
(Zawgyi)⤵⤵⤵





RFA Burmese
-------------
(Unicode)⤵⤵⤵

ရန်ကုန်တိုင်းမှာ စက်ရုံတွေပိတ်လို့ အလုပ်သမား နှစ်သောင်း အလုပ်လက်မဲ့ဖြစ်

 ရန်ကုန်တိုင်းလှိုင်ယာယာမြို့နယ်က စက်ရုံ ၇၃ ရုံ ပိတ်လိုက်တဲ့အတွက် အလုပ်သမား နှစ်သောင်းလောက် အလုပ်လက်မဲ့ဖြစ်သွားရပါတယ်။ အများစုဟာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဖြစ်ပါတယ်။

စက်ရုံအများစုဟာ ကုန်ကြမ်းပြတ်လပ်တဲ့အပြင် စက်ရုံထုတ် အော်ဒါနဲ့ အမှာစာမရတဲ့ အတွက် ပိတ်ရတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်က အလုပ်သမား ၉၀၀ ကျော် ရှိတဲ့ ဖက်ရှင် အထည်ချုပ်စက်ရုံဆိုရင် အမှာတွေဖျက်လိုက်တဲ့အတွက် စက်ရုံအလုပ်သမား ၆၈၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။

အထည်ချုပ်စက်ရုံလုပ်ငန်းဟာ တရုတ်နိုင်ငံက ကုန်ကြမ်းပေါ် ကို ၉၀ ရာခိုင်နှုန်း အားကိုးနေရတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ရန်ကုန်တိုင်းမှာ စက်ရုံတွေပိတ်လို့ အလုပ်သမား နှစ်သောင်း အလုပ်လက်မဲ့ဖြစ် ရန်ကုန်တိုင်းမှာ စက်ရုံတွေပိတ်လို့ အလုပ်သမား နှစ်သောင်း အလုပ်လက်မဲ့ဖြစ် Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.