စကၤာပူေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ၂ ပတ္ အျပင္မထြက္ဖုိ႔ အမိန္႔ထုတ္

စကၤာပူေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြေနတဲ့ တန္းလ်ား

(Zawgyi/Unicode)

စကၤာပူေရာက္ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြကို ၂ ပတ္ၾကာ ေနအိမ္အျပင္မထြက္ပဲေနၾကဖို႔ဆိုတဲ့ စကၤာပူအစိုးရရဲ႕ အမိန္႔ဟာ အလုပ္သမားေတြၾကား ေရာဂါကူးစက္မႈ ပိုမ်ားလာႏိုင္ၿပီး ထိန္းမရေအာင္ ဒုကၡေရာက္သြားႏိုင္တယ္လို႔ အျပည္ျပည္ဆုိင္ရာ လူ႔အခြင့္ေရးအဖြဲ႔ Amnesty International AI က ေထာက္ျပ ေဝဖန္လုိက္ပါတယ္။

ဒါေပမဲ့ စကၤာပူအစိုးရက အခုလုိ ကိုင္တြယ္ေဆာင္ရြက္မႈနဲ႔ ပတ္သက္လို႔ စကၤာပူျမန္မာ အသိုင္းအဝိုင္းၾကား ႀကဳိဆိုသူ တခ်ဳိ႕လည္း ရွိပါတယ္။ ဒီအေၾကာင္းကို ဆက္ၿပီး ကိုဥာဏ္ဝင္းေအာင္တင္ျပထားပါတယ္။

စကၤာပူႏိုင္ငံမွာ ျမန္မာလူမ်ဳိးေတြအပါအဝင္ ႏိုင္ငံျခားသား ေရႊ႕ေျပာင္း အလုပ္သမားေတြၾကား ကုိရိုနာဗုိင္းရပ္စ္ ကူးစက္မႈအသစ္ေတြ တိုးလာတာေၾကာင့္ အလုပ္သမားေတြ အိမ္အျပင္မထြက္ပဲ ေနၾကဖို႔ စကၤာပူအစိုးရက ဧၿပီ(၆)ရက္ေန႔မွာ အမိန္႔ထုတ္လိုက္တာပါ။

စကၤာပူႏိုင္ငံ Punggol အရပ္မွာရွိတဲ့ SS11 အလုပ္သမားတန္းလ်ားနဲ႔ Westlite Toh Guan အရပ္မွာရွိတဲ့ တန္းလ်ားေတြမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူ(၉၀) ရွိခဲ့တာေၾကာင့္ အဲဒီ တန္းလ်ားမွာေနၾကတဲ့ အလုပ္သမား ေတြ ေနအိမ္အျပင္မထြက္ပဲ ၂ ပတ္ၾကာ Quarantine သီးသန္႔ခြဲေနၾကဖို႔ ကန္႔သတ္လိုက္တာ ျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ဟာ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမား ၂ ေသာင္းေလာက္ ေနထုိင္တဲ့ အဲဒီတန္းလ်ား ရပ္ကြက္ ႏွစ္ခုထဲမွာ အလုပ္သမား အခ်င္းခ်င္းၾကား ေရာဂါ ကူးစက္မႈ ပိုမ်ားလာႏိုင္ၿပီး အေျခအေန ပိုဆိုးသြားႏိုင္တယ္လို႔ အျပည္ျပည္ဆုိင္ရာ လူ႔အခြင့္ေရးအဖြဲ႔ AI က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဝဖန္လုိက္ပါတယ္။ စကၤာပူက အလုပ္သမားေတြရဲ႕ ေနအိမ္က်ဥ္းေျမာင္းမႈ ျပႆနာနဲ႔ အလုပ္သမားအခြင့္ အေရး အျပည့္အဝ မရွိတဲ့ အေျခအေနကို AI အဖြဲ႔က အေစာပုိင္းထဲက ေထာက္ျပလာခဲ့တာပါ ။ အခန္းက်ဥ္းေတြထဲ လူစုလူေဝးနဲ႔ ေနထုိင္ရတဲ့ အေျခအေနဟာ ေရာဂါရွိသူနဲ႔ မရွိသူၾကား သီးျခားစီ ခြဲေနဖို႔ အင္မတန္ခက္ခဲတဲ့ အေၾကာင္း AI အဖြဲ႔ရဲ႕ စကၤာပူႏိုင္ငံ ဆုိင္ရာ သုေတသီ A Rachel Chhoa-Howard က မွတ္ခ်က္ေပးေျပာထားတာကို AI ရဲ႕ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ဒါေပမဲ့ ကုိရိုနာဗုိင္းရပ္စ္ ကာကြယ္ ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ ကမၻာကေတာင္ ခ်ီးက်ဴးခဲ့ရတဲ့ စကၤာပူႏိုင္ငံမွာ အစိုးရရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာေနထိုင္မယ္ဆုိရင္ လူေတြအတြက္ အႏၱရာယ္ကင္းတာေၾကာင့္ စကၤာပူ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာတူတယ္လို႔ စကၤာပူမွာ ေနတဲ့ ျမန္မာအိမ္ရွင္မတဦးျဖစ္သူ မ ေမေက်ာ္စိုးညြန္႔က ေျပာပါတယ္။

