ကိုဗစ္-၁၉ ေရာဂါေဝဒနာကို တြန္းလွန္ႏိုင္မယ့္နည္းလမ္းေတြ ကူးစက္ခံဆရာဝန္ႀကီး ေဝမွ်

 ကြၽန္မ က်ိန္းေသတယ္။ ျပန္ေကာင္းလာမွာပါ ဆိုတဲ့ ေမ့ေဆးဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္

(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရတဲ့လူနာသုံးဦးတို႔ အြန္လိုင္းကေန ေဆြးေႏြးခန္းကို ဧၿပီ ၂၈ ရက္မနက္ပိုင္းမွာ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ တီးတိန္က ကိုဗစ္လူနာနံပါတ္တစ္၊ မႏၲေလးက လူနာနံပါတ္ ၄ နဲ႔ ျပည္က ေမ့ေဆးအထူးကုဆရာဝန္ႀကီး လူနာနံပါတ္ ၃၀ တို႔ ပါဝင္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီထဲက လူနာနံပါတ္ ၄ ဟာ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးမေတြ႕အေျဖ ျပန္လည္ထြက္ရွိထားလို႔ ေဆး႐ုံက ဆင္းခြင့္ရထားၿပီး လက္ရွိေနအိမ္မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္မႈခံယူေနပါတယ္။
လူနာနံပါတ္ တစ္ဟာ မတ္ ၂၃ ရက္က ပထမဆုံးေရာဂါပိုးစေတြ႕ခဲ့သူႏွစ္ဦးထဲက တစ္ဦးပါ။
လူနာနံပါတ္တစ္ကေတာ့ စျဖစ္တဲ့မတ္လ ၂၃ ရက္ေန အခု တစ္လေက်ာ္အတြင္းေဆးစစ္ရာမွာ တစ္ႀကိမ္ပိုးမေတြ႕အေျဖ ထြက္ရွိထားၿပီးျဖစ္ပါတယ္။

လူနာနံပါတ္ ၃၀ ကေတာ့ေပါက္ေခါင္းက ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး လူနာနံပါတ္ ၁၇ ကို အထူးၾကပ္မတ္ကုသေဆာင္(ICU-အိုင္စီယူ) မွာ ကုသေပးရင္းကေန ကူးစက္ခံရတာျဖစ္ပါတယ္။
ကိုဗစ္ လူနာ ၁၄၆ ဦးမွာ ပထမဆုံး ေရာဂါပိုးႏွစ္ႀကိမ္ဆက္တိုက္မေတြ႕ေတာ့ဘဲ ျပန္လည္သက္သာလာသူက လူနာနံပါတ္ ၄ ပါ။
လူနာနံပါတ္ ၁၇ ကို ဘယ္လိုကုသခဲ့ရသလဲ

ေပါက္ေခါင္းက သူကုေပးရတဲ့လူနာ နံပါတ္ ၁၇ ဟာ ေရာဂါလကၡဏာဆိုး႐ြားတဲ့လူနာထဲမွာပါဝင္တယ္လို႔ ဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္က ေဒၚေအာင္ဆန္းစုၾကည္ကို တင္ျပခဲ့ပါတယ္။

သူ႔ဓာတ္မွန္ကို ေတြ႕ရခ်ိန္မွာ ဒီလူနာဟာ ၄၈ နာရီအတြင္းမွာ အထူးၾကပ္မတ္ကုသခန္း(ICU) ထဲေရာက္လာႏိုင္တယ္ဆိုတာ ခန႔္မွန္းမိတဲ့အတြက္ လူနာရဲ႕ ေဒတာေတြကိုေစာင့္ၾကည့္ေနခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ကိုယ္တိုင္ လူနာေဆာင္ထဲသြားဖို႔ရာ တစ္ကိုယ္ေရေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ေတြ လိုအပ္ေနခဲ့တယ္လို႔ဆိုပါတယ္။
 ေဝဘာဂီေဆး႐ုံကေန ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အြန္လိုင္းတိုက္႐ိုက္ေဆြးေႏြးခန္းမွာေတြ႕ရတဲ့ ေဒါက္တာျမင့္ျမင့္စိန္
ျပည္ေဆး႐ုံက ကုသေရးပိုင္းအခက္အခဲေတြ

