က်န္းမာေရးဝန္ထမ္းေတြ ကို႐ိုနာပိုးေတြ႕ လူနာေတြကို ကုသေပးေနရာမွာ စိုးရိမ္ေနရ


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ေရွ႕ဆုံးကေနရင္ဆိုင္ၿပီး ေစာင့္ေရွာက္ကုသေပးေနရတဲ့ က်န္းမာေရး ဝန္ထမ္းေတြဟာ အခ်ိန္မေ႐ြး ေရာဂါပိုးကူးစက္ႏိုင္သူေတြ ျဖစ္လာပါတယ္။

ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းေတြကေတာ့ လူေတြဟာ ကူးစက္မႈ ေလ်ာ့ပါးေအာင္ အိမ္မွာပဲ ေနထိုင္ၾကတဲ့ နည္းနဲ႔ သူတို႔ကို ကူညီလို႔ရတယ္လို႔ ေျပာပါတယ္။

က်န္းမာေရးဝန္ထမ္းအင္အားဟာ နည္းပါးေနတဲ့အျပင္ ကိုယ္တိုင္ကူးစက္ခံၾကရလို႔ တာဝန္ ဆက္လက္မထမ္း ေဆာင္ႏိုင္ရင္ အစားထိုးတာဝန္ယူမယ့္သူမရွိဘူးလို႔ မေကြးတိုင္း စလင္းၿမိဳ႕နယ္ ဆင္ျဖဴကြၽန္းတိုက္နယ္ေဆး႐ုံက ေဒါက္တာ ေက်ာ္ထက္ေအာင္က ေထာက္ျပပါတယ္။

“လက္ရွိတိုင္းျပည္မွာ အစိုးရဝန္ထမ္း ဆရာဝန္ဦးေရက ျပည္သူလူထုရဲ႕ အခ်ိဳးအစားနဲ႔ယွဥ္ရင္ အင္မတန္နည္း ပါတယ္။ ဒီနည္းပါးတဲ့အတြက္ လူနာနဲ႔ ဆရာဝန္ က်န္းမာေရးဝန္ထမ္း အခ်ိဳးအစားမမွ်တဲ့အေပၚ စိုးရိမ္ပူပန္မႈ ရွိပါတယ္။ ေရွ႕တန္းမွာလုပ္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြက လူနာေတြနဲ႔ ထိေတြ႕တဲ့အခါ အေႏွးနဲ႔အျမန္ ကူးစက္မယ္ဆိုတာ ေမွ်ာ္လင့္ထားၿပီးသားပါ။ ဒီလိုကူးစက္ခ်ိန္ စိတ္ထဲမွာ စိုးရိမ္ပူပန္မႈက က်န္းမာေရးဝန္ထမ္း ေတြ မိမိကိုယ္တိုင္ ကူးစက္လာရင္ ကိုယ့္မိသားစုကို ဘယ္သူဆက္ၿပီး ေစာင့္ေရွာက္မလဲ၊ ေနာက္တစ္ခ်က္က ေရွ႕တန္းကလုပ္ကိုင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြမရွိေတာ့ရင္ ျပည္သူေတြလူနာေတြကို ဘယ္သူေတြဆက္ၿပီး ကုသမလဲဆိုတဲ့ စိုးရိမ္စိတ္ကေတာ့ လက္ရွိက်န္းမာေရးဝန္ထမ္းအားလုံးအေပၚမွာ စိတ္ဖိစီးမႈရွိေနတယ္”

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူ အေရအတြက္က တိုးလာေနပါတယ္။ ဒီအထဲမွာ လူနာ အမွတ္ ၁၇ ကို ေဆးကုသမႈေပးခဲ့တဲ့ ျပည္ၿမိဳ႕အေထြေထြေရာဂါကုေဆး႐ုံႀကီးက ေမ့ေဆးဆရာဝန္ အမ်ိဳးသမီးဟာ လူနာကို ကုသမႈေပးရင္း ပထမဆုံး ကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္းျဖစ္လာပါတယ္။

