ဖားကန္႔က ေရမေဆးေက်ာက္ ရွာသူေတြၾကား COVID-19 စိုးရိမ္


(Zawgyi / Unicode)

ေရႊ႕ေျပာင္းလုပ္သား သိန္းခ်ီ အလုပ္လုပ္ကိုင္ေနတဲ့ ဖားကန္႔နယ္ေျမမွာ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္ထိန္းခ်ဳပ္ေရးကို သတ္သတ္မွတ္မွတ္ မေဆာင္ရြက္ႏိုင္သလို လက္လုပ္လက္စား အားလံုးကိုလည္း အစိုးရရဲ႕ ေထာက္ပံ့မႈ လက္လွမ္းမမီဘဲ ျဖစ္ေနပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းခြင္ေတြမွာေတာ့ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈကို ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ၀န္ထမ္းေတြ လုပ္ငန္းခြင္ အျပင္ထြက္ခြင့္ ပိတ္ထားပါတယ္။ အျပင္လူလည္း မ၀င္ရပါဘူး။ ဒါ႔အျပင္ လုပ္ငန္းခြင္အတြင္း က်န္းမာေရး ေစာင့္ၾကပ္ၾကည့္႐ႈမႈကိုလည္း ေဆာင္ရြက္ထားတယ္လို႔ ဖားကန္႔ၿမိဳ႕နယ္ဆိုင္ရာ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးတင့္စိုးက ဗီြအိုေအကို ေျပာပါတယ္။

"ဒီကုမၸဏီ၀န္ထမ္းေတြဟာ ဒီလုပ္ငန္းခြင္က လြဲၿပီးရင္ သူတို႔ကုမၸဏီဆိုက္ရဲ႕ အျပင္ကို ထြက္ခြင့္ လံုး၀မရွိပါဘူးခင္ဗ်။ ကုမၸဏီအတြက္ ေန႔စဥ္လိုအပ္တဲ့ စားနပ္ရိကၡာနဲ႔ ပတ္သက္ၿပီးမွ အ၀ယ္ထြက္တဲ့လူရယ္၊ ယာဥ္ေမာင္းရယ္ ဒီလူေတြကိုပဲ သူတို႔ အျပင္ထြက္ခြင့္ေပးပါတယ္။"

၂၄ နာရီ အခ်ိန္ျပည့္ အလုပ္လုပ္တဲ့ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းခြင္ေတြမွာ COVID-19 ကာကြယ္တားဆီးေရးအတြက္ စီမံကိန္းခ် ၾကပ္မတ္ ေဆာင္ရြက္ႏုိင္ေပမယ့္လည္း ဒီ ေက်ာက္တူးေဖာ္ေရး လုပ္ငန္းေတြရဲ႕ ေျမစာပံုေတြမွာ ေထာင္နဲ႔ခ်ီတဲ့ ေရမေဆးေက်ာက္ ရွာၾကသူေတြအတြက္ေတာ့ ကာကြယ္တားဆီးေရး မလုပ္ႏုိင္ပါဘူး။

"ဒီ COVID-19 သာ ဒီ ေရမေဆးဆိုတဲ့ ေန႔စဥ္နဲ႔အမွ် ရာေထာင္ေသာင္းခ်ီေနတဲ့ လူအုပ္ထဲကိုသာ ၀င္သြားခဲ့ရင္ က်ေနာ္တို႔ ဘယ္လိုမွ ကာကြယ္တားဆီးလို႔ မရႏုိင္ေတာ့တဲ့ အေနအထား ရွိေနပါတယ္ခင္ဗ်။ က်ေနာ္တို႔ စိုးရိမ္မႈကလည္း အင္မတန္မွ စိုးရိမ္စရာေကာင္းတဲ့ အေနအထားပါ။ ဒီလူအုပ္ေတြကိုေတာ့ က်ေနာ္တို႔ ဘယ္လိုမွ လူစုလူေ၀းမလုပ္နဲ႔၊ မရွာပါနဲ႔လို႔ က်ေနာ္တို႔ တားဆီးလို႔လည္း မရတဲ့ အေနအထားၾကေတာ့ ဒီလူေတြထဲကို က်ေနာ္တို႔ ဖားကန္႔ၿမိဳ႕နယ္ထဲကို COVID-19 ေရာက္မလာေအာင္ေတာ့ က်ေနာ္တို႔ တတ္စြမ္းသမွ် အားလံုး ၀ိုင္း၀န္းၿပီးေတာ့မွ ကာကြယ္တားဆီးေနၾကပါတယ္။"

