ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာအေရးေပၚ အေျခအေနေၾကညာ

ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe

(Zawgyi/Unicode)

ကမၻာ့ကပ္ေရာဂါ COVID-19 ေၾကာင့္ ဂ်ပန္ႏုိင္ငံမွာ အေရးေပၚအေျခအေနကို ဒီကေန႔ပဲ ထုတ္ျပန္လိုက္ပါတယ္။ ေရာဂါကူးစက္ပ်ံ ႔ႏွံ႔မႈ ျမင့္တက္ေနတဲ့ တိုက်ိဳနဲ႔ အျခားေဒသ ၆ ခုအတြက္ တလၾကာအေရးေပၚအေျခအေနု ထုတ္ျပန္လုိက္တာျဖစ္ၿပီး လူေတြအိမ္ျပင္မထြက္ၾကဖို႔၊ စီးပါြးေရးလုပ္ငန္းေတြ ပိတ္ထားဖို႔လည္း ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက တုိက္တြန္းခဲ့ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္စတင္ရာ တ႐ုတ္ႏုိင္ငံမွာေတာ့ COVID-19 နဲ႔ ေသဆုံးသူစာရင္းကို ၿပီးခဲ့တဲ့ဇန္န၀ါရီလကစၿပီး ထုတ္ျပန္လာတာမွာ ဒီကေန႔မွာေတာ့ ပထမဆုံးအေနနဲ႔ ေရာဂါေၾကာင့္ ေသဆုံးသူတဦးမွ မရွိေၾကာင္းေၾကျငာခဲ့ပါတယ္။ ေရာဂါကူးစက္ရာအခ်က္အျခာျဖစ္တ့ဲ ၀ူဟန္ၿမိဳ ႔က အသြားအလာကန္႔သတ္မႈေတြ ဖယ္ရွားေပးဖို႔ တရက္အလိုမွာ ခုလိုေၾကျငာတာလည္းျဖစ္ပါတယ္။ တရုတ္ႏုိင္ငံမွာ မတ္လကစၿပီး ေရာဂါကူးစက္မႈႏႈန္း သိသိသာသာက်ဆင္းသြားေပမဲ့ ျပည္ပက၀င္လာသူေတြကေန ပိုးကူးစက္မႈေတြနဲ႔ေနာက္တေက်ာ့ ရင္ဆုိင္ေနရတာပါ။

ျဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson

ၿဗိတိန္ႏုိင္ငံမွာေတာ့ COVID-19 ေရာဂါေၾကာင့္ ၀န္ႀကီးခ်ဳပ္ Boris Johnson ကိုအထူးၾကပ္မတ္ကုသေဆာင္ကို တနလၤာေန႔က ေျပာင္းေရႊ႔ခဲ့ရတာပါ။ ပိုးကူးခံရကတည္းက သီးျခားခြဲေနထုိင္ေနတဲ့ ၀န္ႀကီးခ်ဳပ္ Johnson ေရာဂါအေျခအေနဆိုးလာတာေၾကာင့္ အေရးေပၚဌာနကို ေျပာင္းေရႊ ႔ခဲ့ရေပမယ့္ အသက္ရႈကူစက္ ေတာ့ တပ္မထားရဘူးလို႔ သူ႔ရုံးက ေၾကျငာပါတယ္။

ၿဗိတိန္မွာ ပိုးကူးခံထားရသူ ၅၀,၀၀၀ ထက္မနည္းရွိသလို တနလာၤေန႔မွာေတာ့ ေသဆုံးသူ ၄၀၀ ထိ ရွိခဲ့ပါတယ္။ အေမရိကန္မွာေတာ့ ပိုးကူးခံထားရသူ ၃၆၀,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ ၁၁၀၀၀ ထက္မနည္းရွိေနတဲ့အတြက္ အိီတလီနဲ႔ စပိန္ႏုိင္ငံၿပီးရင္ COVID-19 ေၾကာင့္ေသဆုံးသူ အမ်ားဆုံးလည္းျဖစ္ပါတယ္။

ေတာင္ကိုရီးယားမွာေတာ့ အဂၤါေန႔မွာ လူနာသစ္ ၄၇ ဦးသာေတြ႔ရွိခဲ့ၿပီး အေျခအေနတည္ၿငိမ္သလို အေျခအေနျပန္ဆိုးမလာေအာင္ လူေတြကိုလည္း အိမ္ထဲမွာ ဆက္ၿပီးေနၾကဖို႔ တာ၀န္ရွိသူေတြ တုိက္တြန္းေနပါတယ္။

