ေဒၚနယ္ထရမ့္က ဘာလို႔ လေပၚအထိ တက္ၿပီး သတၳဳတြင္းတူးခ်င္ရတာလဲ

အေမရိကန္ႏိုင္ငံက လေပၚတက္ သတၳဳတြင္းတူးဖို႔အတြက္ ႏိုင္ငံတကာ ခြင့္ျပဳခ်က္ေတာင္းစရာ မလိုဘူးလို႔ ထရမ့္က ဆိုေန
(Zawgyi)⤵⤵⤵
အေမရိကန္ႏိုင္ငံ အေနနဲ႔ အာကာသကို စူးစမ္းရွာေဖြခြင့္နဲ႔ အာကာသ အရင္းအျမစ္ေတြကို အသုံးျပဳခြင့္ရွိတဲ့အတြက္ လေပၚမွာ သတၳဳတြင္းလိုတယ္ဆိုၿပီး အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ကမာၻျပင္ပ အာကာသနယ္ဟာ ဘုံပိုင္ဆိုင္တာလည္း ျဖစ္တဲ့အတြက္ ႏိုင္ငံတကာ ခြင့္ျပဳခ်က္ ယူစရာ မလိုဘူးဆိုၿပီးေတာ့လည္း သူ႔ရဲ႕ ၂၀၂၀ ဧၿပီလ အေစာပိုင္း အမိန႔္ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
လဟာ အာကာသ ဂယ္လက္ဆီေခၚ ၾကယ္မ်ား အစုအေဝးႀကီးေတြ တခုနဲ႔တခု ကူးသန္းရာမွာ တေထာက္ဝင္နားၿပီး ေလာင္စာဆီ ျဖည့္ရတဲ့ ဆီဆိုင္ႀကီး တဆိုင္လို လည္း ျဖစ္လာႏိုင္

သဘာဝ အရင္းအျမစ္ ရဖို႔ သက္သက္ပဲလား

ဆာရာ ခရက္ဒက္စ္ဆိုတဲ့ အာကသဆိုင္ရာ ဂ်ာနယ္လစ္တဦးကေတာ့ လေပၚမွာ မိုင္းတူးႏိုင္မယ့္ အျပင္ လူေတြ အာကာသ အျပင္ဘက္ ေဝးေဝး သြားႏိုင္ေအာင္လည္း အေထာက္အကူ ျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

ဆာရာရဲ႕ အဆိုအရ လဟာ အာကာသ ဂယ္လက္ဆီေခၚ ၾကယ္မ်ား အစုအေဝးႀကီးေတြ ၊တခုနဲ႔တခု ကူးသန္းရာမွာ တေထာက္ဝင္နားၿပီး ေလာင္စာဆီ ျဖည့္ရတဲ့ ဆီဆိုင္ႀကီး တဆိုင္လို လည္း ျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ဒုံးပ်ံခရီးအတြက္ လိုအပ္တဲ့ ဟိုက္ဒ႐ိုဂ်င္နဲ႔ ေအာက္စီဂ်င္ေလာင္စာေတြ ထုတ္ဖို႔ လိုအပ္တဲ့ အရင္းအျမစ္ေတြ လေပၚမွာ ရွိေနလို႔ပဲ ျဖစ္ပါတယ္။

ဒီလိုသာ လုပ္ႏိုင္မယ္ဆိုရင္ ကမာၻအတြက္ အက်ိဳးရွိႏိုင္မယ့္ သဘာဝ အရင္းအျမစ္ေတြကို လေပၚမွာသာမက အာကာသအတြင္း ေဝးေဝးသြားၿပီး ဆက္လက္ ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။

