ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕ လွ်ပ္စစ္မီး ျပန္မရေသး

ရခိုင္ျပည္နယ္ရွိ ေရွးေဟာင္းေစတီပုထိုးမ်ား

(Zawgyi/Unicode)

ရခိုင္ေျမာက္ပို္င္း ၿမိဳ႕နယ္ေတြ ဧၿပီလဆန္းပိုင္းကတည္း မီးမရရိွတဲ့အေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပမွာပါ။

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဧၿပီလအေစာပိုင္းေလာက္က တိုက္ပြဲေတြေၾကာင့္ ဓာတ္ႀကိဳးေတြ ျပတ္ေတာက္ခဲ့တာေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္ေနခဲ့တာပါ။

လွ်ပ္စစ္ဌာနက ျပင္ေပးမယ္လို႔ေျပာမဲ့ ခုအခ်ိန္အထိ မီးမရရိွေသးဘူးလို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ပုဏၰားကြ်န္းၿမိဳ႕နယ္ အဲဒီဘက္က် ေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမွာ ႀကိဳးေတြ မီးတိုင္ေတြ ထိခိုက္သြားတာ ရွိတယ္။ ပုဏၰားကြ်န္းၿမိဳ႕နယ္ လွ်ပ္စစ္ဌာနကေျပာတယ္။ သူတို႔က ျပင္ဖို႔ေတာ့ ႀကိဳးစားေနတယ္ ဒါေပမဲ့ တိုက္ပြဲကလည္း ေန႔စဥ္လိုလို ျဖစ္ေနေတာ့ အဆင္မေျပေသးဘူး။ တိုက္ပြဲရပ္နားသြားတဲ့ အခါသူတို႔ ႀကိဳးစားၿပီးျပင္ေပးမယ္လို႔ေတာ့ သူတို႔က ေျပာပါတယ္။"

ဘူးသီးေတာင္ၿမိဳ႕နယ္မွာလည္း အင္တာနက္ ျဖတ္ေတာက္ထားတဲ့အျပင္ လွ်ပ္စစ္မီးျပတ္ေတာက္ေနတာေၾကာင့္ အခုလက္ရွိ ကူးစက္ေနတဲ့ COVID-19 ေရာဂါနဲ႔ ပတ္သတ္ၿပီး သတင္းအခ်က္အလက္ ရယူဖို႔ ခက္ခဲေနၾကတယ္ လို႔ ဘူးသီးေတာင္ ေဒသခံတစ္ဦးျဖစ္တဲ့ ကိုဝင္းႏိုင္က ေျပာပါတယ္။

"မီးပ်က္တာကေတာ့ က်ေနာ္တို႔ ၁၅ ရက္ေလာက္ေတာ့ ရွိၿပီ။ လက္နက္ႀကီးက်လို႔ မီးပ်က္သြားတာလို႔ေတာ့ ၾကားတယ္။ အစိုးရက တရားဝင္ အေၾကာင္းၾကားတာေတာ့ မရွိဘူး။ မီးမလာတာနဲ႔ ပတ္သတ္ၿပီးေပါ့။ မီးမရေတာ့ က်ေနာ္တို႔ TV ေတြၾကည့္မရေတာ့ဘူး။ ဒီဘက္မွာက TV မွာ လာတဲ့ သတင္းေတြကိုပဲ ၾကည့္ေနရတာေလ။ အခုက သတင္းေတြလည္း ၾကည့္မရေတာ့ဘူး။"

လက္ရွိအခ်ိန္မွာ လွ်ပ္စစ္မီးျပတ္ေတာက္ေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ဖေယာင္းတိုင္မီးကို အသံုးျပဳၿပီးေတာ့ ေနထိုင္ရတယ္လို႔ ကိုဝင္းႏိုင္က ဆက္ေျပာပါတယ္။

"မီးမရေတာ့ ဖေယာင္းတိုင္ေတြ သံုးၾကတယ္။ တတ္နိုင္တဲ့ သူေတြကေတာ့ ကိုယ့္မီးစက္နဲ႔ ကို္ယ္သံုးၾကတာေပါ့။ မတတ္ႏိုင္တဲ့ သူေတြကေတာ့ ဖေယာင္းတိုင္ေတြ သံုးေနရတဲ့ အေျခအေနေတြ ရွိတယ္။ "

ရေသ့ေတာင္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြကို ဆက္သြယ္ထားတဲ့ လွ်ပ္စစ္ႀကိဳးေတြကို ျပန္ဆက္ဖို႔ အတြက္ အဲဒီေဒသမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနတာေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ သြားေရာက္ လုပ္ေဆာင္ဖို႔ ခက္ခဲေနတယ္လို႔ မဟာဓာတ္အားလိႈင္းတာဝန္ခံ ဦးသိန္းေရႊက ေျပာပါတယ္။

"ရွိတယ္၊ ရွိတယ္ ဟိုမွာက စစ္တပ္က ပိတ္ထားတယ္။ အဲမွာ စစ္ဆင္ေရး နယ္ေျမျဖစ္ေနေတာ့ တိုက္ပြဲေတြလည္း ည ျဖစ္ေနေတာ့ အဲမွာသြားလို႔၊ လာလို႔မရဘူးျဖစ္ေနတယ္။"

