စစ္တပ္နဲ႔ဝိုင္းဖမ္းခံရတဲ့ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းကြယ္လြန္


(Zawgyi)⤵⤵⤵

ဧၿပီလ ၁၆ ရက္က အသက္ ၉၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားတဲ့ သခင္ခ်န္ထြန္းဟာ တို႔ဗမာအစည္းအ႐ုံး၀င္ သခင္ေတြထဲက ေနာက္ဆုံးက်န္ရစ္တဲ့ သခင္တ‌ဦး ‌‌‌ျဖစ္ၿပီး ၁၉၃၈-၃၉ ကာလမ်ားအတြင္း ေက်ာင္းသားသပိတ္ လႈပ္ရွားမႈေတြမွာ နာမည္ရလာသူပါ။

သူ႔ကို ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ မဲထီး႐ြာမွာ ၁၉၂၁ က ေမြးပါတယ္။ ၁၃၀၀ ျပည့္အေရးေတာ္ပုံကာလမွာ မႏၲေလး အမ်ိဳးသားေက်ာင္းက ပါ၀င္လႈပ္ရွားခဲ့လို႔ ေထာင္တႏွစ္က်ခဲ့ပါတယ္။ ၁၉၃၉ ေဖေဖာ္ဝါရီလ ၈ ရက္မွာ မႏၲေလး ေက်ာင္းသားသပိတ္ဌာနခ်ဳပ္ျဖစ္တဲ့ ဗဟိုအမ်ိဳးသားေက်ာင္းကို စစ္တပ္နဲ႔ဝိုင္းၿပီး ကိုခ်န္ထြန္းတို႔ ေက်ာင္းသားသုံးေယာက္ကို ဖမ္းတာ ျဖစ္ပါတယ္။ သူတို႔နဲ႔ တရက္တည္း ရဟန္းပ်ိဳ ေခါင္းေဆာင္ႏွစ္ပါးကို ဖမ္းရာမွာေတာ့ သိမ္ထဲကို ပုလိပ္က ဖိနပ္စီးၿပီး ၀င္ဖမ္းတဲ့အတြက္ ၿမိဳ႕လုံးကြၽတ္ အစည္းအေဝးကေန ကန္႔ကြက္ၿပီး လူႏွစ္သိန္းေက်ာ္ စီတန္းလမ္းေလွ်ာက္ရာမွာ ၿဖိဳခြဲခံရၿပီး အာဇာနည္ ၁၇ ဦးက်ဆုံးတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ေထာင္ကလြတ္ၿပီးေနာက္ ကိုခ်န္ထြန္းဟာ မႏၲေလး ဥပစာေကာလိပ္မွာလည္း ပညာသင္ခဲ့ၿပီး ေက်ာင္းမဂၢဇင္းမွာ ျမန္မာစာ စာတည္းလုပ္ခဲ့ပါတယ္။
ႏိုင္ငံေရးနယ္ထဲ၀င္

၁၉၄၁ မွာ မႏၲေလး ေက်ာင္းသား သမဂၢ အတြင္းေရးမႉး ျဖစ္ခဲ့ၿပီး ၁၉၄၁ ႏိုဝင္ဘာမွာ ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕မွာ ပါဝင္ခဲ့ကာ တို႔ဗမာအစည္းအ႐ုံးဝင္ သခင္ခ်န္ထြန္းအျဖစ္ လည္း ထင္ရွားလာပါတယ္။
ဓာတ္ပုံ မူပိုင္ Archive

စစ္အတြင္း ဘီအိုင္ေအမွာ ဗိုလ္လင္းယုန္တပ္ကို၀င္ၿပီး ဗိုလ္သင္တန္း တက္ခဲ့ေပမယ့္ ၀မ္းေလွ်ာၿပီး ထြက္ခဲ့ရပါတယ္။ေနာက္ အမရပူရမွာ ၀န္ထမ္းအုပ္အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ဖက္ဆစ္ေတာ္လွန္ေရးမွာ ပါ၀င္ခဲ့ပါတယ္။

