ကပ္ေရာဂါကိုရင္ဆိုင္ရတဲ့ ေဆး႐ုံေတြမွာ အေျခခံ လိုအပ္ခ်က္ေတြ ရွိေန

(Zawgyi)⤵⤵⤵
ဗဟိုခ်ဳပ္ကိုင္မႈစနစ္၊ ကုသေရးပစၥည္းနဲ႔ဝန္ထမ္း မလုံေလာက္မႈတို႔ေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ကုသေရး ေႏွာင့္ေႏွးရတယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ျပည္ေဆး႐ုံက ေမ့ေဆးဆရာဝန္‌ႀကီး ေဒၚျမင့္ျမင့္စိန္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာလိုက္ပါတယ္။

ေရာဂါပိုးကူးစက္ခံရသူေတြကို ထားရွိတဲ့ အေရးေပၚလူနာ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ စက္ပစၥည္း၊ ေနရာထိုင္ခင္း၊ အသုံးအေဆာင္နဲ႔ ဝန္ထမ္းအင္အား ျပည့္ျပည့္စုံစုံ မရွိခဲ့တာေၾကာင့္ ကမာၻ႔ကပ္ေရာဂါနဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ဆိုင္ရတဲ့အခါ အခက္ခဲေတြ အမ်ားႀကီးရွိေနတယ္လို႔ ပဲခူးတိုင္း ျပည္ကုတင္ ၅၀၀ ေဆး႐ုံက ေမ့ေဆးဆရာဝန္ႀကီး ေဒၚျမင့္ျမင့္စိန္က ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္ႏိုင္တီး အတည္ျပဳလူနာေတြ ျဖစ္တဲ့ ျပည္ေဆး႐ုံက လူနာနံပါတ္ ၃၀ ေမ့ေဆးဆရာဝန္ႀကီး ေဒၚျမင့္ျမင့္စိန္၊ တီးတိန္ၿမိဳ႕နယ္က လူနာနံပါတ္ ၁ ကိုေတာင္စြမ္းခိုင္၊ မႏၲေလးၿမိဳ႕က လူနာနံပါတ္ ၄ ကိုေက်ာ္လင္းထက္တို႔ ဒီေန႔ အြန္လိုင္းကေန အျပန္အလွန္ ေဆြးေႏြးခဲ့ရာမွာ ေျပာဆိုလိုက္တာပါ။

ေဒါက္တာ ျမင့္ျမင့္စိန္က ျပည္ေဆး႐ုံမွာ ေမ့ေဆးဆရာဝန္အေနနဲ႔  သူနဲ႔ သူ႔လက္ေထာက္ သာရွိေနတဲ့အေၾကာင္း၊ ကမာၻ႔ကပ္ေရာဂါကို ရင္ဆိုင္ဖို႔ ေဖေဖာ္ဝါရီလေလာက္ ကတည္းကစၿပီး  ျပည္ေဆး႐ုံမွာ ျပင္ဆင္ထားခဲ့ေပမယ့္ လူနာနံပါတ္ ၁၇ ကို ထားမယ့္ အစီအစဥ္ေတြကို အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းေတြက အခ်ိန္မီ ျပင္ဆင္ဖို႔ အားနည္းခဲ့တယ္လို႔   ေျပာပါတယ္။

ျပည္ေဆး႐ုံမွာ အတည္ျပဳလူနာ ေရာက္ေနၿပီး ေရာဂါျပင္းထန္ေနခ်ိန္မွာေတာင္ ကုသေရးအတြက္ ေဆြးေႏြးေဆာင္႐ြက္တာေတြ အၿပီးမသတ္ႏိုင္ခဲ့ဘူး၊ ဗဟိုကခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကလည္း မရွင္းလင္းခဲ့ဘူးလို႔ ေဒါက္တာ ျမင့္ျမင့္စိန္က ေျပာပါတယ္။