ဖားကန္႔ကို အ၀င္အထြက္လုပ္မယ့္ ကားေတြကို ၾကပ္မတ္ေဆာင္ရြက္ေနၾကတာ ျဖစ္ပါတယ္။ စြန္႔ပစ္ေျမစာပံုေတြထဲမွာ ေရမေဆးေက်ာက္ရွာေဖြၿပီး စား၀တ္ေနေရး ရပ္တည္ၾကတဲ့ လူထုအတြက္ အစိုးရရဲ႕ COVID-19 ကာလ အေထာက္အပံ့ကလည္း မလံုေလာက္ဘူးလို႔ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးတင့္စိုးက ေျပာပါတယ္။

"က်ေနာ္တို႔ ေရမေဆးဦးေရဟာ သိန္းနဲ႔ခ်ီ ရွိပါတယ္။ ဒါ ေရမေဆးပါ။ က်န္တဲ့ ဒီ ရပ္ကြက္ထဲမွာ ႀကံဳရာက်ပန္း လုပ္စားတဲ့သူနဲ႔ ေပါင္းလုိက္မယ္ဆို နည္းတဲ့လူ မဟုတ္ဘူး။ ဒါေပမယ့္ ကခ်င္ျပည္နယ္ တနယ္လံုးမွာ ၾကည့္လိုက္တဲ့ အခါၾကေတာ့လည္း က်ေနာ္တို႔ ဖားကန္႔က အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့ေပးႏုိင္မႈက အမ်ားဆံုးပါ။ က်ေနာ္တို႔ ၃၁,၅၀၀ ေက်ာ္ ေထာက္ပံ့ေပးႏုိင္ခဲ့ပါတယ္။"

COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ကာကြယ္တားဆီးႏုိင္ေရးအတြက္ လူစုလူေ၀း မလုပ္ဖို႔၊ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ဖုိ႔ စတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ အစိုးရက ထုတ္ျပန္က်င့္သံုးေနေပမယ့္ ဖားကန္႔မွာေတာ့ ဒီစည္းမ်ဥ္းစည္းကမ္းေတြ တင္းက်ပ္လို႔မရတဲ့ အေျခအေန ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကခ်င္ျပည္နယ္မွာ ပထမဆံုး COVID-19 ကူးစက္ခံ အတည္ျပဳလူနာတဦး စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ လူထူထပ္ၿပီး ထိန္းသိမ္းရခက္တဲ့ ဖားကန္႔လို ေဒသမ်ိဳးေတြအတြက္ စိုးရိမ္ေနၾကတာပါ။ ရန္ကုန္က စက္႐ုံတခုမွာ အလုပ္လုပ္ခဲ့ၿပီးေနာက္ ကခ်င္ျပည္နယ္ မိုးညႇင္းကို ျပန္လာသူတဦးမွာ COVID-19 ကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ့ၿပီး ျမစ္ႀကီးနားေဆး႐ုံကို ေျပာင္းေရႊ႕ ကုသေပးေနေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တနဂၤေႏြေန႔ညက သတင္းထုတ္ထားပါတယ္။

မသိဂႌထုိက္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

(Unicode)

ဖားကန့်က ရေမဆေးကျောက် ရှာသူတွေကြား COVID-19 စိုးရိမ်

ရွှေ့ပြောင်းလုပ်သား သိန်းချီ အလုပ်လုပ်ကိုင်နေတဲ့ ဖားကန့်နယ်မြေမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးကို သတ်သတ်မှတ်မှတ် မဆောင်ရွက်နိုင်သလို လက်လုပ်လက်စား အားလုံးကိုလည်း အစိုးရရဲ့ ထောက်ပံ့မှု လက်လှမ်းမမီဘဲ ဖြစ်နေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေမှာတော့ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင် အပြင်ထွက်ခွင့် ပိတ်ထားပါတယ်။ အပြင်လူလည်း မဝင်ရပါဘူး။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုကိုလည်း ဆောင်ရွက်ထားတယ်လို့ ဖားကန့်မြို့နယ်ဆိုင်ရာ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ဗွီအိုအေကို ပြောပါတယ်။

"ဒီကုမ္ပဏီဝန်ထမ်းတွေဟာ ဒီလုပ်ငန်းခွင်က လွဲပြီးရင် သူတို့ကုမ္ပဏီဆိုက်ရဲ့ အပြင်ကို ထွက်ခွင့် လုံးဝမရှိပါဘူးခင်ဗျ။ ကုမ္ပဏီအတွက် နေ့စဉ်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးမှ အဝယ်ထွက်တဲ့လူရယ်၊ ယာဉ်မောင်းရယ် ဒီလူတွေကိုပဲ သူတို့ အပြင်ထွက်ခွင့်ပေးပါတယ်။"

