ဗိုင္းရပ္စ္ကူးစက္မႈ ရန္ကုန္စက္မႈဇုန္ထဲ ေရာက္ရွိ

(Zawgyi)⤵⤵⤵

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာစက္မႈဇုန္မွာရွိတဲ့ ခ်န္းရိဖိနပ္စက္႐ုံက တ႐ုတ္စကားျပန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့တာေၾကာင့္ အနီးကပ္ ထိေတြခဲ့သူေတြကို ေစာင့္ၾကည့္ေနၿပီး စက္႐ုံက အလုပ္သမား ေတြကလည္း ကူးစက္ခံရမွာကို စိုးရိမ္ေနၾကပါတယ္။ ေနရပ္ျပန္သြားတဲ့ တခ်ိဳ႕ အလုပ္သမားေတြကိုလည္း ႐ြာေတြက အဝင္မခံေတာ့ဘဲ စာသင္ေက်ာင္းမွာပဲ ေနထိုင္ဖို႔ စီစဥ္ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး႒ာနက မေန႔က ဧၿပီ ၂၄ ရက္ေန႔ညမွာ ထုတ္ျပန္တဲ့ လူနာအမွတ္ ၁၄၄ ဟာ လႈိင္သာယာၿမိဳ႕နယ္ အေနာ္ရထာ စက္မႈဇုန္မွာရွိတဲ့ ခ်န္းရိဖိနပ္စက္႐ုံက ျမန္မာႏိုင္ငံသား တ႐ုတ္စကားျပန္ အမ်ိဳးသား ျဖစ္ပါတယ္။

အဲဒီစကားျပန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိၿပီး သူနဲ႔ တိုက္႐ိုက္ ထိေတြ႕ခဲ့သူေတြ ေစာင့္ၾကည့္ဖို႔ လုပ္ထားတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ေျပာပါတယ္။

“စက္႐ုံမွာ သူကလုပ္ခဲ့တယ္ေပါ့ဗ်ာ။ စက္႐ုံက ၁၀ ရက္ေန႔ ပိတ္တယ္။ ပိတ္ေတာ့ သူက ၁၅ ရက္ေန႔ေလာက္မွာ ျပန္သြားတယ္။ သူေနထိုင္ခဲ့တဲ့ ကာလအေတာအတြင္းမွာ သူနဲ႔ ထိေတြ႕ခဲ့တဲ့ ပုဂၢိဳလ္ေတြကို မနက္ပိုင္းက က်န္းမာေရးဦးစီးဌာနက Quarantine လုပ္ဖို႔ ေဆာင္႐ြက္ၿပီးၿပီ။ ကြၽန္ေတာ္သိသေလာက္ စက္႐ုံက ေလးေယာက္ေပါ့ဗ်ာ။ ဒီလူေတြကို Quarantine စင္တာကို ပို႔ၿပီ။ ေနာက္သူနဲ႔ အခန္းအတူတူ ေနခဲ့သူေတြ ရွိတယ္။ အဲဒီအခန္းထဲက ၃၇ ေယာက္ကို Home Quarantain လုပ္ဖို႔ အကုန္လုံး မွာခဲ့ပါတယ္။”