“ ဒီအစိုးရက ထိန္းလိုက္တဲ့သေဘာက ျဖစ္ရင္ေတာင္ အလုပ္သမား တန္းလ်ားေတြမွာ သူတို႔ ထိန္းရလြယ္ဦးမယ္။ အျပင္ကို ျပန္႔သြားရင္ သူတို႔ ထိန္းရ ပိုခက္သြားလိမ့္မယ္။ ဒီေရႊ႕ေျပာင္းအလုပ္သမားေတြသည္ သူတို႔ နားရက္ရတာနဲ႔ ထြက္ၾကမယ္ ။ ထြက္ၾကတာနဲ႔ သူတို႔က ေတြ႔ၾကမယ္၊ ဆံုၾကမယ္၊ ရင္းရင္းႏွီးႏွီး ေပါင္းတာေတြက မ်ားၾကတယ္။ တေယာက္နဲ႔ တေယာက္ ကူးစက္ျမန္တဲ့ဟာဆိုေတာ့ သူတို႔က အဲဒီ ျပႆနာကို ႀကိဳျမင္လို႔ လုပ္တာလို႔ ညီမကေတာ့ ျမင္တယ္။ အဲဒီအလုပ္သမား တန္းလ်ား ေတြက အရမ္းက်ဥ္းတဲ့အတြက္ ျဖစ္လာရင္ ခ်က္ခ်င္း ဘယ္သူမွ ႏိုင္မွာ မဟုတ္ဘူး။ ေနာက္ၿပီး အလုပ္သမားေတြကိုလည္း သူတို႔ ကိုယ္တိုင္ အကုန္ေစာင့္ေရွာက္ရတာ ။ အကုန္လံုး စားဖို႔ ၊ ေသာက္ဖို႔ အကုန္လံုး စီစဥ္ေပးရတာ။ အဲဒါေၾကာင့္ သူတို႔ ထိန္းဖို႔ႀကိဳးစားတယ္လို႔ ညီမကေတာ့ အေကာင္းဘက္က ျမင္တာေပါ့ေနာ္။”

အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ ဆုိရင္လည္း စကၤာပူႏိုင္ငံ ဟာ ကုိရိုနာ ဗုိင္းရပ္စ္ ကူးစက္မႈ အေစာဆုံး ႀကဳံခဲ့ရၿပီး ထိန္းခ်ဳပ္မႈ အပိုင္းမွာ ႏိုင္ႏိုင္နင္းနင္း ရွိခဲ့တာေၾကာင့္ အစုိးရအေပၚ ယုံၾကည္မႈ ထားမိတယ္လို႔ မ ေမေက်ာ္စုိးညြန္႔က ေျပာပါတယ္။