ဆတ္ဆက္တကၠသိုလ္က စြမ္းအင္မူဝါဒဆိုင္ရာ ပါေမာကၡ ဘန္ဂ်မင္ ဆိုဗာကူးကေတာ့ ကမာၻေျမေပၚမွာ ရာသီဥတုေတြ ေဖာက္ျပန္ ေျပာင္းလဲလာတာေၾကာင့္ ျပည့္ၿဖိဳးၿမဲစြမ္းအင္ကိုပဲ ဦးစားေပး အသုံးျပဳဖို႔ ေျပာေနရတဲ့အခ်ိန္မွာ ဒီလို အာကာသထဲက အရင္းအျမစ္ေတြလည္း လိုအပ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ လေပၚကသာမက အာကာသထဲက အရင္းအျမစ္ေတြကို အသုံးျပဳၿပီး ကမာၻမွာ ေရရွည္ျပန္ၿပီး အက်ိဳးရွိႏိုင္မယ့္ လွ်ပ္စစ္ကားေတြ ပစၥည္းေတြလည္း မ်ားမ်ား ျပန္ထုတ္ႏိုင္မယ္လို႔ ဆိုပါတယ္။

အထူးသျဖင့္ ကမာၻေပၚမွာ လစ္သီယမ္နဲ႔ ကိုေဘာ့လ္တ္ တို႔ကို သတၳဳ အမ်ိဳးအစားေတြကို တ႐ုတ္၊ ႐ုရွားနဲ႔ ကြန္ဂိုႏိုင္ငံေတြမွာသာ ေတြ႕ရတတ္ၿပီး တူးေဖာ္ရလည္း ခက္ခဲတယ္လို႔ မစၥတာ ဆိုဗာကူးက ေျပာပါတယ္။

ဒါ့အျပင္ ကမာၻေပၚမွာ လွ်ပ္စစ္နဲ႔ နည္းပညာ ပစၥည္းေတြ ထုတ္လုပ္ရာမွာ ေနရာစုံကေန ကုန္ၾကမ္းေတြ မွာရတဲ့အတြက္၊ ထုတ္လုပ္ေရး လုပ္ငန္းစဥ္ ရႈပ္ေထြးၿပီး ေနရာအသီးသီးက စည္းကမ္းအေထြေထြကလည္း ရွိေသးတယ္လို႔ သူက ဆိုပါတယ္။

လ လို တေနရာတည္းကေန ကမာၻအတြက္ ကုန္ၾကမ္းေတြ မွာယူရမယ္ဆိုရင္ လြယ္ကူ အဆင္ေျပႏိုင္မယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

ဒါေပမယ့္ အာကာသတြင္း သတၳဳတြင္းတာကို ကမာၻေပၚက ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈ ျပႆနာအတြက္ ေရတို ေျဖရွင္းမႈလို မသုံးသင့္ဘူးလို႔လည္း မစၥတာ ဆိုဗာကူးက ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံကလည္း လေပၚကို လူလႊတ္ႏိုင္တဲ့ အဆင့္ထိ စီမံကိန္း အဆင့္ဆင့္ခ်ၿပီး လုပ္ေဆာင္ေန (လက္ရွိ ၂၀၂၀ ဧၿပီလအထိ လေပၚမွာ အလုပ္လုပ္ေနဆဲ ျဖစ္တဲ့ တ႐ုတ္ေစလႊတ္ထားတဲ့ ခ်န္အီစက္႐ုပ္ကား)

အေမရိကန္နဲ႔ တ႐ုတ္တင္းမာမႈ အေျခခံေၾကာင့္လား

အေမရိကန္အေနနဲ႔ အခုလို လေပၚတက္ သတၳဳတြင္းတူးဖို႔ အမိန႔္ေၾကညာခ်က္ထုတ္ရတဲ့အထိ ျဖစ္လာတာဟာ ကမာၻေပၚမွာ အေမရိကန္အတြက္ တူးခြင့္ အကန႔္အသတ္ေတြ ရွိလာတာေၾကာင့္လည္း တေၾကာင္းျဖစ္ႏိုင္ပါတယ္။

