ကိုဗစ္-၁၉ ေၾကာင့္ တိတ္ဆိတ္သြားတဲ့ အင္းစိန္

 အင္းစိန္ၿမိဳ႕နယ္မွာ ကူးစက္သူ ၁၆ ဦးအထိ ရွိလာ
(Zawgyi)⤵⤵⤵
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီ ၁၅ ရက္ေန႔ ထုတ္ျပန္ခ်က္စာရင္းေတြအရ တႏိုင္ငံလုံးမွာကိုဗစ္-၁၉ ကူးစက္သူ ၇၄ ဦးအထိရွိၿပီး အဲ့ဒီထဲမွာ အင္းစိန္ၿမိဳ႕နယ္ထဲ ကူးစက္မႈက အျမင့္ဆုံးျဖစ္ပါတယ္။

ေရာဂါပိုးကူးစက္မႈဟာ အင္းစိန္ၿမိဳ႕နယ္ထဲက ေတာင္သူကုန္း၊ အေရွ႕ႀကိဳ႕ကုန္း၊ နံ႔သာကုန္း စတဲ့ ရပ္ကြက္ ၄ ခုထက္မနည္းမွာ ကူးစက္သူ ၁၆ ဦးအထိ ရွိလာေနတာ ျဖစ္ပါတယ္။

"အင္းစိန္က ၿမိဳ႕နယ္အလိုက္မွာလည္း အမ်ားဆုံး၊ တႏိုင္ငံလုံးမွာလည္း အမ်ားဆုံး၊ ကူးစက္မႈက တအားျမန္တယ္၊ ခုဆို လမ္းမေတြေပၚ ကား မေတြ႕ရဘူး၊ လူေတြလည္း မေတြ႕ရဘူး၊ ေျခာက္ကပ္ေနတဲ့ ၿမိဳ႕ႀကီးျဖစ္ေနတယ္" လို႔ အင္းစိန္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေနာ္လွလွစိုးက ေျပာပါတယ္။

ကိုဗစ္-၁၉ ကူးစက္မႈရဲ႕ ၃ ပုံ ၂ ပုံ ဟာ ရန္ကုန္တိုင္းထဲမွာ ျဖစ္ပါတယ္။ ကူးစက္သူေတြထဲမွာ အင္းစိန္မွာ ၁၆ ဦး၊ ဗဟန္းမွာ ၁၁ ဦး၊ ေတာင္ဥကၠလာမွာ ၈ ဦး၊ မရမ္းကုန္း ၇ ဦး၊ ပန္းဘဲတန္း ၅ ဦး၊ ေ႐ႊျပည္သာ ၃ ဦး၊ လႈိင္သာယာ ၂ ဦး၊ မဂၤလာေတာင္ၫႊန႔္ ၂ ဦး၊ ဗိုလ္တေထာင္ ၁ ဦး တို႔ ျဖစ္ပါတယ္။

အင္းစိန္ၿမိဳ႕နယ္မွာ ပထမဆုံး ကူးစက္သူဟာ လူနာနံပါတ္ ၃ ျဖစ္ၿပီး အဂၤလန္-ဘန္ေကာက္ လမ္းေၾကာင္းကတဆင့္ ျမန္မာႏိုင္ငံကို ျပန္လာသူျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ ေလဆိပ္မွာ ျဖည့္ရတဲ့ လဝက ပုံစံမွာ ဘာေဘးဒိုးစ္ႏိုင္ငံလို႔ လႊဲေျပာင္းျဖည့္ၿပီး ဝင္လာခဲ့တယ္လို႔လည္း က်န္းမာေရးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ဒီကူးစက္ခံရသူ လူနာဟာ ေတာင္သူကုန္းရပ္ကြက္က ျဖစ္ၿပီး ကိုယ္ပူဖ်ားနာတာ၊ ေခ်ာင္းဆိုးတာေတြေၾကာင့္ ဓာတ္ခြဲအတည္ျပဳရာမွာ ကိုဗစ္-၁၉ ကူးစက္ခံထားရတယ္ဆိုၿပီး က်န္းမာေရးဌာနက မတ္လ ၂၆ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ဒီေနာက္ေတာ့ ပိုးထပ္ေတြ႕ခဲ့တဲ့ လူနာ နံပါတ္ ၆ ကလည္း သူနဲ႔ ဆက္စပ္သူ ျဖစ္ေနပါတယ္။ အခုေတာ့ ေတာင္သူကုန္းရပ္ကြက္မွာ ပိုးကူးစက္ခံထားရသူ ၂ ဦး ရွိေနၿပီ ျဖစ္ပါတယ္။

