သံယလူနာ တစ္ေသာင္းခြဲအထိ ေစာင့္ၾကည္ဖို႔ ေနျပည္ေတာ္မွာ ျပင္ဆင္ထား

ျပည္ပႏိုင္ငံက ျပန္လာတဲ့သူေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိတဲ့သူေတြကို သီးသန႔္ထားရွိမယ့္ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္က အမွတ္ ၃ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းကို ၂၀၂၀ ဧၿပီ ၂ ရက္ေန႔ကေတြ႕ရစဥ္ /Photo: Thet Su Aung/RFA
ျပည္ပႏိုင္ငံေတြက ျပန္လာတဲ့သူေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔ သံသယရွိတဲ့သူေတြကို သီးသန႔္ေစာင့္ၾကည့္ထားရွိႏိုင္ဖို႔  ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္က အမွတ္ ၃ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ ေစာင့္ၾကည့္လူနာ တစ္ေသာင္းခြဲ ေနထိုင္ႏိုင္ေအာင္ အသင့္ျပင္ဆင္ထားေၾကာင္း စခန္းရဲ႕တာဝန္ခံလည္းျဖစ္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ အမွတ္ ၁ စစ္ဗ်ဴဟာမႉးလည္းျဖစ္တဲ့ ဗိုလ္မႉးႀကီးေအာင္ျမတ္စိုး က ေျပာပါတယ္။

ေနရာေဒသ ကန႔္သတ္ထားတာမ်ိဳးမရွိဘဲ  အကူအညီေတာင္းလာရင္ ေနရာေဒသမေ႐ြးက ေစာင့္ၾကည့္ဖို႔ လိုအပ္တဲ့သူေတြအားလုံးကို လက္ခံေပးသြားမွာျဖစ္ၿပီး က်န္းမာေရး စားေသာက္ေရးကအစ တာဝန္ယူေဆာင္႐ြက္ေပးမယ္ လို႔ ဗိုလ္မႉးႀကီးေအာင္ျမတ္စိုးက ေျပာပါတယ္။

ဒီကုန္က်စရိတ္ကို တပ္မေတာ္ဘတ္ဂ်က္နဲ႔ ေဆာင္႐ြက္တာျဖစ္ၿပီး ဘယ္အခ်ိန္ထိပဲ  ေစာင့္ၾကည့္လူနာေတြကို လက္ခံသြားမယ္ဆိုတာမ်ိဳး အခ်ိန္ကာလ သတ္မွတ္ထားတာမ်ိဳးမရွိေၾကာင္း ဆိုပါတယ္။

ေနျပည္ေတာ္ေကာင္စီကေန ဆက္သြယ္ၿပီး အကူအညီေတာင္းခံႏိုင္သလို  တပ္မေတာ္ကို တိုက္႐ိုက္ဆက္သြယ္ၿပီး အကူအညီေတာင္းလို႔ရၿပီး ေစာင့္ၾကည့္လူနာေတြကို လက္ခံေပးဖို႔ အသင့္ျဖစ္ေနၿပီ ျဖစ္ေၾကာင္းလည္း ဗိုလ္မႉးႀကီးေအာင္ျမတ္စိုး ကေျပာပါတယ္။

မတ္လ ၃၀ ရက္ေန႔က ဒုတိယသမၼတ ၁ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ COVID 19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို ဖြဲ႕စည္းလိုက္ၿပီး အဲဒီေကာ္မတီမွာ ကာကြယ္ေရး ျပည္ထဲေရး နယ္စပ္ေရးနဲ႔ ၾကည္းေရေလ ညႇိႏႈိင္းကြပ္ကဲေရးမႉးေတြပါ အဖြဲ႕ဝင္ေတြအျဖစ္ ပါဝင္လာတာျဖစ္ပါတယ္။

အဲဒီေနာက္ မတ္လ ၃၁ ရက္ေန႔မွာေတာ့ တပ္မေတာ္က ရန္ကုန္ လႈိင္ၿမိဳ႕နယ္မွာရွိတဲ့ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းနဲ႔ ေနျပည္ေတာ္ အမွတ္ ၃ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းေတြ ျပင္ဆင္ထားၿပီး ျပည္ပႏိုင္ငံက ျပန္လာသူျဖစ္ေစ ကို႐ိုနာဗိုင္းရပ္စ္ သံသယ ေစာင့္ၾကည့္ဖို႔ လိုအပ္သူေတြျဖစ္ေစ ေစာင့္ၾကည့္ေနႏိုင္ဖို႔  စီစဥ္ေဆာင္႐ြက္ေပးလာတာကို ေတြ႕ရပါတယ္။