ဥေရာပႏုိ္င္ငံတခ်ိဳ ႔မွာလည္း အေျခအေနေတြ တိုးတက္လာတဲ့အတြက္ အသြားအလာကန္႔သတ္မႈတခ်ဳိ႕ကို ဖယ္ရွားေပးေနသလို တခ်ိဳ ႔ေဒသေတြမွာေတာ့ ပုံမွန္အေနအထားေတြတျဖည္းျဖည္္းျပန္ေရာက္လာေနပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားသူေတြမ်ားလာတဲ့ ဂ်ပန္ႏိုင္ငံ မွာ ဒီကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ဒီကေန႔ အဂၤါေန႔မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က အေရးေပၚအေျခအေနေၾကညာလိုက္တဲ့အခ်ိန္မွာပဲ ဂ်ပန္ေရာက္ျမန္မာ-ဂ်ပန္အသင္းတာဝန္ရွိသူကို က်မ ဆုမြန္က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။
ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe

ဂ်ပန္ႏုိင္ငံမွာ ဒီရက္ပိုင္းအတြင္း ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈႏႈန္းျမင့္လာတဲ့အတြက္ ပညာရွင္ေတြရဲ႕တိုက္တြန္းခ်က္ေတြအရ ဒီကေန႔မွာေတာ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က ဂ်ပန္ႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ တိုက်ိဳအပါအဝင္ ခရိုင္ ၆ ခုမွာ အေရးေပၚအေျခအေနေၾကညာလိုက္တာပါ။ အေရးေပၚအေျခအေနေၾကညာအၿပီး - ဂ်ပန္ႏုိင္ငံရဲ႕လက္တေလာအေျခအေန ဂ်ပန္ႏုိင္ငံက ျပည္ေထာင္စုျမန္မာႏုိင္ငံသားမ်ားအသင္း ဂ်ပန္ရဲ႕ အလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးသန္းေဆြက အခုလိုရွင္းျပပါတယ္။

"တႏိုင္ငံလံုးအတုိင္းအတာနဲ႔ေတာ့မဟုတ္ပါဘူး ကူးစက္မႈမ်ားတယ္ဆိုတဲ့ ၿမိဳ႕ေတာ္တိုက်ိဳနဲ႔ Kanagawa ခ႐ိုင္၊ Saitama ခ႐ိုင္ Chiba ခ်ီဘခ႐ုိင္၊ Osaka ခ႐ိုင္၊ Hyogo ခ႐ိုင္နဲ႔ Fukuoka ခ႐ိုင္ေတြမွာ State of Emergency ေၾကညာလိုက္တာပါ။ သူက lock down ေတာ့မလုပ္ဘူး။ သူက ႏုိင္ငံသားေတြကို အတတ္နုိင္ဆံုး အိမ္မွာပဲ ေနၾကဖို႔ မျဖစ္မေနထြက္ၾကဖို႔လိုမွပဲ ထြက္ၾကဖို႔ ေမတၱာရပ္ခံခ်က္နဲ႔ State of Emergency ေၾကညာလိုက္တာ။ သူေၾကညာထားတဲ့ State of Emergency ေၾကညာခ်က္ထဲမွာ ပံုမွန္ မျဖစ္မေနလုပ္ရမယ့္လုပ္ငန္းေတြ ဘဏ္လုပ္ငန္းေတြ ခရီးသြားလာေရးေတြ လူထုကို အစားအေသာက္ျဖန္႔ခ်ီရမယ့္ Department Store ဆိုင္ေတြ စတိုးလ္ေတြ ဘာေတြၾကေတာ့ ပံုမွန္လည္ပတ္ေနၾကရေတာ့ အဲ့ဒီ့ေတြမွာ တာဝန္ယူေနရတဲ့သူေတြက တျခားေတြကေန တုိက်ိဳကို လာအလုပ္လုပ္ရတဲ့သူေတြလည္းပါေတာ့ သူက Shutdown ေတာ့မလုပ္ဘူး။ ဒါေပမဲ့ အခုက လူက ေတာ္ေတာ္ေလးကို ရွင္းသြားတယ္။ ေနာက္တခုက အခုဆိုရင္လူေတြက အတတ္ႏုိင္ဆံုး အျပင္ကိုမထြက္ၾကေတာ့တဲ့အခါက်ေတာ့ စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ားကေတာ့ အကုန္ပိတ္ပစ္လုိက္ရတယ္။ အခုဆိုရင္ လမ္းမၾကီးေတြေပၚမွာ လူေတာ္ေတာ္မ်ားမ်ား ေျခာက္ေသြ႔ၿပီးေတာ့ လူေတြမရွိေတာ့ ေျခာက္ကပ္သြားတာေပါ့ေလ။"

