က်န္းမာပံုရေပမဲ့ ေရာဂါပိုးရွိမရွိ မသိႏုိင္တာေၾကာင့္ ပိုသတိထားဖို႔ ႏိႈးေဆာ္


(Zawgyi/Unicode)

ျပည္တြင္းမွာ ကိုဗစ္ေရာဂါ ျဖစ္ပြားသူေတြထဲ ခရီးသြားရာဇဝင္ မရွိသလို ေရာဂါရွိထားသူနဲ႔လည္း ထိေတြ႔ခဲ့သူေတြထဲက မဟုတ္ဘဲ ဒီေရာဂါျဖစ္လာသူေတြ ရွိေနတာေၾကာင့္ ကုိယ္တိုင္က က်န္းမာၿပီး ဒီေရာဂါပိုးကုိ သယ္ေဆာင္လာတဲ့ Silent Carrier ေတြပါ ရွိေနၿပီလို႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြက သတိေပးထားပါတယ္။ ဒီလိုအေျခအေနမွာ ညႊန္ၾကားထားတဲ့အခ်က္ေတြကုိ လိုက္နာၿပီး ျပည္သူေတြအေနနဲ႔ ပိုၿပီးသတိရွိဖုိ႔ လိုေနတဲ့အေၾကာင္းကို တင္ဆက္ေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ ၁၀ နာရီသတင္းထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳ လူနာေပါင္း ၁၃၉ ဦး အထိ ရွိထားပါၿပီ။ ေရာဂါျဖစ္သူေတြထဲမွာ ျပည္ပခရီးသြား ရာဇဝင္ရွိထားသူေတြနဲ႔ သူတုိ႔ေတြကေနတဆင့္ ျပန္လည္ကူးစက္ခံရသူေတြလည္း ရွိေနတာပါ။ ဒါေပမဲ့ ေရာဂါပိုးဘယ္လိုရတယ္ဆိုတဲ့ ေနာက္ေၾကာင္းရာဇဝင္လံုး၀သိ မထားဘဲ ဒီေရာဂါျဖစ္လာသူကေတာ့ သံုးဦးအထိ ရွိထားၿပီလို႔ က်န္းမာေရးဌာနတာဝန္ရွိသူက အတည္ျပဳထားပါတယ္။

အခုလိုအေျခအေနဟာ ကိုယ္တုိင္က ဒီေရာဂါမရွိေပမဲ့ ေရာဂါပိုး သယ္ေဆာင္ေပးသူ ျဖစ္ႏုိင္တာေၾကာင့္ တဦးနဲ႔ တဦးခပ္ခြာခြာေနၿပီး သတိရွိဖို႔လုိေနေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက VOA ကို ေျပာပါတယ္။

“လူေကာင္းေပမဲ့လည္း က်ေနာ္တို႔အရင္တုန္းက HIV တုန္းက ေျပာခဲ့သလိုေပါ့ေနာ္။ လူကေတာ့ေကာင္းတယ္၊ ဒါေပမယ့္ ပုိးရွိလား မရွိလား မသိႏုိင္ဘူးေပါ့ေနာ္။ အဲဒီလိုပဲ အခုေစ်းေတြသြားမယ္၊ ဘတ္စ္ကားစီးမယ္ဆုိရင္ ကိုယ့္မ်က္စိေရွ႕မွာ လူေကာင္းလို႔ျမင္ေနတယ္။ ေကာင္းေကာင္းမြန္မြန္ သြားလာေနတယ္ဆုိေပမဲ့ သူ႔မွာ ပိုးရွိႏုိင္တယ္ဆုိတဲ့ဟာမ်ိဳးေတာ့ ဒါသတိရွိဖုိ႔ေကာင္းပါတယ္။ ဒါခုဏက ေျပာတဲ့ဟာေပါ့ေနာ္။ က်န္းမာၿပီးေတာ့ ပိုးသယ္ေဆာင္တဲ့ သူေတြရွိတဲ့အတြက္ေၾကာင့္ေပါ့ေနာ္။”

ဒီေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ေနခ်ိန္မွာ ထုတ္ျပန္ထားတဲ့ အခ်က္ေတြကို လိုက္နာေနရၿပီး မလိုအပ္ဘဲ အိမ္ျပင္ထြက္တာကို ေရွာင္ၾကဥ္ရမယ္ဆုိေပမဲ့ ေနမေကာင္း ဖ်ားနာလာရင္ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ၿမိဳ႕နယ္အလိုက္ ဖြင့္လွစ္ေပးထားတဲ့ ဖ်ားနာကုေဆးခန္းေတြမွာ ႀကိဳတင္အေၾကာင္းၾကားထားၿပီး ျပသဖို႔ကိုလည္း ေဒါက္တာသန္းႏုိင္စုိးက အၾကံျပဳထားပါတယ္။

“ဂရုစုိက္ၿပီးေနထုိင္တဲ့ၾကားထဲမွာမွ ဖ်ားနာမယ္၊ ကုိယ္ပူတက္မယ္၊ ေခ်ာင္းဆုိးမယ္၊ အသက္ရွဴရခက္မယ္ေပါ့။ အဲလိုလကၡဏာေတြရွိခဲ့ရင္ အခုဆုိရင္ Community Fever Clinic ေတြလည္း ရွိေနၿပီ။ ၿပီးတဲ့အခါက်ေတာ့ ေဆးရံုေတြမွာလည္း Fever Clinic ေတြ အကြက္အကြင္းက်တဲ့ ေနရာေလးေတြမွာ ဖြင့္လွစ္ထားတယ္ဆုိေတာ့ အဲဒီမွာေစာေစာစီးစီး သြားၿပီးေတာ့ျပမယ္။ မျပခင္မွာ ဖုန္းနံပါတ္ရွိတယ္ဆုိရင္ ႀကိဳတင္ဆက္သြယ္အေၾကာင္းၾကားၿပီးမွ သြားျပမယ္ဆုိရင္ အားလံုးအတြက္အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္ခင္ဗ်။”

ေစာင့္ၾကည့္လူနာအပါအဝင္ ေရာဂါျဖစ္ပြားသူေတြနဲ႔ ထိေတြ႕မႈရွိခဲ့သူေတြမွာ ဒီေရာဂါရွိ၊ မရွိဆုိတာကို စစ္ေဆးေပးေနတဲ့အေၾကာင္းကို ေဒါက္တာသန္းႏိုင္စုိးက အခုလိုရွင္းျပထားပါတယ္။

“က်ေနာ္တို႔ကေတာ့ လူနာလို႔ သတ္မွတ္ရင္ Fever ရွိတယ္၊ Travelling History ရွိတယ္။ အဲဒီအခါက်ရင္ သူကေတာ့ေစာင့္ၾကည့္လူနာ စာရင္းဝင္သြားတာေပါ့။ အဲလူေတြအကုန္လံုးကုိ က်ေနာ္တို႔စစ္ႏုိင္တယ္၊ နံပါတ္တစ္အခ်က္က။ နံပါတ္ႏွစ္အခ်က္က ဒီ Contact Tracing လုိက္တဲ့အခါမွာ 1st Contact ေပါ့ေနာ္ အဲဒါေတြအားလံုးလည္း စစ္ႏုိင္တယ္။ Secondary Contact ထဲကေနၿပီးေတာ့ နည္းနည္း သံသယရွိတဲ့သူေတြကုိလည္း စစ္ေနတယ္ေပါ့ေနာ္။ အဲဒီ Plus ကိုမွ Quarantine ထဲက 5 to 10 percent of quarantine ေပါ့ေနာ္၊ အဲဒါလည္း က်ေနာ္တို႔စစ္ႏုိင္တယ္ေပါ့ေနာ္ လက္ရွိအေနအထားအရ။ Quarantine ထဲကေတာ့ တုိးစစ္ဖုိ႔ ရွိတာေပါ့ေနာ္၊ ေနာက္ပိုင္းတက္လာရင္ တက္လာသလို။”

လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန နဲ႔ ေဆးသုေတသနဦးစီးဌာနတုိ႔မွာ စစ္ေဆးၿပီး ေရာဂါရွိ၊ မရွိဆုိတာကို အတည္ျပဳေပးေနတာပါ။ ဒီကေန႔မနက္ ၁၀ နာရီ ထုတ္ျပန္ထားတဲ့စာရင္းေတြအရဆို အတည္ျပဳလူနာေပါင္း ၁၂၅ ဦးကို သက္ဆုိင္ရာေဆးရံုေတြမွာ ထားရွိကုသေပးေနတယ္လို႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode Version]

ကျန်းမာပုံရပေမဲ့ ရောဂါပိုးရှိမရှိ မသိနိုင်တာကြောင့် ပိုသတိထားဖို့ နှိုးဆော်

ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူတွေထဲ ခရီးသွားရာဇဝင် မရှိသလို ရောဂါရှိထားသူနဲ့လည်း ထိတွေ့ခဲ့သူတွေထဲက မဟုတ်ဘဲ ဒီရောဂါဖြစ်လာသူတွေ ရှိနေတာကြောင့် ကိုယ်တိုင်က ကျန်းမာပြီး ဒီရောဂါပိုးကိုသယ်ဆောင်လာတဲ့ Silent Carrier တွေပါ ရှိနေပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒီလိုအခြေအနေမှာ ညွှန်ကြားထားတဲ့အချက်တွေကို လိုက်နာပြီး ပြည်သူတွေအနေနဲ့ ပိုပြီးသတိရှိဖို့ လိုနေတဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၁၀နာရီသတင်းထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ ကိုဗစ်အတည်ပြု လူနာပေါင်း ၁၃၉ ဦး အထိ ရှိထားပါပြီ။ ရောဂါဖြစ်သူတွေထဲမှာ ပြည်ပခရီးသွား ရာဇဝင်ရှိထားသူတွေနဲ့ သူတို့တွေကနေတဆင့် ပြန်လည်ကူးစက်ခံရသူတွေလည်း ရှိနေတာပါ။ ဒါပေမဲ့ ရောဂါပိုးဘယ်လိုရတယ်ဆိုတဲ့ နောက်ကြောင်းရာဇဝင်လုံးဝသိ မထားဘဲ ဒီရောဂါဖြစ်လာသူကတော့ သုံးဦးအထိ ရှိထားပြီလို့ ကျန်းမာရေးဌာနတာဝန်ရှိသူက အတည်ပြုထားပါတယ်။

အခုလိုအခြေအနေဟာ ကိုယ်တိုင်က ဒီရောဂါမရှိပေမဲ့ ရောဂါပိုး သယ်ဆောင်ပေးသူ ဖြစ်နိုင်တာကြောင့် တဦးနဲ့ တဦးခပ်ခွာခွာနေပြီး သတိရှိဖို့လိုနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက VOA ကို ပြောပါတယ်။

“လူကောင်းပေမဲ့လည်း ကျနော်တို့အရင်တုန်းက HIV တုန်းက ပြောခဲ့သလိုပေါ့နော်။ လူကတော့ကောင်းတယ်၊ ဒါပေမယ့် ပိုးရှိလား မရှိလား မသိနိုင်ဘူးပေါ့နော်။ အဲဒီလိုပဲ အခုဈေးတွေသွားမယ်၊ ဘတ်စ်ကားစီးမယ်ဆိုရင် ကိုယ့်မျက်စိရှေ့မှာ လူကောင်းလို့မြင်နေတယ်။ ကောင်းကောင်းမွန်မွန် သွားလာနေတယ်ဆိုပေမဲ့ သူ့မှာ ပိုးရှိနိုင်တယ်ဆိုတဲ့ဟာမျိုးတော့ ဒါသတိရှိဖို့ကောင်းပါတယ်။ ဒါခုဏက ပြောတဲ့ဟာပေါ့နော်။ ကျန်းမာပြီးတော့ ပိုးသယ်ဆောင်တဲ့ သူတွေရှိတဲ့အတွက်ကြောင့်ပေါ့နော်။”

