ညမထြက္ရအမိန႔္ ေဖာက္ဖ်က္လို႔ ကခ်င္မွာ အေရးယူခံရသူ ၄၆ ဦးရွိ


(Zawgyi)⤵⤵⤵
 ကခ်င္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကာလအတြင္း ထုတ္ျပန္ထားတဲ့ ညမထြက္ရအမိန႔္ကို ေဖာက္ဖ်က္လို႔ အမႈဖြင့္အေရးယူခံရသူ ၄၆ ဦးရွိပါၿပီ။

အေရးယူခံရသူအားလုံးဟာ ျမစ္ႀကီးနားၿမိဳ႕နယ္က ျဖစ္တယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းက ေျပာပါတယ္။ ဧၿပီ ၂၀ရက္ေန႔ကေန ၂၇ ရက္ေန႔ညအထိ ဖမ္းဆီးခံရသူေတြျဖစ္ပါတယ္။

ဖမ္းခံရသူေတြကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက တရားလိုလုပ္ၿပီး အမႈဖြင့္အေရးယူခဲ့ရာမွာ ၂၄ ဦးက ေထာင္ဒဏ္ တစ္လစီက်ခံရၿပီး ၂၂ ဦးက ဒဏ္ေငြ က်ပ္ ငါးေသာင္းစီ ေပးေဆာင္ရတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ည ၁၀ နာရီ ေနာက္ပိုင္း အျပင္မထြက္ရဆိုတဲ့ ေဒသႏၲရအမိန႔္ထုတ္ျပန္ၿပီးေနာက္ အေထာက္အထားမရွိ သြားလာေနလို႔ ဖမ္းဆီးအေရးယူရတာျဖစ္တယ္လို႔ ဦးသန္းဝင္းက ေျပာပါတယ္။

အေရးေပၚအေျခအေနေတြ၊ က်န္းမာေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ည ၁၀ နာရီေနာက္ပိုင္း အျပင္ထြက္ဖို႔လိုအပ္တယ္ဆိုရင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို အေၾကာင္းၾကားၿပီး သြားလာႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ဌာနဆိုင္ရာ တာဝန္ရွိသူေတြ၊ က်န္းမာေရးနဲ႔ နာေရးကိစၥေဆာင္႐ြက္သူေတြကလြဲၿပီး ေန႔စဥ္ ည ၁၀နာရီကေန နံနက္ ၄ နာရီအတြင္း ေနအိမ္ျပင္ပကို ထြက္ခြာတာ၊ စုေဝးတာေတြ မလုပ္ဖို႔ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက ဧၿပီ ၁၈ ရက္ေန႔က ထုတ္ျပန္ထားတာပါ။

ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြ ေဒသႏၲရအမိန႔္ေတြကို မလိုက္နာဘူးဆိုရင္ ျပည္သူ႔ဝန္ထမ္းက နည္းလမ္းတက် ထုတ္ျပန္ထားတဲ့ အမိန႔္ကို ဖီဆန္ျခင္းဆိုတဲ့ ပုဒ္မ ၁၈၈ နဲ႔ အေရးယူခံရမွာျဖစ္ၿပီး ျပစ္မႈထင္ရွားခဲ့ရင္ေတာ့ ေထာင္ဒဏ္ တစ္လ ျဖစ္ေစ ဒဏ္ေငြ ႏွစ္ရာ ျဖစ္ေစ၊ ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ရာဇသတ္ႀကီးဥပေဒမွာ ျပဌာန္းထားပါတယ္။

ဒီကာလမွာ ပုဒ္မ ၁၈၈ အျပင္ လူစုလူေဝးျဖစ္ေအာင္လုပ္တဲ့ သူေတြ၊ သတင္းအမွား ျဖန႔္ေဝသူေတြနဲ႔ ၾကပ္မတ္ေစာင့္ၾကည့္မႈကို ျငင္းဆန္သူေတြကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မေတြနဲ႔လည္း အေရးယူေနပါတယ္။

RFA Burmese
----------------------------
(Unicode)⤵⤵⤵
ညမထွက်ရအမိန့် ဖောက်ဖျက်လို့ ကချင်မှာ အရေးယူခံရသူ ၄၆ ဦးရှိ

 ကချင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဖောက်ဖျက်လို့ အမှုဖွင့်အရေးယူခံရသူ ၄၆ ဦးရှိပါပြီ။

အရေးယူခံရသူအားလုံးဟာ မြစ်ကြီးနားမြို့နယ်က ဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။ ဧပြီ ၂၀ရက်နေ့ကနေ ၂၇ ရက်နေ့ညအထိ ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။

ဖမ်းခံရသူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး အမှုဖွင့်အရေးယူခဲ့ရာမှာ ၂၄ ဦးက ထောင်ဒဏ် တစ်လစီကျခံရပြီး ၂၂ ဦးက ဒဏ်ငွေ ကျပ် ငါးသောင်းစီ ပေးဆောင်ရတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ည ၁၀ နာရီ နောက်ပိုင်း အပြင်မထွက်ရဆိုတဲ့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီးနောက် အထောက်အထားမရှိ သွားလာနေလို့ ဖမ်းဆီးအရေးယူရတာဖြစ်တယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ဖို့လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားပြီး သွားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျန်းမာရေးနဲ့ နာရေးကိစ္စဆောင်ရွက်သူတွေကလွဲပြီး နေ့စဉ် ည ၁၀နာရီကနေ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပကို ထွက်ခွာတာ၊ စုဝေးတာတွေ မလုပ်ဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ဒေသန္တရအမိန့်တွေကို မလိုက်နာဘူးဆိုရင် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ခြင်းဆိုတဲ့ ပုဒ်မ ၁၈၈ နဲ့ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် တစ်လ ဖြစ်စေ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒီကာလမှာ ပုဒ်မ ၁၈၈ အပြင် လူစုလူဝေးဖြစ်အောင်လုပ်တဲ့ သူတွေ၊ သတင်းအမှား ဖြန့်ဝေသူတွေနဲ့ ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့လည်း အရေးယူနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ညမထြက္ရအမိန႔္ ေဖာက္ဖ်က္လို႔ ကခ်င္မွာ အေရးယူခံရသူ ၄၆ ဦးရွိ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္လို႔ ကခ်င္မွာ အေရးယူခံရသူ ၄၆ ဦးရွိ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.