အဲဒီအခ်ိန္ ျပည္ခုတင္ ၅၀၀ ေဆး႐ုံမွာ ေမ့ေဆးဆရာဝန္က သူနဲ႔ သူ႔လက္ေထာက္အပါအဝင္ ႏွစ္ဦးသာရွိၿပီး ဒါဟာ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္တည္းက ျပည္ေဆး႐ုံမွာ ဒီႏွစ္ဦးနဲ႔ပဲ ၂၄ နာရီ ဂ်ဴတီကို တစ္လွည့္စီတာဝန္ထမ္းခဲ့တယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္ကေျပာပါတယ္။

အသက္ရႉစက္ေလးလုံးကိုေတာ့အဲဒီအခ်ိန္တည္းက အိုင္စီယူထဲမွာ ျပင္ဆင္ထားခဲ့ၿပီးသားျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ကိုဗစ္ျဖစ္လာခ်ိန္မွာ ကိုဗစ္ အိုင္စီယူဆိုၿပီး ျပင္ဆင္တဲ့အခန္းကို ေဖေဖာ္ဝါရီလေလာက္တည္းက သူ ျပင္ဆင္ထားခဲ့ၿပီး လိုအပ္တာေတြကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ကို အေၾကာင္းၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ စီမံခန႔္ခြဲမႈဟာ အဲဒီကေန စၿပီး လူနာနံပါတ္ ၁၇ အိုင္စီယူထဲမဝင္ခင္ ညပိုင္းက်မွသာ အဲဒီအခန္းက အၾကမ္းထည္အဆင့္ ၿပီးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါကလည္း ေဆး႐ုံအုပ္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ ေထြအုပ္၊ အရပ္ဖက္အဖြဲ႕အစည္းေတြအကုန္ တက္သုတ္႐ိုက္လုပ္ရင္း မီးစက္ေတြနဲ႔ အျပင္ကေန လုပ္ခဲ့ၾကတာျဖစ္တယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

ဒါဟာ ဗဟိုအဆင့္က ၫႊန္ၾကားခ်က္ေတြရွိေပမယ့္လည္း ဒီလိုေတြႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေမ့ေဆးဘက္က အသက္ရႉစက္ေတြ၊ လူနာေစာင့္ၾကည့္စက္ေတြကို ျပင္ဆင္ထားေပမယ့္ အိုင္စီယူလကၡဏာနဲ႔ျပည့္စုံရမယ့္ အခန္းအက်ယ္အဝန္း၊ အလင္းေရာင္၊ အဲကြန္းနဲ႔ လိုအပ္တဲ့ေနရာထိုင္ခင္းကိုျပည့္စုံေအာင္မလုပ္ႏိုင္ခဲ့တဲ့အတြက္ တကယ့္လက္ေတြ႕ ပိုးေတြ႕လူနာကို ကုသမႈေပးတဲ့အခါ ႀကီးမားတဲ့အခက္အခဲေတြ႕ခဲ့ရတယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

ကိုဗစ္ ကုသေရးပိုင္းမွာ တာဝန္ရွိသူေတြ လာေရာက္ၫႊန္ၾကားခ်က္ေတြေပးတာရွိေပမယ့္ အဲဒီၫႊန္ၾကား ခ်က္ေတြအတိုင္း ျဖစ္မလာခဲ့သလို လူနာဟာ ညသန္းေခါင္အခ်ိန္မွာပဲ ေဆာလ်င္စြာ ေရာဂါဆိုး႐ြားလာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလို ကိုဗစ္လူနာက ဆိုး႐ြားတဲ့အေျခအေနေရာက္ေနခ်ိန္မွာေတာင္ ျပည္ေဆး႐ုံမွာ ပုံမွန္ခြဲစိတ္မႈေတြကို ထားၿပီး အေရးေပၚခြဲစိတ္မႈေတြပဲ ျပဳလုပ္ဖို႔ သက္ဆိုင္ရာအထူးကုဆရာဝန္ႀကီးေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြ အၿပီးမသတ္ႏိုင္ခဲ့ဘူးလို႔ ေဒါက္တာျမင့္ျမင့္စိန္ကေျပာပါတယ္။

