ကို႐ိုနာဗိုင္းရပ္စ္ ႏွစ္ခါျပန္ကူးႏိုင္သလား

ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း သိႏိုင္ဖို႔ မရပ္မနားႀကိဳးစားေန
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတခ်ိဳ႕ ျပန္ေကာင္းသြားၿပီး ပိုးမေတြ႕ရေတာ့ဘူးလို႔ စစ္ေဆးၿပီးတာေတာင္မွ ေနာက္ပိုင္းမွာ ပိုးျပန္ေတြ႕တာေတြ ျဖစ္လာေနပါတယ္။ ပုံမွန္အားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ဟာ သာမန္အဖ်ားေရာဂါလိုပဲ ေရာဂါျဖစ္သူမွာ ဗိုင္းရပ္စ္ကို ခုခံစြမ္းအားရသြားေစပါတယ္။ ဒါေပမဲ့ ဒီ ကိုဗစ္-၁၉ ဗိုင္းရပ္စ္က ဘာေတြ ကြာျခားေနပါသလဲ။

အသက္ ၇၀ ေက်ာ္ အမ်ိဳးသားတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ခဲ့တာက ဆရာဝန္ေတြ စိုးရိမ္စရာျဖစ္ေစခဲ့တဲ့ အေစာပိုင္း ဥပမာ တစ္ခု ျဖစ္ပါတယ္။

သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ရွိတာသိၿပီးတဲ့ေနာက္ တိုက်ိဳက ေဆး႐ုံတစ္႐ုံမွာ ေဖေဖာ္ဝါရီလတုန္းက သီးသန္႔ခြဲျခားထားခဲ့တာပါ။

ဂ်ပန္ ႐ုပ္သံမီဒီယာ NHK ရဲ႕ အဆိုအရ သူဟာ ေရာဂါက ျပန္သက္သာလာခဲ့ၿပီး ပုံမွန္ေန႔စဥ္ဘဝမွာ ေနထိုင္ေနတဲ့သူပါ။ အမ်ားသုံး ကား၊ရထားေတြေတာင္ စီးေနပါၿပီ။

ဒါေပမဲ့ ရက္ပိုင္း အနည္းငယ္အၾကာမွာေတာ့ သူေနမေကာင္းျဖစ္ၿပီး ဖ်ားခဲ့ပါတယ္။

သူ ေဆး႐ုံကို ေနာက္တစ္ေခါက္ ျပန္လာခဲ့ေတာ့ သူ႔ဆရာဝန္ေတြ အံ့ၾသသြားပါတယ္။ ေနာက္ေတာ့ သူ႔မွာ ဗိုင္းရပ္စ္ ေနာက္တစ္ေခါက္ ထပ္ရွိေနျပန္ၿပီဆိုတာ သိလိုက္ရပါတယ္။
ယူေကအစိုးရက လူထုအတြင္း အစုလိုက္ခုခံႏိုင္စြမ္းရဖို႔ အယူအဆကို အေျခခံတဲ့ မူဝါဒခ်ခဲ့
အခုလိုမ်ိဳး ပိုးထပ္ေတြ႕တာ ဂ်ပန္မွာ သူတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ဒီလို ပိုးထပ္ေတြ႕တာမ်ိဳးေတြက လူအနည္းအက်ဥ္းမွာပဲ ထပ္ေတြ႕ေပမဲ့ အေရအတြက္ကေတာ့ မနည္းလွပါဘူး။ ဒါေပမဲ့ ဘာလို႔ အဲဒီလို ပိုးထပ္ေတြ႕တာမ်ိဳးေတြ ျဖစ္ေနတာလဲ။

ဗိုင္းရပ္စ္ ျပန္ထႂကြလာတာ

ကိုဗစ္-၁၉ လူနာေတြထဲက အနည္းဆုံး ၁၄ ရာခိုင္ႏႈန္းဟာ ပိုးမရွိေတာ့ဘူးလို႔ အေျဖထြက္ၿပီးတာေတာင္မွ ေနာက္တစ္ခါ ပိုးထပ္ေတြ႕ရတတ္တယ္လို႔ စပိန္ အမ်ိဳးသား ဇီဝနည္းပညာ ဌာနက ဗိုင္းရပ္စ္ေဗဒ ပညာရွင္ လူးဝစ္အန္းဂ်ဴအန္းက ဘီဘီစီကို ေျပာပါတယ္။