အေမရိကန္အေနနဲ႔ သတၳဳတြင္းတူးတဲ့အပိုင္းမွာ တ႐ုတ္နဲ႔ ႐ုရွားေတာ့ကို မယွဥ္ႏိုင္ေတာ့ပဲ ျဖစ္ေနပါၿပီလို႔လည္း မစၥတာ ဆိုဗာကူးက ေျပာပါတယ္။

သမၼတ ထရမ့္အေနနဲ႔ တ႐ုတ္က အၿပိဳင္လာမတူးႏိုင္ေသးတဲ့ အာကာသလို ေနရာမွာ တူးႏိုင္မယ္ဆိုရင္ သူျပည္တြင္းမွာ နာမည္ေကာင္းရႏိုင္တယ္လို႔လည္း သူက ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံကလည္း လေပၚကို လူလႊတ္ႏိုင္တဲ့ အဆင့္ထိ စီမံကိန္း အဆင့္ဆင့္ခ်ၿပီး လုပ္ေဆာင္ေနတဲ့အတြက္ အနည္းဆုံး ဘယ္သူ အရင္ လေပၚ စခန္းခ်မယ္ဆိုတဲ့ ကိစၥက အၿပိဳင္အဆိုင္ ျဖစ္လာႏိုင္ပါတယ္။

ဒါေပမယ့္ တ႐ုတ္ဘက္ကေတာ့ သူတို႔ရဲ႕ ေလာေလာဆယ္ လစီမံကိန္းမွာ သတၳဳတြင္းတူးဖို႔ထက္ လပတ္လည္ ဆိုလာျပားေတြ ထားၿပီး တကမာၻလုံးအတြက္ လုံေလာက္မယ့္ လွ်ပ္စစ္ဓါတ္အားထုတ္ဖို႔ လ်ာထားတယ္လို႔ ဆိုပါတယ္။
ဘယ္ႏိုင္ငံကမွေတာ့ လတခုလုံးကို ပိုင္တယ္ဆိုၿပီး မေၾကညာႏိုင္ေပမယ့္ ႏိုင္ငံတကာ ဥပေဒဟာ အေမရိကန္ႏိုင္ငံနဲ႔ မဆိုင္ဘူးဆိုတဲ့ သေဘာ သက္ေရာက္ေန

ေဒၚနယ္ထရမ့္လုပ္တာ ႏိုင္ငံတကာဥပေဒအရ တရားဝင္ရဲ႕လား

အေမရိကန္သမၼတရဲ႕ ေၾကညာခ်က္အရဆိုရင္ ႏိုင္ငံတကာ ဥပေဒဟာ အေမရိကန္ႏိုင္ငံနဲ႔ မဆိုင္ဘူးဆိုတဲ့ သေဘာ သက္ေရာက္ေနပါတယ္။

ဒါေပမယ့္ အာကာသဆိုင္ရာ ႏိုင္ငံတကာ ဥပေဒဆိုတာကလည္း ႏိုင္ငံအသီးသီးက ဘာေတြ လုပ္ခြင့္ရွိမယ္ ဆိုတာကို တိတိက်က် ျပ႒ာန္းထားတာမ်ိဳးေတာ့ မရွိေသးပဲ ဖြံ႕ၿဖိဳး ေျပာင္းလဲေနဆဲ ကာလမွာပဲ ရွိေသးတယ္လို႔ ဆာရာက ေျပာပါတယ္။

ဘယ္ႏိုင္ငံကမွေတာ့ လတခုလုံးကို ပိုင္တယ္ဆိုၿပီး မေၾကညာႏိုင္ေပမယ့္ ကမာၻေပၚက ႏိုင္ငံတကာ ေရပိုင္နက္ သယံဇာတ ဥပေဒလိုပဲ ကိုယ္တိုင္သြားၿပီး တူးႏိုင္သူက ရစတမ္း ဆိုတဲ့ ထုံးစံထဲမွာ အာကာသ သယံဇာတ ထုတ္တဲ့ အပိုင္းက အက်ဳံးဝင္ေနပါတယ္။

