ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ပုိမ်ားႏုိင္ေၾကာင္း WHO သတိေပး


(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္စ္ ကမာၻ႔ ကပ္ေရာဂါေဘးေၾကာင့္ အသက္ ေသဆံုးရသူ အခုထက္ ပိုမ်ား လာႏုိင္တယ္လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ကမာၻ႔ ႏုိင္ငံေတြကို သတိေပးလိုက္ပါတယ္။ WHO ကို ေပးေနတဲ့ အေမရိကန္ရဲ့ ရန္ပုံေငြ အကူညီေတြျဖတ္ေတာက္မယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ လိုက္ၿပီးတဲ့ ေနာက္မွာ အခုလို ေျပာၾကားလိုက္တာပါ။

ဒီအခ်ိန္ဟာ ကမာၻ႔ႏုိင္ငံေတြၾကား ညီညြတ္ရမယ့္ အခ်ိန္ျဖစ္ၿပီး တကယ္လို႔ လူေသဆံုးရမႈ ပိုတိုးမလာေစခ်င္ရင္ ဒီေရာဂါကပ္ဆိုးကို ႏိုင္ငံေရးအရ အသံုးခ်မႈေတြကို ေရွာင္ၾကဖို႔လည္း တုိက္တြန္းလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ Johns Hopkins တကၠသိုလ္ရဲ့ ဗုဒၶဟူးေန႔ ထုတ္ျပန္ခ်က္အရ ေသဆံုးသူ ၁၄၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဒါဟာ အီတလီနဲ႔ စပိန္ၿပီးရင္ ကမာၻမွာ အမ်ုားဆံုး ျဖစ္ေနပါတယ္။ ေရာဂါ ျဖစ္ပြားေၾကာင္း စမ္းသပ္အတည္ျပဳ လူနာကေတာ့ ၄ သိန္း ရွိေနတာပါ။

နယူးေရာက္ျပည္နယ္မွာေတာ့ဗုဒၶဟူးေန႔ ေသဆံုးသူ ၇၇၉ ေယာက္ ရွိေနၿပီး ဒါဟာ တေန႔ထဲ အမ်ားဆံုး ေသဆံုးရတာ ျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ ဒီေရာဂါေၾကာင့္ ေဆးရံုတက္ေနရတဲ့ ဝန္ႀကီးခ်ဳပ္ Boris Johnson ဟာ အထူးၾကပ္မတ္ေဆာင္မွာ ၂ ရက္ေနခဲ့ရၿပီးတဲ့ ေနာက္ သူ႔အေျခေနဟာ တည္ၿငိမ္လာၿပီျဖစ္ ပါတယ္။ ၿဗိတိန္မွာ ဒီေရာဂါ ျဖစ္ပြားသူ ၅၆၀၀၀ ရွိၿပီး ၆၁၀၀ ေသဆံုးခဲ့ရပါၿပီ။

ေနအိမ္မွာ ေနဖို႔ တင္းတင္းၾကပ္ၾကပ္ အမိန္႔ထုတ္ျပန္ထားတဲ ေတာင္ကိုရီးယား ႏုိင္ငံမွာ ေတာ့ ဗုဒၶဟူးေန႔ မွာ ေနာက္ထပ္ ေရာဂါျဖစ္ပြားသူ ၅၃ ေယာက္ ေတြ႔ခဲ့ရပါတယ္။



................

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ပိုများနိုင်ကြောင်း WHO သတိပေး

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါဘေးကြောင့် အသက် သေဆုံးရသူ အခုထက် ပိုများ လာနိုင်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကမ္ဘာ့ နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။ WHO ကို ပေးနေတဲ့ အမေရိကန်ရဲ့ ရန်ပုံငွေ အကူညီတွေဖြတ်တောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် လိုက်ပြီးတဲ့ နောက်မှာ အခုလို ပြောကြားလိုက်တာပါ။

ဒီအချိန်ဟာ ကမ္ဘာ့နိုင်ငံတွေကြား ညီညွတ်ရမယ့် အချိန်ဖြစ်ပြီး တကယ်လို့ လူသေဆုံးရမှု ပိုတိုးမလာစေချင်ရင် ဒီရောဂါကပ်ဆိုးကို နိုင်ငံရေးအရ အသုံးချမှုတွေကို ရှောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ Johns Hopkins တက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၄၀၀၀ ကျော်သွားပြီဖြစ်ပြီး ဒါဟာ အီတလီနဲ့ စပိန်ပြီးရင် ကမ္ဘာမှာ အမျုားဆုံး ဖြစ်နေပါတယ်။ ရောဂါ ဖြစ်ပွားကြောင်း စမ်းသပ်အတည်ပြု လူနာကတော့ ၄ သိန်း ရှိနေတာပါ။

နယူးရောက်ပြည်နယ်မှာတော့ဗုဒ္ဓဟူးနေ့ သေဆုံးသူ ၇၇၉ ယောက် ရှိနေပြီး ဒါဟာ တနေ့ထဲ အများဆုံး သေဆုံးရတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဒီရောဂါကြောင့် ဆေးရုံတက်နေရတဲ့ ဝန်ကြီးချုပ် Boris Johnson ဟာ အထူးကြပ်မတ်ဆောင်မှာ ၂ ရက်နေခဲ့ရပြီးတဲ့ နောက် သူ့အခြေနေဟာ တည်ငြိမ်လာပြီဖြစ် ပါတယ်။ ဗြိတိန်မှာ ဒီရောဂါ ဖြစ်ပွားသူ ၅၆၀၀၀ ရှိပြီး ၆၁၀၀ သေဆုံးခဲ့ရပါပြီ။

နေအိမ်မှာ နေဖို့ တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ပြန်ထားတဲ တောင်ကိုရီးယား နိုင်ငံမှာ တော့ ဗုဒ္ဓဟူးနေ့ မှာ နောက်ထပ် ရောဂါဖြစ်ပွားသူ ၅၃ ယောက် တွေ့ခဲ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/who-coronavirus-death-will-more-higher-/5365288.html
ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ပုိမ်ားႏုိင္ေၾကာင္း WHO သတိေပး ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ပုိမ်ားႏုိင္ေၾကာင္း WHO သတိေပး Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.