ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူရဲ႕ မိသားစုကို အစိုးရ ေစာင့္ေရွာက္မည္

(Zawgyi)⤵⤵⤵

 ပဲခူးတိုင္း ေပါက္ေခါင္းၿမိဳ႕နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး ျပည္ၿမိဳ႕ ေဆး႐ုံႀကီးမွာ ဗုဒၶဟူးေန႔က ေသဆုံးသြားတဲ့ အမ်ိဳးသားတဦး ရဲ႕ က်န္ရစ္သူ မိသားစုကို ႏိုင္ငံေတာ္က ၾကည့္ရႈေစာင့္ေရွာက္မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ မေကြးတိုင္း ျပည္သူေတြနဲ႔ ဗီဒီယိုက တဆင့္ေဆြးေႏြးခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္တာပါ။

ေသဆုံးသြားသူရဲ႕ ဇနီး၊ သားသမီး ၂ ေယာက္နဲ႔ တူမလည္း ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရပါတယ္။ အဲဒီကေလး ၃ ေယာက္ကို မေန႔ညက ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္လိုက္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရဲ့ မိသားစုကို အစိုးရ စောင့်ရှောက်မည်

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြည်မြို့ ဆေးရုံကြီးမှာ ဗုဒ္ဓဟူးနေ့က သေဆုံးသွားတဲ့ အမျိုးသားတဦး ရဲ့ ကျန်ရစ်သူ မိသားစုကို နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ မကွေးတိုင်း ပြည်သူတွေနဲ့ ဗီဒီယိုက တဆင့်ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

သေဆုံးသွားသူရဲ့ ဇနီး၊ သားသမီး ၂ ယောက်နဲ့ တူမလည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ အဲဒီကလေး ၃ ယောက်ကို မနေ့ညက ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူရဲ႕ မိသားစုကို အစိုးရ ေစာင့္ေရွာက္မည္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူရဲ႕ မိသားစုကို အစိုးရ ေစာင့္ေရွာက္မည္ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.