ဗဟိုက ခ်ေပးလိုက္တဲ့ ၫႊန္ၾကားခ်က္ေတြဟာလည္း ရွင္းလင္းမႈမရွိတဲ့အတြက္ ခြဲစိတ္ခန္းေတြကိုမရပ္ႏိုင္ဘဲ ေမ့ေဆးေတြေရာ သူနာျပဳေတြကပါ ဂ်ဴတီနားရက္ေတြမွာပါ အသင့္အေနအထားနဲ႔ ေနရာခြဲၿပီးလုပ္ေနခဲ့ရတယ္လို႔ သူကေျပာပါတယ္။

အိုင္စီယူထဲဝင္တဲ့အခါမွာ PPE ဟာ အေရးႀကီးၿပီး ဒါကို ဝတ္ပုံ၊ ခြၽတ္ပုံေတြဟာလည္း အရမ္းအေရးႀကီးေပမယ့္ ဒါေတြကို ေကာင္းေကာင္း ေလ့က်င့္ခြင့္မရခဲ့ဘူးလို႔ ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

လူနာဆီက ေရာဂါဘယ္လိုကူးစက္ခံခဲ့ရသလဲ

လူနာ အသက္ရႉႏႈန္း တစ္မိနစ္မွာ ေျခာက္ဆယ္ျဖစ္ေနခ်ိန္မွာေတာ့ အသက္ရႉပိုက္ထည့္ဖို႔ လိုအပ္ေနၿပီး အဲဒါမထည့္ရင္ ေသဆုံးေတာ့မွာျဖစ္တယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္က ရွင္းျပပါတယ္။

ဒါေပမဲ့ အဲဒီလိုအသက္ရႉပိုက္ထည့္ဖို႔ လိုအပ္ခ်ိန္မွာ ပီပီအီးဝတ္စုံေပးေပမယ့္ ဒီဝတ္စုံေပၚမွာလိုအပ္တဲ့ စစ္ေဆးၫႊန္ၾကားမႈေတြလည္းမရခဲ့သလို အိုင္စီယူအတြက္ေပးထားတဲ့ ဝန္ထမ္းလည္း သူ႔မွာမရွိဘဲ သူ႔လက္ေထာက္ေမ့ေဆးဆရာဝန္သာ ရွိတယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္ကေျပာပါတယ္။

လူနာကို အသက္ရႉပိုက္ထည့္ဖို႔လိုတဲ့အခါ သူအပါအဝင္ ေမ့ေဆးဆရာဝန္ႏွစ္ဦး၊ သူနာျပဳဆရာမႏွစ္ဦးနဲ႔ အလုပ္သမားတစ္ဦး တို႔ ႀကိဳးစားထည့္ပါတယ္လို႔ ဆိုပါတယ္။ အဲဒီလို ထည့္တဲ့အခါ Video laryngoscope (အသက္ရႉပိုက္ထည့္ရန္ ​ေလႁပြန္တြင္းၾကည့္ကိရိယာ)မရွိတဲ့အတြက္ လုံးဝမျမင္ရ တာေၾကာင့္ eye shield (မ်က္စိကိုကာထားတဲ့ အကာအကြယ္)ကို ဖယ္ၿပီး ဒုတိယအႀကိမ္ႀကိဳးစားခဲ့ရာမွာလည္း ပိုက္ကို လူနာထဲ ထည့္မရခဲ့ဘူးလို႔ ေျပာပါတယ္။
ကိုဗစ္ကုသေရးမွာ ေမ့ေဆးဆရာဝန္ေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ Video laryngoscope
အဲဒါေၾကာင့္ အခုလို ကူးစက္ခံရတာျဖစ္တယ္လို႔ ေဒါက္တာျမင့္ျမင့္စိန္က သူဘယ္လိုကူးစက္ခံရတယ္ဆိုတာကိုေဒၚေအာင္ဆန္းစုၾကည္ကို ေျပာျပခဲ့ပါ တယ္။