လူနာအမွတ္ ၃၀ ျဖစ္တဲ့ ေမ့ေဆးဆရာဝန္ဟာ ကုသမႈခံယူဖို႔အတြက္ ေဝဘာဂီေဆး႐ုံမွာ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ကြယ္လြန္သြားၿပီျဖစ္တဲ့ လူနာအမွတ္ ၁၇ နဲ႔ ထိေတြ႕ခဲ့တဲ့ က်န္းမာေရး ဝန္ထမ္းအားလုံးကို စစ္ေဆးခဲ့ေပမယ့္ ေမ့ေဆးဆရာဝန္မႀကီးမွာပဲ ေရာဂါေတြ႕ရွိခဲ့တာပါ။

ဒီလိုအေျခအေနမွာ ျပည္သူေတြၾကားထဲ ကူးစက္မႈ နည္းႏိုင္သမွ်နည္းေအာင္ တတ္ႏိုင္သမွ် အိမ္ထဲမွာပဲေနၾကပါ ဆိုတဲ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ တိုက္တြန္းခ်က္ကို ေဒသတခ်ိဳ႕မွာ လိုက္နာမႈ အားနည္းေနပါတယ္။

အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ ေနာ္သႏၲာေဆြ ကလည္း စည္းကမ္းေတြကို လိုက္နာၾကတဲ့နည္းနဲ႔ ကူညီဖို႔ လိုတယ္လို႔ ေျပာပါတယ္။

“အခုဆို ပိုၿပီး အႏၲရာယ္မ်ားပါတယ္။ ကြၽန္မတို႔ထြက္ေနတယ္ဆိုတာလည္း အမ်ားအတြက္ ထြက္ေနရတာဆိုေတာ့ အႏၲရာယ္အမ်ားႀကီးထဲကလုပ္ေနတာပါ။ ဒါေၾကာင့္ တတ္ႏိုင္သေလာက္ ကိုယ့္ဘာသာကိုယ္ ကာကြယ္ထိန္းသိမ္း ရမယ္။ စိုးရိမ္စရာရွိလည္း စိုးရိမ္ရမယ္။ ေရရွည္ျဖစ္တဲ့အတြက္ အခ်င္းခ်င္းအားေပးရင္းနဲ႔ လုပ္ေနရတယ္။ နစ္နာသြားတဲ့သူေတြအတြက္လည္း ေလးစားတယ္။ ဂုဏ္ျပဳပါတယ္”

ကူးစက္ႏႈန္း မ်ားျပားလြန္းတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ခံရတဲ့ က်န္းမာေရးလုပ္သားအေရအတြက္က ကိုးေထာင္ေက်ာ္ ရွိေနၿပီး အေရအတြက္ ဒီထက္တိုးလာႏိုင္တယ္လို႔ ဧၿပီလ ၁၄ ရက္ေန႔ သတင္းေတြအရ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာေတြထဲက တခ်ိဳ႕ေသဆုံးခဲ့တာဟာ ရာခိုင္ႏႈန္းအားျဖင့္ အလြန္မ်ားတဲ့ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဧၿပီ ၁၃ ရက္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ကိုင္ေနသူတခ်ိဳ႕နဲ႔ အင္တာနက္ကေန ေဆြးေႏြးရာမွာ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မခံရေအာင္ ကာကြယ္ေရး၊ တိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး ရက္ေပါင္းအတန္ၾကာေအာင္ ခက္ခဲေနဦးမယ္လို႔ ေျပာခဲ့ပါတယ္။

“ေနာက္ ႏွစ္ပတ္၊ သုံးပတ္၊ ေလးပတ္ ခက္ခဲဦးမွာပဲ။ ခက္ခဲမယ္ဆိုတာ ေျခာက္တာ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကို ျပင္ဆင္ထားဖို႔ သတိေပးတာပါ။ က်န္းမာေရးဝန္ႀကီးဌာနဘက္ကေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို အစြမ္းကုန္ မွန္ကန္ေအာင္ တိက်ေအာင္ ျဖစ္ေျမာက္ေအာင္လုပ္သြားမယ္။ ျပည္သူေတြက ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ အဓိကပဲ”