အဲလို ပိုးေတြ႕တာကို ေနာက္တစ္ခါ ထပ္ကူးစက္ခံရတယ္လို႔ သူက မယူဆပါဘူး။ အဲဒါက ပိုးေတြ ျပန္ထႂကြလာတာလို႔ ယူဆတာပါ။

ျဖစ္ႏိုင္ေျခေတြ အမ်ားႀကီးထဲက ယူဆခ်က္ တစ္ခုကေတာ့ ပုံမွန္အတိုင္းဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္က ကူးစက္ခံရသူေတြကို ခုခံစြမ္းအား ထြက္လာေစပါတယ္။ ဒါေပမဲ့ တခ်ိဳ႕လူေတြမွာ ခုခံစြမ္းအားက သိပ္အားမေကာင္းဘူးလို႔ အန္းဂ်ဴအန္းက ေျပာပါတယ္။

ခုခံစြမ္းအားေႏွးသြားတဲ့အခါ ကိုယ္ထဲမွာ က်န္ေနတဲ့ ဗိုင္းရပ္စ္က ျပန္ေပၚလာတာလို႔ ဆိုပါတယ္။

ကိုယ္ထဲမွာ ဗိုင္းရပ္စ္ ေနေနႏိုင္တယ္

တခ်ိဳ႕ ဗိုင္းရပ္စ္ေတြဟာ ခႏၶာကိုယ္ထဲမွာ သုံးလနဲ႔ အထက္ေနေနႏိုင္ပါတယ္။
အနည္းဆုံး ၁၄ ရာခိုင္ႏႈန္းဟာ ပိုးမရွိေတာ့ဘူးလို႔ အေျဖထြက္ၿပီးတာေတာင္မွ ေနာက္တစ္ခါ ပိုးထပ္ေတြ႕ရတတ္တယ္
တခ်ိဳ႕လူေတြမွာ ဇီး႐ိုးေပါ့စတစ္ ျဖစ္သြားတဲ့အခါ (ပိုးရွိတယ္လို႔ေတြ႕ရၿပီး ေနာက္ထပ္စစ္ေတာ့ ပိုးမရွိ ေတာ့ဘူးဆိုတဲ့အခါ) သူ႔မွာ ခုခံစြမ္းအား ထြက္လာၿပီလို႔ ယူဆလို႔ရပါတယ္။ ဒါဆိုရင္ ဗိုင္းရပ္စ္က ထပ္ျပန္ထြက္မလာသင့္ ေတာ့ပါဘူးလို႔ အန္ဂ်ဴအန္းက ေျပာပါတယ္။

ကိုယ္ထဲက ခုခံအားစနစ္နဲ႔ မေတြ႕ခဲ့တဲ့ ကူးစက္ႏိုင္ေစတဲ့ ပစၥည္းတခ်ိဳ႕ တျခားကိုယ္အဂၤါေတြထဲက တစ္ရႉးေတြထဲမွာ ဆက္ရွိေနႏိုင္ပါေသးတယ္။

ဒါေပမဲ့ ေနျပန္ေကာင္းလာၿပီး အခ်ိန္တိုအတြင္းမွာ ေနာက္ထပ္တစ္ခါ ပိုးထပ္ေတြ႕တာမ်ိဳးက ကိုဗစ္-၁၉ ဟာ သိပၸံပညာရွင္ေတြအတြက္ အထူးအဆန္းျဖစ္ေနပါတယ္။
ပိုးရွိမရွိ စစ္ေဆးပုံကြာျခားခ်က္