ကိုဗစ္စျဖစ္တည္းက ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခ်က္ေတြအေပၚ တက္ႏိုင္သမွ် လိုက္နာၿပီး ႏိုင္သေလာက္ ေန႔စဥ္လုပ္ကိုင္တဲ့အတြက္ လုပ္ငန္းခြင္ အတြင္း အတိုက္အခိုက္ေတြႀကဳံခဲ့ရေၾကာင္းလည္း ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

"ကြၽန္မ လုပ္ေဖာ္ကိုင္ဖက္ေတြကို ရန္လိုတဲ့စကားေျပာတာမဟုတ္ပါဘူး။ ကြၽန္မ သူတို႔ကို ဂုဏ္ယူခ်င္တယ္။ ကြၽန္မ သူတို႔အားလုံးကို ဒီထက္ပိုၿပီးတိုးတက္ေျပာင္းလဲေစခ်င္လို႔ပါ။ ဒါေပမဲ့ တစ္ခါတေလက်ရင္ေတာ့ ကြၽန္မ isolate (သီးခန႔္ခြဲျခားထားမႈ) လုပ္တာ ခံရပါတယ္။ (ရယ္လ်က္) ကြၽန္မအခုမွ isolate လုပ္ခံရတာမဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္မက အစ္မကိုၾကည့္ၿပီးေတာ့ အစ္မေတာင္ခံႏိုင္တယ္ဆိုရင္ကြၽန္မလည္းခံႏိုင္ရမယ္။ အစ္မက ကြၽန္မထက ပိုမ်ားတဲ့ ဝန္ထုပ္ဝန္ပိုးကို ထမ္းေနတာဆိုတဲ့အတြက္ေၾကာင့္ ကြၽန္မ ဆက္ထမ္းတာပါ" လို႔ သူက ေျပာပါတယ္။

ေရာဂါေဝဒနာခံစားရတာကိုလည္းေဒါက္တာျမင့္ျမင့္စိန္က အခုလိုေျပာပါတယ္။

"ပထမအပတ္မွာ ကိုဗစ္လူနာ ျဖစ္တာေတြအကုန္ျဖစ္တယ္။ အသက္ရႉၾကပ္တယ္။ လုံးဝမထႏိုင္ပါဘူး။ အဲဒီေတာ့ စကားလည္းမေျပာခ်င္ေတာ့ဘူး။ ဒုတိယပတ္မွာနည္းနည္းေကာင္းတယ္။ ေဆးစစ္ေတာ့ နဂၢတစ္(ပိုးမေတြ႕အေျဖ) ထြက္ပါတယ္။ တတိယပတ္မွာ ေပါ့စစ္တစ္ပါ။ အဲဒီအခ်ိန္ အိမ္ရာထဲမွာ ကြၽန္မကို အင္အားေပးတာက ကြၽန္မ ကုသေပးခဲ့တဲ့လူနာေတြပါ။ ကံငါးပါးနဲ႔ အေကာင္းဆုံးလုပ္ေပးခဲ့တဲ့ကြၽန္မလက္ထဲမွာ ေသသြားတဲ့လူနာေတြ၊ ေသျခင္းတရားမ်ိဳးစုံေတြ ကြၽန္မႀကဳံဖူးခဲ့ဖူးပါတယ္။ တတိယပတ္မွာလည္း ေပါ့စစ္တစ္ပဲ ျဖစ္ေနပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ ကြၽန္မ သီခ်င္း ဆိုႏိုင္၊ ေယာဂက်င့္ႏိုင္ပါၿပီ။ ကြၽန္မ က်ိန္းေသတယ္။ ျပန္ေကာင္းလာမွာပါ" လို႔ သူက ေျပာပါတယ္။