လတ္တေလာမွာေတာ့ ၿမိဳ႕ေတာ္တိုက်ိဳမွာ ဒီကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္သူေတြ မ်ားလာေနၿပီး ေဆးရံုေဆးခန္းေတြနဲ႔ ကူးစက္မႈကာကြယ္ေရး ေဆာင္ရြက္ေနေပမဲ့လည္း အခုလိုကူးစက္မႈျမန္ဆန္လာတဲ့အေပၚ ဂ်ပန္ေရာက္ျမန္မာေတြဘက္က စိုးရိမ္မႈေတြရွိေနပါတယ္။

"ဒီၾကားထဲမွာ ဂ်ပန္မွာ ကိုဗစ္ကူးတဲ့လူနာေတြက တက္လာတဲ့ႏႈန္းကလည္း မ်ားလာတယ္ အခုဆိုရင္ တရက္နဲ႔တရက္ကို မတူဘူး မေန႔ကဆို ကူးစက္သူ ၁၄၀ နီးပါးျဖစ္တယ္။ ဒီေန႔ဆို ၈၀ေလာက္ပဲသိေသးတယ္။အဲ့ေတာ့ ဒီေရာဂါကိုေတြ႔တဲ့ႏႈန္းကလည္း ပံုမွန္မျဖစ္ေသးတဲ့အခါက်ေတာ့ စိုးရိမ္ၾကတယ္။ ဒီမွာရွိတဲ့ ေဆးဘက္ဆုိင္ရာဝန္ထမ္းေတြဘက္က ေန႔လည္ကဆုိ က်ေနာ္ ဆရာဝန္တေယာက္နဲ႔ စကားေျပာျဖစ္တယ္ ဒီ ၄လပိုင္း၊ ၅လပိုင္း ၂လေလာက္ေတာ့ ဂ်ပန္က ခံရဦးမယ္ဆိုၿပီေတာ့ က်န္းမာေရးအသိုင္းအဝိုင္းက စိုးရိမ္တၾကီး ေျပာျပတာရွိတယ္။"

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ဘက္က အေရးေပၚအေျခအေနေၾကညာဖို႔ ဝန္ေလးေနခဲ့တဲ့အေပၚမွာလည္း ေဝဖန္မႈေတြရွိခဲ့သလို အခုလိုေၾကညာလိုက္ခ်ိန္ ၿမိဳ႕ေတာ္တိုက်ိဳအပါအဝင္ စီးပြားေရးလုပ္ငန္းထိခိုက္လာတဲ့အတြက္ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားေတြ ဝင္ေငြထိခိုက္ၿပီး အခက္ခဲျဖစ္လာရတဲ့အေနအထား ဂ်ပန္ ျမန္မာသံရံုးဘက္က ေဆာင္ရြက္ေပးေနတဲ့အေနအထား အခုလို ေျပာျပပါတယ္။

"အခုအခ်ိန္ဆို အလုပ္ေတြေတာ္ေတာ္မ်ားမ်ား ရပ္လုိက္တဲ့အခါက်ေတာ့ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားေတြ ဝင္ေငြေတာ္ေတာ္အခက္ခဲျဖစ္ၾကတယ္။ ေနစရာအိမ္လခေပးဖို႔ မရွိ၊စားဖို႔ေသာက္ဖို႔ ေစ်းဝယ္စရာပိုက္ဆံမရွိ ဆိုၿပီး အခက္အခဲေတာ္ေတာ္ရွိတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားရွိလာတာေတြ႔တယ္။ ျဖစ္တာအမ်ားနဲ႔ဆိုေတာ့လည္း ျမန္မာသံရံုးအေနနဲ႔ကလည္း ထူးထူးျခားျခားတာဝန္ယူေပးႏုိင္တာမ်ိဳးေတာ့ မရွိႏုိင္ဘူး။ က်န္းမာေရးလမ္းညႊန္ခ်က္ အေရးေပၚညႊန္ၾကားခ်က္ေတြေတာ့ ေတာက္ေလ်ာက္ထုတ္ေပးေနတယ္။ ဆိုေတာ့ အခုဆို ဂ်ပန္ႏုိင္ငံသားေတြလည္း ေတာ္ေတာ္မ်ားမ်ား ဒီျပသနာေတြၾကံဳေနရေတာ့ ဂ်ပန္အစိုးရဘက္က ဒီအေမရိကန္အစိုးရလိုမ်ိဳး အခက္အခဲရွိေနတဲ့လူထုကို အိမ္လခ ဆိုင္လခ မီးလခ ေရလခေတြကို ေရႊ႕ဆိုင္းေပးတာမ်ိဳး အဲ့တာမ်ိဳးေတြမ်ား ရႏုိင္မလားလို႔ က်ေနာ္တို႔ေတြ နည္းလမ္းရွာေဖြၿပီး အစီအစဥ္ဆြဲေနၾကတယ္။"