ဘာပဲေျပာေျပာ ကမာၻေပၚမွာလည္း ရာသီဥတု ေျပာင္းလဲ ေဖာက္ျပန္ေစတဲ့အထိ သယံဇာတေတြ ထုတ္ယူထားၿပီး ျဖစ္တဲ့အတြက္ အနာဂါတ္ လူသားေတြအတြက္ သယံဇာတရွာရာမွာ အာကာသထဲမွာ ရွာဖို႔ ေ႐ြးခ်ယ္စရာပဲ က်န္ေတာ့တယ္လို႔ မစၥတာ ဆိုဗာကူးက ေျပာပါတယ္။

ေလာေလာဆယ္မွာ အာကာသနဲ႔ ပတ္သက္လို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ လက္ေအာက္မွာထားတဲ့ ဌာနရွိေနၿပီး ဒီဌာနက ကုလသမဂၢ အေထြေထြ ညီလာခံနဲ႔တကြ အာကာသကို ၿငိမ္းခ်မ္းစြာ အသုံးခ်ျခင္းဆိုင္ရာ ကုလသမဂၢ ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ေပးေနပါတယ္။

အဲဒီဌာန အေနနဲ႔ ပထမဆုံး ကုလသမဂၢ ဦးေဆာင္တဲ့ အာကာသစီမံကိန္းလုပ္မယ္လို႔ ၂၀၁၆ မွာ ေၾကညာခဲ့ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ ၿဂိဳဟ္တု လႊတ္တင္ရာမွာ ကူညီဖို႔ ပထမဆုံး စလုပ္မယ္လို႔ ဆိုပါတယ္။

ဒီစီမံကိန္းကို ၂၀၂၁ မွာ အေကာင္အထည္ေဖာ္ဖို႔ စီမံခ်က္ ခ်ခဲ့ေပမယ့္ လက္ရွိ ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနေတြေၾကာင့္ လာမယ့္ ဇြန္လမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ကုလသမဂၢရဲ႕ အာကာသကို ၿငိမ္းခ်မ္းစြာ အသုံးခ်ျခင္းဆိုင္ရာ ေကာ္မတီ အစည္းအေဝးကို ေ႐ႊ႕ဆိုင္းထားပါတယ္။
လေပၚမွာ သတၳဳတြင္း စတူးႏိုင္ဖို႔ကိစၥဟာ လူသားမ်ိဳးႏြယ္အတြက္ ကမာၻေျမျပင္ရဲ႕ ျပင္ပကို ေက်ာ္လြန္ၿပီး ရွင္သန္ႏိုင္ဖို႔ ေျခလွမ္းလည္း ျဖစ္မယ္
လက္ရွိလူသားမ်ိဳးဆက္ရဲ႕ သက္တမ္းအတြင္းမွာ လေပၚသတၳဳတူးဖို႔ တကယ္ ျဖစ္လာႏိုင္ပါ့မလား

ဆာရာရဲ႕ အဆိုအရ လေပၚ သတၳဳတြင္း တူးႏိုင္ဖို႔ နည္းပညာက ရွိေနၿပီးသား ျဖစ္ၿပီး ပုဂၢလိက ကုမၸဏီေတြပါ အာကာသ ပိုင္းဆိုင္ရာ ကိစၥေတြမွာ ပိုၿပီး သီးျခား ပါဝင္လုပ္ေဆာင္ လာၾကတဲ့အတြက္ ပိုၿပီး ျမန္ျမန္ ျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

အရင္တုန္းကဆိုရင္ ဒီလို အာကာသစီမံကိန္းေတြကို အစိုးရေတြကပဲ ဦးစီးေလ့ရွိၿပီး ၊ေနာက္ပိုင္းမွာ အစိုးရေတြထက္ ေငြေၾကးတတ္ႏိုင္တဲ့ ကုမၸဏီႀကီးေတြနဲ႔ ေငြေၾကးႂကြယ္ဝသူ အသီးသီးကလည္း သီးျခား လုပ္ေဆာင္လာတာေၾကာင့္ အာကာသ စူးစမ္းေရးနယ္ပယ္မွာ ဘ႑ာေရးနဲ႔တကြ ရည္မွန္းခ်က္လည္း ပိုႀကီးလာတယ္လို႔ ဆာရာက ေျပာပါတယ္။

