ကိုဗစ္-၁၉ ေပါ့စတစ္လူနာ တည္ရွိရာၿမိဳ႕နယ္ေတြက ေလာ့ဒ္ေဒါင္းအခ်ခံရသူေတြ ဘာေတြႀကဳံေနၾကရပါလဲ

ႏွာေခါင္းစည္းေတြတပ္ဖို႔ ကမ္ပိန္းေတြလည္းလုပ္ေဆာင္လာၾက
(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာ ၁၄၄ ဦးရွိလာၿပီျဖစ္သလို ပိုးေတြ႕လူနာေတြ ေနထိုင္ရာတိုက္ခန္း၊ လမ္း ေတြကို ေလာ့ေဒါင္းခ်တာေတြရွိလာၿပီး ပိုးေတြ႕လူနာနဲ႔တိုက္႐ိုက္ဆက္စပ္တဲ့မိသားစုဝင္ေတြအျပင္ တိုက္႐ိုက္ဆက္ စပ္ျခင္းမရွိသူေတြလည္း ျပင္ပသြားလာခြင့္မရွိဘဲ ေနအိမ္ေတြမွာ၊ ေလာ့ဒ္ဒါင္း(ပိတ္ဆို႔ကန႔္သတ္မႈ)ခ်ခံရတဲ့ ဟိုတယ္ေတြမွာပဲ ကြာရန္တင္း( သီးျခားေစာင့္ၾကည့္ခံရမႈ) ရက္ျပည့္ေအာင္ေနထိုင္ ေနရသူေတြအမ်ား အျပားရွိလာပါတယ္။

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးစတင္ေတြ႕ရွိတာဟာ ဧၿပီ ၂၃ ရက္ေန႔မွာ တစ္လျပည့္သြားၿပီျဖစ္ပါတယ္။
ေလာ့ဒ္ေဒါင္းနဲ႔အက်ိဳးေက်းဇူး

ဒီထဲမွာ ပထမဦးဆုံးအေနနဲ႔ လူနာအမွတ္ ၁ ေရာက္ရွိရာ ခ်င္းျပည္နယ္က ကပ္တဲလ္႐ြာကို သီတင္းပတ္ ၃ပတ္ေက်ာ္ ကြန္ျမဴနတီေလာ့ဒ္ေဒါင္းအျဖစ္ခ်ထားခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ လူနာအမွတ္ ၁ ရဲ႕မိခင္မွာ ပိုးေတြ႕ေၾကာင္း ေတြ႕ရွိခဲ့သလို လူနာအမွတ္ ၁နဲ႔ ထိစပ္မႈရွိခဲ့တဲ့ ကေလးၿမိဳ႕က သူအခ်ိဳ႕ကိုလည္း ေနအိမ္မွာ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ကူးစက္ ခံထားရသူေတြကို ဆက္စပ္ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ဒီလိုအက်ိဳးရလဒ္ေတြ ရွိလာသလို လူနာအမ်ားစုရွိလာၿပီးေနာက္ ပိုးေတြ႕လူနာေတြ ေနထိုင္ရာအိမ္၊ တိုက္နဲ႔ လမ္းေတြကို ေလာ့ဒ္ေဒါင္းခ်ထားတာေတြလည္း အမ်ားအျပားရွိလာသလို အခက္အခဲေတြနဲ႔လည္းစတင္ႀကဳံ လာၾကပါတယ္။

ပိုးေတြ႕လူနာတစ္ဦးနဲ႔ ေလယာဥ္အတူစီးမိလို႔ ည ၉နာရီမွာ ကြာရန္တင္းဝင္ဖို႔ လူအုပ္နဲ႔လာေရာက္ေခၚေဆာင္တာခံရ

ဘာေတြစႀကဳံေနၾကသလဲ

'' ေဟ့ေဟ့ မလာနဲ႔ ဒီကို မလာနဲ႔ဦး''