မေန႔ တနလၤာေန႔ကေတာ့ ဒီကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးကို က်ားကန္ေပးဖုိ႔ အစိုးရက ေဒၚလာ ၁ trillion သံုးစြဲသြားမယ့္ အစီအစဥ္ကိုလည္း ဝန္ႀကီးခ်ဳပ္က ႔ေၾကညာခဲ့ပါတယ္။ ဒီအစီအစဥ္ကေတာ့ ဝင္ေငြထိခုိက္ၿပီး အကူညီလိုအပ္ေနတဲ့ မိသားစုေတြအတြက္ ေငြေၾကးေထာက္ပံ့တာနဲ႔ စီးပြားေရးလုပ္ငန္းေတြ အလုပ္အကိုင္္ေတြအတြက ေထာက္ပံ့မႈေတြေပးသြားဖို႔ျဖစ္ပါတယ္။


[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာအရေးပေါ် အခြေအနေကြေညာ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေကို ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ တိုကျိုနဲ့ အခြားဒေသ ၆ ခုအတွက် တလကြာအရေးပေါ်အခြေအနေု ထုတ်ပြန်လိုက်တာဖြစ်ပြီး လူတွေအိမ်ပြင်မထွက်ကြဖို့၊ စီးပါွးရေးလုပ်ငန်းတွေ ပိတ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံမှာတော့ COVID-19 နဲ့ သေဆုံးသူစာရင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ထုတ်ပြန်လာတာမှာ ဒီကနေ့မှာတော့ ပထမဆုံးအနေနဲ့ ရောဂါကြောင့် သေဆုံးသူတဦးမှ မရှိကြောင်းကြေငြာခဲ့ပါတယ်။ ရောဂါကူးစက်ရာအချက်အခြာဖြစ်တဲ့ ဝူဟန်မြို့က အသွားအလာကန့်သတ်မှုတွေ ဖယ်ရှားပေးဖို့ တရက်အလိုမှာ ခုလိုကြေငြာတာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မတ်လကစပြီး ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းသွားပေမဲ့ ပြည်ပကဝင်လာသူတွေကနေ ပိုးကူးစက်မှုတွေနဲ့နောက်တကျော့ ရင်ဆိုင်နေရတာပါ။

ဗြိတိန်နိုင်ငံမှာတော့ COVID-19 ရောဂါကြောင့် ဝန်ကြီးချုပ် Boris Johnson ကိုအထူးကြပ်မတ်ကုသဆောင်ကို တနင်္လာနေ့က ပြောင်းရွှေ့ခဲ့ရတာပါ။ ပိုးကူးခံရကတည်းက သီးခြားခွဲနေထိုင်နေတဲ့ ဝန်ကြီးချုပ် Johnson ရောဂါအခြေအနေဆိုးလာတာကြောင့် အရေးပေါ်ဌာနကို ပြောင်းရွှေ့ခဲ့ရပေမယ့် အသက်ရှုကူစက် တော့ တပ်မထားရဘူးလို့ သူ့ရုံးက ကြေငြာပါတယ်။

