လူနာေ႐ႊ႕ေျပာင္းမႈကန႔္ကြက္တဲ့ ကေလးၿမိဳ႕မွာ အမ်ိဳသမီးတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရ


ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ ကို႐ိုနာဗိုင္းရပ္ အတည္ျပဳ လူနာ သုံးဦးကို ကေလးၿမိဳ႕ ေဆး႐ုံကို ေ႐ႊ႕ေျပာင္းမယ္ဆိုတဲ့ သတင္းေၾကာင့္ ကေလးၿမိဳ႕ခံေတြနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ကန႔္ကြက္ ေၾကာင္း ဧၿပီလ ၁၄ ရက္ေန႔မေန႔က စာထုတ္ခဲ့ၿပီးေနာက္ ၁၅ ရက္ေန႔ ဒီေန႔မွာေတာ့ ကေလးၿမိဳ႕မွာ ပိုးေတြ႕လူနာ တစ္ေယာက္ ရွိလာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ပိုး စတင္ေတြ႕ရွိခဲ့တဲ့ လူနာ အမွတ္ (၁)၊ သူရဲ႕ မိခင္ လူနာ အမွတ္ ၂၃၊ သူနဲ႔ထိေတြ႕ခဲ့ဖူးသူ လူနာအမွတ္ ၃၁ တို႔ကို ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕က ျပည္သူ႔ေဆး႐ုံမွာ ေဆးဝါးကုသေနတာပါ။

ၿမိဳ႕နယ္အဆင့္ေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ သူတို႔ သုံးဦးရဲ႕ ေရရွည္က်န္းမာေရးအတြက္ တီးတိန္ျပည္သူ႔ေဆး႐ုံ ထက္ ပိုအဆင္ေျပႏိုင္မယ့္ ေနရာေတြကို ေ႐ႊ႕ေျပာင္းဖို႔ ျပင္ဆင္ရာမွာ ကန႔္ကြက္မႈေတြရွိလာတာ ျဖစ္ပါတယ္။

မူလက ဖလမ္းၿမိဳ႕ေဆး႐ုံကို ေ႐ႊ႕ေျပာင္းဖို႔ ျပင္ဆင္ခဲ့ၿပီး ဖလမ္း အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဇုန္လွယ္ထန္းက ကန႔္ကြက္ထားေၾကာင္း သူရဲ႕လူမႈကြန္ယက္ကတဆင့္ စာေရးသားခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ကေလးျပည္သူ႔ေဆး႐ုံကို လႊဲေျပာင္းမယ္ဆိုတဲ့ သတင္းေတြထြက္လာၿပီး ၿမိဳ႕ေနလူထုက ကန႔္ကြက္ေၾကာင္းစာကို အတိုင္ပင္ခံပုဂၢိဳလ္ထံ မေန႔က ေပးပို႔ခဲ့ပါတယ္။

ဖလမ္းနဲ႔ ကေလးေဆး႐ုံေတြဟာ တီးတိန္ေဆး႐ုံထက္စာရင္ လူနာေတြအတြက္ ပိုစိတ္ခ်ရႏိုင္ေျခရွိၿပီး အခုလို ကန႔္ကြက္ၾကတာကို စိတ္မေကာင္းျဖစ္ရတယ္လို႔ တီးတိန္ၿမိဳ႕၊ ကိုဗစ္-၁၉ အေရးေပၚေကာ္မတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေထာင္းရွန္းတုန္း က ေျပာပါတယ္။

“တကယ္ဝမ္းနည္းတယ္ ေျပာရမယ္။ ကြၽန္ေတာ္တို႔မွာ အထူးၾကပ္မတ္ ကုသေဆာင္ ICU မရွိဘူး။ သူတို႔မွာ ICU ရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ အစိုးရေပးတဲ့ လွ်ပ္စစ္မီးက သုံးရက္မွ တစ္ခါေလာက္လာတယ္။ သူတို႔မွာ ၂၄ နာရီလာတာပဲ။ဆရာဝန္၊ ဆရာမေတြက အစေလ ကြၽန္ေတာ္တို႔ထက္ အမ်ားႀကီးသာတယ္ေလ”