ဒီေနာက္ေတာ့ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားတစ္ခုနဲ႔ ဆက္စပ္ၿပီး အင္းစိန္မွာ ကူးစက္မႈေတြ ထပ္ရွိလာခဲ့ပါတယ္။

အင္းစိန္မွာ တတိယေျမာက္ေတြ႕ရတဲ့ ကူးစက္ခံရသူ လူနာနံပါတ္ ၃၄ ျဖစ္ၿပီး သူဟာ စကၤာပူမွာ အလုပ္လုပ္ၿပီး ျပန္လာတဲ့ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕မႈရွိခဲ့တယ္ဆိုၿပီး က်န္းမာေရးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီလူနာ နံပါတ္ ၂၄ ဟာ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ခဲ့သူလည္း ျဖစ္ပါတယ္။
ရန္ကုန္ၿမိဳ႕ထဲက လမ္းေတြမွာ ပိုးသတ္ေဆးေတြဖ်န္း
ဒီေနာက္ေတာ့ အင္းစိန္ ၿမိဳ႕နယ္ထဲက လူနာနံပါတ္ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ တို႔အျပင္ နံပါတ္ ၆၉၊ ၇၀ ကလည္း လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕ခဲ့သူေတြျဖစ္ၿပီး သူတို႔ေတြနဲ႔ ဆက္စပ္သူေတြေၾကာင့္ အင္းစိန္မွာ ကူးစက္သူက ၁၆ ဦးအထိ ရွိလာေနတာျဖစ္ပါတယ္။

"အင္းစိန္မွာ အမ်ားဆုံးက အေရွ႕ႀကိဳ႕ကုန္းမွာေပါ့၊ တရားပြဲကေန ျဖစ္ၾကတာ၊ လူအမ်ားအျပား ပိုးကူးစက္ခံခဲ့ရတာ" လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေနာ္လွလွစိုးက ေျပာပါတယ္။

ဗိုင္းရပ္စပ္ပိုး ကူးစက္ခံရသူရွိလို႔ ေလာ့ခ္ေဒါင္းခ်ခံထားရတဲ့ ရပ္ကြက္ထဲေနသူ မဇင္ဇင္ကလည္း "အင္းစိန္အေျခအေနက စိုးရိမ္လားဆိုေတာ့ စိုးရိမ္တယ္၊ ကိုယ္က မသိလိုက္ဘဲ ကယ္ရီယာျဖစ္ေနမွာကို ေၾကာက္တာ။ ကိုယ့္ေၾကာင့္ လူအမ်ားႀကီး ကူးမွာပဲ ေၾကာက္တာ" လို႔ ေျပာပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ အျပင္မထြက္ဘဲ ေနအိမ္ထဲ ကိုယ့္ဘာသာ သီးသန္႔ခြဲ ေနသူတခ်ိဳ႕လည္း ရွိေနပါတယ္။

"ကြၽန္ေတာ့္ အိမ္ရဲ႕ ဟိုဘက္လမ္းဆို ပိုးေတြ႕လူနာရွိခဲ့တယ္၊ ဒါေပမဲ့ အျပင္ထြက္ေနသူေတြ ရွိေနေသးတယ္၊ ေဈးတခ်ိဳ႕လည္း ဖြင့္ေနေသးတယ္၊ အဲ့ဒီေတာ့ ေၾကာက္တာေပါ့၊ ကိုယ့္ဘာကိုယ္ပဲ အိမ္ထဲက အိမ္ျပင္မထြက္ဘဲ ေနေနရတယ္" လို႔ ေတာင္သူကုန္းရပ္ကြက္မွာ ေနသူတစ္ဦးက ေျပာပါတယ္။

ပိုးကူးစက္သူေတြေၾကာင့္ သူတို႔နဲ႔ နီးစပ္သူေတြနဲ႔ သံသယျဖစ္ဖြယ္သူေတြကို ႀကိဳ႕ကုန္းမွာရွိတဲ့ စက္မႈတကၠသိုလ္ဝင္းထဲမွာ ေစာင့္ၾကပ္ၾကည့္ရႈေနၿပီး ေန႔စဥ္ လူေတြ တိုးလာေနတယ္လို႔ ကရင္ႏွစ္ျခင္း ဓမၼတကၠသိုလ္ရဲ႕ ဒုေက်ာင္းအုပ္ ေစာခရစၥ္တိုဖာ က ေျပာပါတယ္။