ျမန္မာႏိုင္ငံမ်ာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ အေရအတြက္က တေန႔တျခား ပိုမိုမ်ားျပားလာေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကေန ကာကြယ္ႏိုင္ဖို႔ ျပည္သူေတြအေနနဲ႔ ဧၿပီ ၉ ရက္ေန ၁၉ ရက္ေန႔အထိ က်န္းမာေရးကိစၥနဲ႔ အစားအေသာက္ထြက္ဝယ္တာကလြဲလို႔ အျပင္မထြက္ၾကဖို႔ အစိုးရက ေဒသႏၲရအမိန႔္ ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/coronavirus-can-infect-health-staff-04162020051407.html
------------
(Unicode)⤵⤵⤵
ကျန်းမာရေးဝန်ထမ်းတွေ ကိုရိုနာပိုးတွေ့ လူနာတွေကို ကုသပေးနေရာမှာ စိုးရိမ်နေရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ရှေ့ဆုံးကနေရင်ဆိုင်ပြီး စောင့်ရှောက်ကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အချိန်မရွေး ရောဂါပိုးကူးစက်နိုင်သူတွေ ဖြစ်လာပါတယ်။

ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကတော့ လူတွေဟာ ကူးစက်မှု လျော့ပါးအောင် အိမ်မှာပဲ နေထိုင်ကြတဲ့ နည်းနဲ့ သူတို့ကို ကူညီလို့ရတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အားဟာ နည်းပါးနေတဲ့အပြင် ကိုယ်တိုင်ကူးစက်ခံကြရလို့ တာဝန် ဆက်လက်မထမ်း ဆောင်နိုင်ရင် အစားထိုးတာဝန်ယူမယ့်သူမရှိဘူးလို့ မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံက ဒေါက်တာ ကျော်ထက်အောင်က ထောက်ပြပါတယ်။

“လက်ရှိတိုင်းပြည်မှာ အစိုးရဝန်ထမ်း ဆရာဝန်ဦးရေက ပြည်သူလူထုရဲ့ အချိုးအစားနဲ့ယှဉ်ရင် အင်မတန်နည်း ပါတယ်။ ဒီနည်းပါးတဲ့အတွက် လူနာနဲ့ ဆရာဝန် ကျန်းမာရေးဝန်ထမ်း အချိုးအစားမမျှတဲ့အပေါ် စိုးရိမ်ပူပန်မှု ရှိပါတယ်။ ရှေ့တန်းမှာလုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လူနာတွေနဲ့ ထိတွေ့တဲ့အခါ အနှေးနဲ့အမြန် ကူးစက်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ ဒီလိုကူးစက်ချိန် စိတ်ထဲမှာ စိုးရိမ်ပူပန်မှုက ကျန်းမာရေးဝန်ထမ်း တွေ မိမိကိုယ်တိုင် ကူးစက်လာရင် ကိုယ့်မိသားစုကို ဘယ်သူဆက်ပြီး စောင့်ရှောက်မလဲ၊ နောက်တစ်ချက်က ရှေ့တန်းကလုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ရင် ပြည်သူတွေလူနာတွေကို ဘယ်သူတွေဆက်ပြီး ကုသမလဲဆိုတဲ့ စိုးရိမ်စိတ်ကတော့ လက်ရှိကျန်းမာရေးဝန်ထမ်းအားလုံးအပေါ်မှာ စိတ်ဖိစီးမှုရှိနေတယ်”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ အရေအတွက်က တိုးလာနေပါတယ်။ ဒီအထဲမှာ လူနာ အမှတ် ၁၇ ကို ဆေးကုသမှုပေးခဲ့တဲ့ ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးက မေ့ဆေးဆရာဝန် အမျိုးသမီးဟာ လူနာကို ကုသမှုပေးရင်း ပထမဆုံး ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်လာပါတယ်။

