ျမန္မာလုပ္သား ၁၈,၀၀၀ ေက်ာ္ တ႐ုတ္ကေန ျပန္ဝင္လာဖို႔ရွိ

တရုတ္ျပည္ေရာက္ ျမန္မာအလုပ္သမားမ်ား

(Zawgyi/Unicode)

တရုတ္ေရာက္ ျမန္မာလုပ္သားေတြကို ျမန္မာဘက္ကျပန္လက္ခံတဲ့ အစီအစဥ္အေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးပါမယ္။

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ေဒသအစိုးရခ်င္း ညႇိႏႈိင္းမႈနဲ႔ တ႐ုတ္ျပည္ေရာက္ ျမန္မာလုပ္သား ၂၀,၀၀၀ နီးပါးကို ဒီေန႔ ဧၿပီလ ၁၆ ရက္ကစၿပီး လြယ္ဂ်ယ္ နယ္စပ္ေပါက္ကေန အသုတ္လိုက္ခြဲၿပီး ျပန္ပို႔ေနၿပီျဖစ္ပါတယ္။

ယူနန္ျပည္နယ္၊ လုံခြၽမ္ခ႐ိုင္ အစိုးရတာဝန္ရွိသူေတြ ေပးပို႔လာတဲ့ စာရင္းအတိုင္းဆိုရင္ ျပန္ပို႔မယ့္ ျမန္မာလုပ္သားေတြက ၁၈,၀၀၀ ေက်ာ္ေလာက္ရွိပါတယ္။ အမ်ားစုက ႀကံနဲ႔ အာလူးလို စိုက္ပ်ိဳးေရးလုပ္ငန္းေတြက ျဖစ္ၿပီး စိုက္ပ်ိဳးရာသီကုန္သြားတဲ့အတြက္ ျပန္လာမယ့္သူေတြျဖစ္ပါတယ္။ သူတို႔အားလုံးက သၾကၤန္မတိုင္ခင္ျပန္ဖို႔ စီစဥ္ထားေပမဲ့ COVID-19 ေရာဂါေၾကာင့္ တ႐ုတ္ျပည္ထဲ အသြားအလာေတြ ကန႔္သတ္ခဲ့လို႔ အခုမွ ျပန္ခြင့္ရၾကတာပါ။ ျမန္မာျပည္တြင္းမွာေတာ့ သူတို႔ကို က်န္းမာေရးစစ္ေဆးတာေတြလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါတယ္။
PPE ၀တ္စံုမ်ား ၀တ္ထားတဲ့ ၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၀၉၊ ၂၀၂၀)

“လြယ္ဂ်ယ္အေနနဲ႔ ဒီေန႔စ လက္ခံေနပါတယ္၊ လြယ္ဂ်ယ္မွာ ျပည္နယ္အစိုးရအဖြဲ႕နဲ႔ COVID ေကာ္မတီစီစဥ္မႈ quarantine ေပါ့ လူ ၅၀၀ စာစီစဥ္ထားပါတယ္။ အဲဒီ ၅၀၀ က ကခ်င္ျပည္နယ္ျပင္ပ အဖြဲ႕ေတြကို ထားပါမယ္ခင္ဗ်။”

ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးယဥ္မင္းထြန္း ေျပာသြားတာပါ။

တ႐ုတ္အာဏာပိုင္ေတြက လြယ္ဂ်ယ္နယ္စပ္ေပါက္ တခုကပဲခြင့္ျပဳလို႔ အခုလို လူဦးေရ မ်ားေနတာျဖစ္ၿပီး COVID-19 အတြက္ က်န္းမာေရး စစ္ေဆးမႈေတြ ေသခ်ာလုပ္ေဆာင္ဖို႔ အခက္အခဲေတြ ရွိေနေၾကာင္း မိုးေမာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဝင္းကေျပာပါတယ္။

“က်ေနာ္တို႔မွာ ဒီမွာ ဘာအခက္အခဲရွိေနလဲဆိုေတာ့ နံပတ္(၁) က်န္းမာေရးဝန္ထမ္းေတြ၊ ေနာက္မီးသတ္ေတြ စသျဖင့္ ဌာနဆိုင္ရာအားလုံးက ဌာနအလုပ္ေတြ ပစ္ၿပီးေတာ့ ဒီဥစၥာကိုပဲ တာစူၿပီး မဲေနရတာေပါ့။ ဌာနဆိုင္ရာဝန္ထမ္းေတြ အကုန္လုံးအခု က်ေနာ္တို႔ ၿမိဳ႕နယ္မွာဆိုရင္ ၄၄ ေယာက္ရွိသြားၿပီ။ ေရာဂါ ေစာင့္ၾကည့္ေနရတာ။ ဒီဥစၥာအတြက္ သူတို႔ အလုပ္လုပ္ေနၾကတယ္။ ဟိုဘက္က တ႐ုတ္အစိုးရနဲ႔ ျမန္မာျပည္ဘက္က အစိုးရနဲ႔ စကားေျပာထားတာေတာ့ တရက္ကို လူ ၃၀၀ စာေလာက္ပဲ လက္ခံေပးမယ္ေပါ့။"

