ထိုင္းကျပန္ဝင္လာသူ ၁၀၀ ေက်ာ္ ဘုရားသံုးဆူကေန ခရီးဆက္မရ ျဖစ္ေန

ဘုရားသုံးဆူေဒသ ရာဘာၿခံထဲတြင္ ေသာင္တင္ေနသည့္ ျမန္မာအလုပ္သမားမ်ား။ (ဧၿပီ ၁၁၊ ၂၀၂၀။)
(Zawgyi / Unicode)

ထိုင္းကျပန္လာတဲ့ ျမန္မာႏုိင္ငံသားေတြ ထိုင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူ ေဒသကေန ခရီးဆက္မရဘဲ ဒုကၡေရာက္ေနၾကပါတယ္။ အေျခအေန အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပုိ႔ထားပါတယ္။

COVID-19 ဗိုင္းရပ္စ္ေရာဂါ တားဆီးကာကြယ္ေရး သြားလာမႈ ပိတ္ပင္ကန္႔သတ္ထားခ်ိန္ ထိုင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူေဒသမွာ ထိုင္းျပန္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၀၀ ေက်ာ္ဟာ ေနရပ္ျပန္လုိ႔မရဘဲ ေသာင္တင္ေနပါတယ္။

အဲဒီအလုပ္သမားေတြဟာ ရာဘာၿခံထဲမွာ ျဖစ္သလို ေနထိုင္ေနရတယ္လို႔ ဘုရားသုံးဆူၿမိဳ႕ ကယ္ဆယ္ေရးတာ၀န္ခံ ဦးေအာင္စိုးက ေျပာပါတယ္။

“အခုက ႀကံေတာနဲ႔ ဂ်ပန္ေရတြင္းမွာ ျပည္ေတာ္ျပန္ေတြ ပိတ္မိေနတယ္။ ၁၀၂ ေယာက္၊ က်ေနာ္တုိ႔ ထမင္းထုပ္ သြားေ၀တယ္။ ဘယ္လိုေျပာမလဲ အိမ္သာလည္းမရွိဘူး၊ သူတို႔ေနရာမွာေလ။ ျဖစ္သလိုသြား အိပ္ေနၾကတယ္ အဲဒီလိုမ်ိဳးေပါ့။ ရာဘာၿခံထဲ ဖ်ာခင္းၿပီး အိပ္ေနၾကတယ္။ က်န္းမာေရးလည္း မေကာင္းဘူးေလ။ တကယ္လို႔ သူတို႔မွာ ဗိုင္းရပ္စ္ေရာဂါပိုး ပါလာတဲ့အခါက်ရင္ ဒီေက်းရြာေတြ ဒုကၡေရာက္မယ္။”

ဒီျပည္ေတာ္ျပန္ေတြဟာ တရားမ၀င္လမ္းကေန ၀င္ေရာက္လာၿပီး လမ္းပိတ္ထားတာေၾကာင့္ ခရီးဆက္မရ ျဖစ္ေနတာပါ။ ဒီလမ္းေၾကာင္း ျပန္ဖြင့္ေပးဖို႔ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ႀကိဳးပမ္းေနတယ္လို႔ ဦးေအာင္စိုးက ဆက္ေျပာပါတယ္။

“အခုက တပ္ကပိတ္တယ္။ မြန္ျပည္သစ္ပါတီက ပိတ္တာမဟုတ္ဘူး။ ျပည္နယ္အစိုးရက ပိတ္တာမဟုတ္ဘူး။ ျပည္နယ္အစိုးရက Open ဖြင့္ထားေပးတယ္။ ဒီမွာရွိတဲ့ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ကုိေစာရွားေဖာင္ကလည္း ဖြင့္ဖို႔အတြက္ ကရင္ျပည္နယ္အစိုးရကို သူတင္ျပမယ္။ ဘယ္အခ်ိန္ဖြင့္မလဲ မသိဘူး။”

သူတို႔ ေနရပ္ျပန္ႏုိင္ေရးအတြက္ ဘုရားသုံးဆူၿမိဳ႕က အာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္း အေၾကာင္းၾကားထားဆဲလို႔ နယ္ေျမခံ မြန္ျပည္သစ္ပါတီ တာ၀န္ရွိသူေတြက ေျပာပါတယ္။

COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ကာလမွာ အခုလို ျပည္ေတာ္ျပန္ေတြ စုေ၀းေရာက္ရွိေနတဲ့အေပၚ ေဒသခံေတြက စိုးရိမ္ေနၾကတာကို ႀကံေတာရြာ ေဒသခံတဦးက မြန္ဘာသာနဲ႔ အခုလိုေျပာပါတယ္။

“ေရာဂါျဖန္႔သလို ျဖစ္ေနတယ္။ က်ေနာ္တုိ႔လည္း အျပင္မထြက္ရဲ၊ တံခါးပိတ္ထားတယ္။ ကေလးငယ္ေတြလည္း ရွိတယ္ဆိုေတာ့ အိမ္မွာ ကိုယ့္ပုံစံနဲ႔ကိုယ္ ကာကြယ္ေနရတယ္။”

ဘုရားသံုးဆူၿမိဳ႕က ေဒါက္တာဗညားေအာင္မိုးကလည္း ဒီလူေတြၾကားမွာ ဗိုင္းရပ္စ္ကာကြယ္ေရး စနစ္တက် ရွိမေနတာေၾကာင့္ စိုးရိမ္ရတယ္လုိ႔ ေျပာပါတယ္။

“အဲဒီလို အုပ္စုလိုက္ေပါ့ေလ ေသာင္တင္ေနတယ္။ တေယာက္နဲ႔တေယာက္ ေနထိုင္တာ အကြာအေ၀း ဆက္ဆံေရး ေနာက္ၿပီးေတာ့ ဒီေရာဂါကို ကာကြယ္ဖို႔အတြက္ ဘယ္လုိဘယ္လိုေနရမယ္၊ ဘယ္လိုက်င့္ႀကံရမယ္ ဆုိတဲ့ဥစၥာကို ပညာေပးမႈကလည္း အားနည္းတယ္။ ထိန္းကြပ္မႈလည္း မရွိဘူးဆိုေတာ့ ဒီပိုးရွိတဲ့သူ တေယာက္ေယာက္ပါလာရင္ တအုပ္စုလုံးမွာ အႏၱရာယ္ရွိတယ္။ ဒါကေတာ့ က်ေနာ္တုိ႔ စိုးရိမ္ရတာပဲ။”

ထိုင္းႏုိင္ငံတြင္းမွာ လူေပါင္း ၂၃၀၀ ေက်ာ္ COVID-19 ေရာဂါ ကူးစက္ခံထားရၿပီး ေသဆုံးသူ ၃၅ ေယာက္ထက္မနည္း ရွိသြားပါၿပီ။ ကူးစက္ခံထားရသူေတြထဲမွာ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြလည္း ပါပါတယ္။

ႏုိင္ကြန္းအိန္   / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

(Unicode)

ထိုင်းကပြန်ဝင်လာသူ ၁၀၀ ကျော် ဘုရားသုံးဆူကနေ ခရီးဆက်မရ ဖြစ်နေ

ထိုင်းကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသကနေ ခရီးဆက်မရဘဲ ဒုက္ခရောက်နေကြပါတယ်။ အခြေအနေ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

COVID-19 ဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်ရေး သွားလာမှု ပိတ်ပင်ကန့်သတ်ထားချိန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ ထိုင်းပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ဟာ နေရပ်ပြန်လို့မရဘဲ သောင်တင်နေပါတယ်။

အဲဒီအလုပ်သမားတွေဟာ ရာဘာခြံထဲမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဘုရားသုံးဆူမြို့ ကယ်ဆယ်ရေးတာဝန်ခံ ဦးအောင်စိုးက ပြောပါတယ်။