“ညီမတို႔ဆီမွာ စျဖစ္ၿပီဆိုတာနဲ႔ သူတို႔က လူေတြကို သတိေပးတယ္။ Mask ေတြလည္း သူတို႔ကိုယ္တိုင္ ေ၀ေပးတယ္ ၊ မ်က္ႏွာေတြ ကာဖို႔အတြက္။ အစိုးရ ကိုယ္တိုင္က ေသခ်ာေ၀ၿပီးေတာ့ အသိပညာပါ ေပးတယ္။ တကယ္ ႏွာေစး ၊ ေခ်ာင္းဆိုးျဖစ္တဲ့ လူပဲ သံုးပါလို႔ေတာ့ အရင္က ေျပာတာေပါ့ေနာ္။ အဲလိုေျပာၿပီး သူတို႔ စထိန္းပါတယ္။ ထိန္းၿပီးေတာ့ Local မွာျဖစ္တာထက္ကို ညီမတို႔ဆီမွာ အဆိုးဆံုးျဖစ္လာတာက ဒီ ႏိုင္ငံျခားက ျပန္၀င္လာတဲ့လူေတြရဲ႕ case ေတြက အရမ္းမ်ားသြားတယ္။ အရမ္းမ်ားသြားေတာ့ သူတို႔ အဲဒီ case ေတြကို လိုက္ထိန္းေနတဲ့ အခ်ိန္မွာပဲ ၊ အခုအခ်ိန္မွာ ထပ္ၿပီး ဆိုးလာတာက Unlink ဆိုတာ virus က ဘယ္လို ကူးေနမွန္းမသိတဲ့ ကြင္းဆက္-လင့္ခ္ေတြကို အစိုးရက လိုက္ဖမ္းလို႔ မရတဲ့အတြက္ အခုက လံုး၀ Lock Down ခ်ဖို႔ စဥ္းစားလိုက္တာ။”

ျမန္မာႏိုင္ငံထက္စာရင္ စကၤာပူမွာ ကုိရိုနာဗုိင္းရပ္စ္ ကူးစက္မႈ ပိုမ်ားေပမဲ့ စကၤာပူမွာေနတဲ့ ျမန္မာ အမ်ားစုကေတာ့ ေလာေလာဆယ္ ျမန္မာျပည္ကို မျပန္ၾကဘူးလို႔ သူကေျပာပါတယ္။

ကုိရိုနာဗုိင္းရပ္စ္ ကူးစက္မႈအႏၱရယ္ကို အေသခ်ာ ထိန္းခ်ဳပ္ႏိုင္ဖို႔ အခုဆုိရင္ စကၤာပူတႏိုင္ငံလုံးကလူေတြ မလိုအပ္ပဲ အိမ္ျပင္မထြက္ၾကဖို႔ Lockdown အမိန္႔ကို စကၤာပူအစိုးရက ထုတ္ျပန္လိုက္ၿပီး ဧၿပီ(၇)ေန႔က စလို႔ အက်ဳိးသက္ေရာက္မွာျဖစ္ပါတယ္။ ေန႔စဥ္လိုအပ္တဲ့ စားေသာက္ကုန္ ေဆးဝါး ေရာင္းခ်ေနတဲ့ လုပ္ငန္းေတြက လြဲလို႔ က်န္လုပ္ငန္းေတြ ပိတ္ထားရမွာ ျဖစ္ၿပီး၊ ရုံးအလုပ္ေတြကိုလည္း ေနအိမ္ေတြကေန လုပ္ၾကဖို႔ ညႊန္ၾကားထားပါတယ္။

စကၤာပူႏိုင္ငံမွာ ခုခ်ိန္ထို ကိုရိုနားဗိုင္းရပ္စ္ ကူးစက္သူေပါင္း (၁၃၇၀) ေက်ာ္ရွိၿပီး သူဆုံးသူ (၆)ဦးရွိပါတယ္။


...............

စင်္ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားတွေ ၂ ပတ် အပြင်မထွက်ဖို့ အမိန့်ထုတ်

(Unicode)

စင်္ကာပူရောက် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ၂ ပတ်ကြာ နေအိမ်အပြင်မထွက်ပဲနေကြဖို့ဆိုတဲ့ စင်္ကာပူအစိုးရရဲ့ အမိန့်ဟာ အလုပ်သမားတွေကြား ရောဂါကူးစက်မှု ပိုများလာနိုင်ပြီး ထိန်းမရအောင် ဒုက္ခရောက်သွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးအဖွဲ့ Amnesty International AI က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ဒါပေမဲ့ စင်္ကာပူအစိုးရက အခုလို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ စင်္ကာပူမြန်မာ အသိုင်းအဝိုင်းကြား ကြိုဆိုသူ တချို့လည်း ရှိပါတယ်။ ဒီအကြောင်းကို ဆက်ပြီး ကိုဉာဏ်ဝင်းအောင်တင်ပြထားပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာလူမျိုးတွေအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တိုးလာတာကြောင့် အလုပ်သမားတွေ အိမ်အပြင်မထွက်ပဲ နေကြဖို့ စင်္ကာပူအစိုးရက ဧပြီ(၆)ရက်နေ့မှာ အမိန့်ထုတ်လိုက်တာပါ။

