ဂ်ပန္က က်န္းမာေရး ေစာင့္ေရွာက္မႈ ၿပိဳလဲႏိုင္

က်န္းမာေရး ေစာင့္ေရွာက္မႈေပးတဲ့ စနစ္ ဟာ ၿပိဳလဲ သြား ႏိုင္တယ္လို႔ ေဆး ဝန္ထမ္းေတြက သတိေပး
(Zawgyi)⤵⤵⤵
ဂ်ပန္ ႏိုင္ငံမွာေတာ့ ကိုဗစ္ ၁၉ ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈေပးတဲ့ စနစ္ ၿပိဳလဲ သြား ႏိုင္တယ္လို႔ ေဆးဝန္ထမ္းေတြက သတိေပး ေျပာၾကား ေနပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ က်န္းမာေရး ဌာနမွာ ဝန္ထုပ္ ဝန္ပိုး ျဖစ္လာ ေနၿပီး ေဆး႐ုံ အေရးေပၚဌာနေတြမွာ ေလျဖတ္ ေဝဒနာ နဲ႔ ႏွလုံး ေရာဂါ ခံစား ေနရသူေတြကို ကုသေပးဖို႔ ျငင္းဆန္မႈ တခ်ိဳ႕ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အစိုးရရဲ႕ ကိုဗစ္ တိုက္ဖ်က္ေရး အစီအစဥ္ဟာ အဆင့္သင့္ မျဖစ္ေသးဘူးလို႔ လန္ဒန္ ကင္းစ္ေကာလိပ္ က ဂ်ပန္ ေဆးပညာရွင္ ေဒါက္တာ ခန္ဂ်ီ ရွီဘူရ က ဆိုပါတယ္။ ဒါ့အျပင္ ကပ္ ေရာဂါ အတြက္ ဂ်ပန္ဟာ မျပင္ဆင္ ထားခဲ့တာ သိသာေနၿပီး နာတာရွည္ ေရာဂါ ေတြ အတြက္ပဲ အဓိက ဦးတည္ လုပ္ေဆာင္ ေနခဲ့တယ္လို႔ ေထာက္ျပ ပါတယ္။

ၿပီးခဲ့တဲ့ တစ္ရက္တုန္း က ဆိုရင္ ကိုယ္ပူခ်ိန္ ျမင့္တက္ေနလို႔ ေဆး႐ုံကား နဲ႔ သြားေခၚလာရတဲ့ လူနာ တစ္ဦး ကို ေဆး႐ုံ ေတြက လက္ခံကုသေပးဖို႔ ျငင္းဆန္ ခဲ့ၾကဖူးပါတယ္။

ဂ်ပန္ဟာ ကနဦးတုန္း က ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ ႏိုင္တဲ့ အေန အထား မ်ိဳး ရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၾကာသပေတး ေန႔မွာ တစ္ ႏိုင္ငံလုံး ေရးေပၚ အေျခအေန တစ္ရပ္ ကို ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး က ေၾကညာ ထားပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
ဂျပန်က ကျန်းမာရေး စောင့်ရှောက်မှု ပြိုလဲနိုင်

ဂျပန် နိုင်ငံမှာတော့ ကိုဗစ် ၁၉ ကူးစက်မှုတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ စနစ် ပြိုလဲ သွား နိုင်တယ်လို့ ဆေးဝန်ထမ်းတွေက သတိပေး ပြောကြား နေပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကျန်းမာရေး ဌာနမှာ ဝန်ထုပ် ဝန်ပိုး ဖြစ်လာ နေပြီး ဆေးရုံ အရေးပေါ်ဌာနတွေမှာ လေဖြတ် ဝေဒနာ နဲ့ နှလုံး ရောဂါ ခံစား နေရသူတွေကို ကုသပေးဖို့ ငြင်းဆန်မှု တချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ကိုဗစ် တိုက်ဖျက်ရေး အစီအစဉ်ဟာ အဆင့်သင့် မဖြစ်သေးဘူးလို့ လန်ဒန် ကင်းစ်ကောလိပ် က ဂျပန် ဆေးပညာရှင် ဒေါက်တာ ခန်ဂျီ ရှီဘူရ က ဆိုပါတယ်။ ဒါ့အပြင် ကပ် ရောဂါ အတွက် ဂျပန်ဟာ မပြင်ဆင် ထားခဲ့တာ သိသာနေပြီး နာတာရှည် ရောဂါ တွေ အတွက်ပဲ အဓိက ဦးတည် လုပ်ဆောင် နေခဲ့တယ်လို့ ထောက်ပြ ပါတယ်။

ပြီးခဲ့တဲ့ တစ်ရက်တုန်း က ဆိုရင် ကိုယ်ပူချိန် မြင့်တက်နေလို့ ဆေးရုံကား နဲ့ သွားခေါ်လာရတဲ့ လူနာ တစ်ဦး ကို ဆေးရုံ တွေက လက်ခံကုသပေးဖို့ ငြင်းဆန် ခဲ့ကြဖူးပါတယ်။

ဂျပန်ဟာ ကနဦးတုန်း က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ် နိုင်တဲ့ အနေ အထား မျိုး ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ တစ် နိုင်ငံလုံး ရေးပေါ် အခြေအနေ တစ်ရပ် ကို ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ကြေညာ ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52340014
ဂ်ပန္က က်န္းမာေရး ေစာင့္ေရွာက္မႈ ၿပိဳလဲႏိုင္ ဂ်ပန္က က်န္းမာေရး ေစာင့္ေရွာက္မႈ ၿပိဳလဲႏိုင္ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.