ဒီရောဂါကို ထိန်းချုပ်ကာကွယ်နေချိန်မှာ ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာနေရပြီး မလိုအပ်ဘဲ အိမ်ပြင်ထွက်တာကို ရှောင်ကြဉ်ရမယ်ဆိုပေမဲ့ နေမကောင်း ဖျားနာလာရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အလိုက် ဖွင့်လှစ်ပေးထားတဲ့ ဖျားနာကုဆေးခန်းတွေမှာ ကြိုတင်အကြောင်းကြားထားပြီး ပြသဖို့ကိုလည်း ဒေါက်တာသန်းနိုင်စိုးက အကြံပြုထားပါတယ်။

“ဂရုစိုက်ပြီးနေထိုင်တဲ့ကြားထဲမှာမှ ဖျားနာမယ်၊ ကိုယ်ပူတက်မယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရခက်မယ်ပေါ့။ အဲလိုလက္ခဏာတွေရှိခဲ့ရင် အခုဆိုရင် Community Fever Clinic တွေလည်း ရှိနေပြီ။ ပြီးတဲ့အခါကျတော့ ဆေးရုံတွေမှာလည်း Fever Clinic တွေ အကွက်အကွင်းကျတဲ့ နေရာလေးတွေမှာ ဖွင့်လှစ်ထားတယ်ဆိုတော့ အဲဒီမှာစောစောစီးစီး သွားပြီးတော့ပြမယ်။ မပြခင်မှာ ဖုန်းနံပါတ်ရှိတယ်ဆိုရင် ကြိုတင်ဆက်သွယ်အကြောင်းကြားပြီးမှ သွားပြမယ်ဆိုရင် အားလုံးအတွက်အကောင်းဆုံး ဖြစ်ပါလိမ့်မယ်ခင်ဗျ။”

စောင့်ကြည့်လူနာအပါအဝင် ရောဂါဖြစ်ပွားသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေမှာ ဒီရောဂါရှိ၊ မရှိဆိုတာကို စစ်ဆေးပေးနေတဲ့အကြောင်းကို ဒေါက်တာသန်းနိုင်စိုးက အခုလိုရှင်းပြထားပါတယ်။

“ကျနော်တို့ကတော့ လူနာလို့ သတ်မှတ်ရင် Fever ရှိတယ်၊ Travelling History ရှိတယ်။ အဲဒီအခါကျရင် သူကတော့စောင့်ကြည့်လူနာ စာရင်းဝင်သွားတာပေါ့။ အဲလူတွေအကုန်လုံးကို ကျနော်တို့စစ်နိုင်တယ်၊ နံပါတ်တစ်အချက်က။ နံပါတ်နှစ်အချက်က ဒီ Contact Tracing လိုက်တဲ့အခါမှာ 1st Contact ပေါ့နော် အဲဒါတွေအားလုံးလည်း စစ်နိုင်တယ်။ Secondary Contact ထဲကနေပြီးတော့ နည်းနည်း သံသယရှိတဲ့သူတွေကိုလည်း စစ်နေတယ်ပေါ့နော်။ အဲဒီ Plus ကိုမှ Quarantine ထဲက 5 to 10 percent of quarantine ပေါ့နော်၊ အဲဒါလည်း ကျနော်တို့စစ်နိုင်တယ်ပေါ့နော် လက်ရှိအနေအထားအရ။ Quarantine ထဲကတော့ တိုးစစ်ဖို့ ရှိတာပေါ့နော်၊ နောက်ပိုင်းတက်လာရင် တက်လာသလို။”

လူနာတွေရဲ့ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန နဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးပြီး ရောဂါရှိ၊ မရှိဆိုတာကို အတည်ပြုပေးနေတာပါ။ ဒီကနေ့မနက် ၁၀ နာရီ ထုတ်ပြန်ထားတဲ့စာရင်းတွေအရဆို အတည်ပြုလူနာပေါင်း ၁၂၅ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-silent-carrier/5390112.html
က်န္းမာပံုရေပမဲ့ ေရာဂါပိုးရွိမရွိ မသိႏုိင္တာေၾကာင့္ ပိုသတိထားဖို႔ ႏိႈးေဆာ္ က်န္းမာပံုရေပမဲ့ ေရာဂါပိုးရွိမရွိ မသိႏုိင္တာေၾကာင့္ ပိုသတိထားဖို႔ ႏိႈးေဆာ္ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.