ရေသ့ေတာင္က စစ္ေဘးဒုကၡသည္ေတြအတြက္ တန္းလ်ားျပင္ဆင္

(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေဘးဒုကၡသည္ ၈၇၀၀ ေက်ာ္ရွိၿပီး အမ်ားစုဟာ စစ္ေဘးခိုလႈံရာ ဘုန္းႀကီးေက်ာင္းဝင္းေတြထဲမွာ ေနစရာမေဆာက္ႏိုင္လို႔ ေျမျပင္ေပၚမွာ စကၠဴခင္း၊ မိုးကာကာၿပီး  ေနထိုင္ေနၾက ရပါတယ္။

မိုးရာသီမေရာက္ခင္ ရေသ့ေတာင္ၿမိဳ႕ေပၚက ေျမ ငါးဧကေလက္မွာ  စစ္ေဘးဒုကၡသည္ေတြေနဖို႔ တန္းလ်ားေတြကို အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ၊ အရပ္ဖက္အဖြဲ႕ေတြ၊ ကိုယ္စားလွယ္ေတြ ပူးေပါင္းျပင္ဆင္ေနၾကတာပါ။ အဲဒီတန္းလ်ားေတြ မွာ ေနထိုင္လိုတဲ့ စစ္ေဘးဒုကၡသည္စာရင္းေတြကို လိုက္လံေကာက္ခံေနပါတယ္။

သၾကၤန္အၿပီးမွာ တန္းလ်ားေတြေဆာက္မွာျဖစ္တယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ကေျပာပါတယ္။

“ေျမေနရာရွာထားေပးတယ္၊ ေျမေနရာလည္း ေတြ႕ၿပီးၿပီ။ တန္းလ်ားေဆာက္မယ္ေပါ့၊ တခန္းကို ငါးေသာင္းနဲ႔ အလႉခံေနတယ္။ ရန္ပုံေငြရေအာင္လည္း ႀကိဳးစားေနတယ္။ သၾကၤန္ၿပီးတာနဲ႔ စေဆာက္ဖို႔မ်ားပါတယ္။ ဘုန္းႀကီး ေက်ာင္းမွာေနတဲ့သူေတြမ်ားမယ္။ ဘုန္းႀကီးေက်ာင္းကလည္း တာရွည္မထားခ်င္ေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ား အခက္အခဲရွိပါတယ္။”

လက္ရွိရထားတဲ့စာရင္းအရ ေနထိုင္လိုသူ တစ္ေထာင္ေက်ာ္ရွိေနတယ္လို႔ ဆိုပါတယ္။

တန္းလ်ားတစ္ခုမွာ ၁၀ ေပ ၁၅ ေပပါတဲ့ အခန္း ၁၀ ခန္းေဆာက္ၿပီး  အခန္းေပါင္း ၅၀၀ ေလာက္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ဝါးခင္း၊ ဝါးတိုင္၊ အုန္းလက္အမိုးနဲ႔ တည္ေဆာက္မွာျဖစ္ၿပီး တခန္းကို ကုန္က်စားရိတ္ ငါးေသာင္းခန႔္လ်ာထား တာပါ။

ဘုန္းႀကီးေက်ာင္းဝင္းေတြမွာ လက္ရွိ ခိုလႈံေနၾကတဲ့ စစ္ေရွာင္ေတြဟာ ကိုယ့္စားရိတ္နဲ႔ ကိုယ္ေနထိုင္ဖို႔ စီစဥ္ ရတာပါ။ တခ်ိဳ႕က ေနစရာတည္ေဆာက္ႏိုင္ေပမယ့္ အမ်ားစုက မတတ္ႏိုင္ၾကပါဘူး။

ေငြေၾကးမတတ္ႏိုင္သူေတြက ေျမျပင္မွာျဖစ္သလို ေနထိုင္ရတဲ့အတြက္ မိုးတြင္းမွာခက္ခဲႏိုင္တယ္လို႔ သာသနာ့ ဗိမာန္ေက်ာင္းတိုက္က ဆရာေတာ္ ဦးသုမန က မိန႔္ပါတယ္။