ကိုဗစ္လူနာတိုင္းမေသသလို မေသေအာင္ ဘယ္လိုကုသမလဲဆိုတဲ့ ကုထုံး တိတိက်က်မရွိေသးခင္မွာ ကိုဗစ္ကို ခုခံဖို႔ ကိုယ္ခံအားသာအဓိကက်တယ္လို႔ သူက ဆိုပါတယ္။

ဒါ့အျပင္ အခန္းထဲ သီးသန႔္ခြဲေနထိုင္ရၿပီး စီစီတီဗီနဲ႔ေစာင့္ၾကည့္ခံရတဲ့အေျခအေနကို လူတိုင္း ေနႏိုင္မွာမဟုတ္တဲ့အတြက္ ဒီလူနာေတြအတြက္ တီဗီကတစ္ဆင့္ က်န္းမာေရးေလ့က်င့္ခန္းေတြ၊ ေယာဂလိုေလ့က်င့္ခန္းေတြ လႊင့္ေပးဖို႔လည္း ေဒါက္တာျမင့္ျမင့္စိန္က အႀကံျပဳပါတယ္။

"အဲဒါေတြအကုန္လုံးက Treatement (ကုထုံး)ေသခ်ာမရွိေသးတဲ့ကိုဗစ္အတြက္ အရမ္းေကာင္းတဲ့ ေထာက္တိုင္ေတြပါ" လို႔လည္း သူက ေျပာပါတယ္။

ေဒါက္တာျမင့္ျမင့္စိန္အႀကံျပဳခ်က္ေတြကိုေဒၚေအာင္ဆန္းစုၾကည္က သေဘာတူၿပီး ဒီအႀကံျပဳခ်က္ေတြကိုလုပ္ဖို႔ နည္းပညာပိုင္းဆိုင္ရာရွိတဲ့အတြက္ ျပည္သူေတြရဲ႕ အားကိုလိုအပ္တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ရောဂါဝေဒနာကို တွန်းလှန်နိုင်မယ့်နည်းလမ်းတွေ ကူးစက်ခံဆရာဝန်ကြီး ဝေမျှ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့လူနာသုံးဦးတို့ အွန်လိုင်းကနေ ဆွေးနွေးခန်းကို ဧပြီ ၂၈ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တီးတိန်က ကိုဗစ်လူနာနံပါတ်တစ်၊ မန္တလေးက လူနာနံပါတ် ၄ နဲ့ ပြည်က မေ့ဆေးအထူးကုဆရာဝန်ကြီး လူနာနံပါတ် ၃၀ တို့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီထဲက လူနာနံပါတ် ၄ ဟာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့အဖြေ ပြန်လည်ထွက်ရှိထားလို့ ဆေးရုံက ဆင်းခွင့်ရထားပြီး လက်ရှိနေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေပါတယ်။

လူနာနံပါတ်တစ်ကတော့ စဖြစ်တဲ့မတ်လ ၂၃ ရက်နေ အခု တစ်လကျော်အတွင်းဆေးစစ်ရာမှာ တစ်ကြိမ်ပိုးမတွေ့အဖြေ ထွက်ရှိထားပြီးဖြစ်ပါတယ်။

လူနာနံပါတ် ၃၀ ကတော့ပေါက်ခေါင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး လူနာနံပါတ် ၁၇ ကို အထူးကြပ်မတ်ကုသဆောင်(ICU-အိုင်စီယူ) မှာ ကုသပေးရင်းကနေ ကူးစက်ခံရတာဖြစ်ပါတယ်။

လူနာနံပါတ် ၁၇ ကို ဘယ်လိုကုသခဲ့ရသလဲ

ပေါက်ခေါင်းက သူကုပေးရတဲ့လူနာ နံပါတ် ၁၇ ဟာ ရောဂါလက္ခဏာဆိုးရွားတဲ့လူနာထဲမှာပါဝင်တယ်လို့ ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။