“အခုက ကြံတောနဲ့ ဂျပန်ရေတွင်းမှာ ပြည်တော်ပြန်တွေ ပိတ်မိနေတယ်။ ၁၀၂ ယောက်၊ ကျနော်တို့ ထမင်းထုပ် သွားဝေတယ်။ ဘယ်လိုပြောမလဲ အိမ်သာလည်းမရှိဘူး၊ သူတို့နေရာမှာလေ။ ဖြစ်သလိုသွား အိပ်နေကြတယ် အဲဒီလိုမျိုးပေါ့။ ရာဘာခြံထဲ ဖျာခင်းပြီး အိပ်နေကြတယ်။ ကျန်းမာရေးလည်း မကောင်းဘူးလေ။ တကယ်လို့ သူတို့မှာ ဗိုင်းရပ်စ်ရောဂါပိုး ပါလာတဲ့အခါကျရင် ဒီကျေးရွာတွေ ဒုက္ခရောက်မယ်။”

ဒီပြည်တော်ပြန်တွေဟာ တရားမဝင်လမ်းကနေ ဝင်ရောက်လာပြီး လမ်းပိတ်ထားတာကြောင့် ခရီးဆက်မရ ဖြစ်နေတာပါ။ ဒီလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေတယ်လို့ ဦးအောင်စိုးက ဆက်ပြောပါတယ်။

“အခုက တပ်ကပိတ်တယ်။ မွန်ပြည်သစ်ပါတီက ပိတ်တာမဟုတ်ဘူး။ ပြည်နယ်အစိုးရက ပိတ်တာမဟုတ်ဘူး။ ပြည်နယ်အစိုးရက Open ဖွင့်ထားပေးတယ်။ ဒီမှာရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုစောရှားဖောင်ကလည်း ဖွင့်ဖို့အတွက် ကရင်ပြည်နယ်အစိုးရကို သူတင်ပြမယ်။ ဘယ်အချိန်ဖွင့်မလဲ မသိဘူး။”

သူတို့ နေရပ်ပြန်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့က အာဏာပိုင်တွေနဲ့ ညှိနှိုင်း အကြောင်းကြားထားဆဲလို့ နယ်မြေခံ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ အခုလို ပြည်တော်ပြန်တွေ စုဝေးရောက်ရှိနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာကို ကြံတောရွာ ဒေသခံတဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။

“ရောဂါဖြန့်သလို ဖြစ်နေတယ်။ ကျနော်တို့လည်း အပြင်မထွက်ရဲ၊ တံခါးပိတ်ထားတယ်။ ကလေးငယ်တွေလည်း ရှိတယ်ဆိုတော့ အိမ်မှာ ကိုယ့်ပုံစံနဲ့ကိုယ် ကာကွယ်နေရတယ်။”

ဘုရားသုံးဆူမြို့က ဒေါက်တာဗညားအောင်မိုးကလည်း ဒီလူတွေကြားမှာ ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်တကျ ရှိမနေတာကြောင့် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“အဲဒီလို အုပ်စုလိုက်ပေါ့လေ သောင်တင်နေတယ်။ တယောက်နဲ့တယောက် နေထိုင်တာ အကွာအဝေး ဆက်ဆံရေး နောက်ပြီးတော့ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘယ်လိုဘယ်လိုနေရမယ်၊ ဘယ်လိုကျင့်ကြံရမယ် ဆိုတဲ့ဥစ္စာကို ပညာပေးမှုကလည်း အားနည်းတယ်။ ထိန်းကွပ်မှုလည်း မရှိဘူးဆိုတော့ ဒီပိုးရှိတဲ့သူ တယောက်ယောက်ပါလာရင် တအုပ်စုလုံးမှာ အန္တရာယ်ရှိတယ်။ ဒါကတော့ ကျနော်တို့ စိုးရိမ်ရတာပဲ။”

ထိုင်းနိုင်ငံတွင်းမှာ လူပေါင်း ၂၃၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူ ၃၅ ယောက်ထက်မနည်း ရှိသွားပါပြီ။ ကူးစက်ခံထားရသူတွေထဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါပါတယ်။

နိုင်ကွန်းအိန်   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-migrant-…/5368421.html
ထိုင္းကျပန္ဝင္လာသူ ၁၀၀ ေက်ာ္ ဘုရားသံုးဆူကေန ခရီးဆက္မရ ျဖစ္ေန ထိုင္းကျပန္ဝင္လာသူ ၁၀၀ ေက်ာ္ ဘုရားသံုးဆူကေန ခရီးဆက္မရ ျဖစ္ေန Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.