ဒါကေတာ့ လူနာအမွတ္ ၈၂ နဲ႔ ေလယာဥ္ တစ္စီးတည္းအတူစီးလာမိၿပီးတဲ့ေနာက္ ႐ုတ္တရက္ ည ၉နာရီ ဝန္းက်င္မွာ ကြာရန္တင္းလုပ္ဖို႔ ရဲပြိဳင့္ကား ၂စီးနဲ႔ တာဝန္ရွိသူအေယာက္ ၃၀ နီးပါးေလာက္နဲ႔ လာေခၚခံရတဲ့ အခါ အဝတ္ထုပ္ဆြဲၿပီး လိုက္သြားဖို႔ျပင္ရာက လာေခၚသူေတြက သူတို႔နားမကပ္ခင္ ေအာ္ဟစ္တားျမစ္ တာကို ခံလိုက္ရတဲ့ ကိုႏိုင္ဆိုသူက သူ႔ရဲ႕လူမႈကြန္ရက္ကတဆင့္ သူႀကဳံေတြ႕ခဲ့ရတဲ့အေျခအေနကို ျပန္လည္ ေျပာျပထားတာပါ။

' ' ေလယာဥ္ တစ္စီးထဲစီးမိတာ။ ေပါ့စတစ္လူနာမဟုတ္ေသးဘူး ။ အျပစ္က်ဴးလြန္ထားတဲ့ တရားခံ တစ္ေယာက္လို ဝရမ္းေျပးတစ္ေယာက္လို ဓာတ္ပုံေတြ႐ိုက္ၾကတယ္။ လူသတ္ဝရမ္းေျပး တရားခံ တစ္ေယာက္လိုဘဲ'' လို႔ သူခံစားရတဲ့အေျခအေနကို ရင္ဖြင့္ေရးသားထားပါတယ္။

လူနာအမွတ္ ၈၅ ေနအိမ္ရွိရာ လမ္းကို အဝင္အထြက္ပိတ္ထား
အလားတူႀကဳံေနရသူေနာက္တစ္ဦးကေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္က လူနာအမွတ္ ၈၅ ေနထိုင္ရာ ေတာင္ဒဂုံၿမိဳ႕နယ္ ဇင္ေယာ္လမ္းမွာေနထိုင္တဲ့ မသဲစုေဝပါ။

' ' လူနာက ေရာဂါျဖစ္လို႔ ေဆး႐ုံတက္ေနရတာလည္းၾကာၿပီ။ အိမ္မွာေနတာမဟုတ္ဘူး။ ဒါေပမယ့္ ႐ုတ္တရက္အေၾကာင္းမၾကားဘဲ က်မတို႔ လမ္းကအရွည္ႀကီး တစ္လမ္းလုံးကို ေလာ့ဒ္ေဒါင္းခ်ပလိုက္တယ္။ ေနာက္ သုံးေလးရက္ေနေတာ့ တျခမ္းကို ျပန္ဖြင့္ေပးလိုက္တယ္။ က်မတို႔အိမ္က လူနာအိမ္နဲ႔ (၇)အိမ္ ေလာက္ျခားတယ္။ အခုဆို ၁၀ ရက္ေလာက္ရွိၿပီ။ ဘယ္ေတာ့ျပန္ဖြင့္ေပးမယ္လည္း မသိရေသးဘူ။''လို႔ မသဲစုေဝက ဘီဘီစီကို ေျပာျပပါတယ္။

ဒါအျပင္ ေလာ့ဒ္ေဒါင္းခ်ထားတဲ့အတြက္ သူတို႔မိသားစုေတြ အျပင္မထြက္ၾကရသလို ၿခံထဲေရေလာင္းရင္ေတာင္ လမ္းထိပ္မွာ အေစာင့္ခ်ထားသူေတြက ဝိုင္းၾကည့္တာမ်ိဳးေတြလည္းရွိလို႔ စိတ္မလုံသလို ျဖစ္ရတယ္လို႔ သူမကဆက္ေျပာပါတယ္။