ေမ့ေဆးဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာနံပါတ္ ၁၇ ေရာဂါ ျပင္းထန္ေနတဲ့အခ်ိန္မွာ ကုသေနရင္း လိုအပ္တဲ့ စက္ပစၥည္းေတြ မရွိတဲ့အတြက္ သူ႔ကိုပါ ကူးစက္ ခံလိုက္ရတယ္လို႔လည္း ေျပာပါတယ္။

ျပည္ေဆး႐ုံမွာ အေရးေပၚလူနာ အထူးၾကပ္မတ္ကုသေဆာင္ (ICU) ဝန္ထမ္းမရွိသလို ေရာဂါမကူးစက္ေအာင္ ကာကြယ္ရတဲ့ PPE ဝတ္စုံ နဲ႔ ႏွာေခါင္းစည္းေတြ မလုံေလာက္တဲ့အျပင္ က်န္းမာေရးဝန္ထမ္းေတြကို ေလ့က်င့္ေပးထားတာ မရွိခဲ့ဘူးလို႔လည္း သူက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိလ္နဲ႔ ေဆြးေႏြးရာမွာ ေျပာလိုက္ပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ သူ႔လိုျဖစ္ရပ္မ်ိဳး မႀကဳံေတြ႕ေအာင္ ေဆး႐ုံတိုင္းမွာ ကုသေရးဆိုင္ရာပစၥည္းေတြ ျပည့္ျပည့္စုံစုံထားေပးဖို႔ကိုလည္း သူက ေတာင္းဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးက႑ကလည္း လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနတာ မွန္ေပမယ့္ လတ္တေလာမွာ ျပည္သူ႔က်န္းမာေရးကို ဦးစားေပး လုပ္ေပးေနတဲ့အေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကလည္း ခ်က္ခ်င္းလက္ငင္း ျဖစ္လာတဲ့ ေရာဂါျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ရွိတဲ့အရင္းအျမစ္နဲ႔ ႀကိဳးစားေနၾကတဲ့အေၾကာင္း ေျပာပါတယ္။

မႏၲေလးၿမိဳ႕က လူနာနံပါတ္ ၄ ကိုေက်ာ္လင္းထက္က ကန္ေတာ္နဒီေဆး႐ုံမွာ ရွိေနတဲ့ကာလမွာ အိမ္သာပ်က္တာ၊ ေရခ်ိဳးခန္း ေရမလာတာ၊ ထမင္းစားခ်ိန္ ေနာက္က်တာေတြ ရွိခဲ့တယ္လို႔ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ေရာဂါကူးစက္ခံထားရသူ အေနနဲ႔ အဟာရျပည့္ျပည္ဝဝ စားေသာက္ႏိုင္ဖို႔၊ အခ်ိန္မွန္ စားေသာက္ရဖို႔ဟာ အေရးႀကီးတဲ့ကိစၥျဖစ္ၿပီး ေရမလာတဲ့ကိစၥေတြကလည္း ေဆး႐ုံ သန႔္ရွင္းေရးအတြက္ အေရးႀကီးတာေၾကာင့္ ခ်က္ခ်င္းေမးျမန္းၿပီး ျပင္ဆင္ေပးသြားမယ္လို႔ ေျပာပါတယ္။