သူ့ဓာတ်မှန်ကို တွေ့ရချိန်မှာ ဒီလူနာဟာ ၄၈ နာရီအတွင်းမှာ အထူးကြပ်မတ်ကုသခန်း(ICU) ထဲရောက်လာနိုင်တယ်ဆိုတာ ခန့်မှန်းမိတဲ့အတွက် လူနာရဲ့ ဒေတာတွေကိုစောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုယ်တိုင် လူနာဆောင်ထဲသွားဖို့ရာ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE) တွေ လိုအပ်နေခဲ့တယ်လို့ဆိုပါတယ်။
ပြည်ဆေးရုံက ကုသရေးပိုင်းအခက်အခဲတွေ

အဲဒီအချိန် ပြည်ခုတင် ၅၀၀ ဆေးရုံမှာ မေ့ဆေးဆရာဝန်က သူနဲ့ သူ့လက်ထောက်အပါအဝင် နှစ်ဦးသာရှိပြီး ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက ပြည်ဆေးရုံမှာ ဒီနှစ်ဦးနဲ့ပဲ ၂၄ နာရီ ဂျူတီကို တစ်လှည့်စီတာဝန်ထမ်းခဲ့တယ်လို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

အသက်ရှူစက်လေးလုံးကိုတော့အဲဒီအချိန်တည်းက အိုင်စီယူထဲမှာ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်ဖြစ်လာချိန်မှာ ကိုဗစ် အိုင်စီယူဆိုပြီး ပြင်ဆင်တဲ့အခန်းကို ဖေဖော်ဝါရီလလောက်တည်းက သူ ပြင်ဆင်ထားခဲ့ပြီး လိုအပ်တာတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စီမံခန့်ခွဲမှုဟာ အဲဒီကနေ စပြီး လူနာနံပါတ် ၁၇ အိုင်စီယူထဲမဝင်ခင် ညပိုင်းကျမှသာ အဲဒီအခန်းက အကြမ်းထည်အဆင့် ပြီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကလည်း ဆေးရုံအုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်၊ အရပ်ဖက်အဖွဲ့အစည်းတွေအကုန် တက်သုတ်ရိုက်လုပ်ရင်း မီးစက်တွေနဲ့ အပြင်ကနေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

ဒါဟာ ဗဟိုအဆင့်က ညွှန်ကြားချက်တွေရှိပေမယ့်လည်း ဒီလိုတွေကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မေ့ဆေးဘက်က အသက်ရှူစက်တွေ၊ လူနာစောင့်ကြည့်စက်တွေကို ပြင်ဆင်ထားပေမယ့် အိုင်စီယူလက္ခဏာနဲ့ပြည့်စုံရမယ့် အခန်းအကျယ်အဝန်း၊ အလင်းရောင်၊ အဲကွန်းနဲ့ လိုအပ်တဲ့နေရာထိုင်ခင်းကိုပြည့်စုံအောင်မလုပ်နိုင်ခဲ့တဲ့အတွက် တကယ့်လက်တွေ့ ပိုးတွေ့လူနာကို ကုသမှုပေးတဲ့အခါ ကြီးမားတဲ့အခက်အခဲတွေ့ခဲ့ရတယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

ကိုဗစ် ကုသရေးပိုင်းမှာ တာဝန်ရှိသူတွေ လာရောက်ညွှန်ကြားချက်တွေပေးတာရှိပေမယ့် အဲဒီညွှန်ကြား ချက်တွေအတိုင်း ဖြစ်မလာခဲ့သလို လူနာဟာ ညသန်းခေါင်အချိန်မှာပဲ ဆောလျင်စွာ ရောဂါဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ကိုဗစ်လူနာက ဆိုးရွားတဲ့အခြေအနေရောက်နေချိန်မှာတောင် ပြည်ဆေးရုံမှာ ပုံမှန်ခွဲစိတ်မှုတွေကို ထားပြီး အရေးပေါ်ခွဲစိတ်မှုတွေပဲ ပြုလုပ်ဖို့ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမသတ်နိုင်ခဲ့ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