"အခုဆို အေရွ႕ႀကိဳ႕ကုန္းထဲက က်မ္းစာေက်ာင္းလမ္းထဲမွာဆို ေလာ့ခ္ေဒါင္းခ်ထားလိုက္ၿပီ၊ လူေတြလည္း ရပ္ကြက္ထဲ အသြားအလာ မရွိေတာ့သေလာက္ဘဲ၊ ကိုယ္တိုင္လည္း အိမ္ထဲေနၿပီး အေျခအေနကို ေစာင့္ၾကည့္ေနရတယ္" လို႔ ကရင္ႏွစ္ျခင္း ဓမၼတကၠသိုလ္ရဲ႕ ဒုေက်ာင္းအုပ္ ေစာခရစၥ္တိုဖာ က ေျပာပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကြောင့် တိတ်ဆိတ်သွားတဲ့ အင်းစိန်

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်စာရင်းတွေအရ တနိုင်ငံလုံးမှာကိုဗစ်-၁၉ ကူးစက်သူ ၇၄ ဦးအထိရှိပြီး အဲ့ဒီထဲမှာ အင်းစိန်မြို့နယ်ထဲ ကူးစက်မှုက အမြင့်ဆုံးဖြစ်ပါတယ်။

ရောဂါပိုးကူးစက်မှုဟာ အင်းစိန်မြို့နယ်ထဲက တောင်သူကုန်း၊ အရှေ့ကြို့ကုန်း၊ နံ့သာကုန်း စတဲ့ ရပ်ကွက် ၄ ခုထက်မနည်းမှာ ကူးစက်သူ ၁၆ ဦးအထိ ရှိလာနေတာ ဖြစ်ပါတယ်။

"အင်းစိန်က မြို့နယ်အလိုက်မှာလည်း အများဆုံး၊ တနိုင်ငံလုံးမှာလည်း အများဆုံး၊ ကူးစက်မှုက တအားမြန်တယ်၊ ခုဆို လမ်းမတွေပေါ် ကား မတွေ့ရဘူး၊ လူတွေလည်း မတွေ့ရဘူး၊ ခြောက်ကပ်နေတဲ့ မြို့ကြီးဖြစ်နေတယ်" လို့ အင်းစိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၃ ပုံ ၂ ပုံ ဟာ ရန်ကုန်တိုင်းထဲမှာ ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ အင်းစိန်မှာ ၁၆ ဦး၊ ဗဟန်းမှာ ၁၁ ဦး၊ တောင်ဥက္ကလာမှာ ၈ ဦး၊ မရမ်းကုန်း ၇ ဦး၊ ပန်းဘဲတန်း ၅ ဦး၊ ရွှေပြည်သာ ၃ ဦး၊ လှိုင်သာယာ ၂ ဦး၊ မင်္ဂလာတောင်ညွှန့် ၂ ဦး၊ ဗိုလ်တထောင် ၁ ဦး တို့ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်မှာ ပထမဆုံး ကူးစက်သူဟာ လူနာနံပါတ် ၃ ဖြစ်ပြီး အင်္ဂလန်-ဘန်ကောက် လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လေဆိပ်မှာ ဖြည့်ရတဲ့ လဝက ပုံစံမှာ ဘာဘေးဒိုးစ်နိုင်ငံလို့ လွှဲပြောင်းဖြည့်ပြီး ဝင်လာခဲ့တယ်လို့လည်း ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒီကူးစက်ခံရသူ လူနာဟာ တောင်သူကုန်းရပ်ကွက်က ဖြစ်ပြီး ကိုယ်ပူဖျားနာတာ၊ ချောင်းဆိုးတာတွေကြောင့် ဓာတ်ခွဲအတည်ပြုရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်ဆိုပြီး ကျန်းမာရေးဌာနက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက်တော့ ပိုးထပ်တွေ့ခဲ့တဲ့ လူနာ နံပါတ် ၆ ကလည်း သူနဲ့ ဆက်စပ်သူ ဖြစ်နေပါတယ်။ အခုတော့ တောင်သူကုန်းရပ်ကွက်မှာ ပိုးကူးစက်ခံထားရသူ ၂ ဦး ရှိနေပြီ ဖြစ်ပါတယ်။