ဧၿပီလ ၁၅ ရက္ေန႔ ဒီေန႔မနက္မွာ က်န္းမာေရးဝန္ႀကီးဌာနက ေနာက္ထပ္ ပိုးေတြ႕လူနာ ၁၂ ေယာက္စာရင္းကို ထုတ္ျပန္ရာမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕က တစ္ဦး ပါဝင္လာပါတယ္။

သူဟာ လူနာ အမွတ္ ၁ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ကို ေရာက္ခဲ့စဥ္က တည္းခိုခဲ့တဲ့ ေနအိမ္က အိမ္ရွင္အမ်ိဳးသမီး ျဖစ္ၿပီး အသက္ ၆၃ ႏွစ္ ပါ။

ဒီေန႔မနက္မွာ သူ႔ရဲ႕ ေနအိမ္ကို အသြားအလာ ကန႔္သတ္လိုက္ပါတယ္။ အစိုးရက ဒီလူနာအမ်ိဳးသမီးကို ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ ကုသဖို႔ စီစဥ္ထားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

တီးတိန္က လူနာ သုံးဦးကိုေတာ့ ကေလးၿမိဳ႕ကို ေ႐ႊ႕ေျပာင္းတာမရွိေသးဘူးလို႔ ကန႔္ကြက္ရာမွာ ပါဝင္ခဲ့တဲ့ ကေလးၿမိဳ႕ခံ ကိုေက်ာ္သက္ဝင္းက ေျပာပါတယ္။

“တခုခု လြဲေခ်ာ္သြားရင္ ကူးစက္ႏႈန္းက ျမင့္လာမွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔က ကန႔္ကြက္တာပါပဲ။ အဓိကကေတာ့ တကယ့္ကို အဆင့္မီေဆး႐ုံေတြပို႔ဖို႔အတြက္ တင္ျပတဲ့ အဆင့္ပါပဲ။ သူတို႔ သုံးေယာက္လည္း အခုခ်ိန္အထိေတာ့ မေရာက္လာေသးပါဘူး။ ဒီဘက္မွာလည္း အဖြ႕ဲအစည္းေတြကေရာ၊ က်န္းမာေရး ဝန္ႀကီးဌာနကေရာ ျပင္ဆင္တာေတြ မေတြ႕ရေသးဘူး”

ကေလးၿမိဳ႕ခံေတြ ကန႔္ကြက္ထားတဲ့ စာနဲ႔ပတ္သက္လို႔လည္း အစိုးရက တစ္စုံတစ္ရာ တုံ႔ျပန္တာ မရွိေသးဘူးလို႔ ဆိုပါတယ္။

တဖက္မွာလည္း ကေလးၿမိဳ႕ခံေတြရဲ႕ ေဆာင္႐ြက္မႈဟာ လူသားခ်င္းစာနာေထာက္ထားမႈ ပ်က္ကြက္တယ္ဆိုတဲ့ ေဝဖန္မႈေတြ ရွိေနပါတယ္။

တီးတိန္ၿမိဳ႕၊ ကိုဗစ္-၁၉ အေရးေပၚေကာ္မတီကလည္း ပိုးေတြ႕လူနာ သုံးဦးကို တီးတိန္မွာပဲ ဆက္ထားမယ္ဆိုရင္ အထူးၾကပ္မတ္ ကုသေဆာင္ ေဆာက္လုပ္ေပးဖို႔၊ ၂၄ နာရီမီးရေအာင္ ေဆာင္႐ြက္ေပးဖို႔၊ ကူးစက္ေရာဂါ အထူးကု ဆရာဝန္ထားရွိေပးဖို႔ဆိုတဲ့ ေတာင္းဆိုခ်က္ေတြရွိပါတယ္။