ဗဟိုက ချပေးလိုက်တဲ့ ညွှန်ကြားချက်တွေဟာလည်း ရှင်းလင်းမှုမရှိတဲ့အတွက် ခွဲစိတ်ခန်းတွေကိုမရပ်နိုင်ဘဲ မေ့ဆေးတွေရော သူနာပြုတွေကပါ ဂျူတီနားရက်တွေမှာပါ အသင့်အနေအထားနဲ့ နေရာခွဲပြီးလုပ်နေခဲ့ရတယ်လို့ သူကပြောပါတယ်။

အိုင်စီယူထဲဝင်တဲ့အခါမှာ PPE ဟာ အရေးကြီးပြီး ဒါကို ဝတ်ပုံ၊ ချွတ်ပုံတွေဟာလည်း အရမ်းအရေးကြီးပေမယ့် ဒါတွေကို ကောင်းကောင်း လေ့ကျင့်ခွင့်မရခဲ့ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

လူနာဆီက ရောဂါဘယ်လိုကူးစက်ခံခဲ့ရသလဲ

လူနာ အသက်ရှူနှုန်း တစ်မိနစ်မှာ ခြောက်ဆယ်ဖြစ်နေချိန်မှာတော့ အသက်ရှူပိုက်ထည့်ဖို့ လိုအပ်နေပြီး အဲဒါမထည့်ရင် သေဆုံးတော့မှာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ရှင်းပြပါတယ်။

ဒါပေမဲ့ အဲဒီလိုအသက်ရှူပိုက်ထည့်ဖို့ လိုအပ်ချိန်မှာ ပီပီအီးဝတ်စုံပေးပေမယ့် ဒီဝတ်စုံပေါ်မှာလိုအပ်တဲ့ စစ်ဆေးညွှန်ကြားမှုတွေလည်းမရခဲ့သလို အိုင်စီယူအတွက်ပေးထားတဲ့ ဝန်ထမ်းလည်း သူ့မှာမရှိဘဲ သူ့လက်ထောက်မေ့ဆေးဆရာဝန်သာ ရှိတယ်လို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

လူနာကို အသက်ရှူပိုက်ထည့်ဖို့လိုတဲ့အခါ သူအပါအဝင် မေ့ဆေးဆရာဝန်နှစ်ဦး၊ သူနာပြုဆရာမနှစ်ဦးနဲ့ အလုပ်သမားတစ်ဦး တို့ ကြိုးစားထည့်ပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ထည့်တဲ့အခါ Video laryngoscope (အသက်ရှူပိုက်ထည့်ရန် လေပြွန်တွင်းကြည့်ကိရိယာ)မရှိတဲ့အတွက် လုံးဝမမြင်ရ တာကြောင့် eye shield (မျက်စိကိုကာထားတဲ့ အကာအကွယ်)ကို ဖယ်ပြီး ဒုတိယအကြိမ်ကြိုးစားခဲ့ရာမှာလည်း ပိုက်ကို လူနာထဲ ထည့်မရခဲ့ဘူးလို့ ပြောပါတယ်။

အဲဒါကြောင့် အခုလို ကူးစက်ခံရတာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က သူဘယ်လိုကူးစက်ခံရတယ်ဆိုတာကိုဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ပါ တယ်။

ကိုဗစ်စဖြစ်တည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေအပေါ် တက်နိုင်သမျှ လိုက်နာပြီး နိုင်သလောက် နေ့စဉ်လုပ်ကိုင်တဲ့အတွက် လုပ်ငန်းခွင် အတွင်း အတိုက်အခိုက်တွေကြုံခဲ့ရကြောင်းလည်း ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

"ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေကို ရန်လိုတဲ့စကားပြောတာမဟုတ်ပါဘူး။ ကျွန်မ သူတို့ကို ဂုဏ်ယူချင်တယ်။ ကျွန်မ သူတို့အားလုံးကို ဒီထက်ပိုပြီးတိုးတက်ပြောင်းလဲစေချင်လို့ပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ ကျွန်မ isolate (သီးခန့်ခွဲခြားထားမှု) လုပ်တာ ခံရပါတယ်။ (ရယ်လျက်) ကျွန်မအခုမှ isolate လုပ်ခံရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက အစ်မကိုကြည့်ပြီးတော့ အစ်မတောင်ခံနိုင်တယ်ဆိုရင်ကျွန်မလည်းခံနိုင်ရမယ်။ အစ်မက ကျွန်မထက ပိုများတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေတာဆိုတဲ့အတွက်ကြောင့် ကျွန်မ ဆက်ထမ်းတာပါ" လို့ သူက ပြောပါတယ်။