က်န္းမာေရးဝန္ထမ္းေတြက ကို႐ိုနာကူးစက္ခံရသူေတြကို ေႏြးေႏြးေထြးေထြး ဆက္ဆံေပးၾကတယ္လို႔လည္း ဒီေန႔ေဆြးေႏြးပြဲမွာ ပါဝင္သူေတြက ေျပာၾကပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ မလုံေလာက္တဲ့အခုခ်ိန္မွာ ျပင္ပက ဆရာဝန္ေတြအေနနဲ႔ ႏိုင္ငံအတြက္ အလုပ္ လုပ္ေပးဖို႔၊ ႏိုင္ငံေတာ္က သင္ေပးတဲ့ပညာေတြကို ႏိုင္ငံအတြက္ အနည္းအက်ဥ္း ျပန္သုံးေစခ်င္တဲ့အေၾကာင္း၊ ကို႐ိုနာကူးစက္ခံရသူေတြ အေနနဲ႔လည္း စိတ္ပိုင္းဆိုင္ရာ ထိခိုက္တာေတြ ရွိႏိုင္တဲ့အတြက္ ကိုယ့္စိတ္ကိုယ္ကို ျပန္ထူေထာင္ႏိုင္ေအာင္ ႀကိဳးစားဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကေန ဧၿပီ ၂၈ ရက္မနက္ပိုင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အတည္ျပဳလူနာ ၁၄၆ ေယာက္ရွိၿပီး ျပန္သက္သာသူ ၁၆ ေယာက္ရွိပါတယ္။ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံကဆင္းခြင့္ရသူ ကိုးေယာက္ရွိပါတယ္။

ဇာဏီထြဏ္း / RFA Burmese
------------------------------------
(Unicode)⤵⤵⤵
ကပ်ရောဂါကိုရင်ဆိုင်ရတဲ့ ဆေးရုံတွေမှာ အခြေခံ လိုအပ်ချက်တွေ ရှိနေ

ဗဟိုချုပ်ကိုင်မှုစနစ်၊ ကုသရေးပစ္စည်းနဲ့ဝန်ထမ်း မလုံလောက်မှုတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသရေး နှောင့်နှေးရတယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပြည်ဆေးရုံက မေ့ဆေးဆရာဝန်‌ကြီး ဒေါ်မြင့်မြင့်စိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေကို ထားရှိတဲ့ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ စက်ပစ္စည်း၊ နေရာထိုင်ခင်း၊ အသုံးအဆောင်နဲ့ ဝန်ထမ်းအင်အား ပြည့်ပြည့်စုံစုံ မရှိခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ အခက်ခဲတွေ အများကြီးရှိနေတယ်လို့ ပဲခူးတိုင်း ပြည်ကုတင် ၅၀၀ ဆေးရုံက မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်နိုင်တီး အတည်ပြုလူနာတွေ ဖြစ်တဲ့ ပြည်ဆေးရုံက လူနာနံပါတ် ၃၀ မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ကိုတောင်စွမ်းခိုင်၊ မန္တလေးမြို့က လူနာနံပါတ် ၄ ကိုကျော်လင်းထက်တို့ ဒီနေ့ အွန်လိုင်းကနေ အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ ပြောဆိုလိုက်တာပါ။

ဒေါက်တာ မြင့်မြင့်စိန်က ပြည်ဆေးရုံမှာ မေ့ဆေးဆရာဝန်အနေနဲ့  သူနဲ့ သူ့လက်ထောက် သာရှိနေတဲ့အကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ဖို့ ဖေဖော်ဝါရီလလောက် ကတည်းကစပြီး  ပြည်ဆေးရုံမှာ ပြင်ဆင်ထားခဲ့ပေမယ့် လူနာနံပါတ် ၁၇ ကို ထားမယ့် အစီအစဉ်တွေကို အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက အချိန်မီ ပြင်ဆင်ဖို့ အားနည်းခဲ့တယ်လို့   ပြောပါတယ်။

ပြည်ဆေးရုံမှာ အတည်ပြုလူနာ ရောက်နေပြီး ရောဂါပြင်းထန်နေချိန်မှာတောင် ကုသရေးအတွက် ဆွေးနွေးဆောင်ရွက်တာတွေ အပြီးမသတ်နိုင်ခဲ့ဘူး၊ ဗဟိုကချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကလည်း မရှင်းလင်းခဲ့ဘူးလို့ ဒေါက်တာ မြင့်မြင့်စိန်က ပြောပါတယ်။

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနံပါတ် ၁၇ ရောဂါ ပြင်းထန်နေတဲ့အချိန်မှာ ကုသနေရင်း လိုအပ်တဲ့ စက်ပစ္စည်းတွေ မရှိတဲ့အတွက် သူ့ကိုပါ ကူးစက် ခံလိုက်ရတယ်လို့လည်း ပြောပါတယ်။