ဒီလိုေတာင္းဆိုခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ အခက္အခဲရွိႏိုင္ၿပီး တဖက္မွာ လူထုစိုးရိမ္ခ်က္ေတြ ေလ်ာ့က်ေအာင္ က်န္းမာေရးဝန္ႀကီးဌာနက အခ်ိန္နဲ႔တေျပးညီ ေျဖရွင္းဖို႔ လိုအပ္ေနတယ္လို႔ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာ ဥကၠာၾကည္ဝင္းက ေျပာပါတယ္။

“အခုလက္ရွိအေျခအေနကေတာ့ အားလုံးသိတဲ့အတိုင္းပဲ တေနရာတည္း ျဖစ္ေနတာမဟုတ္ဘူး။ ရန္ကုန္ ေဆး႐ုံႀကီးတို႔၊ ေျမာက္ဥကၠလာပ ေဆး႐ုံႀကီးတို႔ တကယ့္ စင္တာအႀကီးေတြမွာေတာင္ ဝန္နဲ႔အားနဲ႔ မမွ်ဘူူး။ အဲကိုပို႔ဖို႔ဆိုတာကေတာ့ နည္းနည္းေတာ့ အခက္အခဲရွိမယ္လို႔ ကြၽန္ေတာ္ေတာ့ ျမင္တယ္။ ျပည္သူေတြအေန နဲ႔ကလည္း သူတို႔ရဲ႕ စိုးရိမ္စိတ္ကို သြားအျပစ္ေျပာလို႔မရဘူး။ ေဆးပညာရွင္ မဟုတ္တဲ့အတြက္ သူတို႔ရဲ႕ စိုးရိမ္စိတ္ကလည္း မ်ားေနမွာပဲ။ အဲဒီအခ်ိန္မွာ တာဝန္ရွိသူေတြက အခ်ိန္နဲ႔ တေျပးညီ ဒီသတင္းတက္လာ ၿပီေဟ့ဆိုရင္ ဒီအတြက္ သတင္းထုတ္ျပန္သတင္းေျပာေပး အဲလိုမ်ိဳးဆိုရင္ေတာ့ အဆင္ေျပမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”

ကူးစက္ေရာဂါအထူးကု ဆရာဝန္မဟုတ္လည္း WHO ရဲ႕ လမ္းၫြန္ခ်က္ေတြနဲ႔အညီ တျခားေသာ ဆရာဝန္ေတြက ကုသႏိုင္တယ္လို႔ သူက ေျပာပါတယ္။ 

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဧၿပီလ ၁၅ ရက္ေန႔ မနက္ ၁၀ နာရီခြဲအခ်ိန္ ထုတ္ျပန္ခ်က္အရ ပိုးေတြ႕လူနာ ၇၄ ဦး ရွိေနပါၿပီ။ ေသဆုံးသြားသူက ေလးဦးပါ။ က်န္းမာေရးေကာင္းမြန္လို႔ ေဆး႐ုံကေန ဆင္းသြားသူ ႏွစ္ဦး ရွိပါတယ္။ ေဆးကုသမႈခံေနတဲ့ ပိုးေတြ႕လူနာ ၆၈ ဦးထဲမွာ ၅၉ ဦးက ရန္ကုန္ၿမိဳ႕၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ေဝဘာဂီ ေဆး႐ုံမွာ ျဖစ္ပါတယ္။

ေဝမာထြန္း / RFA Burmese
---------------------------------
လူနာရွှေ့ပြောင်းမှုကန့်ကွက်တဲ့ ကလေးမြို့မှာ အမျိုသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရ


ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ် အတည်ပြု လူနာ သုံးဦးကို ကလေးမြို့ ဆေးရုံကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကြောင့် ကလေးမြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက် ကြောင်း ဧပြီလ ၁၄ ရက်နေ့မနေ့က စာထုတ်ခဲ့ပြီးနောက် ၁၅ ရက်နေ့ ဒီနေ့မှာတော့ ကလေးမြို့မှာ ပိုးတွေ့လူနာ တစ်ယောက် ရှိလာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့ရှိခဲ့တဲ့ လူနာ အမှတ် (၁)၊ သူရဲ့ မိခင် လူနာ အမှတ် ၂၃၊ သူနဲ့ထိတွေ့ခဲ့ဖူးသူ လူနာအမှတ် ၃၁ တို့ကို ချင်းပြည်နယ်၊ တီးတိန်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသနေတာပါ။

