ခရီးသြားလုပ္ငန္းမ်ားမွ လိုင္စင္ေၾကး၊ လိုင္စင္အသစ္ လဲလွယ္ေၾကးမ်ား ေပးေဆာင္ျခင္း တစ္ႏွစ္ကင္းလြတ္ခြင့္ျပဳ

ပုဂံဘုရားမ်ား အားေတြ႕ရစဥ္ (ဆင္ဟြာ) MYANMAR
(Zawgyi)⤵⤵⤵

    ရန္ကုန္၊ ဧၿပီ ၁၆ ရက္ (ဆင္ဟြာ)

    ခရီးသြားလုပ္ငန္းလုပ္ကိုင္ေနသူ လုပ္ငန္းရွင္မ်ားအား ခရီးသြားလုပ္ငန္းမ်ားမွ လိုင္စင္ေၾကး၊ လိုင္စင္အသစ္ လဲလွယ္ေၾကးမ်ား ေပးေဆာင္ျခင္းကို ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၁ ရက္ မွ ၂၀၂၁ ခုႏွစ္ မတ္ ၃၁ ရက္ အထိ  တစ္ႏွစ္ကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ဟိုတယ္ ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ေထြးက ဆင္ဟြာကို ဧၿပီ ၁၆ ရက္ တြင္ေျပာသည္။

ဦးျမင့္ေထြးက “ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာန အေနနဲ႔ မေန႔က စာထုတ္ခဲ့ပါတယ္။ COVID-19 ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ကုစားႏိုင္ဖို႔ အတြက္ COVID-19 ေရာဂါနဲ႔ ပတ္သက္တဲ့ ကုစားေရးေကာ္မတီ ကေန လမ္းၫႊန္ခ်က္အရ ေဆာင္႐ြက္ထားျခင္းျဖစ္ပါတယ္။ ေပးေဆာင္ရမယ့္ အခြန္အခ ေတြကို တစ္ႏွစ္တာ ကင္းလြတ္ခြင့္ ေပးခဲ့တာပါ’’ ဟုေျပာသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းဥပေဒ (၂၀၁၈) ႏွင့္အညီ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီမ်ား ဖြဲ႕စည္း၍ ထိုေကာ္မတီမ်ားက သက္ဆိုင္ရာေဒသအလိုက္ ဟိုတယ္လုပ္ငန္း၊ တည္းခိုရိပ္သာ လုပ္ငန္း၊ ခရီးလွည့္လည္ေရးလုပ္ငန္း၊ ဧည့္လမ္းၫႊန္လုပ္ငန္းမ်ားအတြက္ လိုင္စင္ေၾကး၊ လိုင္စင္ အသစ္လဲလွယ္ေၾကးမ်ားကို ေကာက္ခံလ်က္ရွိေၾကာင္း သိရသည္။

ဦးျမင့္ေထြးက “ဟိုတယ္ေတြရဲ႕  အစိုးရကိုေပးရတဲ့ ငွားရမ္းခေတြကို ၆ လေ႐ႊ႕ဆိုင္းေပးဖို႔ လည္းေဆာင္႐ြက္ေနပါတယ္။ COVID-19 ေရာဂါက တစ္ကမာၻလုံး ထိခိုက္ခံစားေနရတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံလည္း ခံစားေနရတယ္။ ခရီးသြားလုပ္ငန္း က႑ က အမ်ား အားျဖင့္ ထိခိုက္ခံစားရခဲ့ရတယ္။ ဒါေၾကာင့္ ခရီးသြားလုပ္ငန္း က႑မွာ ထိခိုက္မႈ ေတြ ရွိလို႔ ခရီးသြားလုပ္ငန္း ျပန္ၿပီး ဦးေမာ့ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေတြ ျပန္ႀကိဳးစားရမွာ ျဖစ္ပါတယ္’’ ဟုေျပာသည္။

COVID-19 ေရာဂါ ျဖစ္ပြားၿပီးေနာက္ ပြင့္လင္းရာသီ ခရီးသြားလာႏိုင္ရန္ လက္မွတ္မ်ားေရာင္းခ် ထားသည့္ ခရီးသြားကုမၸဏီမ်ား အေနျဖင့္ ေငြမ်ား ျပန္အမ္းေပးခဲ့ရေၾကာင္း၊ လက္ရွိတြင္ ျပည္တြင္းျပည္ပ ခရီးစဥ္မ်ား လုံးဝရပ္နားထားရေၾကာင္း ခရီးသြားလုပ္ငန္းလုပ္ကိုင္သူတစ္ဦး ၏ ေျပာၾကားခ်က္အရ သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27170-2020-04-16-08-04-56
-----------
(Unicode)⤵⤵⤵

ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်း တစ်နှစ်ကင်းလွတ်ခွင့်ပြု

ပုဂံဘုရားများ အားတွေ့ရစဉ် (ဆင်ဟွာ)

    ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

    ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက် မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက် အထိ  တစ်နှစ်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆင်ဟွာကို ဧပြီ ၁၆ ရက် တွင်ပြောသည်။

ဦးမြင့်ထွေးက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ မနေ့က စာထုတ်ခဲ့ပါတယ်။ COVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ကုစားနိုင်ဖို့ အတွက် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ကုစားရေးကော်မတီ ကနေ လမ်းညွှန်ချက်အရ ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ပေးဆောင်ရမယ့် အခွန်အခ တွေကို တစ်နှစ်တာ ကင်းလွတ်ခွင့် ပေးခဲ့တာပါ’’ ဟုပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဦးမြင့်ထွေးက “ဟိုတယ်တွေရဲ့  အစိုးရကိုပေးရတဲ့ ငှားရမ်းခတွေကို ၆ လရွှေ့ဆိုင်းပေးဖို့ လည်းဆောင်ရွက်နေပါတယ်။ COVID-19 ရောဂါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားနေရတယ်။ ကျွန်တော်တို့ နိုင်ငံလည်း ခံစားနေရတယ်။ ခရီးသွားလုပ်ငန်း ကဏ္ဍ က အများ အားဖြင့် ထိခိုက်ခံစားရခဲ့ရတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ထိခိုက်မှု တွေ ရှိလို့ ခရီးသွားလုပ်ငန်း ပြန်ပြီး ဦးမော့နိုင်ဖို့ ကျွန်တော်တို့တွေ ပြန်ကြိုးစားရမှာ ဖြစ်ပါတယ်’’ ဟုပြောသည်။

COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် ပွင့်လင်းရာသီ ခရီးသွားလာနိုင်ရန် လက်မှတ်များရောင်းချ ထားသည့် ခရီးသွားကုမ္ပဏီများ အနေဖြင့် ငွေများ ပြန်အမ်းပေးခဲ့ရကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ခရီးစဉ်များ လုံးဝရပ်နားထားရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27170-2020-04-16-08-04-56
ခရီးသြားလုပ္ငန္းမ်ားမွ လိုင္စင္ေၾကး၊ လိုင္စင္အသစ္ လဲလွယ္ေၾကးမ်ား ေပးေဆာင္ျခင္း တစ္ႏွစ္ကင္းလြတ္ခြင့္ျပဳ ခရီးသြားလုပ္ငန္းမ်ားမွ လိုင္စင္ေၾကး၊ လိုင္စင္အသစ္ လဲလွယ္ေၾကးမ်ား ေပးေဆာင္ျခင္း တစ္ႏွစ္ကင္းလြတ္ခြင့္ျပဳ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.