ဗြိတိန်မှာ ပိုးကူးခံထားရသူ ၅၀,၀၀၀ ထက်မနည်းရှိသလို တနလာၤနေ့မှာတော့ သေဆုံးသူ ၄၀၀ ထိ ရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ ပိုးကူးခံထားရသူ ၃၆၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၁၀၀၀ ထက်မနည်းရှိနေတဲ့အတွက် အီတလီနဲ့ စပိန်နိုင်ငံပြီးရင် COVID-19 ကြောင့်သေဆုံးသူ အများဆုံးလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားမှာတော့ အင်္ဂါနေ့မှာ လူနာသစ် ၄၇ ဦးသာတွေ့ရှိခဲ့ပြီး အခြေအနေတည်ငြိမ်သလို အခြေအနေပြန်ဆိုးမလာအောင် လူတွေကိုလည်း အိမ်ထဲမှာ ဆက်ပြီးနေကြဖို့ တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။

ဥရောပနိုင်ငံတချို့မှာလည်း အခြေအနေတွေ တိုးတက်လာတဲ့အတွက် အသွားအလာကန့်သတ်မှုတချို့ကို ဖယ်ရှားပေးနေသလို တချို့ဒေသတွေမှာတော့ ပုံမှန်အနေအထားတွေတဖြည်းဖြည်းပြန်ရောက်လာနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားသူတွေများလာတဲ့ ဂျပန်နိုင်ငံ မှာ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အရေးပေါ်အခြေအနေကြေညာလိုက်တဲ့အချိန်မှာပဲ ဂျပန်ရောက်မြန်မာ-ဂျပန်အသင်းတာဝန်ရှိသူကို ကျမ ဆုမွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းမြင့်လာတဲ့အတွက် ပညာရှင်တွေရဲ့တိုက်တွန်းချက်တွေအရ ဒီကနေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုအပါအဝင် ခရိုင် ၆ ခုမှာ အရေးပေါ်အခြေအနေကြေညာလိုက်တာပါ။ အရေးပေါ်အခြေအနေကြေညာအပြီး - ဂျပန်နိုင်ငံရဲ့လက်တလောအခြေအနေ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက အခုလိုရှင်းပြပါတယ်။

"တနိုင်ငံလုံးအတိုင်းအတာနဲ့တော့မဟုတ်ပါဘူး ကူးစက်မှုများတယ်ဆိုတဲ့ မြို့တော်တိုကျိုနဲ့ Kanagawa ခရိုင်၊ Saitama ခရိုင် Chiba ချီဘခရိုင်၊ Osaka ခရိုင်၊ Hyogo ခရိုင်နဲ့ Fukuoka ခရိုင်တွေမှာ State of Emergency ကြေညာလိုက်တာပါ။ သူက lock down တော့မလုပ်ဘူး။ သူက နိုင်ငံသားတွေကို အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ မဖြစ်မနေထွက်ကြဖို့လိုမှပဲ ထွက်ကြဖို့ မေတ္တာရပ်ခံချက်နဲ့ State of Emergency ကြေညာလိုက်တာ။ သူကြေညာထားတဲ့ State of Emergency ကြေညာချက်ထဲမှာ ပုံမှန် မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ ခရီးသွားလာရေးတွေ လူထုကို အစားအသောက်ဖြန့်ချီရမယ့် Department Store ဆိုင်တွေ စတိုးလ်တွေ ဘာတွေကြတော့ ပုံမှန်လည်ပတ်နေကြရတော့ အဲ့ဒီ့တွေမှာ တာဝန်ယူနေရတဲ့သူတွေက တခြားတွေကနေ တိုကျိုကို လာအလုပ်လုပ်ရတဲ့သူတွေလည်းပါတော့ သူက Shutdown တော့မလုပ်ဘူး။ ဒါပေမဲ့ အခုက လူက တော်တော်လေးကို ရှင်းသွားတယ်။ နောက်တခုက အခုဆိုရင်လူတွေက အတတ်နိုင်ဆုံး အပြင်ကိုမထွက်ကြတော့တဲ့အခါကျတော့ စီးပွားရေးလုပ်ငန်းတော်တော်များများကတော့ အကုန်ပိတ်ပစ်လိုက်ရတယ်။ အခုဆိုရင် လမ်းမကြီးတွေပေါ်မှာ လူတော်တော်များများ ခြောက်သွေ့ပြီးတော့ လူတွေမရှိတော့ ခြောက်ကပ်သွားတာပေါ့လေ။"

လတ်တလောမှာတော့ မြို့တော်တိုကျိုမှာ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူတွေ များလာနေပြီး ဆေးရုံဆေးခန်းတွေနဲ့ ကူးစက်မှုကာကွယ်ရေး ဆောင်ရွက်နေပေမဲ့လည်း အခုလိုကူးစက်မှုမြန်ဆန်လာတဲ့အပေါ် ဂျပန်ရောက်မြန်မာတွေဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

