ေတာင္ကိုရီးယားႏိုင္ငံ သမၼတ၏ အာဏာရပါတီက ေ႐ြးေကာက္ပြဲတြင္ အျပတ္အသတ္အႏိုင္ရ

ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ ဧၿပီ ၁၅ ရက္က မဲေရတြက္႐ုံမ်ား၌ မဲမ်ားေရတြက္ေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဆိုးလ္၊ ဧၿပီ ၁၆ ရက္ (ဆင္ဟြာ)

    ေတာင္ကိုရီးယားႏိုင္ငံတြင္ COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ၾကား ပါလီမန္ေ႐ြးေကာက္ပြဲ က်င္းပခဲ့ရာ သမၼတ မြန္ေဂ်အင္ (Moon Jae-in) ၏ အာဏာရပါတီျဖစ္ေသာ ဒီမိုကရက္တစ္ပါတီက အျပတ္အသတ္အႏိုင္ရခဲ့ေၾကာင္း သိရသည္။

ဧၿပီ ၁၆ ရက္တြင္ ထုတ္ျပန္လိုက္သည့္ အမ်ိဳးသား ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ကနဦးရလဒ္မ်ားအရ ဒီမိုကရက္တစ္ပါတီက လႊတ္ေတာ္အမတ္ေနရာ ၁၆၃ ေနရာအတြက္ ေသခ်ာေစခဲ့ၿပီး မိတ္ဖက္ပါတီျဖစ္ေသာ ပလက္ေဖာင္းပါတီက အခ်ိဳးက်အမတ္ေနရာ (PR) ၁၇ ေနရာ ရရွိခဲ့သည္။

လႊတ္ေတာ္ အမတ္ေနရာ ၃၀၀ အတြက္ ေလးႏွစ္တစ္ႀကိမ္က်င္းပေသာ ေ႐ြးေကာက္ပြဲအား ႏိုင္ငံတစ္ဝန္းတြင္ ဧၿပီ ၁၅ ရက္က က်င္းပခဲ့ရာ မဲဆႏၵရွင္မ်ားက မဲဆႏၵနယ္ေနရာ ၂၅၃ ေနရာႏွင့္ PR ေနရာ ၄၇ ေနရာအတြက္ မဲေပးခဲ့ၾကသည္။

အဆိုပါ ေ႐ြးေကာက္ပြဲသည္ ၁၉၈၇ ခုႏွစ္တြင္ စစ္အာဏာရွင္စနစ္အဆုံးသတ္ရန္ အေျခခံဥပေဒ ျပင္ဆင္ကာ ဒီမိုကေရစီနည္းလမ္းက် ေ႐ြးေကာက္ပြဲမ်ား က်င္းပခဲ့ၿပီးေနာက္ ႏိုင္ငံေရးပါတီတစ္ခုတည္းမွ လႊတ္ေတာ္အမတ္ေနရာ ငါးပုံသုံးပုံ အႏိုင္ရရွိခဲ့သည့္ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

အဓိက အတိုက္အခံ ကြန္ဆာေဗးတစ္ျဖစ္သည့္ United Future ပါတီႏွင့္ ၎၏ မိတ္ဖက္ပါတီက အမတ္ေနရာ ၈၄ ေနရာႏွင့္ PR ေနရာ ၁၉ ေနရာရရွိခဲ့သည္။

ဆႏၵမဲေပးစဥ္တြင္ ေရာဂါကူးစက္မႈမွ ကာကြယ္ရန္ ျပင္ဆင္မႈမ်ားအျဖစ္ မဲ႐ုံမ်ား၌ ပိုးသတ္ေဆးဖ်န္းျခင္းႏွင့္ မဲေပးသူမ်ားအၾကား အနည္းဆုံး တစ္မီတာအကြာအေဝး မတ္တပ္ရပ္ရန္အတြက္ မ်ဥ္းသားထားျခင္းမ်ား ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