ဒီနောက်တော့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတစ်ခုနဲ့ ဆက်စပ်ပြီး အင်းစိန်မှာ ကူးစက်မှုတွေ ထပ်ရှိလာခဲ့ပါတယ်။

အင်းစိန်မှာ တတိယမြောက်တွေ့ရတဲ့ ကူးစက်ခံရသူ လူနာနံပါတ် ၃၄ ဖြစ်ပြီး သူဟာ စင်္ကာပူမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလူနာ နံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီနောက်တော့ အင်းစိန် မြို့နယ်ထဲက လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ တို့အပြင် နံပါတ် ၆၉၊ ၇၀ ကလည်း လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး သူတို့တွေနဲ့ ဆက်စပ်သူတွေကြောင့် အင်းစိန်မှာ ကူးစက်သူက ၁၆ ဦးအထိ ရှိလာနေတာဖြစ်ပါတယ်။

"အင်းစိန်မှာ အများဆုံးက အရှေ့ကြို့ကုန်းမှာပေါ့၊ တရားပွဲကနေ ဖြစ်ကြတာ၊ လူအများအပြား ပိုးကူးစက်ခံခဲ့ရတာ" လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ဗိုင်းရပ်စပ်ပိုး ကူးစက်ခံရသူရှိလို့ လော့ခ်ဒေါင်းချခံထားရတဲ့ ရပ်ကွက်ထဲနေသူ မဇင်ဇင်ကလည်း "အင်းစိန်အခြေအနေက စိုးရိမ်လားဆိုတော့ စိုးရိမ်တယ်၊ ကိုယ်က မသိလိုက်ဘဲ ကယ်ရီယာဖြစ်နေမှာကို ကြောက်တာ။ ကိုယ့်ကြောင့် လူအများကြီး ကူးမှာပဲ ကြောက်တာ" လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေကြောင့် အပြင်မထွက်ဘဲ နေအိမ်ထဲ ကိုယ့်ဘာသာ သီးသန့်ခွဲ နေသူတချို့လည်း ရှိနေပါတယ်။

"ကျွန်တော့် အိမ်ရဲ့ ဟိုဘက်လမ်းဆို ပိုးတွေ့လူနာရှိခဲ့တယ်၊ ဒါပေမဲ့ အပြင်ထွက်နေသူတွေ ရှိနေသေးတယ်၊ ဈေးတချို့လည်း ဖွင့်နေသေးတယ်၊ အဲ့ဒီတော့ ကြောက်တာပေါ့၊ ကိုယ့်ဘာကိုယ်ပဲ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေနေရတယ်" လို့ တောင်သူကုန်းရပ်ကွက်မှာ နေသူတစ်ဦးက ပြောပါတယ်။

ပိုးကူးစက်သူတွေကြောင့် သူတို့နဲ့ နီးစပ်သူတွေနဲ့ သံသယဖြစ်ဖွယ်သူတွေကို ကြို့ကုန်းမှာရှိတဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာ စောင့်ကြပ်ကြည့်ရှုနေပြီး နေ့စဉ် လူတွေ တိုးလာနေတယ်လို့ ကရင်နှစ်ခြင်း ဓမ္မတက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် စောခရစ္စ်တိုဖာ က ပြောပါတယ်။

"အခုဆို အရှေ့ကြို့ကုန်းထဲက ကျမ်းစာကျောင်းလမ်းထဲမှာဆို လော့ခ်ဒေါင်းချထားလိုက်ပြီ၊ လူတွေလည်း ရပ်ကွက်ထဲ အသွားအလာ မရှိတော့သလောက်ဘဲ၊ ကိုယ်တိုင်လည်း အိမ်ထဲနေပြီး အခြေအနေကို စောင့်ကြည့်နေရတယ်" လို့ ကရင်နှစ်ခြင်း ဓမ္မတက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် စောခရစ္စ်တိုဖာ က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52295294
ကိုဗစ္-၁၉ ေၾကာင့္ တိတ္ဆိတ္သြားတဲ့ အင္းစိန္ ကိုဗစ္-၁၉ ေၾကာင့္ တိတ္ဆိတ္သြားတဲ့ အင္းစိန္ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.