လေပၚမွာသာမက အာကာသထဲ ပ်ံ႕လြင့္ေနတဲ့ ဥကၠာခဲေတြေပၚမွာ သတၳဳတြင္းတူးလာၾကၿပီး လူေတြကလည္း အဂၤါၿဂိဳဟ္ကို သြားေရာက္ႏိုင္တယ္ ဆိုတဲ့အေျခအေနဟာ လက္ရွိ လူသားမ်ိဳးဆက္ရဲ႕ သက္တမ္းမကုန္ခင္ ျဖစ္လာႏိုင္တယ္လို႔လည္း သူက ဆိုပါတယ္။

ဒါေပမယ့္ တဖက္မွာလည္း ကမာၻေျမေပၚက သတၳဳတြင္း တူးပုံ နည္းစနစ္ေတြကိုလည္း တိုးတက္ေအာင္ ဆက္လုပ္ေနဖို႔လိုၿပီး အထူးသျဖင့္ ဓါတ္ေငြ႕တူးေဖာ္မႈနဲ႔ ေရနက္ပိုင္း တူးေဖာ္မႈမ်ိဳးေတြမွာ နည္းပညာတိုးတက္ေနမွ အာကာသတြင္း တူးေဖာ္ဖို႔ ပိုၿပီး အဆင္သင့္ျဖစ္မယ္လို႔ မစၥတာ ဆိုဗာကူးက ေျပာပါတယ္။

လေပၚမွာ သတၳဳတြင္း စတူးႏိုင္ဖို႔ကိစၥဟာ ေနာင္ ၁၅ ႏွစ္ေလာက္ အတြင္း ျဖစ္လာႏိုင္ၿပီး ဒါဟာ လူသားမ်ိဳးႏြယ္အတြက္ ကမာၻေျမျပင္ရဲ႕ ျပင္ပကို ေက်ာ္လြန္ၿပီး ရွင္သန္ႏိုင္ဖို႔ ေျခလွမ္းလည္း ျဖစ္မယ္လို႔ ဆာရာနဲ႔ ဆိုဗာကူးတို႔က ေျပာဆိုခဲ့ၾကပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ဒေါ်နယ်ထရမ့်က ဘာလို့ လပေါ်အထိ တက်ပြီး သတ္ထုတွင်းတူးချင်ရတာလဲ

အမေရိကန်နိုင်ငံ အနေနဲ့ အာကာသကို စူးစမ်းရှာဖွေခွင့်နဲ့ အာကာသ အရင်းအမြစ်တွေကို အသုံးပြုခွင့်ရှိတဲ့အတွက် လပေါ်မှာ သတ္ထုတွင်းလိုတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာပြင်ပ အာကာသနယ်ဟာ ဘုံပိုင်ဆိုင်တာလည်း ဖြစ်တဲ့အတွက် နိုင်ငံတကာ ခွင့်ပြုချက် ယူစရာ မလိုဘူးဆိုပြီးတော့လည်း သူ့ရဲ့ ၂၀၂၀ ဧပြီလ အစောပိုင်း အမိန့်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သဘာဝ အရင်းအမြစ် ရဖို့ သက်သက်ပဲလား

