ထိုင္းမွာ တားျမစ္ခ်က္ခ်ဳိးေဖာက္လို႔ အဖမ္းခံရသူေတြထဲ ျမန္မာႏုိင္ငံသားေတြလည္း ပါ


(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လူတုိင္း မ်က္ႏွာဖံုး ႏွာေခါင္းစည္း တပ္ဖို႔နဲ႔ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားခ်ိန္မွာ ဒီအမိန္႔ေတြကုိ မလိုက္နာတဲ့ ျမန္မာအပါအ၀င္ လူတေထာင္ေက်ာ္ကုိ ဒီရက္ပုိင္းအတြင္း ဖမ္းဆီးလုိက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ ေန႔စဥ္ျမင့္တက္လာေနၿပီး အခုဆိုရင္ လူဦးေရ ၂ ေထာင္ေက်ာ္ ကူးစက္ခံထားရၿပီ ျဖစ္ပါတယ္။ ဒီထဲမွာ ျမန္မာႏုိင္ငံသားလည္း ၉ ဦးထက္မနည္း ပါ၀င္ေနတာပါ။

ဒီအခ်ိန္မွာ ထုိ္င္းအစိုးရ ထုတ္ျပန္တဲ့ အမိန္႔ေတြ၊ တားျမစ္ခ်က္ေတြ မလိုက္နာတဲ့လူ တေထာင္ေက်ာ္ဟာ ၿပီးခဲ့တဲ့ရက္ကပဲ ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီထဲမွာ ျမန္မာေတြလည္း ပါ၀င္ေၾကာင္း ထုိင္းေတာင္ပုိင္း ဖန္းငခ႐ုိင္အေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာ တာ၀န္ခံ ဦးမင္းဦးက ေျပာပါတယ္။

“ညဘက္ဆုိလို႔ရွိရင္ ကာဖ်ဴးက အထူးသျဖင့္ ည ၁၀ နာရီကေန မနက္ ၄ နာရီ အတြင္းမွာ မထြက္ဖို႔၊ ၿပီးခဲ့တဲ့ရက္က ၁၀၀၀ ေက်ာ္ ဖမ္းမိတာ၊ ျပစ္မႈက်ဴးလြန္တာ ထုတ္တဲ့အထဲမွာ ျမန္မာေတြလည္း ပါတယ္ေနာ္။ ဖမ္းမိတဲ့အထဲမွာ ညဘက္ထြက္တာမ်ိဳး မ်က္ႏွာအုပ္မပါဘဲ ထြက္တာမ်ိဳး၊ ၂ ေယာက္ထက္ပုိၿပီး ထြက္တာ ညဘက္ ၁၀ နာရီကေန ၄ နာရီက ထြက္တာမ်ိဳး၊ ဖူးခက္မွာဆုိရင္ အဖမ္းခံရတာမ်ိဳး ရွိတယ္။ ဖန္းငဘက္မွာေတာ့ မ်က္ႏွာအုပ္တာမပါဘဲ ထြက္လို႔ ရဲေတြက နရင္း႐ုိက္တာ ဒဏ္႐ုိက္တာေတြရွိတယ္။ ဒါကေတာ့ အကုန္လံုးကုိ လုပ္ေနတာဆိုေတာ့ က်ေနာ္တို႔ ျမန္မာေတြကိုပဲ လုပ္တာမဟုတ္ဘူး၊ အကုန္လံုးကို လုပ္ေနတာဆိုေတာ့ သတိထားေစခ်င္တယ္။”

အလားတူ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာလည္း ႏွာေခါင္းစည္းမတပ္ဘဲ အျပင္ထြက္တဲ့ ေစ်းေရာင္းတဲ့ ျမန္မာတခ်ိဳ႕လည္း အဖမ္းခံရတာ ဒဏ္ေၾကးေပးေဆာင္ရတာေတြ ရွိေနပါတယ္။

ေဒသႏၱရအလုိက္ တားျမစ္မိန္႔ေတြကို ခ်ိဳးေဖာက္တာရွိရင္ အခုလို ကိုဗစ္-၁၉ အေရးေပၚကာလမွာ ေဒသခံ အာဏာပိုင္ေတြက ျပင္းျပင္းထန္ထန္ အေရးယူမႈေတြ လုပ္လာပါတယ္။ ဒါ့အျပင္ ရပ္ရြာအုပ္ခ်ဳပ္ေရး အဖဲြ႔ေတြကပါ သူ႔ေက်းရြာအလုိက္ ျပစ္ဒဏ္ေပးတာေတြလည္း လုပ္ၾကပါတယ္။