သိပၸံပညာရွင္ေတြအတြက္ ပေဟဠိ

ခုခံစြမ္းအားက မတူတဲ့ ဗိုင္းရပ္စ္ေတြအတြက္ မတူတဲ့ ပုံစံနဲ႔ ထြက္တတ္ပါတယ္။

ဝက္သက္ဆိုရင္ တစ္ခါ ကာကြယ္ေဆးထိုးလိုက္တာနဲ႔ ကေလးဘဝကေန တစ္သက္လုံး ခုခံအားရသြားေစပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ က်န္းမာေရး အဖြဲ႕ေတြကေတာ့ အသက္နည္းနည္းရလာတဲ့အခါ ပိုသစ္တဲ့ ေခတ္ေပၚ ကာကြယ္ေဆးေတြ ထပ္ထိုးေပးရင္ ပိုၿပီး စိတ္ခ်ရတယ္လို႔ လမ္းၫႊန္ထားပါတယ္။

တခ်ိဳ႕ဗိုင္းရပ္စ္ေတြအတြက္ ကာကြယ္ေဆးေတြက်ေတာ့ အဲဒီေလာက္ မကာကြယ္ေပးႏိုင္တဲ့အတြက္ အခ်ိန္တစ္ခုၾကာသြားတိုင္း ထပ္ထပ္ထိုးေပးေနရပါတယ္။

တုပ္ေကြးဗိုင္းရပ္စ္ကာကြယ္ေဆးဆိုရင္ ဗိုင္းရပ္စ္က မ်ိဳးဗီဇဆင့္ပြားေျပာင္းသြားတတ္လို႔ ႏွစ္တိုင္း ကာကြယ္ေဆး ျပန္ထိုးေပးေနရပါတယ္။

နားလည္ဖို႔ ႀကိဳးစားဆဲ

ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ကေတာ့ ဗိုင္းရပ္စ္ အသစ္ျဖစ္လို႔ အခ်ိန္တိုအတြင္း ႏွစ္ခါျပန္ ကူးစက္ရတဲ့ အေၾကာင္းကို ပညာရွင္ေတြ နားလည္ေအာင္ ေလ့လာေနၾကဆဲပဲ ရွိပါေသးတယ္။

စပိန္ႏိုင္ငံ မဒရစ္ၿမိဳ႕ ကားလို႔စ္ ၃ က်န္းမာေရး ဌာနက သုေတသီ အီစီဒို႐ို မာတီနက္ဇ္က ကို႐ိုနာဗိုင္းရပ္စ္ ေနာက္တစ္ႀကိမ္ ထပ္ကူးစက္တာမ်ိဳးက ျဖစ္ႏိုင္ေပမဲ့ အခ်ိန္အရမ္းတိုတိုေလးအတြင္းမွာ ထပ္ျဖစ္တာမ်ိဳးကေတာ့ ထူးဆန္းတယ္လို႔ ေျပာပါတယ္။
အခ်ိန္တိုေလးအတြင္း ျပန္ျဖစ္တာကေတာ့ ထူးဆန္းေနတယ္
တကယ္လို႔ ေရာဂါခုခံႏိုင္စြမ္း ဘာမွ က်န္မေနခဲ့ဘူးဆိုရင္ တစ္ႏွစ္၊ႏွစ္ႏွစ္ၾကာလို႔ ေနာက္ထပ္ ကူးစက္ေရာဂါ ျဖစ္ခ်ိန္ေရာက္ရင္ ထပ္ကူးခံရမွာပဲ။ အဲဒါက ပုံမွန္ပဲလို႔ မာတီနက္ဇ္က ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ လူတစ္ေယာက္ကို အဲဒီဗိုင္းရပ္စ္ကို ကုၿပီးၿပီးခ်င္း ဒီဗိုင္းရပ္စ္ပဲ ထပ္ကူးစက္ခံရတာက ရွားတယ္။ သိသေလာက္ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္က တုပ္ေကြးဗိုင္းရပ္စ္လိုေတာင္ အမ်ားႀကီး မ်ိဳးဗီဇေျပာင္းတာမဟုတ္ဘူးလို႔ သူက ျဖည့္ေျပာပါတယ္။

ယာယီ ျပန္ထႂကြလာတာ

သူ႔အယူအဆက အန္းဂ်ဴအန္းရဲ႕ အယူအဆနဲ႔ ဆင္တူပါတယ္။

ေနာက္တစ္ႀကိမ္ ျပန္ေတြ႕တယ္ဆိုတာက ပိုးေတြ လုံးဝ အရွင္းမေပ်ာက္သြားေသးခ်ိန္မွာ ယာယီ ျပန္ထႂကြလာမ်ိဳး ျဖစ္ႏိုင္ပါတယ္လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ သုေတသီ ႏွစ္ေယာက္လုံးက ေျပာတာက ကိုဗစ္-၁၉ ကို နားလည္ဖို႔ ေနာက္ထပ္ ေလ့လာဖို႔ လိုေသးတယ္ ဆိုတာပါပဲ။