' ' ေလာ့ဒ္ေဒါင္းခ်ထားတယ္ဆိုၿပီး တျခားအိမ္ေတြက အလုပ္သြားတဲ့သူေတြကေတာ့ ထြက္လို႔ရတယ္။ ကြၽန္မတို႔ကေတာ့ အလုပ္သြားစရာမလိုေတာ့ မထြက္ရဘူး။ ကြၽန္မတို႔သိသေလာက္ ေလာ့ေဒါင္းဆို အကုန္လုံးအျပင္မထြက္ရမွာမဟုတ္ဘူးလား''လို႔လည္း သူမက ေမးခြန္းထုတ္ပါတယ္။

ပိုးေတြ႕လူနာေတြေနထိုင္ရာေနရာေတြကို ေလာ့ဒ္ေဒါင္းခ်တာေတြ လုပ္ေနသလို ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာ ၁၄၄ ဦးအနက္ ရန္ကုန္တိုင္းက ပိုးေတြ႕လူနာအမ်ားဆုံးေတြ႕ရွိထားတဲ့အတြက္ ၿမိဳ႕နယ္ ၁၀ ခုကို Semi Lockdown ( တစ္စိတ္တစ္ပိုင္း ပိတ္ဆို႔ကန႔္သတ္မႈ) ခ်ထားတဲ့အေျခအေနျဖစ္ပါတယ္။

Semi lockdown ခ်ထားတဲ့ ၿမိဳ႕နယ္ကလူေတြက ေနအိမ္ေတြမွာပဲ ေနရမွာျဖစ္ၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ျပင္ပထြက္ခြင့္မရွိပါဘူး။ ဒါေပမယ့္ အလုပ္သြားဖို႔လိုအပ္သူေတြကိုေတာ့ အျပင္မထြက္ဖို႔ မတားျမစ္ထားပါဘူး။

 အဆိုေတာ္မ်ိဳးႀကီးတို႔ ေနထိုင္ရာ ေနအိမ္ရွိရာ တိုက္ကို ေလာ့ဒ္ခ်စဥ္

ရပ္ကြက္ေတြ၊လမ္းေတြမွာ ေလာ့ဒ္ေဒါင္းခ်ရာမွာ စံသတ္မွတ္ခ်က္ေတြရွိသလား

' ' ပိုးေတြ႕လူနာရွိလာၿပီဆို လႊတ္ေတာ္ကိုယ္စားလွယ္၊ က်န္းမာေရး၊ ရဲ၊ ရပ္ကြက္ စတဲ့ပူးေပါင္းအဖြဲ႕ေတြနဲ႔ သြားၾကတာပါ။ အဲဒီေနရာက ဘယ္ေလာက္ဆက္စပ္မႈရွိလဲ၊ ဘယ္ေနရာအထိ ေလာ့ဒ္ေဒါင္းခ်ဖို႔လိုသလဲ ဆိုတာကို က်န္းမာေရးကပဲဆုံးျဖတ္ပါတယ္။ ဒီၾကားထဲမွာ ဒီလူေတြကို ေလာ့ဒ္ေဒါင္းခ်ၿပီးရင္ လိုအပ္တာ ေတြကို ကူညီေပးဖို႔ က်န္းမာေရးအေျခအေနကို ဖုန္းနဲ႔ေန႔တိုင္းဆက္သြယ္ေမးျမန္းရပါတယ္။ ဒါေတြက ဂိုက္လိုင္းေတြရွိၿပီးသားပါ''

လို႔ ဗဟန္းၿမိဳ႕နယ္အတြင္းက ပိုးေတြ႕လူနာတည္ရွိရာေနရာေတြကို ေလာ့ဒ္ေဒါင္းခ်ခဲ့တဲ့ အေျခအေနေတြကို ဗဟန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္ကေျပာျပပါတယ္။

ဒီလို သတ္မွတ္ခ်က္ေတြရွိေပမယ့္ အခ်ိဳ႕ေသာၿမိဳ႕နယ္ေတြမွာေတာ့ ေလာ့ဒ္ေဒါင္းခ်သြားၿပီး တိုက္တံခါးေတြ ေသာ့ခတ္သြားေပမယ့္ ဘယ္သူ႔ကို ဘယ္လိုဆက္သြယ္ရမယ္ဆိုတာ ေန႔ခ်င္းေျပာမသြားတာ မ်ိဳးေတြရွိတဲ့ အတြက္အခက္ႀကဳံရတာမ်ိဳးေတြလည္း ရွိေနတယ္လို႔ ကာယကံရွင္အခ်ိဳ႕ကေျပာပါတယ္။