မြို့နယ်အဆင့်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ သူတို့ သုံးဦးရဲ့ ရေရှည်ကျန်းမာရေးအတွက် တီးတိန်ပြည်သူ့ဆေးရုံ ထက် ပိုအဆင်ပြေနိုင်မယ့် နေရာတွေကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ရာမှာ ကန့်ကွက်မှုတွေရှိလာတာ ဖြစ်ပါတယ်။

မူလက ဖလမ်းမြို့ဆေးရုံကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ခဲ့ပြီး ဖလမ်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇုန်လှယ်ထန်းက ကန့်ကွက်ထားကြောင်း သူရဲ့လူမှုကွန်ယက်ကတဆင့် စာရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး မြို့နေလူထုက ကန့်ကွက်ကြောင်းစာကို အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မနေ့က ပေးပို့ခဲ့ပါတယ်။

ဖလမ်းနဲ့ ကလေးဆေးရုံတွေဟာ တီးတိန်ဆေးရုံထက်စာရင် လူနာတွေအတွက် ပိုစိတ်ချရနိုင်ခြေရှိပြီး အခုလို ကန့်ကွက်ကြတာကို စိတ်မကောင်းဖြစ်ရတယ်လို့ တီးတိန်မြို့၊ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ထောင်းရှန်းတုန်း က ပြောပါတယ်။

“တကယ်ဝမ်းနည်းတယ် ပြောရမယ်။ ကျွန်တော်တို့မှာ အထူးကြပ်မတ် ကုသဆောင် ICU မရှိဘူး။ သူတို့မှာ ICU ရှိတယ်။ ကျွန်တော်တို့ဆီမှာ အစိုးရပေးတဲ့ လျှပ်စစ်မီးက သုံးရက်မှ တစ်ခါလောက်လာတယ်။ သူတို့မှာ ၂၄ နာရီလာတာပဲ။ဆရာဝန်၊ ဆရာမတွေက အစလေ ကျွန်တော်တို့ထက် အများကြီးသာတယ်လေ”

ဧပြီလ ၁၅ ရက်နေ့ ဒီနေ့မနက်မှာ ကျန်းမာရေးဝန်ကြီးဌာနက နောက်ထပ် ပိုးတွေ့လူနာ ၁၂ ယောက်စာရင်းကို ထုတ်ပြန်ရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က တစ်ဦး ပါဝင်လာပါတယ်။

သူဟာ လူနာ အမှတ် ၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရောက်ခဲ့စဉ်က တည်းခိုခဲ့တဲ့ နေအိမ်က အိမ်ရှင်အမျိုးသမီး ဖြစ်ပြီး အသက် ၆၃ နှစ် ပါ။

ဒီနေ့မနက်မှာ သူ့ရဲ့ နေအိမ်ကို အသွားအလာ ကန့်သတ်လိုက်ပါတယ်။ အစိုးရက ဒီလူနာအမျိုးသမီးကို ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ကုသဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်က လူနာ သုံးဦးကိုတော့ ကလေးမြို့ကို ရွှေ့ပြောင်းတာမရှိသေးဘူးလို့ ကန့်ကွက်ရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့ခံ ကိုကျော်သက်ဝင်းက ပြောပါတယ်။

“တခုခု လွဲချော်သွားရင် ကူးစက်နှုန်းက မြင့်လာမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကန့်ကွက်တာပါပဲ။ အဓိကကတော့ တကယ့်ကို အဆင့်မီဆေးရုံတွေပို့ဖို့အတွက် တင်ပြတဲ့ အဆင့်ပါပဲ။ သူတို့ သုံးယောက်လည်း အခုချိန်အထိတော့ မရောက်လာသေးပါဘူး။ ဒီဘက်မှာလည်း အဖွ့ဲအစည်းတွေကရော၊ ကျန်းမာရေး ဝန်ကြီးဌာနကရော ပြင်ဆင်တာတွေ မတွေ့ရသေးဘူး”