ကို႐ိုနာဗိုင္းရပ္စ္က ေန႔တိုင္း ထပ္ေလ့လာေနရတဲ့ ပိုးအသစ္ျဖစ္တယ္လို႔ အေမရိကတိုက္ က်န္းမာေရး အဖြဲ႕ PAHO က ဘီဘီစီကို ေျပာပါတယ္။ ဒါေၾကာင့္ ထပ္ကူးစက္ခံရမႈေတြ ဘာျဖစ္လို႔ ျဖစ္ေနတယ္ဆိုတာ တိတိက်က် ရွင္းျပဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။

ဒါေပမဲ့ အစိုးရေတြ ျပည့္သူ႔က်န္းမာေရး တုံ႔ျပန္ခ်က္ေတြ ဆုံးျဖတ္ႏိုင္ဖို႔ သိပၸံပညာက အေျဖရွာေနပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် နှစ်ခါပြန်ကူးနိုင်သလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတချို့ ပြန်ကောင်းသွားပြီး ပိုးမတွေ့ရတော့ဘူးလို့ စစ်ဆေးပြီးတာတောင်မှ နောက်ပိုင်းမှာ ပိုးပြန်တွေ့တာတွေ ဖြစ်လာနေပါတယ်။ ပုံမှန်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ဟာ သာမန်အဖျားရောဂါလိုပဲ ရောဂါဖြစ်သူမှာ ဗိုင်းရပ်စ်ကို ခုခံစွမ်းအားရသွားစေပါတယ်။ ဒါပေမဲ့ ဒီ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ဘာတွေ ကွာခြားနေပါသလဲ။

အသက် ၇၀ ကျော် အမျိုးသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ထပ်တွေ့ခဲ့တာက ဆရာဝန်တွေ စိုးရိမ်စရာဖြစ်စေခဲ့တဲ့ အစောပိုင်း ဥပမာ တစ်ခု ဖြစ်ပါတယ်။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိတာသိပြီးတဲ့နောက် တိုကျိုက ဆေးရုံတစ်ရုံမှာ ဖေဖော်ဝါရီလတုန်းက သီးသန့်ခွဲခြားထားခဲ့တာပါ။

ဂျပန် ရုပ်သံမီဒီယာ NHK ရဲ့ အဆိုအရ သူဟာ ရောဂါက ပြန်သက်သာလာခဲ့ပြီး ပုံမှန်နေ့စဉ်ဘဝမှာ နေထိုင်နေတဲ့သူပါ။ အများသုံး ကား၊ရထားတွေတောင် စီးနေပါပြီ။

ဒါပေမဲ့ ရက်ပိုင်း အနည်းငယ်အကြာမှာတော့ သူနေမကောင်းဖြစ်ပြီး ဖျားခဲ့ပါတယ်။

သူ ဆေးရုံကို နောက်တစ်ခေါက် ပြန်လာခဲ့တော့ သူ့ဆရာဝန်တွေ အံ့သြသွားပါတယ်။ နောက်တော့ သူ့မှာ ဗိုင်းရပ်စ် နောက်တစ်ခေါက် ထပ်ရှိနေပြန်ပြီဆိုတာ သိလိုက်ရပါတယ်။

အခုလိုမျိုး ပိုးထပ်တွေ့တာ ဂျပန်မှာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီလို ပိုးထပ်တွေ့တာမျိုးတွေက လူအနည်းအကျဉ်းမှာပဲ ထပ်တွေ့ပေမဲ့ အရေအတွက်ကတော့ မနည်းလှပါဘူး။ ဒါပေမဲ့ ဘာလို့ အဲဒီလို ပိုးထပ်တွေ့တာမျိုးတွေ ဖြစ်နေတာလဲ။