ဒီအတြက္ ထုိင္းေရာက္ ျမန္မာေတြ အထူးသတိထားဖို႔နဲ႔ တားျမစ္မိန္႔ေတြ မခ်ိဳးေဖာက္ဖို႔အတြက္ ထုိင္းႏုိင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးကလည္း ႏႈိးေဆာ္ေနသလို အစိုးရမဟုတ္တဲ့ အဖဲြ႔ေတြ၊ လူထုအေျချပဳ အဖဲြ႔ေတြကလည္း ပညာေပးမႈေတြကုိ ဆက္တုိက္လုပ္ေနပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------

(Unicode)

ထိုင်းမှာ တားမြစ်ချက်ချိုးဖောက်လို့ အဖမ်းခံရသူတွေထဲ မြန်မာနိုင်ငံသားတွေလည်း ပါ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် လူတိုင်း မျက်နှာဖုံး နှာခေါင်းစည်း တပ်ဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ ဒီအမိန့်တွေကို မလိုက်နာတဲ့ မြန်မာအပါအဝင် လူတထောင်ကျော်ကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု နေ့စဉ်မြင့်တက်လာနေပြီး အခုဆိုရင် လူဦးရေ ၂ ထောင်ကျော် ကူးစက်ခံထားရပြီ ဖြစ်ပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသားလည်း ၉ ဦးထက်မနည်း ပါဝင်နေတာပါ။

ဒီအချိန်မှာ ထိုင်းအစိုးရ ထုတ်ပြန်တဲ့ အမိန့်တွေ၊ တားမြစ်ချက်တွေ မလိုက်နာတဲ့လူ တထောင်ကျော်ဟာ ပြီးခဲ့တဲ့ရက်ကပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲမှာ မြန်မာတွေလည်း ပါဝင်ကြောင်း ထိုင်းတောင်ပိုင်း ဖန်းငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ညဘက်ဆိုလို့ရှိရင် ကာဖျူးက အထူးသဖြင့် ည ၁၀ နာရီကနေ မနက် ၄ နာရီ အတွင်းမှာ မထွက်ဖို့၊ ပြီးခဲ့တဲ့ရက်က ၁၀၀၀ ကျော် ဖမ်းမိတာ၊ ပြစ်မှုကျူးလွန်တာ ထုတ်တဲ့အထဲမှာ မြန်မာတွေလည်း ပါတယ်နော်။ ဖမ်းမိတဲ့အထဲမှာ ညဘက်ထွက်တာမျိုး မျက်နှာအုပ်မပါဘဲ ထွက်တာမျိုး၊ ၂ ယောက်ထက်ပိုပြီး ထွက်တာ ညဘက် ၁၀ နာရီကနေ ၄ နာရီက ထွက်တာမျိုး၊ ဖူးခက်မှာဆိုရင် အဖမ်းခံရတာမျိုး ရှိတယ်။ ဖန်းငဘက်မှာတော့ မျက်နှာအုပ်တာမပါဘဲ ထွက်လို့ ရဲတွေက နရင်းရိုက်တာ ဒဏ်ရိုက်တာတွေရှိတယ်။ ဒါကတော့ အကုန်လုံးကို လုပ်နေတာဆိုတော့ ကျနော်တို့ မြန်မာတွေကိုပဲ လုပ်တာမဟုတ်ဘူး၊ အကုန်လုံးကို လုပ်နေတာဆိုတော့ သတိထားစေချင်တယ်။”

အလားတူ တာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်တဲ့ ဈေးရောင်းတဲ့ မြန်မာတချို့လည်း အဖမ်းခံရတာ ဒဏ်ကြေးပေးဆောင်ရတာတွေ ရှိနေပါတယ်။

ဒေသန္တရအလိုက် တားမြစ်မိန့်တွေကို ချိုးဖောက်တာရှိရင် အခုလို ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ ဒေသခံ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ လုပ်လာပါတယ်။ ဒါ့အပြင် ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့တွေကပါ သူ့ကျေးရွာအလိုက် ပြစ်ဒဏ်ပေးတာတွေလည်း လုပ်ကြပါတယ်။

ဒီအတွက် ထိုင်းရောက် မြန်မာတွေ အထူးသတိထားဖို့နဲ့ တားမြစ်မိန့်တွေ မချိုးဖောက်ဖို့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း နှိုးဆော်နေသလို အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ လူထုအခြေပြု အဖွဲ့တွေကလည်း ပညာပေးမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-arrested…/5368453.html
ထိုင္းမွာ တားျမစ္ခ်က္ခ်ဳိးေဖာက္လို႔ အဖမ္းခံရသူေတြထဲ ျမန္မာႏုိင္ငံသားေတြလည္း ပါ ထိုင္းမွာ တားျမစ္ခ်က္ခ်ဳိးေဖာက္လို႔ အဖမ္းခံရသူေတြထဲ ျမန္မာႏုိင္ငံသားေတြလည္း ပါ Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.