စင်္ကာပူနိုင်ငံ Punggol အရပ်မှာရှိတဲ့ SS11 အလုပ်သမားတန်းလျားနဲ့ Westlite Toh Guan အရပ်မှာရှိတဲ့ တန်းလျားတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ(၉၀) ရှိခဲ့တာကြောင့် အဲဒီ တန်းလျားမှာနေကြတဲ့ အလုပ်သမား တွေ နေအိမ်အပြင်မထွက်ပဲ ၂ ပတ်ကြာ Quarantine သီးသန့်ခွဲနေကြဖို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၂ သောင်းလောက် နေထိုင်တဲ့ အဲဒီတန်းလျား ရပ်ကွက် နှစ်ခုထဲမှာ အလုပ်သမား အချင်းချင်းကြား ရောဂါ ကူးစက်မှု ပိုများလာနိုင်ပြီး အခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးအဖွဲ့ AI က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝေဖန်လိုက်ပါတယ်။ စင်္ကာပူက အလုပ်သမားတွေရဲ့ နေအိမ်ကျဉ်းမြောင်းမှု ပြဿနာနဲ့ အလုပ်သမားအခွင့် အရေး အပြည့်အဝ မရှိတဲ့ အခြေအနေကို AI အဖွဲ့က အစောပိုင်းထဲက ထောက်ပြလာခဲ့တာပါ ။ အခန်းကျဉ်းတွေထဲ လူစုလူဝေးနဲ့ နေထိုင်ရတဲ့ အခြေအနေဟာ ရောဂါရှိသူနဲ့ မရှိသူကြား သီးခြားစီ ခွဲနေဖို့ အင်မတန်ခက်ခဲတဲ့ အကြောင်း AI အဖွဲ့ရဲ့ စင်္ကာပူနိုင်ငံ ဆိုင်ရာ သုတေသီ A Rachel Chhoa-Howard က မှတ်ချက်ပေးပြောထားတာကို AI ရဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ကမ္ဘာကတောင် ချီးကျူးခဲ့ရတဲ့ စင်္ကာပူနိုင်ငံမှာ အစိုးရရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာနေထိုင်မယ်ဆိုရင် လူတွေအတွက် အန္တရာယ်ကင်းတာကြောင့် စင်္ကာပူ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်လို့ စင်္ကာပူမှာ နေတဲ့ မြန်မာအိမ်ရှင်မတဦးဖြစ်သူ မ မေကျော်စိုးညွန့်က ပြောပါတယ်။

“ ဒီအစိုးရက ထိန်းလိုက်တဲ့သဘောက ဖြစ်ရင်တောင် အလုပ်သမား တန်းလျားတွေမှာ သူတို့ ထိန်းရလွယ်ဦးမယ်။ အပြင်ကို ပြန့်သွားရင် သူတို့ ထိန်းရ ပိုခက်သွားလိမ့်မယ်။ ဒီရွှေ့ပြောင်းအလုပ်သမားတွေသည် သူတို့ နားရက်ရတာနဲ့ ထွက်ကြမယ် ။ ထွက်ကြတာနဲ့ သူတို့က တွေ့ကြမယ်၊ ဆုံကြမယ်၊ ရင်းရင်းနှီးနှီး ပေါင်းတာတွေက များကြတယ်။ တယောက်နဲ့ တယောက် ကူးစက်မြန်တဲ့ဟာဆိုတော့ သူတို့က အဲဒီ ပြဿနာကို ကြိုမြင်လို့ လုပ်တာလို့ ညီမကတော့ မြင်တယ်။ အဲဒီအလုပ်သမား တန်းလျား တွေက အရမ်းကျဉ်းတဲ့အတွက် ဖြစ်လာရင် ချက်ချင်း ဘယ်သူမှ နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး အလုပ်သမားတွေကိုလည်း သူတို့ ကိုယ်တိုင် အကုန်စောင့်ရှောက်ရတာ ။ အကုန်လုံး စားဖို့ ၊ သောက်ဖို့ အကုန်လုံး စီစဉ်ပေးရတာ။ အဲဒါကြောင့် သူတို့ ထိန်းဖို့ကြိုးစားတယ်လို့ ညီမကတော့ အကောင်းဘက်က မြင်တာပေါ့နော်။”