ဗိုင်းရပ်စ် ပြန်ထကြွလာတာ

ကိုဗစ်-၁၉ လူနာတွေထဲက အနည်းဆုံး ၁၄ ရာခိုင်နှုန်းဟာ ပိုးမရှိတော့ဘူးလို့ အဖြေထွက်ပြီးတာတောင်မှ နောက်တစ်ခါ ပိုးထပ်တွေ့ရတတ်တယ်လို့ စပိန် အမျိုးသား ဇီဝနည်းပညာ ဌာနက ဗိုင်းရပ်စ်ဗေဒ ပညာရှင် လူးဝစ်အန်းဂျူအန်းက ဘီဘီစီကို ပြောပါတယ်။

အဲလို ပိုးတွေ့တာကို နောက်တစ်ခါ ထပ်ကူးစက်ခံရတယ်လို့ သူက မယူဆပါဘူး။ အဲဒါက ပိုးတွေ ပြန်ထကြွလာတာလို့ ယူဆတာပါ။

ဖြစ်နိုင်ခြေတွေ အများကြီးထဲက ယူဆချက် တစ်ခုကတော့ ပုံမှန်အတိုင်းဆိုရင် ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရသူတွေကို ခုခံစွမ်းအား ထွက်လာစေပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာ ခုခံစွမ်းအားက သိပ်အားမကောင်းဘူးလို့ အန်းဂျူအန်းက ပြောပါတယ်။

ခုခံစွမ်းအားနှေးသွားတဲ့အခါ ကိုယ်ထဲမှာ ကျန်နေတဲ့ ဗိုင်းရပ်စ်က ပြန်ပေါ်လာတာလို့ ဆိုပါတယ်။

ကိုယ်ထဲမှာ ဗိုင်းရပ်စ် နေနေနိုင်တယ်

တချို့ ဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲမှာ သုံးလနဲ့ အထက်နေနေနိုင်ပါတယ်။

တချို့လူတွေမှာ ဇီးရိုးပေါ့စတစ် ဖြစ်သွားတဲ့အခါ (ပိုးရှိတယ်လို့တွေ့ရပြီး နောက်ထပ်စစ်တော့ ပိုးမရှိ တော့ဘူးဆိုတဲ့အခါ) သူ့မှာ ခုခံစွမ်းအား ထွက်လာပြီလို့ ယူဆလို့ရပါတယ်။ ဒါဆိုရင် ဗိုင်းရပ်စ်က ထပ်ပြန်ထွက်မလာသင့် တော့ပါဘူးလို့ အန်ဂျူအန်းက ပြောပါတယ်။

ကိုယ်ထဲက ခုခံအားစနစ်နဲ့ မတွေ့ခဲ့တဲ့ ကူးစက်နိုင်စေတဲ့ ပစ္စည်းတချို့ တခြားကိုယ်အင်္ဂါတွေထဲက တစ်ရှူးတွေထဲမှာ ဆက်ရှိနေနိုင်ပါသေးတယ်။

ဒါပေမဲ့ နေပြန်ကောင်းလာပြီး အချိန်တိုအတွင်းမှာ နောက်ထပ်တစ်ခါ ပိုးထပ်တွေ့တာမျိုးက ကိုဗစ်-၁၉ ဟာ သိပ္ပံပညာရှင်တွေအတွက် အထူးအဆန်းဖြစ်နေပါတယ်။

သိပ္ပံပညာရှင်တွေအတွက် ပဟေဠိ

ခုခံစွမ်းအားက မတူတဲ့ ဗိုင်းရပ်စ်တွေအတွက် မတူတဲ့ ပုံစံနဲ့ ထွက်တတ်ပါတယ်။

ဝက်သက်ဆိုရင် တစ်ခါ ကာကွယ်ဆေးထိုးလိုက်တာနဲ့ ကလေးဘဝကနေ တစ်သက်လုံး ခုခံအားရသွားစေပါတယ်။ ဒါပေမဲ့ တချို့ ကျန်းမာရေး အဖွဲ့တွေကတော့ အသက်နည်းနည်းရလာတဲ့အခါ ပိုသစ်တဲ့ ခေတ်ပေါ် ကာကွယ်ဆေးတွေ ထပ်ထိုးပေးရင် ပိုပြီး စိတ်ချရတယ်လို့ လမ်းညွှန်ထားပါတယ်။

