထမဆုံးကြိမ်အဖြစ် အလွယ်တကူ ခြေရာခံလို့ မရ ဖြစ်ခဲ့ရပါတယ်။

အဆိုးဘက်ကို ကြည့်ရင် ပြည်ပက ပြန်ဝင်လာသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို မကန့်သတ်ခဲ့တာဟာ အမှားတစ်ရပ်ဖြစ်တယ်လို့ ပါမောက္ခ တီယို ကပြောပါတယ်။ဒါပေမဲ့ လက်တွေ့အရတော့ မတ်လတုန်းကနဲ့စာရင် အခုအချိန်မှာ ဒီရောဂါအကြောင်းကို ထဲထဲဝင်ဝင် ပိုသိထားပြီ လို့ သူက ပြောပါတယ်။

"ရောဂါလက္ခဏာမပြတဲ့သူတွေဆီကနေ ရောဂါကူးစက်တာမျိုး လုံးဝဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ ကျွန်တော်တို့ အခုသိရပါတယ်။ လက်ရှိမှာလည်း ဒါမျိုးဖြစ်နေပြီး ကိုဗစ်-၁၉ ရောဂါကို အဓိက ဖြန့်တဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်" လို့ ပါမောက္ခ တီယို ကပြောပါတယ်။

စင်္ကာပူအစိုးရဟာ ရောဂါဖြစ်ပွားမှုအားလုံးရဲ့အသေးစိတ်မှတ်တမ်းတွေကို သိမ်းထားတာမို့ ပြည်တွင်းရောဂါကူးစက်ဖြစ်ပွားမှုတွေကနေ လေ့လာသုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်ကနေ ရောဂါစဖြစ်လာသလဲဆိုတာကို နားလည်သဘောပေါက်ရာကနေ အဆင့်ဆင့် ဆောင်ရွက်မှုတွေ လုပ်ခဲ့ကြတာလို့ ပါမောက္ခ တီယို ကပြောပါတယ်။

"အဲဒီအတွက် နိုင်ငံတွေအနေနဲ့ အခု ရထားတဲ့ သတင်းအချက်အလက်တွေအပေါ် အရမ်းကြီး ယုံကြည်စိတ်ချတာမျိုး မလုပ်ကြဖို့ လိုပါတယ်။ ဥပမာ ပြန်နာလန်ထူလာတဲ့ လူနာတွေဟာ နောက်ထပ်ရောဂါဖြစ်မှာကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုး မထားဖို့ လိုပါတယ်။ ဒါက လုံးဝမဖြစ်နိုင်ပါဘူး"
ဗိုင်းရပ်စ်ပိုး ပြန့်နှံ့တာနဲ့ပတ်သက်လို့ စင်္ကာပူအစိုးရက ဘာပြောသလဲ

ပြည်ပကနေ ရောဂါပိုး သယ်လာတဲ့ ပြဿနာကို ဖြေရှင်းရာမှာ စင်္ကာပူနိုင်ငံထဲ ထပ်ဝင်လာသူတွေအားလုံးကို အစိုးရရဲ့ သီးသန့်ဆောင်တွေကို တိုက်ရိုက် ပို့ပြီး တခြားသူတွေနဲ့ ခွဲခြားထားတဲ့နည်းနဲ့ ဖြေရှင်းနေပါတယ်။ အခုအခါ နိုင်ငံထဲ ဝင်လာသူကလည်းအနည်းအပါးပဲ ရှိတော့ပြီး ပြည်ပက ဝင်လာသူတွေ ရောဂါဖြစ်မှု အရေအတွက်ကလည်း အခုရက်ပိုင်းအတွင်း ဆယ်ဂဏန်းအောက် ထိုးကျသွားခဲ့ပါတယ်။

အင်္ဂါနေ့ညနေတုန်းကတော့ စင်္ကာပူနိုင်ငံမှာ နေရာတချို့တဝက်ကို အသွားအလာ လုံးဝ ပိတ်လိုက်တဲ့ စည်းမျဉ်းသစ်တစ်ခု အတည်ပြုခဲ့ပါတယ်။ ဒီစည်းမျဉ်းကို ဥပဒေ လို့တော့ တရားဝင်မသုံးခဲ့ပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပါဆယ်ထုတ်နဲ့ပဲ ရောင်းခွင့်ပြုထား