“မိုးတြင္းက် ပိုၿပီးအခက္အခဲရွိတာေပါ့။ တာလဘက္ ရွာမိုးၿပီးေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ေနေနၾကတာ။ ေျမႀကီး ေပၚေနတဲ့သူေန၊ ကိုယ့္ဟာကိုယ္ေဆာက္ၿပီးေနတဲ့လူေန အဲလိုေနေနၾကတာ။ သြားစရာေနရာ ရွိရင္ေတာ့ ကာလရွည္လက္ခံထားရမွာေပါ့”

အစိုးရက ရေသ့ေတာင္ၿမိဳ႕နယ္ထဲက စစ္ေဘးဒုကၡသည္ေတြ ေနထိုင္ေရးအတြက္ ႐ြာသတ္ေကနဲ႔ ေသာင္းဒရား ေက်း႐ြာမွာ စစ္ေရွာင္စခန္းေတြ တည္ေဆာက္ေပးထားပါတယ္။

အဲဒီစခန္းေတြဟာ ၿမိဳ႕နဲ႔ အလွမ္းေဝးတာေၾကာင့္ လမ္းပန္းဆက္သြယ္ေရးခက္ခဲသလို အဲဒီလမ္းေၾကာင္းမွာ တိုက္ပြဲေတြ အခ်ိန္မေ႐ြးျဖစ္ႏိုင္လို႔ ေဒသခံေတြက သြားမေနၾကဘူးလို႔ ေျပာပါတယ္။

ဘုန္းႀကီးေက်ာင္းဝင္းေတြမွာ ေနစရာေဆာက္လုပ္ဖို႔ မတတ္ႏိုင္သူေတြနဲ႔ ေဆာက္မယ့္ေနရာမရသူေတြဟာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အရပ္ဖက္အဖြဲ႕ေတြ၊ အုပ္ခ်ဳပ္ေရးမႉး ေတြစီစဥ္ေပးမယ့္ေနရာကို ေျပာင္းေ႐ႊ႕ ေနထိုင္ဖို႔ ဆႏၵရွိတယ္လို႔ စစ္ေဘးဒုကၡသည္ ဦးေမာင္ထြန္းသာ က ေျပာပါတယ္။

“ဆရာေတာ္က ခြင့္ျပဳခ်က္ေပးထားတဲ့ ေျမက မရွိေတာ့ဘူးဆိုရင္ အဲဒီေနရာကို သြားၿပီးေတာ့ေနၾကဖို႔ အစီအစဥ္ ရွိၾကပါတယ္။ ကားလမ္းလည္း ေပါက္ပါတယ္။ လႊတ္ေတာ္အမတ္ေတြရဲ႕ ေက်းဇူးရွိပါတယ္။ စစ္ေရွာင္ေတြရဲ႕ အခက္အခဲေတြကို ကူညီေပးႏိုင္သမွ် ကူညီေပးတာကို ကြၽန္ေတာ္တို႔က အထူးပဲ ေက်းဇူးတင္ပါတယ္။”

ဦးေမာင္ထြန္းသာဟာ ရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ပင္လွေက်း႐ြာကေန ရေသ့ေတာင္ ၿမိဳ႕ေပၚကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ေျပာင္းေ႐ႊ႕လာတာပါ။

ရေသ့ေတာင္ၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕လာသူေတြထဲမွာ လပိုင္းေလာက္သာ ရွိသူေတြပါသလို တစ္ႏွစ္နီးပါး ၾကာျမင့္ေနသူေတြလည္းရွိပါတယ္။