ဒီအေျခအေနေတြဟာ ပိုးေတြ႕လူနာနဲ႔ဆက္စပ္မႈရွိသူေတြကို ကြာရန္တင္းဝင္ဖို႔ အသိေပးဖို႔ အခက္ေတြ႕လာႏိုင္ေစလား

' ' ကြၽန္မ မိသားစုဝင္တစ္ဦးက ပိုးေတြ႕လူနာနဲ႔ ေလယာဥ္တူတူစီးမိလို႔ ေဆး႐ုံမွာ ေစာင့္ၾကည့္ဖို႔ သြားေနရ တယ္။ ေလးရက္ေလာက္ၾကာမွ ႐ုတ္တရက္ ကြၽန္မတို႔အိမ္ကို ရဲေတြနဲ႔ ရပ္ကြက္လူႀကီးေတြလာၿပီး အိမ္ကို အျပင္ကေန သံႀကိဳးနဲ႔ေသာ့ခတ္ဖို႔ လာလုပ္တယ္။''

ဒါကေတာ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က ကိုဗစ္ကာကြယ္ေရးအသိပညာေပးလုပ္ငန္းေတြကို တက္ႂကြ စြာေဆာင္႐ြက္ေနတဲ့ လူငယ္အမ်ိဳးသမီးတစ္ဦးလည္းျဖစ္တဲ့ မဆြတ္ဆိုင္းထြယ္က ဘီဘီစီကိုေျပာျပတာပါ။

''ဒါဟာ က်န္းမာေရးအတြက္ အားလုံးအတြက္ေကာင္းဖို႔ဆိုတာနားလည္ပါတယ္။ ေက်းဇူးလည္းတင္ပါတယ္။ ဒါေပမယ့္ ကြၽန္မတို႔က ေပါ့စတစ္ေတြ႕ထားတဲ့ လူနာမိသားစုလည္း မဟုတ္ဘူးေလ။ ကြၽန္မအေနနဲ႔ ရပ္ကြက္လူႀကီးကို အတိုက္အခံေျပာမွ ေနာက္ဆုံးသံႀကိဳးခတ္ဖို႔ လက္ေလွ်ာ့ၿပီး အျပင္မထြက္ပါဘူးလို႔ ခံဝန္ကတိထိုးေပးခဲ့ရတယ္''လို႔ သူမကေျပာပါတယ္။

COVID-19 ႀကိဳတင္ကာကြယ္ေရးအတြက္ ပိုးသတ္ေဆးဖ်န္းတာေတြ ျပဳလုပ္လာ

ေနရာမတူေပမယ့္လည္းကိုဗစ္နဲ႔ဆက္စပ္လို႔ အျဖစ္အပ်က္ေနာက္တစ္ခုကေတာ့ ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္း ၿမိဳ႕နယ္မွာေနထိုင္သူတစ္ဦးကလည္းသူ႔ရဲ႕အျဖစ္အပ်က္ကို ဧၿပီ ၂၄ ရက္ေန႔က ဆိုရွယ္မီဒီယာကတဆင့္ အခုလို ရင္ဖြင့္ထားပါတယ္။

' ' မနက္ကေရာဂါပိုးေတြ႕လို႔ဆိုၿပီး ကြၽန္ေတာ္တို႔ေနတဲ့တိုက္ကိုပိတ္လိုက္တယ္။ လမ္းသြားလမ္းလာကအစ ကြၽန္ေတာ္တို႔တိုက္ကို အျပစ္က်ဴးလြန္ထားတဲ့ေနရာတစ္ခုလို အၾကည့္ေတြနဲ႔ၾကည့္သြားၾကတယ္။ မ်က္ႏွာခ်င္းဆိုင္လမ္းတစ္ဖက္တိုက္ကလူေတြကလည္း ကြၽန္ေတာ္တို႔တိုက္ကသူေတြကို အျပစ္ခံေနရ သူေတြလိုၾကည့္ၾကတယ္။''လို႔ ဆိုပါတယ္။