ရခိုင္ေျမာက္ပိုင္းက လက္ရွိ လွ်ပ္စစ္မီးျပတ္ေတာက္ေနတဲ့ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာအပါအဝင္ ၿမိဳ႕နယ္ ၈ ခုေလာက္ကို အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားေၾကာင့္ ေဒသခံျပည္သူေတြအေနနဲ႔ အခက္အခဲမ်ိဳးစံုနဲ႔ ႀကံဳေတြ႔ေနရသလို သတင္းအခ်က္အလက္ေတြ ရယူဖို႔လည္း ခက္ခဲေနၾကတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္ခင္ဗ်ာ။

[Unicode Version]

ရခိုင်မြောက်ပိုင်း မြို့နယ်တချို့ လျှပ်စစ်မီး ပြန်မရသေး

ရခိုင်မြောက်ပိုင်း မြို့နယ်တွေ ဧပြီလဆန်းပိုင်းကတည်း မီးမရရှိတဲ့အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းလောက်က တိုက်ပွဲတွေကြောင့် ဓာတ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေခဲ့တာပါ။

လျှပ်စစ်ဌာနက ပြင်ပေးမယ်လို့ပြောမဲ့ ခုအချိန်အထိ မီးမရရှိသေးဘူးလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ပုဏ္ဏားကျွန်းမြို့နယ် အဲဒီဘက်ကျ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာ ကြိုးတွေ မီးတိုင်တွေ ထိခိုက်သွားတာ ရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနကပြောတယ်။ သူတို့က ပြင်ဖို့တော့ ကြိုးစားနေတယ် ဒါပေမဲ့ တိုက်ပွဲကလည်း နေ့စဉ်လိုလို ဖြစ်နေတော့ အဆင်မပြေသေးဘူး။ တိုက်ပွဲရပ်နားသွားတဲ့ အခါသူတို့ ကြိုးစားပြီးပြင်ပေးမယ်လို့တော့ သူတို့က ပြောပါတယ်။"

ဘူးသီးတောင်မြို့နယ်မှာလည်း အင်တာနက် ဖြတ်တောက်ထားတဲ့အပြင် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် အခုလက်ရှိ ကူးစက်နေတဲ့ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် ရယူဖို့ ခက်ခဲနေကြတယ် လို့ ဘူးသီးတောင် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

"မီးပျက်တာကတော့ ကျနော်တို့ ၁၅ ရက်လောက်တော့ ရှိပြီ။ လက်နက်ကြီးကျလို့ မီးပျက်သွားတာလို့တော့ ကြားတယ်။ အစိုးရက တရားဝင် အကြောင်းကြားတာတော့ မရှိဘူး။ မီးမလာတာနဲ့ ပတ်သတ်ပြီးပေါ့။ မီးမရတော့ ကျနော်တို့ TV တွေကြည့်မရတော့ဘူး။ ဒီဘက်မှာက TV မှာ လာတဲ့ သတင်းတွေကိုပဲ ကြည့်နေရတာလေ။ အခုက သတင်းတွေလည်း ကြည့်မရတော့ဘူး။ "

လက်ရှိအချိန်မှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဖယောင်းတိုင်မီးကို အသုံးပြုပြီးတော့ နေထိုင်ရတယ်လို့ ကိုဝင်းနိုင်က ဆက်ပြောပါတယ်။

"မီးမရတော့ ဖယောင်းတိုင်တွေ သုံးကြတယ်။ တတ်နိုင်တဲ့ သူတွေကတော့ ကိုယ့်မီးစက်နဲ့ ကိုယ်သုံးကြတာပေါ့။ မတတ်နိုင်တဲ့ သူတွေကတော့ ဖယောင်းတိုင်တွေ သုံးနေရတဲ့ အခြေအနေတွေ ရှိတယ်။ "

ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ကြိုးတွေကို ပြန်ဆက်ဖို့ အတွက် အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ သွားရောက် လုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ မဟာဓာတ်အားလှိုင်းတာဝန်ခံ ဦးသိန်းရွှေက ပြောပါတယ်။

"ရှိတယ်၊ ရှိတယ် ဟိုမှာက စစ်တပ်က ပိတ်ထားတယ်။ အဲမှာ စစ်ဆင်ရေး နယ်မြေဖြစ်နေတော့ တိုက်ပွဲတွေလည်း ည ဖြစ်နေတော့ အဲမှာသွားလို့၊ လာလို့မရဘူးဖြစ်နေတယ်။"

ရခိုင်မြောက်ပိုင်းက လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ် ၈ ခုလောက်ကို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရသလို သတင်းအချက်အလက်တွေ ရယူဖို့လည်း ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်ခင်ဗျာ။

သက္ႏိုင္/VOA (Burmese)
https://burmese.voanews.com/a/rakhine-electric/5374538.html
ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕ လွ်ပ္စစ္မီး ျပန္မရေသး ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕ လွ်ပ္စစ္မီး ျပန္မရေသး Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.