၂၄ နာရီ အချိန်ပြည့် အလုပ်လုပ်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ COVID-19 ကာကွယ်တားဆီးရေးအတွက် စီမံကိန်းချ ကြပ်မတ် ဆောင်ရွက်နိုင်ပေမယ့်လည်း ဒီ ကျောက်တူးဖော်ရေး လုပ်ငန်းတွေရဲ့ မြေစာပုံတွေမှာ ထောင်နဲ့ချီတဲ့ ရေမဆေးကျောက် ရှာကြသူတွေအတွက်တော့ ကာကွယ်တားဆီးရေး မလုပ်နိုင်ပါဘူး။

"ဒီ COVID-19 သာ ဒီ ရေမဆေးဆိုတဲ့ နေ့စဉ်နဲ့အမျှ ရာထောင်သောင်းချီနေတဲ့ လူအုပ်ထဲကိုသာ ဝင်သွားခဲ့ရင် ကျနော်တို့ ဘယ်လိုမှ ကာကွယ်တားဆီးလို့ မရနိုင်တော့တဲ့ အနေအထား ရှိနေပါတယ်ခင်ဗျ။ ကျနော်တို့ စိုးရိမ်မှုကလည်း အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။ ဒီလူအုပ်တွေကိုတော့ ကျနော်တို့ ဘယ်လိုမှ လူစုလူဝေးမလုပ်နဲ့၊ မရှာပါနဲ့လို့ ကျနော်တို့ တားဆီးလို့လည်း မရတဲ့ အနေအထားကြတော့ ဒီလူတွေထဲကို ကျနော်တို့ ဖားကန့်မြို့နယ်ထဲကို COVID-19 ရောက်မလာအောင်တော့ ကျနော်တို့ တတ်စွမ်းသမျှ အားလုံး ဝိုင်းဝန်းပြီးတော့မှ ကာကွယ်တားဆီးနေကြပါတယ်။"

ဖားကန့်ကို အဝင်အထွက်လုပ်မယ့် ကားတွေကို ကြပ်မတ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စွန့်ပစ်မြေစာပုံတွေထဲမှာ ရေမဆေးကျောက်ရှာဖွေပြီး စားဝတ်နေရေး ရပ်တည်ကြတဲ့ လူထုအတွက် အစိုးရရဲ့ COVID-19 ကာလ အထောက်အပံ့ကလည်း မလုံလောက်ဘူးလို့ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ပြောပါတယ်။

"ကျနော်တို့ ရေမဆေးဦးရေဟာ သိန်းနဲ့ချီ ရှိပါတယ်။ ဒါ ရေမဆေးပါ။ ကျန်တဲ့ ဒီ ရပ်ကွက်ထဲမှာ ကြုံရာကျပန်း လုပ်စားတဲ့သူနဲ့ ပေါင်းလိုက်မယ်ဆို နည်းတဲ့လူ မဟုတ်ဘူး။ ဒါပေမယ့် ကချင်ပြည်နယ် တနယ်လုံးမှာ ကြည့်လိုက်တဲ့ အခါကြတော့လည်း ကျနော်တို့ ဖားကန့်က အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ပေးနိုင်မှုက အများဆုံးပါ။ ကျနော်တို့ ၃၁,၅၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။"

COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ကာကွယ်တားဆီးနိုင်ရေးအတွက် လူစုလူဝေး မလုပ်ဖို့၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ဖို့ စတဲ့ စည်းမျဉ်းစည်းကမ်းတွေ အစိုးရက ထုတ်ပြန်ကျင့်သုံးနေပေမယ့် ဖားကန့်မှာတော့ ဒီစည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လို့မရတဲ့ အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ ပထမဆုံး COVID-19 ကူးစက်ခံ အတည်ပြုလူနာတဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူထူထပ်ပြီး ထိန်းသိမ်းရခက်တဲ့ ဖားကန့်လို ဒေသမျိုးတွေအတွက် စိုးရိမ်နေကြတာပါ။ ရန်ကုန်က စက်ရုံတခုမှာ အလုပ်လုပ်ခဲ့ပြီးနောက် ကချင်ပြည်နယ် မိုးညှင်းကို ပြန်လာသူတဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပြောင်းရွှေ့ ကုသပေးနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့ညက သတင်းထုတ်ထားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-hpakant/5392976.html
ဖားကန္႔က ေရမေဆးေက်ာက္ ရွာသူေတြၾကား COVID-19 စိုးရိမ္ ဖားကန္႔က ေရမေဆးေက်ာက္ ရွာသူေတြၾကား COVID-19 စိုးရိမ္ Reviewed by THITHTOOLWIN on 06:43 Rating: 5
Powered by Blogger.