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆိုရင်လည်း စင်္ကာပူနိုင်ငံ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အစောဆုံး ကြုံခဲ့ရပြီး ထိန်းချုပ်မှု အပိုင်းမှာ နိုင်နိုင်နင်းနင်း ရှိခဲ့တာကြောင့် အစိုးရအပေါ် ယုံကြည်မှု ထားမိတယ်လို့ မ မေကျော်စိုးညွန့်က ပြောပါတယ်။

“ညီမတို့ဆီမှာ စဖြစ်ပြီဆိုတာနဲ့ သူတို့က လူတွေကို သတိပေးတယ်။ Mask တွေလည်း သူတို့ကိုယ်တိုင် ဝေပေးတယ် ၊ မျက်နှာတွေ ကာဖို့အတွက်။ အစိုးရ ကိုယ်တိုင်က သေချာဝေပြီးတော့ အသိပညာပါ ပေးတယ်။ တကယ် နှာစေး ၊ ချောင်းဆိုးဖြစ်တဲ့ လူပဲ သုံးပါလို့တော့ အရင်က ပြောတာပေါ့နော်။ အဲလိုပြောပြီး သူတို့ စထိန်းပါတယ်။ ထိန်းပြီးတော့ Local မှာဖြစ်တာထက်ကို ညီမတို့ဆီမှာ အဆိုးဆုံးဖြစ်လာတာက ဒီ နိုင်ငံခြားက ပြန်ဝင်လာတဲ့လူတွေရဲ့ case တွေက အရမ်းများသွားတယ်။ အရမ်းများသွားတော့ သူတို့ အဲဒီ case တွေကို လိုက်ထိန်းနေတဲ့ အချိန်မှာပဲ ၊ အခုအချိန်မှာ ထပ်ပြီး ဆိုးလာတာက Unlink ဆိုတာ virus က ဘယ်လို ကူးနေမှန်းမသိတဲ့ ကွင်းဆက်-လင့်ခ်တွေကို အစိုးရက လိုက်ဖမ်းလို့ မရတဲ့အတွက် အခုက လုံး၀ Lock Down ချဖို့ စဉ်းစားလိုက်တာ။”

မြန်မာနိုင်ငံထက်စာရင် စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုများပေမဲ့ စင်္ကာပူမှာနေတဲ့ မြန်မာ အများစုကတော့ လောလောဆယ် မြန်မာပြည်ကို မပြန်ကြဘူးလို့ သူကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရယ်ကို အသေချာ ထိန်းချုပ်နိုင်ဖို့ အခုဆိုရင် စင်္ကာပူတနိုင်ငံလုံးကလူတွေ မလိုအပ်ပဲ အိမ်ပြင်မထွက်ကြဖို့ Lockdown အမိန့်ကို စင်္ကာပူအစိုးရက ထုတ်ပြန်လိုက်ပြီး ဧပြီ(၇)နေ့က စလို့ အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ စားသောက်ကုန် ဆေးဝါး ရောင်းချနေတဲ့ လုပ်ငန်းတွေက လွဲလို့ ကျန်လုပ်ငန်းတွေ ပိတ်ထားရမှာ ဖြစ်ပြီး၊ ရုံးအလုပ်တွေကိုလည်း နေအိမ်တွေကနေ လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံမှာ ခုချိန်ထို ကိုရိုနားဗိုင်းရပ်စ် ကူးစက်သူပေါင်း (၁၃၇၀) ကျော်ရှိပြီး သူဆုံးသူ (၆)ဦးရှိပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com/a/singapore-covid-19-migrant-workers-lock-down/5362651.html
စကၤာပူေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ၂ ပတ္ အျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ စကၤာပူေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ၂ ပတ္ အျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.