' ' အေတာ္ကိုဆိုး႐ြားလြန္းတယ္။ ဒီေတာ့ ခင္ဗ်ားတို႔လည္း ကြၽန္ေတာ့္လိုမ်ိဳး ကိုယ့္အနီးအနားက ေရာဂါရွိ လူနာတစ္ေယာက္မေတြ႕ပါေစနဲ႔ ဆုေတာင္းထားၾကေတာ့။ တစ္ေယာက္ေလာက္ေတြ႕ရင္ မဆီမဆိုင္ ကိုယ္ေတြပါ ၂၁ ရက္ေလာက္ခ်ိတ္ပိတ္ခံေနရမယ္'' လို႔ ထပ္မံေရးသားထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဧၿပီ ၂၄ ရက္ေန႔မွာထုတ္ျပန္ထားတဲ့စာရင္းဇယားေတြအရ လက္ရွိမွာ Facility quarantine ေစာင့္ၾကည့္ခံေနသူ ေလးေသာင္းေက်ာ္ရွိၿပီး သံသယလူနာက၂၄၄၀ ဦးအထိရွိတယ္လို႔ သိရပါတယ္။

သံသယလူနာ၊ ေစာင့္ၾကည့္လူနာေတြထဲကမွ ဓာတ္ခြဲစစ္ေဆးမႈအေနနဲ႔ ၆၁၂၄ ဦးကို ဓာတ္ခြဲစစ္ေဆး ႏိုင္ခဲ့ၿပီး ဒီထဲကမွ ပိုးေတြ႕လူနာ ၁၄၄ ဦးေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။

ပိုးေတြ႕လူနာကို အျပစ္ရွိသူအျဖစ္ မဆက္ဆံဖို႔ ႏိုင္ငံ့ အႀကီးအကဲေတြကိုယ္တိုင္ ေမတၱာရပ္ခံထားေပမယ့္ လည္း လက္ေတြ႕မွာေတာ့ ရာနဲ႔ခ်ီလာတဲ့ပိုးေတြ႕လူနာေတြအျပင္ လူနာနဲ႔ဆက္စပ္သူေတြ ယာဥ္တစ္စီးထဲ စီးနင္းမိသူေတြမွာေတာင္ ခြဲျခားဆက္ဆံခံရတာေတြရွိေနတယ္လို႔ ကာယကံရွင္ေတြကေျပာပါတယ္။

အားလုံးမဟုတ္ေပမယ့္လည္း အခ်ိဳ႕ေသာ ခြဲျခားဆက္ဆံခံရသူေတြအေနနဲ႔ ဒါဟာ စိတ္ပိုင္းဆိုင္ရာကို မ်ားစြာထိခိုက္မႈရွိလာတယ္လို႔ ဖြင့္ဟေျပာဆိုေနၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52378448
---------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ပေါ့စတစ်လူနာ တည်ရှိရာမြို့နယ်တွေက လော့ဒ်ဒေါင်းအချခံရသူတွေ ဘာတွေကြုံနေကြရပါလဲ

ဓာတ်ပုံ မူပိုင် YeMyoKhant/MPA
Image caption နှာခေါင်းစည်းတွေတပ်ဖို့ ကမ်ပိန်းတွေလည်းလုပ်ဆောင်လာကြ

မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၄၄ ဦးရှိလာပြီဖြစ်သလို ပိုးတွေ့လူနာတွေ နေထိုင်ရာတိုက်ခန်း၊ လမ်း တွေကို လော့ဒေါင်းချတာတွေရှိလာပြီး ပိုးတွေ့လူနာနဲ့တိုက်ရိုက်ဆက်စပ်တဲ့မိသားစုဝင်တွေအပြင် တိုက်ရိုက်ဆက် စပ်ခြင်းမရှိသူတွေလည်း ပြင်ပသွားလာခွင့်မရှိဘဲ နေအိမ်တွေမှာ၊ လော့ဒ်ဒါင်း(ပိတ်ဆို့ကန့်သတ်မှု)ချခံရတဲ့ ဟိုတယ်တွေမှာပဲ ကွာရန်တင်း( သီးခြားစောင့်ကြည့်ခံရမှု) ရက်ပြည့်အောင်နေထိုင် နေရသူတွေအများ အပြားရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးစတင်တွေ့ရှိတာဟာ ဧပြီ ၂၃ ရက်နေ့မှာ တစ်လပြည့်သွားပြီဖြစ်ပါတယ်။
လော့ဒ်ဒေါင်းနဲ့အကျိုးကျေးဇူး

ဒီထဲမှာ ပထမဦးဆုံးအနေနဲ့ လူနာအမှတ် ၁ ရောက်ရှိရာ ချင်းပြည်နယ်က ကပ်တဲလ်ရွာကို သီတင်းပတ် ၃ပတ်ကျော် ကွန်မြူနတီလော့ဒ်ဒေါင်းအဖြစ်ချထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ လူနာအမှတ် ၁ ရဲ့မိခင်မှာ ပိုးတွေ့ကြောင်း တွေ့ရှိခဲ့သလို လူနာအမှတ် ၁နဲ့ ထိစပ်မှုရှိခဲ့တဲ့ ကလေးမြို့က သူအချို့ကိုလည်း နေအိမ်မှာ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ်ကူးစက် ခံထားရသူတွေကို ဆက်စပ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီလိုအကျိုးရလဒ်တွေ ရှိလာသလို လူနာအများစုရှိလာပြီးနောက် ပိုးတွေ့လူနာတွေ နေထိုင်ရာအိမ်၊ တိုက်နဲ့ လမ်းတွေကို လော့ဒ်ဒေါင်းချထားတာတွေလည်း အများအပြားရှိလာသလို အခက်အခဲတွေနဲ့လည်းစတင်ကြုံ လာကြပါတယ်။

ဓာတ်ပုံ မူပိုင် Ko Naing'Facebook
Image caption ပိုးတွေ့လူနာတစ်ဦးနဲ့ လေယာဉ်အတူစီးမိလို့ ည ၉နာရီမှာ ကွာရန်တင်းဝင်ဖို့ လူအုပ်နဲ့လာရောက်ခေါ်ဆောင်တာခံရ
ဘာတွေစကြုံနေကြသလဲ

'' ဟေ့ဟေ့ မလာနဲ့ ဒီကို မလာနဲ့ဦး''

ဒါကတော့ လူနာအမှတ် ၈၂ နဲ့ လေယာဉ် တစ်စီးတည်းအတူစီးလာမိပြီးတဲ့နောက် ရုတ်တရက် ည ၉နာရီ ဝန်းကျင်မှာ ကွာရန်တင်းလုပ်ဖို့ ရဲပွိုင့်ကား ၂စီးနဲ့ တာဝန်ရှိသူအယောက် ၃၀ နီးပါးလောက်နဲ့ လာခေါ်ခံရတဲ့ အခါ အဝတ်ထုပ်ဆွဲပြီး လိုက်သွားဖို့ပြင်ရာက လာခေါ်သူတွေက သူတို့နားမကပ်ခင် အော်ဟစ်တားမြစ် တာကို ခံလိုက်ရတဲ့ ကိုနိုင်ဆိုသူက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် သူကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ပြန်လည် ပြောပြထားတာပါ။