စစ္ၿပီး ဖဆပလနဲ႔ ဆိုရွယ္လစ္ပါတီမွာ မႏၲေလးက ပါ၀င္ၿပီး ၁၉၅၁၊ ၁၉၅၆ နဲ႔ ၁၉၆၀ မွာ တံတားဦးကေန လႊတ္ေတာ္အမတ္ ျဖစ္ခဲ့ပါတယ္။ ၁၉၅၀ မွာ စိုက္ပ်ိဳးေရးနဲ႔ သစ္ေတာ၀န္ႀကီးရဲ႕ ကိုယ္ေရးအတြင္းေရးမႉးျဖစ္ၿပီး ၁၉၅၄ မွာ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရး၀န္ႀကီးဌာန ပါလီမန္အတြင္းဝန္ျဖစ္ကာ ေနာက္ပိုင္းမွာ စိုက္ပ်ိဳးေရးနဲ႔ သစ္ေတာကို တာ၀န္ယူခဲ့ပါတယ္။

၁၉၅၈ ဖဆပလႏွစ္ျခမ္းကြဲခ်ိန္မွာ ႏုတင္ဘက္ျခမ္းကို လိုက္ၿပီး ၁၉၅၉-၆၀ အတြင္း ေတာင္သူလယ္သမားအစည္းအ႐ုံး ဒုဥကၠ႒ ျဖစ္ခဲ့ပါတယ္။ ၁၉၅၉ က ၁၉၆၂ အတြင္း မႏၲေလးတကၠသိုလ္ေကာင္စီ၀င္လည္း ျဖစ္ခဲ့ပါတယ္။ ၁၉၆၀ ကေန ၁၉၆၂ အတြင္း အာဏာရ ပထစပါတီအကြဲမွာေတာ့ သခင္အုပ္စုမွာ ပါပါတယ္။
အထူးအရာရွိ

၁၉၆၂ အာဏာသိမ္းၿပီးေနာက္ ၁၉၆၃ ကေန ၁၉၆၉ အထိ အထူးအရာရွိ အျဖစ္ ျပည္သူ႔အိုးအိမ္အဖြဲ႕ ၊ ပပက (၁၄) စတာေတြမွာ တာ၀န္ခဲ့ယူခဲ့သလို ၁၉၆၅ မွာ ျပည္သူပိုင္သိမ္းခဲ့တဲ့ ေဘာ္တြင္းမိုင္းမွာလည္း အုပ္ခ်ဳပ္ေရး အဖြဲ႕ ဥကၠ႒ ျဖစ္ခဲ့ပါတယ္။

၁၉၆၉ ကေန ၁၉၇၆ အထိ ကေနဒါနဲ႔ တ႐ုတ္ျပည္ဆိုင္ရာ ျမန္မာသံအမတ္ ျဖစ္ခဲ့ပါတယ္။

၁၉၈၈ ေနာက္ပိုင္း ဝါရင့္ႏိုင္ငံေရးသမားႀကီးမ်ားအဖြဲ႕မွာ ပါ၀င္ခဲ့ၿပီး စစ္အစိုးရနဲ႔ အတိုက္အခံေတြၾကား အမ်ိဳးသားျပန္လည္စည္းလုံးေရးအတြက္ ေတာင္းဆိုခဲ့ပါတယ္။

သခင္ခ်န္ထြန္းဟာ ေတာ္လွန္ေရးေကာင္စီဝင္ေဟာင္း ဗိုလ္မႉးႀကီးခ်စ္ၿမိဳင္နဲ႔ ခမည္းခမက္ ေတာ္စပ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52309315
--------------
(Unicode)⤵⤵⤵
စစ်တပ်နဲ့ဝိုင်းဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းကွယ်လွန်

ဧပြီလ ၁၆ ရက်က အသက် ၉၉ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သခင်ချန်ထွန်းဟာ တို့ဗမာအစည်းအရုံးဝင် သခင်တွေထဲက နောက်ဆုံးကျန်ရစ်တဲ့ သခင်တ‌ဦး ‌‌‌ဖြစ်ပြီး ၁၉၃၈-၃၉ ကာလများအတွင်း ကျောင်းသားသပိတ် လှုပ်ရှားမှုတွေမှာ နာမည်ရလာသူပါ။

