အစိုးရက ေထာက္ပံ့ကူညီမႈ လိုအပ္သူစာရင္း စတင္ေကာက္ယူ

(Zawgyi)⤵⤵⤵

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို စားေသာက္ကုန္ ငါးမ်ိဳး ေထာက္ပံ့ဖို႔အတြက္ သက္ဆိုင္ရာ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးေတြ ဒီေန႔ကစၿပီး စာရင္းေကာက္ယူေနၿပီး ဧၿပီ ၁၀ ရက္ေန႔ကစလို႔ ေထာက္ပံ့မႈေတြ စတင္ေပး ႏိုင္ေရး စီစဥ္ေနပါတယ္။

ဆိုက္ကားနင္းသူ၊ ေခါင္း႐ြက္ေဈးသည္၊ ပန္းရံ၊ လက္သမား၊ ကုန္ထမ္း စသျဖင့္ ပုံမွန္ဝင္ေငြမရွိဘဲ ဝင္ေငြရပ္သြား ႏိုင္တဲ့သူေတြကို စာရင္းေကာက္ဖို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးေတြက ၫႊန္ၾကားထားတယ္လို႔ ရန္ကုန္တိုင္း ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္ က ေျပာပါတယ္။

"ေခါင္း႐ြက္ဗ်က္ထိုးကစၿပီး ဆိုက္ကားဆရာ ေန႔စဥ္ဝင္ေငြ အဆင္မေျပတဲ့သူေတြ လစာမဲ့ ေက်ာက္ထုတဲ့သူေတြ၊ ပန္းရံလုပ္သား၊ လက္သမားတို႔ အဲဒီလို အတန္းအစားေလးေတြ ေခါင္း႐ြက္ဗ်က္ထိုးဆိုတာကလည္း ေဈးသည္ လမ္းေဘးေဈးသည္ေပါ့ အဲလိုလုပ္ငန္းရပ္ဆိုင္းမယ့္သူေတြကို ေထာက္ပံ့တာျဖစ္ပါတယ္။"

အဲဒီလို စာရင္းေကာက္ယူရာမွာ အိမ္ေထာင္ဦးစီး (မိသားစုမွာ အဓိက ဝင္ေငြရွာေဖြသူ)ရဲ႕ အလုပ္အကိုင္ကို အဓိကထား ေကာက္ယူသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို ဧၿပီ ၇ ရက္ေန႔ ဒီေန႔ ညေန ၄ နာရီမွာ စာရင္းအၿပီး ေကာက္ယူဖို႔ ၫႊန္ၾကား ထားၿပီး ဧၿပီ ၁၀ ရက္ေန႔မွာ စတင္ေထာက္ပံ့သြားမွာျဖစ္ပါတယ္။

အစိုးရေထာက္ပံ့တဲ့ ပမာဏဟာ မိသားစုမ်ားတဲ့သူေတြအတြက္ေတာ့ အဆင္မေျပႏိုင္ေပမယ့္ ခုသာခံသာေတာ့ ျဖစ္ႏိုင္တယ္လို႔ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္မွာ ဆိုင္ကယ္ ကယ္ရီဆြဲသူ ဦးရွမ္း က ေျပာပါတယ္။

"သူတို႔ေပးေတာ့လည္း ကိုယ္ေတြ ထိုက္သင့္သေလာက္ေတာ့ အေထာက္အကူရသြားတာေပါ့။ ကိုယ္ေတြအေန အထားနဲ႔ ရတယ္ဆိုေပမယ့္ ကိုယ့္ထက္နိမ့္က်တဲ့သူေတြဆို ဘယ္လိုအဆင္ေျပမလဲ။ တခ်ိဳ႕ဆို ဘယ္ေလာက္ ထိေျပာလဲဆိုရင္ ျဖစ္လာခဲ့ရင္ အေသခံတာေပါ့ဆိုတာထိ ေျပာေနၾကတယ္။ သူတို႔ေထာက္ပံ့တာ မိသားစုမ်ား ရင္ေတာ့ မေလာက္ႏိုင္ဘူးေပါ့ မိသားစုနည္းတယ္ ႏွစ္ေယာက္ သုံးေယာက္ဆိုရင္ေတာ့ ၿခိဳးၿခိဳးၿခံၿခံနဲ႔ အေလ အလြင့္မရွိေအာင္လုပ္ရင္ေတာ့ ျဖစ္သြားႏိုင္တယ္ ယူဆရမွာေပါ့။"

ဧၿပီ သၾကၤန္ကာလမတိုင္ခင္နဲ႔ သၾကၤန္ကာလအတြင္း မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ တိုင္းနဲ႔ ျပည္နယ္အစိုးရေတြ က ေၾကညာထားၿပီးျဖစ္ပါတယ္။

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို ဧၿပီ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ သၾကၤန္ကာလ ပိတ္ရက္ ၁၀ ရက္စာအတြက္ ဆန္ ရွစ္ျပည္၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ္ပိသာ၊ ၾကက္သြန္ တစ္ပိသာ အခမဲ့ ေထာက္ပံ့မယ္လို႔ အစိုးရက မေန႔က ေၾကညာခ်က္ထုတ္ျပန္ထားတာပါ။

