ေနျပည္ေတာ္ေကာင္စီထဲေရာက္လာသူမွန္သမွ် ၂၁ ရက္ ေစာင့္ၾကည့္ခံရမည္


(Zawgyi)⤵⤵⤵
 ဧၿပီလ ၂၀ ရက္ တနလၤာေန႔မနက္ကစၿပီး ေနျပည္ေတာ္ကိုဝင္လာသူ မွန္သမွ်ကို Quarantine ၂၁ ရက္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားထားေၾကာင္း ေနျပည္ေတာ္အဝင္ စီလမ္းဆုံ စစ္ေဆးေရးဂိတ္ တာဝန္ရွိသူ ရဲအုပ္ေက်ာ္စိုးခိုင္က RFA ကို အခုစေနေန႔ညမွာေျပာပါတယ္။

ဒီလိုေစာင့္ၾကည့္မယ့္အစီအစဥ္ကိုလက္မခံရင္ ေနျပည္ေတာ္ေကာင္စီထဲကို ဝင္ခြင့္မျပဳဖို႔ ၫႊန္ၾကားထား တယ္လို႔လည္း ရဲအုပ္ေက်ာ္စိုးခိုင္က ေျပာပါတယ္။

အခုလို ေနျပည္ေတာ္ထဲလာတဲ့ဘယ္သူမဆိုသီးျခားထားေစာင့္ၾကည့္ခံရမယ့္အေၾကာင္းကို အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ေမာင္ေဆြကလည္း သူ႔ရဲ႕ေဖ့ဆ္ဘြတ္လူမႈကြန္ယက္ စာမ်က္ႏွာမွာ ဧၿပီလ ၁၈ ရက္ေန႔ညက ေရးသားထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၄ ရက္ေန႔ ညေနကစၿပီး ေနျပည္ေတာ္ထဲဝင္လာတဲ့သူေတြကို က်န္းမာေရး စစ္ေဆး တာ ကိုယ္ေရးအခ်က္အလက္ေကာက္ယူတာေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ဧၿပီ ၂၀ ရက္ေန႔ကစၿပီး ေနျပည္ ေတာ္ေကာင္စီနယ္ေျမထဲဝင္လာသူမွန္သမွ်ကို ၂၁ ရက္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္မယ့္ အစီအစဥ္ကိုတိုးခ်ဲ႕လိုက္တာပါ။

Quarantine ဝင္ရမယ့္သူေတြကို အစိုးရက သက္ဆိုင္ရာနယ္ေျမအလိုက္ ေနစရာသတ္မွတ္ ေပးမွာျဖစ္ၿပီး၊ စားေသာက္ေရးကိုေတာ့ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္တာဝန္ယူရမွာျဖစ္တယ္လို႔ ဆိုပါ တယ္။ အခုလိုသီးျခားထားေစာင့္ၾကည့္ဖို႔ၫႊန္ၾကားတာနဲ႔ပတ္သက္လု႔ိ အတည္ျပဳခ်က္ရဖို႔ ေနျပည္ ေတာ္ေကာ္စီတာဝန္ရွိသူေတြကို RFA ကဆက္သြယ္ေမးျမန္းေပမယ့္ တာဝန္ယူေျဖဆိုမယ့္သူ မရွိ ပါဘူး။

ေနျပည္ေတာ္ေကာင္စီမွာ ရွစ္ၿမိဳ႕နယ္ပါဝင္ၿပီး၊ ၿမိဳ႕နယ္တိုင္းမွာ ဧၿပီလ ၁၈ ရက္ေန႔ကစလို႔ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရ အမိန႔္ကိုလည္းေကာင္စီက ထုတ္ျပန္ထားပါတယ္။

RFA Burmese
--------------------------------------------
(Unicode)⤵⤵⤵
နေပြည်တော်ကောင်စီထဲရောက်လာသူမှန်သမျှ ၂၁ ရက် စောင့်ကြည့်ခံရမည်

 ဧပြီလ ၂၀ ရက် တနင်္လာနေ့မနက်ကစပြီး နေပြည်တော်ကိုဝင်လာသူ မှန်သမျှကို Quarantine ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်ဖို့ ညွှန်ကြားထားကြောင်း နေပြည်တော်အဝင် စီလမ်းဆုံ စစ်ဆေးရေးဂိတ် တာဝန်ရှိသူ ရဲအုပ်ကျော်စိုးခိုင်က RFA ကို အခုစနေနေ့ညမှာပြောပါတယ်။

ဒီလိုစောင့်ကြည့်မယ့်အစီအစဉ်ကိုလက်မခံရင် နေပြည်တော်ကောင်စီထဲကို ဝင်ခွင့်မပြုဖို့ ညွှန်ကြားထား တယ်လို့လည်း ရဲအုပ်ကျော်စိုးခိုင်က ပြောပါတယ်။

အခုလို နေပြည်တော်ထဲလာတဲ့ဘယ်သူမဆိုသီးခြားထားစောင့်ကြည့်ခံရမယ့်အကြောင်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကလည်း သူ့ရဲ့ဖေ့ဆ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ ဧပြီလ ၁၈ ရက်နေ့ညက ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ ညနေကစပြီး နေပြည်တော်ထဲဝင်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေး တာ ကိုယ်ရေးအချက်အလက်ကောက်ယူတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂၀ ရက်နေ့ကစပြီး နေပြည် တော်ကောင်စီနယ်မြေထဲဝင်လာသူမှန်သမျှကို ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်မယ့် အစီအစဉ်ကိုတိုးချဲ့လိုက်တာပါ။

Quarantine ဝင်ရမယ့်သူတွေကို အစိုးရက သက်ဆိုင်ရာနယ်မြေအလိုက် နေစရာသတ်မှတ် ပေးမှာဖြစ်ပြီး၊ စားသောက်ရေးကိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်တာဝန်ယူရမှာဖြစ်တယ်လို့ ဆိုပါ တယ်။ အခုလိုသီးခြားထားစောင့်ကြည့်ဖို့ညွှန်ကြားတာနဲ့ပတ်သက်လု့ိ အတည်ပြုချက်ရဖို့ နေပြည် တော်ကော်စီတာဝန်ရှိသူတွေကို RFA ကဆက်သွယ်မေးမြန်းပေမယ့် တာဝန်ယူဖြေဆိုမယ့်သူ မရှိ ပါဘူး။

နေပြည်တော်ကောင်စီမှာ ရှစ်မြို့နယ်ပါဝင်ပြီး၊ မြို့နယ်တိုင်းမှာ ဧပြီလ ၁၈ ရက်နေ့ကစလို့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုလည်းကောင်စီက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေနျပည္ေတာ္ေကာင္စီထဲေရာက္လာသူမွန္သမွ် ၂၁ ရက္ ေစာင့္ၾကည့္ခံရမည္ ေနျပည္ေတာ္ေကာင္စီထဲေရာက္လာသူမွန္သမွ် ၂၁ ရက္ ေစာင့္ၾကည့္ခံရမည္ Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.