အဲဒီအတည္ျပဳလူနာ အမ်ိဳးသားဟာ လႈိင္သာယာၿမိဳ႕နယ္ကေန မိုးညႇင္းၿမိဳ႕ကို ဧၿပီလ ၁၅ ရက္ေန႔က ကားစင္းလုံးငွား သြားေရာက္ခဲ့တာျဖစ္ၿပီး မိုးညႇင္းၿမိဳ႕ ေစာင့္ၾကည့္ေရးစခန္း ဝင္ခဲ့ရာမွာ အခုလို ေရာဂါပိုး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ခ်န္းရိဖိနပ္စက္႐ုံမွာ အလုပ္သမား ၈၀၀၀ ေက်ာ္ရွိၿပီး လူဦးေရအမ်ားႀကီးနဲ႔ အလုပ္လုပ္ကိုင္ေနရတာေၾကာင့္ ကူးစက္မွာ စိုးရိမ္သလို ကိုယ္တိုင္ အသိစိတ္ဓာတ္နဲ႔ ေစာင့္ၾကည့္ခံသြားမယ္လို႔ ခ်န္းရိစက္႐ုံအလုပ္သမား ကိုခ်စ္ကိုကိုေအာင္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က လူဦးေရအမ်ားႀကီးနဲ႔ အလုပ္လုပ္ေနရတဲ့အတြက္ ၿပီးေတာ့ စကားျပန္ဆိုတာလည္း တစ္႐ုံးလုံးကို ပတ္ၿပီးေတာ့ သြားေနရတာေလ။ သြားေနရတာဆိုေတာ့ ဘယ္သူေတြကို ဘယ္လိုကူးထားမွန္းလဲ မသိဘူး။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ အလုပ္သမားေတြ စိုးရိမ္ေနရပါတယ္။ အစိုးရကိုလည္း ေျပာခ်င္ပါတယ္ ေရာဂါမျပန႔္ေအာင္ ဘယ္လို ထိန္းခ်ဳပ္ေပးႏိုင္မလဲေပါ့ေနာ္။ သူမ်ားေတြဆီ ကူးမွာစိုးတဲ့အတြက္ ကြၽန္ေတာ္တို႔ ကိုယ္တိုင္က  Quarantine ဝင္ပါ့မယ္ဆိုၿပီး စာေရးတင္ၿပီး ဒီေန႔ပဲ စဝင္မွာပါ။”

ခ်န္းရိ စက္႐ုံက အလုပ္သမားတခ်ိဳ႕ဟာ ေန႔လယ္ပိုင္းကစၿပီး သူတို႔ရဲ႕ ေနရပ္ကို ျပန္သြားၾကသူေတြရွိေပမယ့္ ႐ြာေတြက အလုပ္သမားေတြကို အဝင္မခံေတာ့ပါဘူး။

တြံေတးၿမိဳ႕နယ္က ႐ြာတစ္႐ြာကေန အဲဒီ ဖိနပ္စက္႐ုံကို လာေရာက္လုပ္ကိုင္ေနတဲ့ ကိုႏိုင္ကိုေက်ာ္ကေတာ့ ဒီေန႔မနက္ ၁၁ နာရီခြဲအထိ အလုပ္ဆင္းခဲ့ၿပီး အလုပ္ကအျပန္ ႐ြာက အဝင္မခံေတာ့တာေၾကာင့္ သူအပါအဝင္ လူ ၅၀ ေက်ာ္ေလာက္ ႐ြာအျပင္က စာသင္ေက်ာင္းမွာ ေနေနရတယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က စေနေန႔ဆို အိုဗာတိုင္း မရွိရင္ ၁၁ နာရီခြဲ ျပန္လာရတယ္။ ျပန္လာရေတာ့ ႐ြာကိုဝင္ေတာ့ ကြၽန္ေတာ္တို႔က အလုပ္ထဲမွာဆိုေတာ့ မသိဘူး။ ႐ြာက စကားျပန္တစ္ေယာက္ ကူးခံရတယ္ဆိုတာ သိသြားတယ္။ သိသြားေတာ့ ႐ြာထဲကို ေပးမဝင္ေတာ့ဘူး။ တစ္ခါတည္း ၁၄ ရက္ေန႔မယ္ဆိုၿပီး စာသင္ေက်ာင္း ေခၚသြားၿပီး စာသင္ေက်ာင္းထဲမွာ ေနရတယ္။ အေယာက္ ၅၀ ေက်ာ္ ၆၀ ေလာက္ရွိမယ္ခင္ဗ်။”

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM က ေဒၚၿဖိဳးစႏၵာစိုးကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ သမၼတ႐ုံးနဲ႔ အလုပ္သမားဝန္ႀကီးဌာနေတြကို သတင္းေပးပို႔ထားၿပီး အလုပ္ရွင္ေတြအေနနဲ႔ တာဝန္ယူ ေပးေစခ်င္တယ္လို႔ ေျပာပါတယ္။

