ျမန္္မာ COVID-19 ကူးစက္သူ ၁၄၃ ဦးရွိၿပီ

န္ကုန္ၿမိဳ႕တြင္း လမ္းတခုတြင္ COVID-19 ကာကြယ္ေဆးျဖန္းေနသည့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ားနဲ႔ ေစတနာ့၀န္ထမ္းမ်ား။ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီေန႔ည ၈ နာရီအထိ COVID-19 ေရာဂါပိုးကူးစက္ေနသူ ၁၄၃ ေယာက္႐ွိပါတယ္။

ဒီေန႔ ဧၿပီ ၂၄ ရက္ေန႔အတြက္ ေရာဂါ႐ွိ မ႐ွိ နမူနာ ဓါတ္္ခဲြစစ္ေဆးမႈအရ ေရာဂါပိုး႐ွိသူ ေနာက္ထပ္ ၄ ေယာက္ေတြ႔႐ွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒီထုတ္ျပန္ခ်က္မွာ စစ္ေဆးမႈေတြကို အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) နဲ႔ ေဆးသုေတသနဦးစီးဌာနတို႔မွာ လုပ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီကေန႔ ပိုးေတြ႔႐ွိသူ ၃ ေယာက္က ရန္ကုန္တိုင္းေဒသႀကီးထဲကျဖစ္ၿပီး က်န္တေယာက္ကေတာ့ ႐ွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕က ျဖစ္ပါတယ္။

လက္႐ွိ ျမန္မာႏိုင္ငံထဲမွာ COVID-19 ေရာဂါပိုးကူးစက္ေနသူ အမ်ားစုက ရန္ကုန္တိုင္းထဲက ျဖစ္ၾကပါတယ္။ ဒီေန႔အထိ COVID-19 ေၾကာင့္ ေသဆံုးသူ ၅ ေယာက္၊ ေရာဂါသက္သာလို႔ ေဆး႐ံုက ဆင္းသြားသူ ၉ ေယာက္႐ွိပါတယ္႐ွင္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁၄၃ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ COVID-19 ရောဂါပိုးကူးစက်နေသူ ၁၄၃ ယောက်ရှိပါတယ်။

ဒီနေ့ ဧပြီ ၂၄ ရက်နေ့အတွက် ရောဂါရှိ မရှိ နမူနာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးရှိသူ နောက်ထပ် ၄ ယောက်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ စစ်ဆေးမှုတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ လုပ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ ပိုးတွေ့ရှိသူ ၃ ယောက်က ရန်ကုန်တိုင်းဒေသကြီးထဲကဖြစ်ပြီး ကျန်တယောက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲမှာ COVID-19 ရောဂါပိုးကူးစက်နေသူ အများစုက ရန်ကုန်တိုင်းထဲက ဖြစ်ကြပါတယ်။ ဒီနေ့အထိ COVID-19 ကြောင့် သေဆုံးသူ ၅ ယောက်၊ ရောဂါသက်သာလို့ ဆေးရုံက ဆင်းသွားသူ ၉ ယောက်ရှိပါတယ်ရှင်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-confirm-case/5390215.html
ျမန္္မာ COVID-19 ကူးစက္သူ ၁၄၃ ဦးရွိၿပီ ျမန္္မာ COVID-19 ကူးစက္သူ ၁၄၃ ဦးရွိၿပီ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.