အခုအခါ စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီး အစားအသောက်စင်တာတွေ အားလုံး ပိတ်ထားလိုက်ပြီဖြစ်ပြီး ပါဆယ်ထုတ်နဲ့ပဲ ရောင်းခွင့်ပြုထားပါတယ်။

မလုပ်မဖြစ် လုပ်ရမဲ့ကိစ္စတွေနဲ့ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ဖို့ကလွဲလို့ ဘယ်သူမှ အိမ်ပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။ ကျူးလွန်သူတွေကို စင်္ကာပူဒေါ်လာ တစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် ၆လ ချမှတ်ခံရနိုင်ပါတယ်။

ဒီလို လုပ်တာက ထိရောက်မှု ရှိလာလိမ့်မယ်လို့ ပါမောက္ခ တီယို ကပြောပါတယ်။ လောလောဆယ် ရေတိုကာလမှာ ရောဂါဖြစ်သူအရေအတွက် တိုးကောင်း တိုးနေအုံးမှာ ဖြစ်ပေမဲ့ ဒီလုပ်ဆောင်မှုတွေက ရေရှည်မှာ ထိရောက်မှု ရှိလာမှာဖြစ်တယ်လို့ သူက အလေးအနက် ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားခဲ့တဲ့ ရောဂါဖြစ်ပွားမှုတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကနေ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောလုပ်ငန်းနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လာအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြားမှာ ဖြစ်ခဲ့တာပါ။

စင်္ကာပူနိုင်ငံဟာ သူ့ရဲ့စီးပွားရေးလည်ပတ်နေဖို့ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အလုပ်တွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေဖို့ မဖြစ်နိုင်တဲ့ အလုပ်တွေပါ။

ဒါ့အပြင် စင်္ကာပူမှာ ထုတ်ပြန်ထားတဲ့ ဥပဒေအရ အလုပ်သမားဆောင်တွေမှာ နေကြရပါတယ်။ အဲဒီအဆောင်တွေဟာ ပုဂ္ဂလိကပိုင်တွေ ဖြစ်ပါတယ်။ တစ်ခန်းကို လူ ၁၂ ယောက်လောက်အထိ နေကြရပြီး ရေချိုးခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းတို့ကို အတူတူ မျှသုံးကြရပါတယ်။

ဒီလို အလုပ်သမားဆောင်မျိုးတွေမှာ စုပြုံနေကြသူတွေမှာ ရောဂါကူးစက်ခံရမယ့်အန္တရာယ်ကို ရှောင်လွှဲလို့ရမယ့်ပုံမျိုးမရှိသလို တကယ်လည်း သူတို့အကြား ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပါတယ်။

လူတွေ စုပြုံနေထိုင်နေတဲ့ အလုပ်သမားဆောင် အတော်များများမှာ ရောဂါဖြစ်ပွားမှု ၅၀၀ နီးပါးလောက်အထိ ရှိတယ်လို့ အတည်ပြု ထားပါတယ်။

အလုပ်သမားဆောင် တစ်ခုတည်းမှာတင် ရောဂါဖြစ်ပွားမှုဟာ တနိုင်ငံလုံးဖြစ်ပွားမှုစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။

စင်္ကာပူနိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး လောရင့်စ် ဝေါင်း က "တကယ်လို့များ ဒီဗိုင်းရပ်စ်ပိုးဒီလောက် မြန်မြန် ကူးစက်ပြန့်ပွားမယ်မှန်း အစောပိုင်းက သိခဲ့ရင် ကျွန်တော် တခြားနည်းနဲ့ ဖြေရှင်းခဲ့မှာပါ"လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားအတော်များများကတော့ ရောဂါလက္ခဏာတွေ ပြနေတဲ့ကြားက ဆက်အလုပ်ဆင်းခဲ့ကြပါတယ်။

ကြောက်စရာကောင်းတာက လာမယ့် သီတင်းပတ်တွေကျရင် ရောဂါကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးရောက်သွားနိုင်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52250183
စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္လာတာ ဘယ္ေလာက္ စိတ္ပူစရာ ေကာင္းသလဲ စကၤာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္လာတာ ဘယ္ေလာက္ စိတ္ပူစရာ ေကာင္းသလဲ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.