ကို႐ိုနာကာလ ပုံမွန္ေဆးခန္းျပေနရသူေတြ အခက္ႀကဳံေနရ

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူ မ်ားေနတဲ့ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေတာ္ေတာ္ မ်ားမ်ားမွာ ရပ္ကြက္ ေဆးခန္းေတြနဲ႔ အထူးကုေဆးခန္းေတြ ပိတ္ထားၾကတဲ့အတြက္ ပုံမွန္ေဆးကုသမႈ ခံယူေနရတဲ့ လူနာေတြ အခက္ေတြ႕ေနရပါတယ္။

ရန္ကုန္တိုင္းအတြင္း ပိုးေတြ႕ရွိမႈ အမ်ားဆုံးျဖစ္တဲ့ အင္းစိန္ၿမိဳ႕နယ္မွာ ရပ္ကြက္တြင္းေဆးခန္းနဲ႔ အထူးကု ေဆးခန္းေတြ၊ ေဆးဆိုင္ေတြ သၾကၤန္ကာလ မတိုင္ခင္ထဲက ပိတ္ထားတာ အခုထိ ျပန္မဖြင့္ေသးပါဘူး။

သၾကၤန္ၿပီးရင္ ျပန္ျပဖို႔ ဆရာဝန္က ခ်ိန္းထားေပမယ့္ ေဆးခန္းက ျပန္မဖြင့္ေတာ့လို႔ အခက္ေတြ႕ေန ရတယ္လို႔ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ဦးလွျမင့္က ေျပာပါတယ္။

"သူတို႔က ဘယ္ေန႔ျပန္ဖြင့္မယ္ဆိုတာ ေျပာေတာ့မေျပာဘူး ေဆးခန္းကို တစ္လတစ္ခါ ျပရတဲ့အခါ ၿပီးခဲ့တဲ့ မတ္လအကုန္က သြားျပေတာ့ သၾကၤန္လြန္မွျပပါေျပာတယ္ ေဆးခန္းကပိတ္ထားေတာ့  ေသာက္ရတဲ့ေဆးကုန္ေတာ့ အခက္ခဲႀကဳံေနရတယ္။"

တိုင္းေဒသႀကီးအစိုးရက ပုဂၢလိက ေဆး႐ုံေဆးခန္းေတြကို မပိတ္ဖို႔ ၫႊန္ၾကားထားေပမယ့္ လက္ေတြ႕မွာ စိုးရိမ္စိတ္ေၾကာင့္ ပိတ္ထားၾကပါတယ္။

လုံေလာက္တဲ့ ကာကြယ္မႈေတြလုပ္ေဆာင္ၿပီးတဲ့ ေဆးခန္းေတြကို ပုံမွန္အတိုင္း ျပန္ဖြင့္ဖို႔ တိုက္တြန္းထားတယ္လို႔ ျမန္မာႏိုင္ငံ ဆရာဝန္မ်ားအသင္း အေထြေထြေရာဂါကု ဆရာဝန္မ်ားအဖြဲ႕ ဒုဥကၠ႒ ေဒါက္တာ ဝင္းလြင္သိန္းက ေျပာပါတယ္။

"ေဆးခန္းေတြက ပိတ္တယ္ဆိုေပမယ့္ တစ္ျခားေရာဂါေတြက ရွိေသးတာကိုး ျပင္ဆင္မႈမရွိေသးရင္ေတာ့ ဖြင့္လို႔မရေသးဘူး ျပင္ဆင္မႈရွိၿပီးရင္ေတာ့ ဖြင့္ဖို႔တိုက္တြန္းထားပါတယ္။ ေဆးခန္းေတြမွာ လုံေလာက္တဲ့ အကာအကြယ္ေတြ ျပဳလုပ္ၿပီးဖြင့္လို႔ရပါတယ္။"

ၿမိဳ႕နယ္ေတြအလိုက္ ႐ိုး႐ိုးဖ်ားနာသူေတြကို ကုသခန္းေတြ ဖြင့္လွစ္ဖို႔ အႀကံေပးထားတယ္လို႔လည္း ဆိုပါတယ္။

အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက အင္းစိန္ၿမိဳ႕နယ္ခန္းမမွာ ႐ိုး႐ိုးဖ်ားနာ သူေတြကို ကုသဖို႔ ေဆာင္႐ြက္ထားတယ္လို႔ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာ ႐ိုး႐ိုးဖ်ားနာကုသခန္း ဖြင့္ထားတယ္။ ၉နာရီကေန ၁၁ နာရီ ႐ိုး႐ိုးသာမန္ဖ်ား နာေတြကေတာ့ အဲမွာ ျပလို႔ရပါတယ္။ အင္းစိန္ၿမိဳ႕နယ္ခန္းမမွာ ရန္ကုန္တိုင္းမွာ အေစာဆုံးဖြင့္တာပဲ ဧၿပီ ၁ ရက္ေန႔လား ၂ ရက္ေန႔လားမသိဘူး။ ရပ္ကြက္ထဲက ေဆးခန္းေတြကေတာ့ ဖြင့္သံမၾကားဘူး။ ဒါေပမဲ့ ကုသခန္းဖြင့္ထားေတာ့ တစ္ေန႔ကို လူနာ ၅၀ ၆၀ ေလာက္ ေန႔တိုင္းလာပါတယ္။"

အျခားၿမိဳ႕နယ္ေတြမွာလည္း ႐ိုး႐ိုးဖ်ားနာသူေတြကို ကုသေပးတဲ့ ယာယီေဆးခန္း ေတြ ဖြင့္လွစ္ထားတယ္လို႔ ဦးေမာင္ေမာင္ဦးက ဆိုပါတယ္။