သူ့ကို ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ ၁၉၂၁ က မွေးပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ မန္တလေး အမျိုးသားကျောင်းက ပါဝင်လှုပ်ရှားခဲ့လို့ ထောင်တနှစ်ကျခဲ့ပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီလ ၈ ရက်မှာ မန္တလေး ကျောင်းသားသပိတ်ဌာနချုပ်ဖြစ်တဲ့ ဗဟိုအမျိုးသားကျောင်းကို စစ်တပ်နဲ့ဝိုင်းပြီး ကိုချန်ထွန်းတို့ ကျောင်းသားသုံးယောက်ကို ဖမ်းတာ ဖြစ်ပါတယ်။ သူတို့နဲ့ တရက်တည်း ရဟန်းပျို ခေါင်းဆောင်နှစ်ပါးကို ဖမ်းရာမှာတော့ သိမ်ထဲကို ပုလိပ်က ဖိနပ်စီးပြီး ဝင်ဖမ်းတဲ့အတွက် မြို့လုံးကျွတ် အစည်းအဝေးကနေ ကန့်ကွက်ပြီး လူနှစ်သိန်းကျော် စီတန်းလမ်းလျှောက်ရာမှာ ဖြိုခွဲခံရပြီး အာဇာနည် ၁၇ ဦးကျဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ထောင်ကလွတ်ပြီးနောက် ကိုချန်ထွန်းဟာ မန္တလေး ဥပစာကောလိပ်မှာလည်း ပညာသင်ခဲ့ပြီး ကျောင်းမဂ္ဂဇင်းမှာ မြန်မာစာ စာတည်းလုပ်ခဲ့ပါတယ်။
နိုင်ငံရေးနယ်ထဲဝင်

၁၉၄၁ မှာ မန္တလေး ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ၁၉၄၁ နိုဝင်ဘာမှာ မြေအောက်တော်လှန်ရေးအဖွဲ့မှာ ပါဝင်ခဲ့ကာ တို့ဗမာအစည်းအရုံးဝင် သခင်ချန်ထွန်းအဖြစ် လည်း ထင်ရှားလာပါတယ်။
ဓာတ်ပုံ မူပိုင် Archive

စစ်အတွင်း ဘီအိုင်အေမှာ ဗိုလ်လင်းယုန်တပ်ကိုဝင်ပြီး ဗိုလ်သင်တန်း တက်ခဲ့ပေမယ့် ဝမ်းလျှောပြီး ထွက်ခဲ့ရပါတယ်။နောက် အမရပူရမှာ ဝန်ထမ်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။

စစ်ပြီး ဖဆပလနဲ့ ဆိုရှယ်လစ်ပါတီမှာ မန္တလေးက ပါဝင်ပြီး ၁၉၅၁၊ ၁၉၅၆ နဲ့ ၁၉၆၀ မှာ တံတားဦးကနေ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ မှာ စိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီးရဲ့ ကိုယ်ရေးအတွင်းရေးမှူးဖြစ်ပြီး ၁၉၅၄ မှာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ဖြစ်ကာ နောက်ပိုင်းမှာ စိုက်ပျိုးရေးနဲ့ သစ်တောကို တာဝန်ယူခဲ့ပါတယ်။

၁၉၅၈ ဖဆပလနှစ်ခြမ်းကွဲချိန်မှာ နုတင်ဘက်ခြမ်းကို လိုက်ပြီး ၁၉၅၉-၆၀ အတွင်း တောင်သူလယ်သမားအစည်းအရုံး ဒုဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ၁၉၅၉ က ၁၉၆၂ အတွင်း မန္တလေးတက္ကသိုလ်ကောင်စီဝင်လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ကနေ ၁၉၆၂ အတွင်း အာဏာရ ပထစပါတီအကွဲမှာတော့ သခင်အုပ်စုမှာ ပါပါတယ်။
အထူးအရာရှိ

၁၉၆၂ အာဏာသိမ်းပြီးနောက် ၁၉၆၃ ကနေ ၁၉၆၉ အထိ အထူးအရာရှိ အဖြစ် ပြည်သူ့အိုးအိမ်အဖွဲ့ ၊ ပပက (၁၄) စတာတွေမှာ တာဝန်ခဲ့ယူခဲ့သလို ၁၉၆၅ မှာ ပြည်သူပိုင်သိမ်းခဲ့တဲ့ ဘော်တွင်းမိုင်းမှာလည်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

၁၉၆၉ ကနေ ၁၉၇၆ အထိ ကနေဒါနဲ့ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ် ဖြစ်ခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ခဲ့ပြီး စစ်အစိုးရနဲ့ အတိုက်အခံတွေကြား အမျိုးသားပြန်လည်စည်းလုံးရေးအတွက် တောင်းဆိုခဲ့ပါတယ်။

သခင်ချန်ထွန်းဟာ တော်လှန်ရေးကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ ခမည်းခမက် တော်စပ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52309315
စစ္တပ္နဲ႔ဝိုင္းဖမ္းခံရတဲ့ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းကြယ္လြန္ စစ္တပ္နဲ႔ဝိုင္းဖမ္းခံရတဲ့ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းကြယ္လြန္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.