တ႐ုတ္ျပည္ဘက္က ျပန္လာတဲ့ ျမန္မာေတြကို လြယ္ဂ်ယ္ၿမိဳ႕နယ္မွာ ေရာဂါစစ္ေဆးၿပီးတာနဲ႔ မိုင္ ၅၀ ေလာက္ေဝးတဲ့ ဗန္းေမာ္ခ႐ိုင္ မိုးေမာက္၊ မန္စီ၊ ေ႐ႊကူ ၿမိဳ႕နယ္ေတြက သီးျခား ေစာင့္ၾကည့္ ေနရာေတြကို ခြဲပို႔ေပးမွာပါ။

“ျပန္လာမယ့္သူေတြကို ေက်ာက္စခန္းဂိတ္ကေန ၿမိဳ႕နယ္ေတြ ခြဲလိုက္မွာေပါ့ေနာ္၊ မံစီ၊ မိုးေမာက္၊ ေ႐ႊကူ ခြဲၿပီးေတာ့ ဒီဘက္ဆက္လာမယ္ဆိုရင္ fever surveillance ဆိုၿပီး အဖ်ားတိုင္းတဲ့ က်မတို႔ က်န္းမာေရးဝန္ထမ္းေတြ ရွိတယ္။ အဲဒီမွာ က်န္းမာေရးစစ္ေဆးေပးမယ္။ ၿပီးရင္ေနရာခ်ထားေပးမယ္ေပါ့။ ေနာက္ရက္ေတြက်ေတာ့ တေန႔ကို ၂ ႀကိမ္ က်န္းမာေရး စစ္ေဆးေပးမယ္ေပါ့။”

မိုးေမာက္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာတင္ေမသင္း ေျပာျပသြားတာပါ။

ဒီေန႔လြယ္ဂ်ယ္ကို စၿပီးဝင္လာသူ စုစုေပါင္း ၄၀၀ ဝန္းက်င္ရွိပါတယ္။ ကခ်င္ျပည္နယ္ကမဟုတ္ဘဲ တျခားေဒသက သူေတြဆိုရင္ လြယ္ဂ်ယ္ၿမိဳ႕က သီးသန႔္စီစဥ္ထားတဲ့ေနရာမွာ ကိုယ့္စရိတ္နဲ႔ ၂၁ ရက္ ေစာင့္ၾကည့္ခံရမွာပါ။ ဒါကလည္း လူဦးေရ အကန႔္အသတ္နဲ႔ပဲ လက္ခံႏိုင္လို႔ တျခားနယ္စပ္ေပါက္ေတြကေန ဝင္ခြင့္ရဖို႔အတြက္လည္း တာဝန္ရွိသူေတြ ေဆြးေႏြးေနၾကပါတယ္။


[Unicode Version]

မြန်မာလုပ်သား ၁၈,၀၀၀ ကျော် တရုတ်ကနေ ပြန်ဝင်လာဖို့ရှိ

တရုတ်ရောက် မြန်မာလုပ်သားတွေကို မြန်မာဘက်ကပြန်လက်ခံတဲ့ အစီအစဉ်အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ ဒေသအစိုးရချင်း ညှိနှိုင်းမှုနဲ့ တရုတ်ပြည်ရောက် မြန်မာလုပ်သား ၂၀,၀၀၀ နီးပါးကို ဒီနေ့ ဧပြီလ ၁၆ ရက်ကစပြီး လွယ်ဂျယ် နယ်စပ်ပေါက်ကနေ အသုတ်လိုက်ခွဲပြီး ပြန်ပို့နေပြီဖြစ်ပါတယ်။

ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင် အစိုးရတာဝန်ရှိသူတွေ ပေးပို့လာတဲ့ စာရင်းအတိုင်းဆိုရင် ပြန်ပို့မယ့် မြန်မာလုပ်သားတွေက ၁၈,၀၀၀ ကျော်လောက်ရှိပါတယ်။ အများစုက ကြံနဲ့ အာလူးလို စိုက်ပျိုးရေးလုပ်ငန်းတွေက ဖြစ်ပြီး စိုက်ပျိုးရာသီကုန်သွားတဲ့အတွက် ပြန်လာမယ့်သူတွေဖြစ်ပါတယ်။ သူတို့အားလုံးက သင်္ကြန်မတိုင်ခင်ပြန်ဖို့ စီစဉ်ထားပေမဲ့ COVID-19 ရောဂါကြောင့် တရုတ်ပြည်ထဲ အသွားအလာတွေ ကန့်သတ်ခဲ့လို့ အခုမှ ပြန်ခွင့်ရကြတာပါ။ မြန်မာပြည်တွင်းမှာတော့ သူတို့ကို ကျန်းမာရေးစစ်ဆေးတာတွေလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။