“ကြၽန္မတို႔ အဖြဲ႕ခ်ဳပ္ေတြက ေျပာေနတာက စက္႐ုံေတြကို ယာယီပိတ္ေပးထားပါ။ ကူးစက္ျပန႔္ပြားမႈ အစုလိုက္ အၿပဳံလိုက္ေတြ မျဖစ္ေအာင္လို႔ စက္႐ုံေတြကို ယာယီပိတ္ေပးဖို႔ အစဥ္တစိုက္ကို တင္ျပေနပါတယ္။ အဲဒီေတာ့ အလုပ္ရွင္ေတြအေနနဲ႔ ဒီဟာကို တာဝန္ယူေပးေစခ်င္ပါတယ္။ စက္မႈဇုန္ေကာ္မတီ အသီးသီးမွာလည္း အလုပ္ရွင္ေတြရွိၾကပါတယ္။ ဆိုေတာ့ ဒါကို တာဝန္ယူေပးလုပ္ေပးပါလို႔ တင္ျပခ်င္ပါတယ္။”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လႈိင္သာယာစက္႐ုံ တစ္႐ုံက ဝန္ထမ္းတစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ သတင္းေတြ ထြက္တာနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြ ျဖစ္ေပၚေစေၾကာင္း သူ႔ရဲ႕ေဖ့စ္ဘြတ္အေကာင့္ကေန ဒီေန႔ညေနမွာေရးသားထားပါတယ္။

ဒါေၾကာင့္ ပထမဆုံးအေနနဲ႔ ေရာဂါပိုးေတြ႕သူကို သင့္ေတာ္တဲ့ ေဆး႐ုံမွာ အျမန္ဆုံးကုသေပးေရး၊ ဒုတိယအေနနဲ႔ ေရာဂါကူးစက္ခံရသူနဲ႔ ထိေတြ႕ခဲ့သူေတြကို ေမးျမန္းဆက္သြယ္ရေၾကာင္းနဲ႔ တတိယအေနနဲ႔ ထိေတြ႕ခဲ့သူေတြကို Quarantine လုပ္ရၿပီး ေစာင့္ၾကည့္ စစ္ေဆးရေၾကာင္း ေျပာထားပါတယ္။

အဲဒီအစီအစဥ္ေတြကို တစ္ဆင့္ၿပီးတစ္ဆင့္ ေဆာင္႐ြက္ေနေၾကာင္းလည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားပိုင္ ခ်န္းရီဖိနပ္စက္႐ုံဟာ Adidas တံဆိပ္ဖိနပ္ေတြကို ခ်ဳပ္လုပ္ေနတာျဖစ္ၿပီး စက္႐ုံ ဖြင့္လွစ္ခဲ့တာ ေျခာက္ႏွစ္ေလာက္ရွိၿပီလို႔ ဆိုပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္႐ုံအလုပ္႐ုံေတြကို ယာယီ ပိတ္ထားဖို႔နဲ႔ သက္ဆိုင္ရာက စစ္ေဆးတာေတြ လုပ္ေဆာင္ၿပီးမွ ဖြင့္လွစ္ခြင့္ျပဳမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ခ်န္းရိဖိနပ္စက္႐ုံကို သက္ဆိုင္ရာက စစ္ေဆးၿပီး ျပန္လည္ခြင့္ေပးထားတဲ့အတြက္ ဒီေန႔မွာ စက္႐ုံ ျပန္ဖြင့္တဲ့ေန႔ မွာပဲ အလုပ္သမားတစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သိရတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/coronavirus-in-hlaingtharyar-industry-zone-04252020062040.html
------------
(Unicode)⤵⤵⤵
ဗိုင်းရပ်စ်ကူးစက်မှု ရန်ကုန်စက်မှုဇုန်ထဲ ရောက်ရှိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် အနီးကပ် ထိတွေခဲ့သူတွေကို စောင့်ကြည့်နေပြီး စက်ရုံက အလုပ်သမား တွေကလည်း ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။ နေရပ်ပြန်သွားတဲ့ တချို့ အလုပ်သမားတွေကိုလည်း ရွာတွေက အဝင်မခံတော့ဘဲ စာသင်ကျောင်းမှာပဲ နေထိုင်ဖို့ စီစဉ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာနက မနေ့က ဧပြီ ၂၄ ရက်နေ့ညမှာ ထုတ်ပြန်တဲ့ လူနာအမှတ် ၁၄၄ ဟာ လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက မြန်မာနိုင်ငံသား တရုတ်စကားပြန် အမျိုးသား ဖြစ်ပါတယ်။