ရေသ့ေတာင္တစ္ၿမိဳ႕နယ္လုံးမွာဆိုရင္ စစ္ေဘးဒုကၡသည္ တစ္ေသာင္းခြဲေက်ာ္ရွိပါတယ္။

မတ္လလယ္အထိ အစိုးရက ေကာက္ယူထားတဲ့စာရင္းအရ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ၁၀ ၿမိဳ႕နယ္မွာ စစ္ေဘး ဒုကၡသည္ ေျခာက္ေသာင္းနီးပါးရွိၿပီး ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC က မတ္လ ၃၁ ရက္ေန႔ ထုတ္ျပန္ခ်က္အရ တစ္သိန္းခြဲေက်ာ္ရွိေနပါတယ္။

( လႉဒါန္းလိုသူေတြ အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ဖုန္းနံပါတ္-095106557 ကို ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္)

RFA Burmese
https://www.rfa.org/burmese/news/yathaetaung-refugees-04072020041803.html
--------------
(Unicode)⤵⤵⤵
ရသေ့တောင်က စစ်ဘေးဒုက္ခသည်တွေအတွက် တန်းလျားပြင်ဆင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၈၇၀၀ ကျော်ရှိပြီး အများစုဟာ စစ်ဘေးခိုလှုံရာ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ နေစရာမဆောက်နိုင်လို့ မြေပြင်ပေါ်မှာ စက္ကူခင်း၊ မိုးကာကာပြီး  နေထိုင်နေကြ ရပါတယ်။

မိုးရာသီမရောက်ခင် ရသေ့တောင်မြို့ပေါ်က မြေ ငါးဧကလေက်မှာ  စစ်ဘေးဒုက္ခသည်တွေနေဖို့ တန်းလျားတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ ပူးပေါင်းပြင်ဆင်နေကြတာပါ။ အဲဒီတန်းလျားတွေ မှာ နေထိုင်လိုတဲ့ စစ်ဘေးဒုက္ခသည်စာရင်းတွေကို လိုက်လံကောက်ခံနေပါတယ်။

သင်္ကြန်အပြီးမှာ တန်းလျားတွေဆောက်မှာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

“မြေနေရာရှာထားပေးတယ်၊ မြေနေရာလည်း တွေ့ပြီးပြီ။ တန်းလျားဆောက်မယ်ပေါ့၊ တခန်းကို ငါးသောင်းနဲ့ အလှူခံနေတယ်။ ရန်ပုံငွေရအောင်လည်း ကြိုးစားနေတယ်။ သင်္ကြန်ပြီးတာနဲ့ စဆောက်ဖို့များပါတယ်။ ဘုန်းကြီး ကျောင်းမှာနေတဲ့သူတွေများမယ်။ ဘုန်းကြီးကျောင်းကလည်း တာရှည်မထားချင်တော့ဘူး။ တော်တော်များများ အခက်အခဲရှိပါတယ်။”

လက်ရှိရထားတဲ့စာရင်းအရ နေထိုင်လိုသူ တစ်ထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

တန်းလျားတစ်ခုမှာ ၁၀ ပေ ၁၅ ပေပါတဲ့ အခန်း ၁၀ ခန်းဆောက်ပြီး  အခန်းပေါင်း ၅၀၀ လောက်ဆောက်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ဝါးခင်း၊ ဝါးတိုင်၊ အုန်းလက်အမိုးနဲ့ တည်ဆောက်မှာဖြစ်ပြီး တခန်းကို ကုန်ကျစားရိတ် ငါးသောင်းခန့်လျာထား တာပါ။

ဘုန်းကြီးကျောင်းဝင်းတွေမှာ လက်ရှိ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေဟာ ကိုယ့်စားရိတ်နဲ့ ကိုယ်နေထိုင်ဖို့ စီစဉ် ရတာပါ။ တချို့က နေစရာတည်ဆောက်နိုင်ပေမယ့် အများစုက မတတ်နိုင်ကြပါဘူး။

ငွေကြေးမတတ်နိုင်သူတွေက မြေပြင်မှာဖြစ်သလို နေထိုင်ရတဲ့အတွက် မိုးတွင်းမှာခက်ခဲနိုင်တယ်လို့ သာသနာ့ ဗိမာန်ကျောင်းတိုက်က ဆရာတော် ဦးသုမန က မိန့်ပါတယ်။