ျပည္ေထာင္စု အစိုးရက ေထာက္ပံ့ဖို႔ စီစဥ္ေနတာအျပင္ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ေတြကလည္း လိုအပ္တဲ့ေနရာေတြမွာ ျဖည့္ဆည္းကူညီႏိုင္ဖို႔ စီစဥ္ထားတာေတြရွိပါတယ္။

တိုင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႕ေတြက ၿမိဳ႕နယ္ေတြအလိုက္ က်ပ္ သိန္း ၈၀၊ သိန္း ၅၀ ေပးထားၿပီး လိုအပ္ခ်က္ေတြ အတြက္ အစိုးရက ၿမိဳ႕နယ္အလိုက္ အလႉခံဌာနေတြ သတ္မွတ္ဖြင့္လွစ္မွာျဖစ္ပါတယ္။

လက္ရွိခ်ထားေပးတဲ့ ေငြေၾကးက လုံေလာက္မယ္ မလုံေလာက္ဘူး ေျပာလို႔မရႏိုင္တဲ့အတြက္ အလႉခံဌာနေတြ လည္း ဖြင့္လွစ္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ ခ်င္းတိုင္းရင္းသားေရးရားဝန္ႀကီး ဦးလာလ္ေထာင္ထန္း က ဆိုပါတယ္။

"လုံေလာက္တယ္ မလုံေလာက္ဘူးဆိုတာေတာ့ ေလာေလာဆယ္ မသိႏိုင္ဘူး၊ ကိုယ့္ၿမိဳ႕နယ္ေတြအတြက္ လုံေလာက္ေအာင္ ဖူလုံေအာင္ေတာ့ တတ္ႏိုင္သမွ် အစိုးရကလည္းပံ့ပိုးမယ္ အရပ္ဘက္အဖြဲ႕ေတြကလည္း တတ္ႏိုင္သေလာက္ ေစတနာရွင္ေတြကို တိုင္းအစိုးရအဖြဲ႕လည္း အလႉခံထားတာရွိတယ္။ လာၿပီးလႉေန ၾကတာလည္းရွိတယ္။ ေလာေလာဆယ္ ၁၀ ရက္ဆိုတာ အေျခအေနအရေပါ့ေလ၊ ေကာင္းရင္လည္း ေကာင္း သြားသလိုေပါ့ ဆိုးရင္လည္း ဆိုးသလိုေပါ့။"

အစိုးရအေနနဲ႔ အခမဲ့ေထာက္ပံ့ရာမွာ မလိုလားအပ္တဲ့ ေလလြင့္မႈေတြ၊ ၾကန႔္ၾကာမႈေတြနဲ႔ အဂတိလိုက္စားမႈေတြ မရွိေအာင္ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ ပရဟိတလူငယ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္မီတာသုံးစြဲမႈ ၁၅၀ ယူနစ္ အထိ ဧၿပီလကုန္အထိ အခမဲ့ သုံးစြဲခြင့္ျပဳသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

RFA Burmese
https://www.rfa.org/burmese/
-------
(Unicode)⤵⤵⤵
အစိုးရက ထောက်ပံ့ကူညီမှု လိုအပ်သူစာရင်း စတင်ကောက်ယူ

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့ဖို့အတွက် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ဒီနေ့ကစပြီး စာရင်းကောက်ယူနေပြီး ဧပြီ ၁၀ ရက်နေ့ကစလို့ ထောက်ပံ့မှုတွေ စတင်ပေး နိုင်ရေး စီစဉ်နေပါတယ်။

ဆိုက်ကားနင်းသူ၊ ခေါင်းရွက်ဈေးသည်၊ ပန်းရံ၊ လက်သမား၊ ကုန်ထမ်း စသဖြင့် ပုံမှန်ဝင်ငွေမရှိဘဲ ဝင်ငွေရပ်သွား နိုင်တဲ့သူတွေကို စာရင်းကောက်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် က ပြောပါတယ်။

"ခေါင်းရွက်ဗျက်ထိုးကစပြီး ဆိုက်ကားဆရာ နေ့စဉ်ဝင်ငွေ အဆင်မပြေတဲ့သူတွေ လစာမဲ့ ကျောက်ထုတဲ့သူတွေ၊ ပန်းရံလုပ်သား၊ လက်သမားတို့ အဲဒီလို အတန်းအစားလေးတွေ ခေါင်းရွက်ဗျက်ထိုးဆိုတာကလည်း ဈေးသည် လမ်းဘေးဈေးသည်ပေါ့ အဲလိုလုပ်ငန်းရပ်ဆိုင်းမယ့်သူတွေကို ထောက်ပံ့တာဖြစ်ပါတယ်။"

အဲဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်ဦးစီး (မိသားစုမှာ အဓိက ဝင်ငွေရှာဖွေသူ)ရဲ့ အလုပ်အကိုင်ကို အဓိကထား ကောက်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဧပြီ ၇ ရက်နေ့ ဒီနေ့ ညနေ ၄ နာရီမှာ စာရင်းအပြီး ကောက်ယူဖို့ ညွှန်ကြား ထားပြီး ဧပြီ ၁၀ ရက်နေ့မှာ စတင်ထောက်ပံ့သွားမှာဖြစ်ပါတယ်။

အစိုးရထောက်ပံ့တဲ့ ပမာဏဟာ မိသားစုများတဲ့သူတွေအတွက်တော့ အဆင်မပြေနိုင်ပေမယ့် ခုသာခံသာတော့ ဖြစ်နိုင်တယ်လို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဆိုင်ကယ် ကယ်ရီဆွဲသူ ဦးရှမ်း က ပြောပါတယ်။

"သူတို့ပေးတော့လည်း ကိုယ်တွေ ထိုက်သင့်သလောက်တော့ အထောက်အကူရသွားတာပေါ့။ ကိုယ်တွေအနေ အထားနဲ့ ရတယ်ဆိုပေမယ့် ကိုယ့်ထက်နိမ့်ကျတဲ့သူတွေဆို ဘယ်လိုအဆင်ပြေမလဲ။ တချို့ဆို ဘယ်လောက် ထိပြောလဲဆိုရင် ဖြစ်လာခဲ့ရင် အသေခံတာပေါ့ဆိုတာထိ ပြောနေကြတယ်။ သူတို့ထောက်ပံ့တာ မိသားစုများ ရင်တော့ မလောက်နိုင်ဘူးပေါ့ မိသားစုနည်းတယ် နှစ်ယောက် သုံးယောက်ဆိုရင်တော့ ခြိုးခြိုးခြံခြံနဲ့ အလေ အလွင့်မရှိအောင်လုပ်ရင်တော့ ဖြစ်သွားနိုင်တယ် ယူဆရမှာပေါ့။"

ဧပြီ သင်္ကြန်ကာလမတိုင်ခင်နဲ့ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ က ကြေညာထားပြီးဖြစ်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဧပြီ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သင်္ကြန်ကာလ ပိတ်ရက် ၁၀ ရက်စာအတွက် ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိသာ၊ ကြက်သွန် တစ်ပိသာ အခမဲ့ ထောက်ပံ့မယ်လို့ အစိုးရက မနေ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။

ပြည်ထောင်စု အစိုးရက ထောက်ပံ့ဖို့ စီစဉ်နေတာအပြင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေကလည်း လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းကူညီနိုင်ဖို့ စီစဉ်ထားတာတွေရှိပါတယ်။

တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေက မြို့နယ်တွေအလိုက် ကျပ် သိန်း ၈၀၊ သိန်း ၅၀ ပေးထားပြီး လိုအပ်ချက်တွေ အတွက် အစိုးရက မြို့နယ်အလိုက် အလှူခံဌာနတွေ သတ်မှတ်ဖွင့်လှစ်မှာဖြစ်ပါတယ်။

လက်ရှိချထားပေးတဲ့ ငွေကြေးက လုံလောက်မယ် မလုံလောက်ဘူး ပြောလို့မရနိုင်တဲ့အတွက် အလှူခံဌာနတွေ လည်း ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရားဝန်ကြီး ဦးလာလ်ထောင်ထန်း က ဆိုပါတယ်။

"လုံလောက်တယ် မလုံလောက်ဘူးဆိုတာတော့ လောလောဆယ် မသိနိုင်ဘူး၊ ကိုယ့်မြို့နယ်တွေအတွက် လုံလောက်အောင် ဖူလုံအောင်တော့ တတ်နိုင်သမျှ အစိုးရကလည်းပံ့ပိုးမယ် အရပ်ဘက်အဖွဲ့တွေကလည်း တတ်နိုင်သလောက် စေတနာရှင်တွေကို တိုင်းအစိုးရအဖွဲ့လည်း အလှူခံထားတာရှိတယ်။ လာပြီးလှူနေ ကြတာလည်းရှိတယ်။ လောလောဆယ် ၁၀ ရက်ဆိုတာ အခြေအနေအရပေါ့လေ၊ ကောင်းရင်လည်း ကောင်း သွားသလိုပေါ့ ဆိုးရင်လည်း ဆိုးသလိုပေါ့။"

အစိုးရအနေနဲ့ အခမဲ့ထောက်ပံ့ရာမှာ မလိုလားအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေနဲ့ အဂတိလိုက်စားမှုတွေ မရှိအောင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်သုံးအမျိုးအစား လျှပ်စစ်မီတာသုံးစွဲမှု ၁၅၀ ယူနစ် အထိ ဧပြီလကုန်အထိ အခမဲ့ သုံးစွဲခွင့်ပြုသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

RFA Burmese
https://www.rfa.org/burmese/
အစိုးရက ေထာက္ပံ့ကူညီမႈ လိုအပ္သူစာရင္း စတင္ေကာက္ယူ အစိုးရက ေထာက္ပံ့ကူညီမႈ လိုအပ္သူစာရင္း စတင္ေကာက္ယူ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.