ဆာရာ ခရက်ဒက်စ်ဆိုတဲ့ အာကသဆိုင်ရာ ဂျာနယ်လစ်တဦးကတော့ လပေါ်မှာ မိုင်းတူးနိုင်မယ့် အပြင် လူတွေ အာကာသ အပြင်ဘက် ဝေးဝေး သွားနိုင်အောင်လည်း အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆာရာရဲ့ အဆိုအရ လဟာ အာကာသ ဂယ်လက်ဆီခေါ် ကြယ်များ အစုအဝေးကြီးတွေ ၊တခုနဲ့တခု ကူးသန်းရာမှာ တထောက်ဝင်နားပြီး လောင်စာဆီ ဖြည့်ရတဲ့ ဆီဆိုင်ကြီး တဆိုင်လို လည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒုံးပျံခရီးအတွက် လိုအပ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်လောင်စာတွေ ထုတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ လပေါ်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ကမ္ဘာအတွက် အကျိုးရှိနိုင်မယ့် သဘာဝ အရင်းအမြစ်တွေကို လပေါ်မှာသာမက အာကာသအတွင်း ဝေးဝေးသွားပြီး ဆက်လက် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဆတ်ဆက်တက္ကသိုလ်က စွမ်းအင်မူဝါဒဆိုင်ရာ ပါမောက္ခ ဘန်ဂျမင် ဆိုဗာကူးကတော့ ကမ္ဘာမြေပေါ်မှာ ရာသီဥတုတွေ ဖောက်ပြန် ပြောင်းလဲလာတာကြောင့် ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲ ဦးစားပေး အသုံးပြုဖို့ ပြောနေရတဲ့အချိန်မှာ ဒီလို အာကာသထဲက အရင်းအမြစ်တွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လပေါ်ကသာမက အာကာသထဲက အရင်းအမြစ်တွေကို အသုံးပြုပြီး ကမ္ဘာမှာ ရေရှည်ပြန်ပြီး အကျိုးရှိနိုင်မယ့် လျှပ်စစ်ကားတွေ ပစ္စည်းတွေလည်း များများ ပြန်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကမ္ဘာပေါ်မှာ လစ်သီယမ်နဲ့ ကိုဘော့လ်တ် တို့ကို သတ္ထု အမျိုးအစားတွေကို တရုတ်၊ ရုရှားနဲ့ ကွန်ဂိုနိုင်ငံတွေမှာသာ တွေ့ရတတ်ပြီး တူးဖော်ရလည်း ခက်ခဲတယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ လျှပ်စစ်နဲ့ နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ နေရာစုံကနေ ကုန်ကြမ်းတွေ မှာရတဲ့အတွက်၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ် ရှုပ်ထွေးပြီး နေရာအသီးသီးက စည်းကမ်းအထွေထွေကလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။

လ လို တနေရာတည်းကနေ ကမ္ဘာအတွက် ကုန်ကြမ်းတွေ မှာယူရမယ်ဆိုရင် လွယ်ကူ အဆင်ပြေနိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အာကာသတွင်း သတ္ထုတွင်းတာကို ကမ္ဘာပေါ်က ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ပြဿနာအတွက် ရေတို ဖြေရှင်းမှုလို မသုံးသင့်ဘူးလို့လည်း မစ္စတာ ဆိုဗာကူးက ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်တင်းမာမှု အခြေခံကြောင့်လား

အမေရိကန်အနေနဲ့ အခုလို လပေါ်တက် သတ္ထုတွင်းတူးဖို့ အမိန့်ကြေညာချက်ထုတ်ရတဲ့အထိ ဖြစ်လာတာဟာ ကမ္ဘာပေါ်မှာ အမေရိကန်အတွက် တူးခွင့် အကန့်အသတ်တွေ ရှိလာတာကြောင့်လည်း တကြောင်းဖြစ်နိုင်ပါတယ်။

အမေရိကန်အနေနဲ့ သတ္ထုတွင်းတူးတဲ့အပိုင်းမှာ တရုတ်နဲ့ ရုရှားတော့ကို မယှဉ်နိုင်တော့ပဲ ဖြစ်နေပါပြီလို့လည်း မစ္စတာ ဆိုဗာကူးက ပြောပါတယ်။