အဲဒီစကားပြန်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီး သူနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူတွေ စောင့်ကြည့်ဖို့ လုပ်ထားတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

“စက်ရုံမှာ သူကလုပ်ခဲ့တယ်ပေါ့ဗျာ။ စက်ရုံက ၁၀ ရက်နေ့ ပိတ်တယ်။ ပိတ်တော့ သူက ၁၅ ရက်နေ့လောက်မှာ ပြန်သွားတယ်။ သူနေထိုင်ခဲ့တဲ့ ကာလအတောအတွင်းမှာ သူနဲ့ ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနက Quarantine လုပ်ဖို့ ဆောင်ရွက်ပြီးပြီ။ ကျွန်တော်သိသလောက် စက်ရုံက လေးယောက်ပေါ့ဗျာ။ ဒီလူတွေကို Quarantine စင်တာကို ပို့ပြီ။ နောက်သူနဲ့ အခန်းအတူတူ နေခဲ့သူတွေ ရှိတယ်။ အဲဒီအခန်းထဲက ၃၇ ယောက်ကို Home Quarantain လုပ်ဖို့ အကုန်လုံး မှာခဲ့ပါတယ်။”

အဲဒီအတည်ပြုလူနာ အမျိုးသားဟာ လှိုင်သာယာမြို့နယ်ကနေ မိုးညှင်းမြို့ကို ဧပြီလ ၁၅ ရက်နေ့က ကားစင်းလုံးငှား သွားရောက်ခဲ့တာဖြစ်ပြီး မိုးညှင်းမြို့ စောင့်ကြည့်ရေးစခန်း ဝင်ခဲ့ရာမှာ အခုလို ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ချန်းရိဖိနပ်စက်ရုံမှာ အလုပ်သမား ၈၀၀၀ ကျော်ရှိပြီး လူဦးရေအများကြီးနဲ့ အလုပ်လုပ်ကိုင်နေရတာကြောင့် ကူးစက်မှာ စိုးရိမ်သလို ကိုယ်တိုင် အသိစိတ်ဓာတ်နဲ့ စောင့်ကြည့်ခံသွားမယ်လို့ ချန်းရိစက်ရုံအလုပ်သမား ကိုချစ်ကိုကိုအောင်က ပြောပါတယ်။

“ကျွန်တော်တို့က လူဦးရေအများကြီးနဲ့ အလုပ်လုပ်နေရတဲ့အတွက် ပြီးတော့ စကားပြန်ဆိုတာလည်း တစ်ရုံးလုံးကို ပတ်ပြီးတော့ သွားနေရတာလေ။ သွားနေရတာဆိုတော့ ဘယ်သူတွေကို ဘယ်လိုကူးထားမှန်းလဲ မသိဘူး။ အဲဒီအတွက် ကျွန်တော်တို့ အလုပ်သမားတွေ စိုးရိမ်နေရပါတယ်။ အစိုးရကိုလည်း ပြောချင်ပါတယ် ရောဂါမပြန့်အောင် ဘယ်လို ထိန်းချုပ်ပေးနိုင်မလဲပေါ့နော်။ သူများတွေဆီ ကူးမှာစိုးတဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်က  Quarantine ဝင်ပါ့မယ်ဆိုပြီး စာရေးတင်ပြီး ဒီနေ့ပဲ စဝင်မှာပါ။”

ချန်းရိ စက်ရုံက အလုပ်သမားတချို့ဟာ နေ့လယ်ပိုင်းကစပြီး သူတို့ရဲ့ နေရပ်ကို ပြန်သွားကြသူတွေရှိပေမယ့် ရွာတွေက အလုပ်သမားတွေကို အဝင်မခံတော့ပါဘူး။

