Quarantine ၁၄ ရက္အစား ၂၁ ရက္ထိ တိုးရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ


(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ဧၿပီ- ၁၁

COVID-19 ကာကြယ္ထိန္းသိမ္းေရး Quarantine ကာလကို လက္ရွိ ၁၄ ရက္ အစား ၂၁ ရက္ထိ တိုးျမႇင့္ေဆာင္႐ြက္ရမည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံက ယေန႔ ညေနပိုင္းတြင္္ သူမ၏ ေဖ့ဘြတ္ခ္စာမ်က္ႏွာမွ တဆင့္ ေျပာၾကားလိုက္သည္။

"COVIDေရာဂါ ကူးစက္ေနသူတစ္ဦး ျမန္မာႏိုင္ငံမွာ ပထမဆုံးေတြ႕ခဲ့တာ သုံးပတ္ ရွိသြားၿပီ ဆိုေတာ့၊ ေရာဂါ မပ်ံ႕ပြါးေရး၊ ကာကြယ္ေရး၊ အတြက္ ဘာေတြ လုပ္ ရမယ္ ဆိုတာပိုသိလာပါတယ္။ Quarantine ၁၄ ရက္လြန္မွ ေရာဂါ လကၡဏာ ျပသူေတြေတြ႕ရလို႔ စိတ္ခ်ရေအာင္ quarantine ကို ၂၁ ရက္ထိ တိုးရပါမယ္" ဟု ေဒၚေအာင္ဆန္းစုၾကည္္္က ေျပာသည္။

ယင္းအျပင္ အိမ္တြင္ေနထိုင္ၾကမည့္ Home Quarantine မ်ားအေနျဖင့္လည္း ေပါ့ေပါ့ဆဆ မေနရန္ႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ၫႊန္ၾကားခ်က္မ်ားကိုလည္း လိုက္နာၾကရန္ မွာၾကားထားသည္။

ယင္းသို႔ quarantine ၂၁ ရက္ ႏွင့္ပတ္သက္၍ စစ္ကိုင္းတိုင္း၏ အေျခအေနကို တိုင္း Covid-19 ထိန္းခ်ဴပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႈးႀကီးသန္းထြန္းေအာင္အား ညေနပိုင္း ၇ နာရီတြင္ ဆက္သြယ္ေမးျမန္းရာ အစည္းအေဝးျပဳလုပ္ေန၍ ေျဖၾကားႏိုင္ျခင္း မရွိေသးေပ။

ေဒၚေအာင္ဆန္းစုၾကည္၏ ေျပာၾကားခ်က္တြင္ "ထိုင္းဘက္မွ ကြၽန္မတို႔ ျပည္သူေတြစၿပီး အလုံးအရင္းနဲ႔ ျပန္လာတာလဲ ၂ ပတ္ေက်ာ္ သြားပါၿပီ။ အေရအတြက္က ဒီေန႔ထိဆို တစ္သိန္းခြဲေက်ာ္ပါၿပီ။ ေရာဂါ ကူး စက္ထားသူမ်ား ေနာက္အပတ္အတြင္း ေပၚလာပါမယ္။ ဘယ္ေလာက္ အထိမ်ားမယ္ ခန္႔မွန္းလို႔ မရေသးပါဘူး" ဟုလည္း ပါရွိသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံတြင္း ျပည္ပေလယာဥ္မ်ားဆိုက္ေရာက္မႈ တားျမစ္ျခင္းကိုလည္း ယခု လကုန္အထိ တိုးျမႇင့္ ထားသည္။

မုံ႐ြာေဂဇက္
https://www.facebook.com/monywagazette/
-----------------------------------------------
(Unicode)⤵⤵⤵
Quarantine ၁၄ ရက်အစား ၂၁ ရက်ထိ တိုးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မုံရွာ၊ ဧပြီ- ၁၁

COVID-19 ကာကွယ်ထိန်းသိမ်းရေး Quarantine ကာလကို လက်ရှိ ၁၄ ရက် အစား ၂၁ ရက်ထိ တိုးမြှင့်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ယနေ့ ညနေပိုင်းတွင် သူမ၏ ဖေ့ဘွတ်ခ်စာမျက်နှာမှ တဆင့် ပြောကြားလိုက်သည်။

"COVIDရောဂါ ကူးစက်နေသူတစ်ဦး မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာ သုံးပတ် ရှိသွားပြီ ဆိုတော့၊ ရောဂါ မပျံ့ပွါးရေး၊ ကာကွယ်ရေး၊ အတွက် ဘာတွေ လုပ် ရမယ် ဆိုတာပိုသိလာပါတယ်။ Quarantine ၁၄ ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို ၂၁ ရက်ထိ တိုးရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းအပြင် အိမ်တွင်နေထိုင်ကြမည့် Home Quarantine များအနေဖြင့်လည်း ပေါ့ပေါ့ဆဆ မနေရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန် မှာကြားထားသည်။

ယင်းသို့ quarantine ၂၁ ရက် နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း၏ အခြေအနေကို တိုင်း Covid-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှုးကြီးသန်းထွန်းအောင်အား ညနေပိုင်း ၇ နာရီတွင် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးပြုလုပ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်တွင် "ထိုင်းဘက်မှ ကျွန်မတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလဲ ၂ ပတ်ကျော် သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါ ကူး စက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာပါမယ်။ ဘယ်လောက် အထိများမယ် ခန့်မှန်းလို့ မရသေးပါဘူး" ဟုလည်း ပါရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း ပြည်ပလေယာဉ်များဆိုက်ရောက်မှု တားမြစ်ခြင်းကိုလည်း ယခု လကုန်အထိ တိုးမြှင့် ထားသည်။

မုံရွာဂေဇက်
https://www.facebook.com/monywagazette/
Quarantine ၁၄ ရက္အစား ၂၁ ရက္ထိ တိုးရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ Quarantine ၁၄ ရက္အစား ၂၁ ရက္ထိ တိုးရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.