ရန္ကုန္လႈိင္ၿမိဳ႕နယ္မွာရွိတဲ့ တပ္မေတာ္ စစ္ေၾကာေရးနဲ႔ တည္းခိုေရးမွာ ထိုင္းက ျပန္လာသူ တ႐ုတ္က ျပန္လာသူေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ အတည္ျပဳလူနာနံပါတ္ ၁၆ နဲ႔ ဆပ္စက္မႈရွိတဲ့ သူ ၂၇ ဦး စုစုေပါင္း ၁၂၃ ဦးကို လက္ခံထားၿပီး သူတို႔ေတြရဲ႕ က်န္းမာေရး စားေသာက္ေရးကိုလည္း ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နဲ႔ နယ္ေျမခံေဆးကုသေရးအဖြဲ႕ေတြက ေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။  အဲဒီတည္းခိုေရးစခန္းမွာေတာ့  လူ ၂၀၀၀ ေလာက္ကို လက္ခံေပးႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္းဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေန႔ မနက္ပိုင္းထိ  ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၁၆ ဦး ရွိၿပီး တစ္ဦး ေသဆုံးကာ ေစာင့္ၾကည့္လူနာ ၅၉၅ ဦးရွိေနပါတယ္။

သက္စုေအာင္
---------------------------------------------------------------
သံယလူနာ တစ်သောင်းခွဲအထိ စောင့်ကြည်ဖို့ နေပြည်တော်မှာ ပြင်ဆင်ထား

ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့သူတွေကို သီးသန့်ထားရှိမယ့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းကို ၂၀၂၀ ဧပြီ ၂ ရက်နေ့ကတွေ့ရစဉ် /Photo: Thet Su Aung/RFA

ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူတွေကို သီးသန့်စောင့်ကြည့်ထားရှိနိုင်ဖို့  နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ စောင့်ကြည့်လူနာ တစ်သောင်းခွဲ နေထိုင်နိုင်အောင် အသင့်ပြင်ဆင်ထားကြောင်း စခန်းရဲ့တာဝန်ခံလည်းဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးအောင်မြတ်စိုး က ပြောပါတယ်။

နေရာဒေသ ကန့်သတ်ထားတာမျိုးမရှိဘဲ  အကူအညီတောင်းလာရင် နေရာဒေသမရွေးက စောင့်ကြည့်ဖို့ လိုအပ်တဲ့သူတွေအားလုံးကို လက်ခံပေးသွားမှာဖြစ်ပြီး ကျန်းမာရေး စားသောက်ရေးကအစ တာဝန်ယူဆောင်ရွက်ပေးမယ် လို့ ဗိုလ်မှူးကြီးအောင်မြတ်စိုးက ပြောပါတယ်။

ဒီကုန်ကျစရိတ်ကို တပ်မတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်တာဖြစ်ပြီး ဘယ်အချိန်ထိပဲ  စောင့်ကြည့်လူနာတွေကို လက်ခံသွားမယ်ဆိုတာမျိုး အချိန်ကာလ သတ်မှတ်ထားတာမျိုးမရှိကြောင်း ဆိုပါတယ်။

နေပြည်တော်ကောင်စီကနေ ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်သလို  တပ်မတော်ကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းလို့ရပြီး စောင့်ကြည့်လူနာတွေကို လက်ခံပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးအောင်မြတ်စိုး ကပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်တဲ့ COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး အဲဒီကော်မတီမှာ ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်ရေးနဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးတွေပါ အဖွဲ့ဝင်တွေအဖြစ် ပါဝင်လာတာဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၃၁ ရက်နေ့မှာတော့ တပ်မတော်က ရန်ကုန် လှိုင်မြို့နယ်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းနဲ့ နေပြည်တော် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေ ပြင်ဆင်ထားပြီး ပြည်ပနိုင်ငံက ပြန်လာသူဖြစ်စေ ကိုရိုနာဗိုင်းရပ်စ် သံသယ စောင့်ကြည့်ဖို့ လိုအပ်သူတွေဖြစ်စေ စောင့်ကြည့်နေနိုင်ဖို့  စီစဉ်ဆောင်ရွက်ပေးလာတာကို တွေ့ရပါတယ်။

ရန်ကုန်လှိုင်မြို့နယ်မှာရှိတဲ့ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးမှာ ထိုင်းက ပြန်လာသူ တရုတ်က ပြန်လာသူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အတည်ပြုလူနာနံပါတ် ၁၆ နဲ့ ဆပ်စက်မှုရှိတဲ့ သူ ၂၇ ဦး စုစုပေါင်း ၁၂၃ ဦးကို လက်ခံထားပြီး သူတို့တွေရဲ့ ကျန်းမာရေး စားသောက်ရေးကိုလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နယ်မြေခံဆေးကုသရေးအဖွဲ့တွေက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။  အဲဒီတည်းခိုရေးစခန်းမှာတော့  လူ ၂၀၀၀ လောက်ကို လက်ခံပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ မနက်ပိုင်းထိ  ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၆ ဦး ရှိပြီး တစ်ဦး သေဆုံးကာ စောင့်ကြည့်လူနာ ၅၉၅ ဦးရှိနေပါတယ်။

သက်စုအောင်
RFA Burmese
https://www.rfa.org/burmese/news/watch-corona-suspect-patients-04022020083108.html

သံယလူနာ တစ္ေသာင္းခြဲအထိ ေစာင့္ၾကည္ဖို႔ ေနျပည္ေတာ္မွာ ျပင္ဆင္ထား သံယလူနာ တစ္ေသာင္းခြဲအထိ ေစာင့္ၾကည္ဖို႔ ေနျပည္ေတာ္မွာ ျပင္ဆင္ထား Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.