“မိုးတွင်းကျ ပိုပြီးအခက်အခဲရှိတာပေါ့။ တာလဘက် ရှာမိုးပြီးတော့ ကိုယ့်ဟာနဲ့ကိုယ်နေနေကြတာ။ မြေကြီး ပေါ်နေတဲ့သူနေ၊ ကိုယ့်ဟာကိုယ်ဆောက်ပြီးနေတဲ့လူနေ အဲလိုနေနေကြတာ။ သွားစရာနေရာ ရှိရင်တော့ ကာလရှည်လက်ခံထားရမှာပေါ့”

အစိုးရက ရသေ့တောင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးအတွက် ရွာသတ်ကေနဲ့ သောင်းဒရား ကျေးရွာမှာ စစ်ရှောင်စခန်းတွေ တည်ဆောက်ပေးထားပါတယ်။

အဲဒီစခန်းတွေဟာ မြို့နဲ့ အလှမ်းဝေးတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို အဲဒီလမ်းကြောင်းမှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်လို့ ဒေသခံတွေက သွားမနေကြဘူးလို့ ပြောပါတယ်။

ဘုန်းကြီးကျောင်းဝင်းတွေမှာ နေစရာဆောက်လုပ်ဖို့ မတတ်နိုင်သူတွေနဲ့ ဆောက်မယ့်နေရာမရသူတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အုပ်ချုပ်ရေးမှူး တွေစီစဉ်ပေးမယ့်နေရာကို ပြောင်းရွှေ့ နေထိုင်ဖို့ ဆန္ဒရှိတယ်လို့ စစ်ဘေးဒုက္ခသည် ဦးမောင်ထွန်းသာ က ပြောပါတယ်။

“ဆရာတော်က ခွင့်ပြုချက်ပေးထားတဲ့ မြေက မရှိတော့ဘူးဆိုရင် အဲဒီနေရာကို သွားပြီးတော့နေကြဖို့ အစီအစဉ် ရှိကြပါတယ်။ ကားလမ်းလည်း ပေါက်ပါတယ်။ လွှတ်တော်အမတ်တွေရဲ့ ကျေးဇူးရှိပါတယ်။ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်သမျှ ကူညီပေးတာကို ကျွန်တော်တို့က အထူးပဲ ကျေးဇူးတင်ပါတယ်။”

ဦးမောင်ထွန်းသာဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာကနေ ရသေ့တောင် မြို့ပေါ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းရွှေ့လာတာပါ။

ရသေ့တောင်မြို့ပေါ်ကို ပြောင်းရွှေ့လာသူတွေထဲမှာ လပိုင်းလောက်သာ ရှိသူတွေပါသလို တစ်နှစ်နီးပါး ကြာမြင့်နေသူတွေလည်းရှိပါတယ်။

ရသေ့တောင်တစ်မြို့နယ်လုံးမှာဆိုရင် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိပါတယ်။

မတ်လလယ်အထိ အစိုးရက ကောက်ယူထားတဲ့စာရင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်း ၁၀ မြို့နယ်မှာ စစ်ဘေး ဒုက္ခသည် ခြောက်သောင်းနီးပါးရှိပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်သိန်းခွဲကျော်ရှိနေပါတယ်။

( လှူဒါန်းလိုသူတွေ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ဖုန်းနံပါတ်-095106557 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်)

RFA Burmese
https://www.rfa.org/burmese/news/yathaetaung-refugees-04072020041803.html
ရေသ့ေတာင္က စစ္ေဘးဒုကၡသည္ေတြအတြက္ တန္းလ်ားျပင္ဆင္ ရေသ့ေတာင္က စစ္ေဘးဒုကၡသည္ေတြအတြက္ တန္းလ်ားျပင္ဆင္ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.