"ဒီကြားထဲမှာ ဂျပန်မှာ ကိုဗစ်ကူးတဲ့လူနာတွေက တက်လာတဲ့နှုန်းကလည်း များလာတယ် အခုဆိုရင် တရက်နဲ့တရက်ကို မတူဘူး မနေ့ကဆို ကူးစက်သူ ၁၄၀ နီးပါးဖြစ်တယ်။ ဒီနေ့ဆို ၈၀လောက်ပဲသိသေးတယ်။အဲ့တော့ ဒီရောဂါကိုတွေ့တဲ့နှုန်းကလည်း ပုံမှန်မဖြစ်သေးတဲ့အခါကျတော့ စိုးရိမ်ကြတယ်။ ဒီမှာရှိတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဘက်က နေ့လည်ကဆို ကျနော် ဆရာဝန်တယောက်နဲ့ စကားပြောဖြစ်တယ် ဒီ ၄လပိုင်း၊ ၅လပိုင်း ၂လလောက်တော့ ဂျပန်က ခံရဦးမယ်ဆိုပြီတော့ ကျန်းမာရေးအသိုင်းအဝိုင်းက စိုးရိမ်တကြီး ပြောပြတာရှိတယ်။"

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဘက်က အရေးပေါ်အခြေအနေကြေညာဖို့ ဝန်လေးနေခဲ့တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိခဲ့သလို အခုလိုကြေညာလိုက်ချိန် မြို့တော်တိုကျိုအပါအဝင် စီးပွားရေးလုပ်ငန်းထိခိုက်လာတဲ့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေထိခိုက်ပြီး အခက်ခဲဖြစ်လာရတဲ့အနေအထား ဂျပန် မြန်မာသံရုံးဘက်က ဆောင်ရွက်ပေးနေတဲ့အနေအထား အခုလို ပြောပြပါတယ်။

"အခုအချိန်ဆို အလုပ်တွေတော်တော်များများ ရပ်လိုက်တဲ့အခါကျတော့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေတော်တော်အခက်ခဲဖြစ်ကြတယ်။ နေစရာအိမ်လခပေးဖို့ မရှိ၊စားဖို့သောက်ဖို့ ဈေးဝယ်စရာပိုက်ဆံမရှိ ဆိုပြီး အခက်အခဲတော်တော်ရှိတဲ့သူတွေ တော်တော်များများရှိလာတာတွေ့တယ်။ ဖြစ်တာအများနဲ့ဆိုတော့လည်း မြန်မာသံရုံးအနေနဲ့ကလည်း ထူးထူးခြားခြားတာဝန်ယူပေးနိုင်တာမျိုးတော့ မရှိနိုင်ဘူး။ ကျန်းမာရေးလမ်းညွှန်ချက် အရေးပေါ်ညွှန်ကြားချက်တွေတော့ တောက်လျောက်ထုတ်ပေးနေတယ်။ ဆိုတော့ အခုဆို ဂျပန်နိုင်ငံသားတွေလည်း တော်တော်များများ ဒီပြသနာတွေကြုံနေရတော့ ဂျပန်အစိုးရဘက်က ဒီအမေရိကန်အစိုးရလိုမျိုး အခက်အခဲရှိနေတဲ့လူထုကို အိမ်လခ ဆိုင်လခ မီးလခ ရေလခတွေကို ရွှေ့ဆိုင်းပေးတာမျိုး အဲ့တာမျိုးတွေများ ရနိုင်မလားလို့ ကျနော်တို့တွေ နည်းလမ်းရှာဖွေပြီး အစီအစဉ်ဆွဲနေကြတယ်။"

မနေ့ တနင်္လာနေ့ကတော့ ဒီကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရက ဒေါ်လာ ၁ trillion သုံးစွဲသွားမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က့ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ ဝင်ငွေထိခိုက်ပြီး အကူညီလိုအပ်နေတဲ့ မိသားစုတွေအတွက် ငွေကြေးထောက်ပံ့တာနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်တွေအတွက ထောက်ပံ့မှုတွေပေးသွားဖို့ဖြစ်ပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com/a/japan-covid/5362960.html
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာအေရးေပၚ အေျခအေနေၾကညာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာအေရးေပၚ အေျခအေနေၾကညာ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.