ရောဂါဝေဒနာခံစားရတာကိုလည်းဒေါက်တာမြင့်မြင့်စိန်က အခုလိုပြောပါတယ်။

"ပထမအပတ်မှာ ကိုဗစ်လူနာ ဖြစ်တာတွေအကုန်ဖြစ်တယ်။ အသက်ရှူကြပ်တယ်။ လုံးဝမထနိုင်ပါဘူး။ အဲဒီတော့ စကားလည်းမပြောချင်တော့ဘူး။ ဒုတိယပတ်မှာနည်းနည်းကောင်းတယ်။ ဆေးစစ်တော့ နဂ္ဂတစ်(ပိုးမတွေ့အဖြေ) ထွက်ပါတယ်။ တတိယပတ်မှာ ပေါ့စစ်တစ်ပါ။ အဲဒီအချိန် အိမ်ရာထဲမှာ ကျွန်မကို အင်အားပေးတာက ကျွန်မ ကုသပေးခဲ့တဲ့လူနာတွေပါ။ ကံငါးပါးနဲ့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ကျွန်မလက်ထဲမှာ သေသွားတဲ့လူနာတွေ၊ သေခြင်းတရားမျိုးစုံတွေ ကျွန်မကြုံဖူးခဲ့ဖူးပါတယ်။ တတိယပတ်မှာလည်း ပေါ့စစ်တစ်ပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ကျွန်မ သီချင်း ဆိုနိုင်၊ ယောဂကျင့်နိုင်ပါပြီ။ ကျွန်မ ကျိန်းသေတယ်။ ပြန်ကောင်းလာမှာပါ" လို့ သူက ပြောပါတယ်။

ကိုဗစ်လူနာတိုင်းမသေသလို မသေအောင် ဘယ်လိုကုသမလဲဆိုတဲ့ ကုထုံး တိတိကျကျမရှိသေးခင်မှာ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားသာအဓိကကျတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခန်းထဲ သီးသန့်ခွဲနေထိုင်ရပြီး စီစီတီဗီနဲ့စောင့်ကြည့်ခံရတဲ့အခြေအနေကို လူတိုင်း နေနိုင်မှာမဟုတ်တဲ့အတွက် ဒီလူနာတွေအတွက် တီဗီကတစ်ဆင့် ကျန်းမာရေးလေ့ကျင့်ခန်းတွေ၊ ယောဂလိုလေ့ကျင့်ခန်းတွေ လွှင့်ပေးဖို့လည်း ဒေါက်တာမြင့်မြင့်စိန်က အကြံပြုပါတယ်။

"အဲဒါတွေအကုန်လုံးက Treatement (ကုထုံး)သေချာမရှိသေးတဲ့ကိုဗစ်အတွက် အရမ်းကောင်းတဲ့ ထောက်တိုင်တွေပါ" လို့လည်း သူက ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်အကြံပြုချက်တွေကိုဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ဒီအကြံပြုချက်တွေကိုလုပ်ဖို့ နည်းပညာပိုင်းဆိုင်ရာရှိတဲ့အတွက် ပြည်သူတွေရဲ့ အားကိုလိုအပ်တယ်လို့ ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52453122
ကိုဗစ္-၁၉ ေရာဂါေဝဒနာကို တြန္းလွန္ႏိုင္မယ့္နည္းလမ္းေတြ ကူးစက္ခံဆရာဝန္ႀကီး ေဝမွ် ကိုဗစ္-၁၉ ေရာဂါေဝဒနာကို တြန္းလွန္ႏိုင္မယ့္နည္းလမ္းေတြ ကူးစက္ခံဆရာဝန္ႀကီး ေဝမွ် Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.