တချို့ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေကျတော့ အဲဒီလောက် မကာကွယ်ပေးနိုင်တဲ့အတွက် အချိန်တစ်ခုကြာသွားတိုင်း ထပ်ထပ်ထိုးပေးနေရပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေးဆိုရင် ဗိုင်းရပ်စ်က မျိုးဗီဇဆင့်ပွားပြောင်းသွားတတ်လို့ နှစ်တိုင်း ကာကွယ်ဆေး ပြန်ထိုးပေးနေရပါတယ်။

နားလည်ဖို့ ကြိုးစားဆဲ

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ ဗိုင်းရပ်စ် အသစ်ဖြစ်လို့ အချိန်တိုအတွင်း နှစ်ခါပြန် ကူးစက်ရတဲ့ အကြောင်းကို ပညာရှင်တွေ နားလည်အောင် လေ့လာနေကြဆဲပဲ ရှိပါသေးတယ်။

စပိန်နိုင်ငံ မဒရစ်မြို့ ကားလို့စ် ၃ ကျန်းမာရေး ဌာနက သုတေသီ အီစီဒိုရို မာတီနက်ဇ်က ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ထပ်ကူးစက်တာမျိုးက ဖြစ်နိုင်ပေမဲ့ အချိန်အရမ်းတိုတိုလေးအတွင်းမှာ ထပ်ဖြစ်တာမျိုးကတော့ ထူးဆန်းတယ်လို့ ပြောပါတယ်။

တကယ်လို့ ရောဂါခုခံနိုင်စွမ်း ဘာမှ ကျန်မနေခဲ့ဘူးဆိုရင် တစ်နှစ်၊နှစ်နှစ်ကြာလို့ နောက်ထပ် ကူးစက်ရောဂါ ဖြစ်ချိန်ရောက်ရင် ထပ်ကူးခံရမှာပဲ။ အဲဒါက ပုံမှန်ပဲလို့ မာတီနက်ဇ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ကို အဲဒီဗိုင်းရပ်စ်ကို ကုပြီးပြီးချင်း ဒီဗိုင်းရပ်စ်ပဲ ထပ်ကူးစက်ခံရတာက ရှားတယ်။ သိသလောက်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်က တုပ်ကွေးဗိုင်းရပ်စ်လိုတောင် အများကြီး မျိုးဗီဇပြောင်းတာမဟုတ်ဘူးလို့ သူက ဖြည့်ပြောပါတယ်။

ယာယီ ပြန်ထကြွလာတာ

သူ့အယူအဆက အန်းဂျူအန်းရဲ့ အယူအဆနဲ့ ဆင်တူပါတယ်။

နောက်တစ်ကြိမ် ပြန်တွေ့တယ်ဆိုတာက ပိုးတွေ လုံးဝ အရှင်းမပျောက်သွားသေးချိန်မှာ ယာယီ ပြန်ထကြွလာမျိုး ဖြစ်နိုင်ပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ သုတေသီ နှစ်ယောက်လုံးက ပြောတာက ကိုဗစ်-၁၉ ကို နားလည်ဖို့ နောက်ထပ် လေ့လာဖို့ လိုသေးတယ် ဆိုတာပါပဲ။

ကိုရိုနာဗိုင်းရပ်စ်က နေ့တိုင်း ထပ်လေ့လာနေရတဲ့ ပိုးအသစ်ဖြစ်တယ်လို့ အမေရိကတိုက် ကျန်းမာရေး အဖွဲ့ PAHO က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် ထပ်ကူးစက်ခံရမှုတွေ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ တိတိကျကျ ရှင်းပြဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ အစိုးရတွေ ပြည့်သူ့ကျန်းမာရေး တုံ့ပြန်ချက်တွေ ဆုံးဖြတ်နိုင်ဖို့ သိပ္ပံပညာက အဖြေရှာနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52279630
ကို႐ိုနာဗိုင္းရပ္စ္ ႏွစ္ခါျပန္ကူးႏိုင္သလား ကို႐ိုနာဗိုင္းရပ္စ္ ႏွစ္ခါျပန္ကူးႏိုင္သလား Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.