ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သားျဖစ္သူ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့သတင္း မဟုတ္မွန္


 ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သားအငယ္ျဖစ္တဲ့ အဂၤလန္ႏိုင္ငံမွာေနထိုင္သူ... ကိုထိန္လင္း ေခၚ Kim Aris မွာ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံထားရတယ္ဆိုၿပီး မေန႔ေန႔လည္ပိုင္းက စလို႔ အင္တာနက္လူမႈကြန္ရက္မွာ ေကာလာဟလသတင္းေတြ ပ်ံ႕ႏွံ႔ေနပါတယ္။

ကိုထိန္လင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံထားရတာ မရွိေၾကာင္း၊ လက္ရွိမွာ မိသားစုနဲ႔အတူ က်န္းမာေရး ေကာင္းမြန္စြာ ေနအိမ္မွာရွိေနေၾကာင္း သူနဲ႔နီးစပ္သူေတြကတဆင့္ RFA က စုံစမ္းသိရပါတယ္။

ကိုထိန္လင္းဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မိသားစု ပုံမွန္အဆက္အသြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

ကိုထိန္လင္းေနထိုင္တဲ့ အဂၤလန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံထားရသူ တစ္သိန္းတစ္ေသာင္း နီးပါးရွိၿပီး ေသဆုံးသူ တစ္ေသာင္းခြဲနီးပါး ရွိေနပါတယ္။

RFA Burmese
--------------------------------------------
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သတင်း မဟုတ်မှန်

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှာနေထိုင်သူ... ကိုထိန်လင်း ခေါ် Kim Aris မှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုပြီး မနေ့နေ့လည်ပိုင်းက စလို့ အင်တာနက်လူမှုကွန်ရက်မှာ ကောလာဟလသတင်းတွေ ပျံ့နှံ့နေပါတယ်။

ကိုထိန်လင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတာ မရှိကြောင်း၊ လက်ရှိမှာ မိသားစုနဲ့အတူ ကျန်းမာရေး ကောင်းမွန်စွာ နေအိမ်မှာရှိနေကြောင်း သူနဲ့နီးစပ်သူတွေကတဆင့် RFA က စုံစမ်းသိရပါတယ်။

ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစု ပုံမှန်အဆက်အသွယ် ရှိတယ်လို့လည်း သိရပါတယ်။

ကိုထိန်လင်းနေထိုင်တဲ့ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူ တစ်သိန်းတစ်သောင်း နီးပါးရှိပြီး သေဆုံးသူ တစ်သောင်းခွဲနီးပါး ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သားျဖစ္သူ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့သတင္း မဟုတ္မွန္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕သားျဖစ္သူ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့သတင္း မဟုတ္မွန္ Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.