လူနာအမှတ် ၃၀ ဖြစ်တဲ့ မေ့ဆေးဆရာဝန်ဟာ ကုသမှုခံယူဖို့အတွက် ဝေဘာဂီဆေးရုံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လူနာအမှတ် ၁၇ နဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးကို စစ်ဆေးခဲ့ပေမယ့် မေ့ဆေးဆရာဝန်မကြီးမှာပဲ ရောဂါတွေ့ရှိခဲ့တာပါ။

ဒီလိုအခြေအနေမှာ ပြည်သူတွေကြားထဲ ကူးစက်မှု နည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှ အိမ်ထဲမှာပဲနေကြပါ ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တိုက်တွန်းချက်ကို ဒေသတချို့မှာ လိုက်နာမှု အားနည်းနေပါတယ်။

အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်သန္တာဆွေ ကလည်း စည်းကမ်းတွေကို လိုက်နာကြတဲ့နည်းနဲ့ ကူညီဖို့ လိုတယ်လို့ ပြောပါတယ်။

“အခုဆို ပိုပြီး အန္တရာယ်များပါတယ်။ ကျွန်မတို့ထွက်နေတယ်ဆိုတာလည်း အများအတွက် ထွက်နေရတာဆိုတော့ အန္တရာယ်အများကြီးထဲကလုပ်နေတာပါ။ ဒါကြောင့် တတ်နိုင်သလောက် ကိုယ့်ဘာသာကိုယ် ကာကွယ်ထိန်းသိမ်း ရမယ်။ စိုးရိမ်စရာရှိလည်း စိုးရိမ်ရမယ်။ ရေရှည်ဖြစ်တဲ့အတွက် အချင်းချင်းအားပေးရင်းနဲ့ လုပ်နေရတယ်။ နစ်နာသွားတဲ့သူတွေအတွက်လည်း လေးစားတယ်။ ဂုဏ်ပြုပါတယ်”

ကူးစက်နှုန်း များပြားလွန်းတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရတဲ့ ကျန်းမာရေးလုပ်သားအရေအတွက်က ကိုးထောင်ကျော် ရှိနေပြီး အရေအတွက် ဒီထက်တိုးလာနိုင်တယ်လို့ ဧပြီလ ၁၄ ရက်နေ့ သတင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာတွေထဲက တချို့သေဆုံးခဲ့တာဟာ ရာခိုင်နှုန်းအားဖြင့် အလွန်များတဲ့ရာခိုင်နှုန်း ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ကိုင်နေသူတချို့နဲ့ အင်တာနက်ကနေ ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကာကွယ်ရေး၊ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ရက်ပေါင်းအတန်ကြာအောင် ခက်ခဲနေဦးမယ်လို့ ပြောခဲ့ပါတယ်။

“နောက် နှစ်ပတ်၊ သုံးပတ်၊ လေးပတ် ခက်ခဲဦးမှာပဲ။ ခက်ခဲမယ်ဆိုတာ ခြောက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့ သတိပေးတာပါ။ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အစွမ်းကုန် မှန်ကန်အောင် တိကျအောင် ဖြစ်မြောက်အောင်လုပ်သွားမယ်။ ပြည်သူတွေက ညွှန်ကြားချက်တွေကို လိုက်နာဖို့ အဓိကပဲ”

မြန်မာနိုင်ငံမျာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်က တနေ့တခြား ပိုမိုများပြားလာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဧပြီ ၉ ရက်နေ ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ထွက်ဝယ်တာကလွဲလို့ အပြင်မထွက်ကြဖို့ အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/coronavirus-can-infect-health-staff-04162020051407.html
က်န္းမာေရးဝန္ထမ္းေတြ ကို႐ိုနာပိုးေတြ႕ လူနာေတြကို ကုသေပးေနရာမွာ စိုးရိမ္ေနရ က်န္းမာေရးဝန္ထမ္းေတြ ကို႐ိုနာပိုးေတြ႕ လူနာေတြကို ကုသေပးေနရာမွာ စိုးရိမ္ေနရ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.