တွံတေးမြို့နယ်က ရွာတစ်ရွာကနေ အဲဒီ ဖိနပ်စက်ရုံကို လာရောက်လုပ်ကိုင်နေတဲ့ ကိုနိုင်ကိုကျော်ကတော့ ဒီနေ့မနက် ၁၁ နာရီခွဲအထိ အလုပ်ဆင်းခဲ့ပြီး အလုပ်ကအပြန် ရွာက အဝင်မခံတော့တာကြောင့် သူအပါအဝင် လူ ၅၀ ကျော်လောက် ရွာအပြင်က စာသင်ကျောင်းမှာ နေနေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က စနေနေ့ဆို အိုဗာတိုင်း မရှိရင် ၁၁ နာရီခွဲ ပြန်လာရတယ်။ ပြန်လာရတော့ ရွာကိုဝင်တော့ ကျွန်တော်တို့က အလုပ်ထဲမှာဆိုတော့ မသိဘူး။ ရွာက စကားပြန်တစ်ယောက် ကူးခံရတယ်ဆိုတာ သိသွားတယ်။ သိသွားတော့ ရွာထဲကို ပေးမဝင်တော့ဘူး။ တစ်ခါတည်း ၁၄ ရက်နေ့မယ်ဆိုပြီး စာသင်ကျောင်း ခေါ်သွားပြီး စာသင်ကျောင်းထဲမှာ နေရတယ်။ အယောက် ၅၀ ကျော် ၆၀ လောက်ရှိမယ်ခင်ဗျ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဒေါ်ဖြိုးစန္ဒာစိုးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေကို သတင်းပေးပို့ထားပြီး အလုပ်ရှင်တွေအနေနဲ့ တာဝန်ယူ ပေးစေချင်တယ်လို့ ပြောပါတယ်။

“ကျွန်မတို့ အဖွဲ့ချုပ်တွေက ပြောနေတာက စက်ရုံတွေကို ယာယီပိတ်ပေးထားပါ။ ကူးစက်ပြန့်ပွားမှု အစုလိုက် အပြုံလိုက်တွေ မဖြစ်အောင်လို့ စက်ရုံတွေကို ယာယီပိတ်ပေးဖို့ အစဉ်တစိုက်ကို တင်ပြနေပါတယ်။ အဲဒီတော့ အလုပ်ရှင်တွေအနေနဲ့ ဒီဟာကို တာဝန်ယူပေးစေချင်ပါတယ်။ စက်မှုဇုန်ကော်မတီ အသီးသီးမှာလည်း အလုပ်ရှင်တွေရှိကြပါတယ်။ ဆိုတော့ ဒါကို တာဝန်ယူပေးလုပ်ပေးပါလို့ တင်ပြချင်ပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လှိုင်သာယာစက်ရုံ တစ်ရုံက ဝန်ထမ်းတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သတင်းတွေ ထွက်တာနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်စေကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ဒီနေ့ညနေမှာရေးသားထားပါတယ်။

ဒါကြောင့် ပထမဆုံးအနေနဲ့ ရောဂါပိုးတွေ့သူကို သင့်တော်တဲ့ ဆေးရုံမှာ အမြန်ဆုံးကုသပေးရေး၊ ဒုတိယအနေနဲ့ ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူတွေကို မေးမြန်းဆက်သွယ်ရကြောင်းနဲ့ တတိယအနေနဲ့ ထိတွေ့ခဲ့သူတွေကို Quarantine လုပ်ရပြီး စောင့်ကြည့် စစ်ဆေးရကြောင်း ပြောထားပါတယ်။

အဲဒီအစီအစဉ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် ချန်းရီဖိနပ်စက်ရုံဟာ Adidas တံဆိပ်ဖိနပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး စက်ရုံ ဖွင့်လှစ်ခဲ့တာ ခြောက်နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်ရုံအလုပ်ရုံတွေကို ယာယီ ပိတ်ထားဖို့နဲ့ သက်ဆိုင်ရာက စစ်ဆေးတာတွေ လုပ်ဆောင်ပြီးမှ ဖွင့်လှစ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။

ချန်းရိဖိနပ်စက်ရုံကို သက်ဆိုင်ရာက စစ်ဆေးပြီး ပြန်လည်ခွင့်ပေးထားတဲ့အတွက် ဒီနေ့မှာ စက်ရုံ ပြန်ဖွင့်တဲ့နေ့ မှာပဲ အလုပ်သမားတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/coronavirus-in-hlaingtharyar-industry-zone-04252020062040.html
ဗိုင္းရပ္စ္ကူးစက္မႈ ရန္ကုန္စက္မႈဇုန္ထဲ ေရာက္ရွိ ဗိုင္းရပ္စ္ကူးစက္မႈ ရန္ကုန္စက္မႈဇုန္ထဲ ေရာက္ရွိ Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.