ပြည်ဆေးရုံမှာ အရေးပေါ်လူနာ အထူးကြပ်မတ်ကုသဆောင် (ICU) ဝန်ထမ်းမရှိသလို ရောဂါမကူးစက်အောင် ကာကွယ်ရတဲ့ PPE ဝတ်စုံ နဲ့ နှာခေါင်းစည်းတွေ မလုံလောက်တဲ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးထားတာ မရှိခဲ့ဘူးလို့လည်း သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်နဲ့ ဆွေးနွေးရာမှာ ပြောလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ သူ့လိုဖြစ်ရပ်မျိုး မကြုံတွေ့အောင် ဆေးရုံတိုင်းမှာ ကုသရေးဆိုင်ရာပစ္စည်းတွေ ပြည့်ပြည့်စုံစုံထားပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကလည်း လိုအပ်ချက်တွေ အများကြီးရှိနေတာ မှန်ပေမယ့် လတ်တလောမှာ ပြည်သူ့ကျန်းမာရေးကို ဦးစားပေး လုပ်ပေးနေတဲ့အကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကလည်း ချက်ချင်းလက်ငင်း ဖြစ်လာတဲ့ ရောဂါဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရှိတဲ့အရင်းအမြစ်နဲ့ ကြိုးစားနေကြတဲ့အကြောင်း ပြောပါတယ်။

မန္တလေးမြို့က လူနာနံပါတ် ၄ ကိုကျော်လင်းထက်က ကန်တော်နဒီဆေးရုံမှာ ရှိနေတဲ့ကာလမှာ အိမ်သာပျက်တာ၊ ရေချိုးခန်း ရေမလာတာ၊ ထမင်းစားချိန် နောက်ကျတာတွေ ရှိခဲ့တယ်လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရောဂါကူးစက်ခံထားရသူ အနေနဲ့ အဟာရပြည့်ပြည်ဝဝ စားသောက်နိုင်ဖို့၊ အချိန်မှန် စားသောက်ရဖို့ဟာ အရေးကြီးတဲ့ကိစ္စဖြစ်ပြီး ရေမလာတဲ့ကိစ္စတွေကလည်း ဆေးရုံ သန့်ရှင်းရေးအတွက် အရေးကြီးတာကြောင့် ချက်ချင်းမေးမြန်းပြီး ပြင်ဆင်ပေးသွားမယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ကိုရိုနာကူးစက်ခံရသူတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးကြတယ်လို့လည်း ဒီနေ့ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့အခုချိန်မှာ ပြင်ပက ဆရာဝန်တွေအနေနဲ့ နိုင်ငံအတွက် အလုပ် လုပ်ပေးဖို့၊ နိုင်ငံတော်က သင်ပေးတဲ့ပညာတွေကို နိုင်ငံအတွက် အနည်းအကျဉ်း ပြန်သုံးစေချင်တဲ့အကြောင်း၊ ကိုရိုနာကူးစက်ခံရသူတွေ အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိနိုင်တဲ့အတွက် ကိုယ့်စိတ်ကိုယ်ကို ပြန်ထူထောင်နိုင်အောင် ကြိုးစားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကနေ ဧပြီ ၂၈ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ၁၄၆ ယောက်ရှိပြီး ပြန်သက်သာသူ ၁၆ ယောက်ရှိပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရသူ ကိုးယောက်ရှိပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/basic-need-in-hospital-during-epidemic-04282020070735.html
ကပ္ေရာဂါကိုရင္ဆိုင္ရတဲ့ ေဆး႐ုံေတြမွာ အေျခခံ လိုအပ္ခ်က္ေတြ ရွိေန ကပ္ေရာဂါကိုရင္ဆိုင္ရတဲ့ ေဆး႐ုံေတြမွာ အေျခခံ လိုအပ္ခ်က္ေတြ ရွိေန Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.