

(Zawgyi)⤵⤵⤵



One News Myanmar
-----------------------------------
(Unicode)⤵⤵⤵
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့စည်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ပါဝင်တဲ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ကိုဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောပါတယ်။

အဲဒီအဖွဲ့ကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ ၊ တိုင်းဒေသကြီး၊ပြည်နယ်အဆင့်က ဝန်ကြီးချုပ်တွေညွှန်ကြားရေးမှုးချုပ် တွေပါဝင်တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

အခုလိုဖွဲ့စည်းရတာဟာ COVID-19 ရောဂါအရေးပေါ်တုံ့ပြန်နိုင်ဖို့အတွက် အစိုးရရဲ့မူဝါဒနဲ့အညီ အချိန်၊လုပ်အား၊ကျွမ်းကျင်မှု၊အကြံညဏ် စတာများကိုအခကြေးငွေမယူဘဲ အသင်းအဖွဲ့ တစ်ခု၊လုပ်ငန်းစဉ်တစ်ရပ် လိုအပ်တဲ့ အခါ အချိန်ပိုင်းဖြစ်စေ အမြဲတမ်းဖြစ်စေကူညီမယ့်သူတွေကို စနစ်တကျ လေ့ကျင့်ပါဝင်စေဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့စည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့စည်း Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.