မဲဆႏၵရွင္မ်ားအား ႏွာေခါင္းစည္းမ်ားဝတ္ဆင္ျခင္း၊ ကိုယ္အပူခ်ိန္စစ္ေဆးျခင္း၊ လက္သန႔္ေဆးမ်ားျဖင့္ လက္မ်ားေဆးေၾကာကာ တစ္ခါသုံးပလတ္စတစ္လက္အိတ္မ်ား ဝတ္ဆင္ျခင္းျဖင့္သာ မဲ႐ုံအတြင္းသို႔ ဝင္ေရာက္ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/27167-2020-04-16-06-31-39
-------------
(Unicode)⤵⤵⤵
တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အာဏာရပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဧပြီ ၁၅ ရက်က မဲရေတွက်ရုံများ၌ မဲများရေတွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

    ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

    တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြား ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ သမ္မတ မွန်ဂျေအင် (Moon Jae-in) ၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သိရသည်။

ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည့် အမျိုးသား ရွေးကောက်ပွဲကော်မရှင်၏ ကနဦးရလဒ်များအရ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်နေရာ ၁၆၃ နေရာအတွက် သေချာစေခဲ့ပြီး မိတ်ဖက်ပါတီဖြစ်သော ပလက်ဖောင်းပါတီက အချိုးကျအမတ်နေရာ (PR) ၁၇ နေရာ ရရှိခဲ့သည်။

လွှတ်တော် အမတ်နေရာ ၃၀၀ အတွက် လေးနှစ်တစ်ကြိမ်ကျင်းပသော ရွေးကောက်ပွဲအား နိုင်ငံတစ်ဝန်းတွင် ဧပြီ ၁၅ ရက်က ကျင်းပခဲ့ရာ မဲဆန္ဒရှင်များက မဲဆန္ဒနယ်နေရာ ၂၅၃ နေရာနှင့် PR နေရာ ၄၇ နေရာအတွက် မဲပေးခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲသည် ၁၉၈၇ ခုနှစ်တွင် စစ်အာဏာရှင်စနစ်အဆုံးသတ်ရန် အခြေခံဥပဒေ ပြင်ဆင်ကာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးနောက် နိုင်ငံရေးပါတီတစ်ခုတည်းမှ လွှတ်တော်အမတ်နေရာ ငါးပုံသုံးပုံ အနိုင်ရရှိခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

အဓိက အတိုက်အခံ ကွန်ဆာဗေးတစ်ဖြစ်သည့် United Future ပါတီနှင့် ၎င်း၏ မိတ်ဖက်ပါတီက အမတ်နေရာ ၈၄ နေရာနှင့် PR နေရာ ၁၉ နေရာရရှိခဲ့သည်။

ဆန္ဒမဲပေးစဉ်တွင် ရောဂါကူးစက်မှုမှ ကာကွယ်ရန် ပြင်ဆင်မှုများအဖြစ် မဲရုံများ၌ ပိုးသတ်ဆေးဖျန်းခြင်းနှင့် မဲပေးသူများအကြား အနည်းဆုံး တစ်မီတာအကွာအဝေး မတ်တပ်ရပ်ရန်အတွက် မျဉ်းသားထားခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

မဲဆန္ဒရှင်များအား နှာခေါင်းစည်းများဝတ်ဆင်ခြင်း၊ ကိုယ်အပူချိန်စစ်ဆေးခြင်း၊ လက်သန့်ဆေးများဖြင့် လက်များဆေးကြောကာ တစ်ခါသုံးပလတ်စတစ်လက်အိတ်များ ဝတ်ဆင်ခြင်းဖြင့်သာ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/27167-2020-04-16-06-31-39
ေတာင္ကိုရီးယားႏိုင္ငံ သမၼတ၏ အာဏာရပါတီက ေ႐ြးေကာက္ပြဲတြင္ အျပတ္အသတ္အႏိုင္ရ ေတာင္ကိုရီးယားႏိုင္ငံ သမၼတ၏ အာဏာရပါတီက ေ႐ြးေကာက္ပြဲတြင္ အျပတ္အသတ္အႏိုင္ရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.