ကလေးမြို့ခံတွေ ကန့်ကွက်ထားတဲ့ စာနဲ့ပတ်သက်လို့လည်း အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း ကလေးမြို့ခံတွေရဲ့ ဆောင်ရွက်မှုဟာ လူသားချင်းစာနာထောက်ထားမှု ပျက်ကွက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

တီးတိန်မြို့၊ ကိုဗစ်-၁၉ အရေးပေါ်ကော်မတီကလည်း ပိုးတွေ့လူနာ သုံးဦးကို တီးတိန်မှာပဲ ဆက်ထားမယ်ဆိုရင် အထူးကြပ်မတ် ကုသဆောင် ဆောက်လုပ်ပေးဖို့၊ ၂၄ နာရီမီးရအောင် ဆောင်ရွက်ပေးဖို့၊ ကူးစက်ရောဂါ အထူးကု ဆရာဝန်ထားရှိပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေရှိပါတယ်။

ဒီလိုတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အခက်အခဲရှိနိုင်ပြီး တဖက်မှာ လူထုစိုးရိမ်ချက်တွေ လျော့ကျအောင် ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။

“အခုလက်ရှိအခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပဲ တနေရာတည်း ဖြစ်နေတာမဟုတ်ဘူး။ ရန်ကုန် ဆေးရုံကြီးတို့၊ မြောက်ဥက္ကလာပ ဆေးရုံကြီးတို့ တကယ့် စင်တာအကြီးတွေမှာတောင် ဝန်နဲ့အားနဲ့ မမျှဘူူး။ အဲကိုပို့ဖို့ဆိုတာကတော့ နည်းနည်းတော့ အခက်အခဲရှိမယ်လို့ ကျွန်တော်တော့ မြင်တယ်။ ပြည်သူတွေအနေ နဲ့ကလည်း သူတို့ရဲ့ စိုးရိမ်စိတ်ကို သွားအပြစ်ပြောလို့မရဘူး။ ဆေးပညာရှင် မဟုတ်တဲ့အတွက် သူတို့ရဲ့ စိုးရိမ်စိတ်ကလည်း များနေမှာပဲ။ အဲဒီအချိန်မှာ တာဝန်ရှိသူတွေက အချိန်နဲ့ တပြေးညီ ဒီသတင်းတက်လာ ပြီဟေ့ဆိုရင် ဒီအတွက် သတင်းထုတ်ပြန်သတင်းပြောပေး အဲလိုမျိုးဆိုရင်တော့ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်”

ကူးစက်ရောဂါအထူးကု ဆရာဝန်မဟုတ်လည်း WHO ရဲ့ လမ်းညွန်ချက်တွေနဲ့အညီ တခြားသော ဆရာဝန်တွေက ကုသနိုင်တယ်လို့ သူက ပြောပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၇၄ ဦး ရှိနေပါပြီ။ သေဆုံးသွားသူက လေးဦးပါ။ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံကနေ ဆင်းသွားသူ နှစ်ဦး ရှိပါတယ်။ ဆေးကုသမှုခံနေတဲ့ ပိုးတွေ့လူနာ ၆၈ ဦးထဲမှာ ၅၉ ဦးက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီ ဆေးရုံမှာ ဖြစ်ပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/news/coronavirus-in-chin-state-04152020062605.html
လူနာေ႐ႊ႕ေျပာင္းမႈကန႔္ကြက္တဲ့ ကေလးၿမိဳ႕မွာ အမ်ိဳသမီးတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရ လူနာေ႐ႊ႕ေျပာင္းမႈကန႔္ကြက္တဲ့ ကေလးၿမိဳ႕မွာ အမ်ိဳသမီးတစ္ဦး ဗိုင္းရပ္စ္ကူးစက္ခံရ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.