“လွယ်ဂျယ်အနေနဲ့ ဒီနေ့စ လက်ခံနေပါတယ်၊ လွယ်ဂျယ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ COVID ကော်မတီစီစဉ်မှု quarantine ပေါ့ လူ ၅၀၀ စာစီစဉ်ထားပါတယ်။ အဲဒီ ၅၀၀ က ကချင်ပြည်နယ်ပြင်ပ အဖွဲ့တွေကို ထားပါမယ်ခင်ဗျ။”

ကချင်ပြည်နယ်၊ လွယ်ဂျယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း ပြောသွားတာပါ။

တရုတ်အာဏာပိုင်တွေက လွယ်ဂျယ်နယ်စပ်ပေါက် တခုကပဲခွင့်ပြုလို့ အခုလို လူဦးရေ များနေတာဖြစ်ပြီး COVID-19 အတွက် ကျန်းမာရေး စစ်ဆေးမှုတွေ သေချာလုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေကြောင်း မိုးမောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကပြောပါတယ်။

“ကျနော်တို့မှာ ဒီမှာ ဘာအခက်အခဲရှိနေလဲဆိုတော့ နံပတ်(၁) ကျန်းမာရေးဝန်ထမ်းတွေ၊ နောက်မီးသတ်တွေ စသဖြင့် ဌာနဆိုင်ရာအားလုံးက ဌာနအလုပ်တွေ ပစ်ပြီးတော့ ဒီဥစ္စာကိုပဲ တာစူပြီး မဲနေရတာပေါ့။ ဌာနဆိုင်ရာဝန်ထမ်းတွေ အကုန်လုံးအခု ကျနော်တို့ မြို့နယ်မှာဆိုရင် ၄၄ ယောက်ရှိသွားပြီ။ ရောဂါ စောင့်ကြည့်နေရတာ။ ဒီဥစ္စာအတွက် သူတို့ အလုပ်လုပ်နေကြတယ်။ ဟိုဘက်က တရုတ်အစိုးရနဲ့ မြန်မာပြည်ဘက်က အစိုးရနဲ့ စကားပြောထားတာတော့ တရက်ကို လူ ၃၀၀ စာလောက်ပဲ လက်ခံပေးမယ်ပေါ့။"

တရုတ်ပြည်ဘက်က ပြန်လာတဲ့ မြန်မာတွေကို လွယ်ဂျယ်မြို့နယ်မှာ ရောဂါစစ်ဆေးပြီးတာနဲ့ မိုင် ၅၀ လောက်ဝေးတဲ့ ဗန်းမော်ခရိုင် မိုးမောက်၊ မန်စီ၊ ရွှေကူ မြို့နယ်တွေက သီးခြား စောင့်ကြည့် နေရာတွေကို ခွဲပို့ပေးမှာပါ။

“ပြန်လာမယ့်သူတွေကို ကျောက်စခန်းဂိတ်ကနေ မြို့နယ်တွေ ခွဲလိုက်မှာပေါ့နော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ ခွဲပြီးတော့ ဒီဘက်ဆက်လာမယ်ဆိုရင် fever surveillance ဆိုပြီး အဖျားတိုင်းတဲ့ ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ အဲဒီမှာ ကျန်းမာရေးစစ်ဆေးပေးမယ်။ ပြီးရင်နေရာချထားပေးမယ်ပေါ့။ နောက်ရက်တွေကျတော့ တနေ့ကို ၂ ကြိမ် ကျန်းမာရေး စစ်ဆေးပေးမယ်ပေါ့။”

မိုးမောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မေသင်း ပြောပြသွားတာပါ။

ဒီနေ့လွယ်ဂျယ်ကို စပြီးဝင်လာသူ စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ ကချင်ပြည်နယ်ကမဟုတ်ဘဲ တခြားဒေသက သူတွေဆိုရင် လွယ်ဂျယ်မြို့က သီးသန့်စီစဉ်ထားတဲ့နေရာမှာ ကိုယ့်စရိတ်နဲ့ ၂၁ ရက် စောင့်ကြည့်ခံရမှာပါ။ ဒါကလည်း လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံနိုင်လို့ တခြားနယ်စပ်ပေါက်တွေကနေ ဝင်ခွင့်ရဖို့အတွက်လည်း တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-china-border/5374586.html
ျမန္မာလုပ္သား ၁၈,၀၀၀ ေက်ာ္ တ႐ုတ္ကေန ျပန္ဝင္လာဖို႔ရွိ ျမန္မာလုပ္သား ၁၈,၀၀၀ ေက်ာ္ တ႐ုတ္ကေန ျပန္ဝင္လာဖို႔ရွိ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.