WHO ဗိုင္းရပ္စ္နမူနာတင္ကား မင္းျပားမွာ ပစ္ခတ္ခံရ


(Zawgyi)⤵⤵⤵

 ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားနားက ဇက္ဆိပ္အလြန္နားမွာ မေန႔က ဧၿပီလ ၂၀ ရက္ ညေန ၅ နာရီေလာက္မွာ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ကကား ပစ္ခတ္ခံရၿပီး ကားေပၚပါတဲ့ ယာဥ္ေမာင္းနဲ႔ က်န္းမာေရးႀကီးၾကပ္ဝန္ထမ္းတို႔ ထိခိုက္ဒဏ္ရာရသြားတယ္လို႔ သတင္းေတြရရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေစာင့္ၾကည့္လူနာေတြရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္ တို႔ဖတ္စေတြကို စစ္ေတြကေန ရန္ကုန္ကို ပို႔ဖို႔ WHO ကားက သယ္လာတာျဖစ္ၿပီး၊ AA ရခိုင့္တပ္ေတာ္က အဲဒီကားကိုပစ္လို႔ ကားေမာင္းသူနဲ႔ ကားထဲပါလာတဲ့ က်န္းမာေရးႀကီးၾကပ္ဝန္ထမ္းတို႔ ဒဏ္ရာရသြားတာျဖစ္တယ္လို႔ အစိုးရအာေဘာ္သတင္းစဥ္က ေရးလိုက္ၿပီး အဲဒီသတင္းနဲ႔ဓာတ္ပုံေတြကို သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက သတင္းေထာက္တခ်ိဳ႕ဆီကို ပို႔ေပးတာ ျဖစ္ပါတယ္။

အခုလို WHO ကားကို AA အဖြဲ႕ကပစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ အဖြဲ႕ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခ ကို ဆက္သြယ္ေမးျမန္းထားေပမယ့္ အေၾကာင္းျပန္စာမရေသးပါဘူး။ အဲဒီကားဟာ WHO က ကားဟုတ္၊ မဟုတ္ဆိုတာနဲ႔ ဘယ္အဖြဲ႕က ပစ္တာလဲဆိုတာကို RFA ကသီးျခားအတည္ျပဳဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

အဲဒီရာေမာင္တံတားနားမွာ မေန႔မနက္ ၉ နာရီေလာက္ကေတာ့ ျမန္မာ့တပ္မေတာ္နဲ႔ AA ရခိုင့္တပ္ေတာ္တို႔ တိုက္ပြဲျဖစ္ခဲ့ၿပီး အနားက႐ြာႏွစ္႐ြာကို လက္နက္ႀကီးေတြက်တဲ့အတြက္ အရပ္သား ၄ ေယာက္ဒဏ္ရာရထားပါတယ္။ ေထာင့္ေခ်႐ြာသား ၃ ေယာက္ဒဏ္ရာရၿပီး အဲဒီထဲက ဒဏ္ရာအျပင္းအထန္ရသြားတဲ့ ၁၈ ႏွစ္အ႐ြယ္မိန္းကေလးကို မင္းျပားေဆး႐ုံပို႔လိုက္ရပါတယ္။ ဒဏ္ရာရတဲ့ ေနာက္တေယာက္ကေတာ့ ရာေမာင္တံတားကေန ၃ ဖာလုံေလာက္ေဝးတဲ့ မင္း႐ြာက အသက္ ၆၅ ႏွစ္႐ြယ္ ဦးစိန္ေအးခ်မ္းျဖစ္ၿပီး၊ သူ႔လည္ပင္းညႇပ္႐ိုး က်ည္ထိမွန္သြားတဲ့အတြက္ ေက်းလက္ေဆးခန္းမွာ ေလာေလာဆယ္ ေဆးကုသေနရပါတယ္။

RFA Burmese
------------------------------------------
(Unicode)⤵⤵⤵
WHO ဗိုင်းရပ်စ်နမူနာတင်ကား မင်းပြားမှာ ပစ်ခတ်ခံရ

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားနားက ဇက်ဆိပ်အလွန်နားမှာ မနေ့က ဧပြီလ ၂၀ ရက် ညနေ ၅ နာရီလောက်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကား ပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ ယာဉ်မောင်းနဲ့ ကျန်းမာရေးကြီးကြပ်ဝန်ထမ်းတို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းတွေရရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြည့်လူနာတွေရဲ့ နှာခေါင်းနဲ့ အာခေါင် တို့ဖတ်စတွေကို စစ်တွေကနေ ရန်ကုန်ကို ပို့ဖို့ WHO ကားက သယ်လာတာဖြစ်ပြီး၊ AA ရခိုင့်တပ်တော်က အဲဒီကားကိုပစ်လို့ ကားမောင်းသူနဲ့ ကားထဲပါလာတဲ့ ကျန်းမာရေးကြီးကြပ်ဝန်ထမ်းတို့ ဒဏ်ရာရသွားတာဖြစ်တယ်လို့ အစိုးရအာဘော်သတင်းစဉ်က ရေးလိုက်ပြီး အဲဒီသတင်းနဲ့ဓာတ်ပုံတွေကို သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်တချို့ဆီကို ပို့ပေးတာ ဖြစ်ပါတယ်။

အခုလို WHO ကားကို AA အဖွဲ့ကပစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကို ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်စာမရသေးပါဘူး။ အဲဒီကားဟာ WHO က ကားဟုတ်၊ မဟုတ်ဆိုတာနဲ့ ဘယ်အဖွဲ့က ပစ်တာလဲဆိုတာကို RFA ကသီးခြားအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အဲဒီရာမောင်တံတားနားမှာ မနေ့မနက် ၉ နာရီလောက်ကတော့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အနားကရွာနှစ်ရွာကို လက်နက်ကြီးတွေကျတဲ့အတွက် အရပ်သား ၄ ယောက်ဒဏ်ရာရထားပါတယ်။ ထောင့်ချေရွာသား ၃ ယောက်ဒဏ်ရာရပြီး အဲဒီထဲက ဒဏ်ရာအပြင်းအထန်ရသွားတဲ့ ၁၈ နှစ်အရွယ်မိန်းကလေးကို မင်းပြားဆေးရုံပို့လိုက်ရပါတယ်။ ဒဏ်ရာရတဲ့ နောက်တယောက်ကတော့ ရာမောင်တံတားကနေ ၃ ဖာလုံလောက်ဝေးတဲ့ မင်းရွာက အသက် ၆၅ နှစ်ရွယ် ဦးစိန်အေးချမ်းဖြစ်ပြီး၊ သူ့လည်ပင်းညှပ်ရိုး ကျည်ထိမှန်သွားတဲ့အတွက် ကျေးလက်ဆေးခန်းမှာ လောလောဆယ် ဆေးကုသနေရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
WHO ဗိုင္းရပ္စ္နမူနာတင္ကား မင္းျပားမွာ ပစ္ခတ္ခံရ WHO ဗိုင္းရပ္စ္နမူနာတင္ကား မင္းျပားမွာ ပစ္ခတ္ခံရ Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.