သမ္မတ ထရမ့်အနေနဲ့ တရုတ်က အပြိုင်လာမတူးနိုင်သေးတဲ့ အာကာသလို နေရာမှာ တူးနိုင်မယ်ဆိုရင် သူပြည်တွင်းမှာ နာမည်ကောင်းရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း လပေါ်ကို လူလွှတ်နိုင်တဲ့ အဆင့်ထိ စီမံကိန်း အဆင့်ဆင့်ချပြီး လုပ်ဆောင်နေတဲ့အတွက် အနည်းဆုံး ဘယ်သူ အရင် လပေါ် စခန်းချမယ်ဆိုတဲ့ ကိစ္စက အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် တရုတ်ဘက်ကတော့ သူတို့ရဲ့ လောလောဆယ် လစီမံကိန်းမှာ သတ္ထုတွင်းတူးဖို့ထက် လပတ်လည် ဆိုလာပြားတွေ ထားပြီး တကမ္ဘာလုံးအတွက် လုံလောက်မယ့် လျှပ်စစ်ဓါတ်အားထုတ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်လုပ်တာ နိုင်ငံတကာဥပဒေအရ တရားဝင်ရဲ့လား

အမေရိကန်သမ္မတရဲ့ ကြေညာချက်အရဆိုရင် နိုင်ငံတကာ ဥပဒေဟာ အမေရိကန်နိုင်ငံနဲ့ မဆိုင်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

ဒါပေမယ့် အာကာသဆိုင်ရာ နိုင်ငံတကာ ဥပဒေဆိုတာကလည်း နိုင်ငံအသီးသီးက ဘာတွေ လုပ်ခွင့်ရှိမယ် ဆိုတာကို တိတိကျကျ ပြဋ္ဌာန်းထားတာမျိုးတော့ မရှိသေးပဲ ဖွံ့ဖြိုး ပြောင်းလဲနေဆဲ ကာလမှာပဲ ရှိသေးတယ်လို့ ဆာရာက ပြောပါတယ်။

ဘယ်နိုင်ငံကမှတော့ လတခုလုံးကို ပိုင်တယ်ဆိုပြီး မကြေညာနိုင်ပေမယ့် ကမ္ဘာပေါ်က နိုင်ငံတကာ ရေပိုင်နက် သယံဇာတ ဥပဒေလိုပဲ ကိုယ်တိုင်သွားပြီး တူးနိုင်သူက ရစတမ်း ဆိုတဲ့ ထုံးစံထဲမှာ အာကာသ သယံဇာတ ထုတ်တဲ့ အပိုင်းက အကျုံးဝင်နေပါတယ်။

ဘာပဲပြောပြော ကမ္ဘာပေါ်မှာလည်း ရာသီဥတု ပြောင်းလဲ ဖောက်ပြန်စေတဲ့အထိ သယံဇာတတွေ ထုတ်ယူထားပြီး ဖြစ်တဲ့အတွက် အနာဂါတ် လူသားတွေအတွက် သယံဇာတရှာရာမှာ အာကာသထဲမှာ ရှာဖို့ ရွေးချယ်စရာပဲ ကျန်တော့တယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။

လောလောဆယ်မှာ အာကာသနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်မှာထားတဲ့ ဌာနရှိနေပြီး ဒီဌာနက ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့တကွ အာကာသကို ငြိမ်းချမ်းစွာ အသုံးချခြင်းဆိုင်ရာ ကုလသမဂ္ဂ ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပေးနေပါတယ်။