ေရာဂါအခံ ရွိသူေတြအေနနဲ႔ ဒီကာလမွာ ေဆး႐ုံ၊ ေဆးခန္းေတြ ပိတ္ထား လို႔ အခက္အခဲျဖစ္ေနသလို ဖြင့္တဲ့ ေနရာတခ်ိဳ႕မွာလည္း အထူးကုဆရာဝန္ေတြ မလာၾကေတာ့လို႔ အခက္ႀကဳံေနရတာေတြလည္း ရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/difficulties-for-regular-clinic-visit-during-corona-period-04252020035618.html
------------
(Unicode)⤵⤵⤵
ကိုရိုနာကာလ ပုံမှန်ဆေးခန်းပြနေရသူတွေ အခက်ကြုံနေရ

ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ များနေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော် များများမှာ ရပ်ကွက် ဆေးခန်းတွေနဲ့ အထူးကုဆေးခန်းတွေ ပိတ်ထားကြတဲ့အတွက် ပုံမှန်ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေ အခက်တွေ့နေရပါတယ်။

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့ရှိမှု အများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ ရပ်ကွက်တွင်းဆေးခန်းနဲ့ အထူးကု ဆေးခန်းတွေ၊ ဆေးဆိုင်တွေ သင်္ကြန်ကာလ မတိုင်ခင်ထဲက ပိတ်ထားတာ အခုထိ ပြန်မဖွင့်သေးပါဘူး။

သင်္ကြန်ပြီးရင် ပြန်ပြဖို့ ဆရာဝန်က ချိန်းထားပေမယ့် ဆေးခန်းက ပြန်မဖွင့်တော့လို့ အခက်တွေ့နေ ရတယ်လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ဦးလှမြင့်က ပြောပါတယ်။

"သူတို့က ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ပြောတော့မပြောဘူး ဆေးခန်းကို တစ်လတစ်ခါ ပြရတဲ့အခါ ပြီးခဲ့တဲ့ မတ်လအကုန်က သွားပြတော့ သင်္ကြန်လွန်မှပြပါပြောတယ် ဆေးခန်းကပိတ်ထားတော့  သောက်ရတဲ့ဆေးကုန်တော့ အခက်ခဲကြုံနေရတယ်။"

တိုင်းဒေသကြီးအစိုးရက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို မပိတ်ဖို့ ညွှန်ကြားထားပေမယ့် လက်တွေ့မှာ စိုးရိမ်စိတ်ကြောင့် ပိတ်ထားကြပါတယ်။

လုံလောက်တဲ့ ကာကွယ်မှုတွေလုပ်ဆောင်ပြီးတဲ့ ဆေးခန်းတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ တိုက်တွန်းထားတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ပြောပါတယ်။

"ဆေးခန်းတွေက ပိတ်တယ်ဆိုပေမယ့် တစ်ခြားရောဂါတွေက ရှိသေးတာကိုး ပြင်ဆင်မှုမရှိသေးရင်တော့ ဖွင့်လို့မရသေးဘူး ပြင်ဆင်မှုရှိပြီးရင်တော့ ဖွင့်ဖို့တိုက်တွန်းထားပါတယ်။ ဆေးခန်းတွေမှာ လုံလောက်တဲ့ အကာအကွယ်တွေ ပြုလုပ်ပြီးဖွင့်လို့ရပါတယ်။"

မြို့နယ်တွေအလိုက် ရိုးရိုးဖျားနာသူတွေကို ကုသခန်းတွေ ဖွင့်လှစ်ဖို့ အကြံပေးထားတယ်လို့လည်း ဆိုပါတယ်။

အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အင်းစိန်မြို့နယ်ခန်းမမှာ ရိုးရိုးဖျားနာ သူတွေကို ကုသဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ မြို့နယ်မှာ ရိုးရိုးဖျားနာကုသခန်း ဖွင့်ထားတယ်။ ၉နာရီကနေ ၁၁ နာရီ ရိုးရိုးသာမန်ဖျား နာတွေကတော့ အဲမှာ ပြလို့ရပါတယ်။ အင်းစိန်မြို့နယ်ခန်းမမှာ ရန်ကုန်တိုင်းမှာ အစောဆုံးဖွင့်တာပဲ ဧပြီ ၁ ရက်နေ့လား ၂ ရက်နေ့လားမသိဘူး။ ရပ်ကွက်ထဲက ဆေးခန်းတွေကတော့ ဖွင့်သံမကြားဘူး။ ဒါပေမဲ့ ကုသခန်းဖွင့်ထားတော့ တစ်နေ့ကို လူနာ ၅၀ ၆၀ လောက် နေ့တိုင်းလာပါတယ်။"

အခြားမြို့နယ်တွေမှာလည်း ရိုးရိုးဖျားနာသူတွေကို ကုသပေးတဲ့ ယာယီဆေးခန်း တွေ ဖွင့်လှစ်ထားတယ်လို့ ဦးမောင်မောင်ဦးက ဆိုပါတယ်။

ရောဂါအခံ ရှိသူတွေအနေနဲ့ ဒီကာလမှာ ဆေးရုံ၊ ဆေးခန်းတွေ ပိတ်ထား လို့ အခက်အခဲဖြစ်နေသလို ဖွင့်တဲ့ နေရာတချို့မှာလည်း အထူးကုဆရာဝန်တွေ မလာကြတော့လို့ အခက်ကြုံနေရတာတွေလည်း ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/difficulties-for-regular-clinic-visit-during-corona-period-04252020035618.html
ကို႐ိုနာကာလ ပုံမွန္ေဆးခန္းျပေနရသူေတြ အခက္ႀကဳံေနရ ကို႐ိုနာကာလ ပုံမွန္ေဆးခန္းျပေနရသူေတြ အခက္ႀကဳံေနရ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.