အဲဒီဌာန အနေနဲ့ ပထမဆုံး ကုလသမဂ္ဂ ဦးဆောင်တဲ့ အာကာသစီမံကိန်းလုပ်မယ်လို့ ၂၀၁၆ မှာ ကြေညာခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဂြိုဟ်တု လွှတ်တင်ရာမှာ ကူညီဖို့ ပထမဆုံး စလုပ်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းကို ၂၀၂၁ မှာ အကောင်အထည်ဖော်ဖို့ စီမံချက် ချခဲ့ပေမယ့် လက်ရှိ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အခြေအနေတွေကြောင့် လာမယ့် ဇွန်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂရဲ့ အာကာသကို ငြိမ်းချမ်းစွာ အသုံးချခြင်းဆိုင်ရာ ကော်မတီ အစည်းအဝေးကို ရွှေ့ဆိုင်းထားပါတယ်။

လက်ရှိလူသားမျိုးဆက်ရဲ့ သက်တမ်းအတွင်းမှာ လပေါ်သတ္ထုတူးဖို့ တကယ် ဖြစ်လာနိုင်ပါ့မလား

ဆာရာရဲ့ အဆိုအရ လပေါ် သတ္ထုတွင်း တူးနိုင်ဖို့ နည်းပညာက ရှိနေပြီးသား ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေပါ အာကာသ ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပိုပြီး သီးခြား ပါဝင်လုပ်ဆောင် လာကြတဲ့အတွက် ပိုပြီး မြန်မြန် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အရင်တုန်းကဆိုရင် ဒီလို အာကာသစီမံကိန်းတွေကို အစိုးရတွေကပဲ ဦးစီးလေ့ရှိပြီး ၊နောက်ပိုင်းမှာ အစိုးရတွေထက် ငွေကြေးတတ်နိုင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ ငွေကြေးကြွယ်ဝသူ အသီးသီးကလည်း သီးခြား လုပ်ဆောင်လာတာကြောင့် အာကာသ စူးစမ်းရေးနယ်ပယ်မှာ ဘဏ္ဍာရေးနဲ့တကွ ရည်မှန်းချက်လည်း ပိုကြီးလာတယ်လို့ ဆာရာက ပြောပါတယ်။

လပေါ်မှာသာမက အာကာသထဲ ပျံ့လွင့်နေတဲ့ ဥက္ကာခဲတွေပေါ်မှာ သတ္ထုတွင်းတူးလာကြပြီး လူတွေကလည်း အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်တယ် ဆိုတဲ့အခြေအနေဟာ လက်ရှိ လူသားမျိုးဆက်ရဲ့ သက်တမ်းမကုန်ခင် ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ကမ္ဘာမြေပေါ်က သတ္ထုတွင်း တူးပုံ နည်းစနစ်တွေကိုလည်း တိုးတက်အောင် ဆက်လုပ်နေဖို့လိုပြီး အထူးသဖြင့် ဓါတ်ငွေ့တူးဖော်မှုနဲ့ ရေနက်ပိုင်း တူးဖော်မှုမျိုးတွေမှာ နည်းပညာတိုးတက်နေမှ အာကာသတွင်း တူးဖော်ဖို့ ပိုပြီး အဆင်သင့်ဖြစ်မယ်လို့ မစ္စတာ ဆိုဗာကူးက ပြောပါတယ်။

လပေါ်မှာ သတ္ထုတွင်း စတူးနိုင်ဖို့ကိစ္စဟာ နောင် ၁၅ နှစ်လောက် အတွင်း ဖြစ်လာနိုင်ပြီး ဒါဟာ လူသားမျိုးနွယ်အတွက် ကမ္ဘာမြေပြင်ရဲ့ ပြင်ပကို ကျော်လွန်ပြီး ရှင်သန်နိုင်ဖို့ ခြေလှမ်းလည်း ဖြစ်မယ်လို့ ဆာရာနဲ့ ဆိုဗာကူးတို့က ပြောဆိုခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52433499
ေဒၚနယ္ထရမ့္က ဘာလို႔ လေပၚအထိ တက္ၿပီး သတၳဳတြင္းတူးခ်င္ရတာလဲ ေဒၚနယ္ထရမ့္က ဘာလို႔ လေပၚအထိ တက္ၿပီး သတၳဳတြင္းတူးခ်င္ရတာလဲ Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.