' ' လေယာဉ် တစ်စီးထဲစီးမိတာ။ ပေါ့စတစ်လူနာမဟုတ်သေးဘူး ။ အပြစ်ကျူးလွန်ထားတဲ့ တရားခံ တစ်ယောက်လို ဝရမ်းပြေးတစ်ယောက်လို ဓာတ်ပုံတွေရိုက်ကြတယ်။ လူသတ်ဝရမ်းပြေး တရားခံ တစ်ယောက်လိုဘဲ'' လို့ သူခံစားရတဲ့အခြေအနေကို ရင်ဖွင့်ရေးသားထားပါတယ်။
ဓာတ်ပုံ မူပိုင် Thel Hsu Wai
Image caption လူနာအမှတ် ၈၅ နေအိမ်ရှိရာ လမ်းကို အဝင်အထွက်ပိတ်ထား

အလားတူကြုံနေရသူနောက်တစ်ဦးကတော့ တောင်ဒဂုံမြို့နယ်က လူနာအမှတ် ၈၅ နေထိုင်ရာ တောင်ဒဂုံမြို့နယ် ဇင်ယော်လမ်းမှာနေထိုင်တဲ့ မသဲစုဝေပါ။

' ' လူနာက ရောဂါဖြစ်လို့ ဆေးရုံတက်နေရတာလည်းကြာပြီ။ အိမ်မှာနေတာမဟုတ်ဘူး။ ဒါပေမယ့် ရုတ်တရက်အကြောင်းမကြားဘဲ ကျမတို့ လမ်းကအရှည်ကြီး တစ်လမ်းလုံးကို လော့ဒ်ဒေါင်းချပလိုက်တယ်။ နောက် သုံးလေးရက်နေတော့ တခြမ်းကို ပြန်ဖွင့်ပေးလိုက်တယ်။ ကျမတို့အိမ်က လူနာအိမ်နဲ့ (၇)အိမ် လောက်ခြားတယ်။ အခုဆို ၁၀ ရက်လောက်ရှိပြီ။ ဘယ်တော့ပြန်ဖွင့်ပေးမယ်လည်း မသိရသေးဘူ။''လို့ မသဲစုဝေက ဘီဘီစီကို ပြောပြပါတယ်။

ဒါအပြင် လော့ဒ်ဒေါင်းချထားတဲ့အတွက် သူတို့မိသားစုတွေ အပြင်မထွက်ကြရသလို ခြံထဲရေလောင်းရင်တောင် လမ်းထိပ်မှာ အစောင့်ချထားသူတွေက ဝိုင်းကြည့်တာမျိုးတွေလည်းရှိလို့ စိတ်မလုံသလို ဖြစ်ရတယ်လို့ သူမကဆက်ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ပိုးတွေ့လူနာ ၁၄၄ ဦးအထိရှိလာ

' ' လော့ဒ်ဒေါင်းချထားတယ်ဆိုပြီး တခြားအိမ်တွေက အလုပ်သွားတဲ့သူတွေကတော့ ထွက်လို့ရတယ်။ ကျွန်မတို့ကတော့ အလုပ်သွားစရာမလိုတော့ မထွက်ရဘူး။ ကျွန်မတို့သိသလောက် လော့ဒေါင်းဆို အကုန်လုံးအပြင်မထွက်ရမှာမဟုတ်ဘူးလား''လို့လည်း သူမက မေးခွန်းထုတ်ပါတယ်။

ပိုးတွေ့လူနာတွေနေထိုင်ရာနေရာတွေကို လော့ဒ်ဒေါင်းချတာတွေ လုပ်နေသလို မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၄၄ ဦးအနက် ရန်ကုန်တိုင်းက ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားတဲ့အတွက် မြို့နယ် ၁၀ ခုကို Semi Lockdown ( တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ကန့်သတ်မှု) ချထားတဲ့အခြေအနေဖြစ်ပါတယ်။

Semi lockdown ချထားတဲ့ မြို့နယ်ကလူတွေက နေအိမ်တွေမှာပဲ နေရမှာဖြစ်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပြင်ပထွက်ခွင့်မရှိပါဘူး။ ဒါပေမယ့် အလုပ်သွားဖို့လိုအပ်သူတွေကိုတော့ အပြင်မထွက်ဖို့ မတားမြစ်ထားပါဘူး။
ဓာတ်ပုံ မူပိုင် Tun Myint
Image caption အဆိုတော်မျိုးကြီးတို့ နေထိုင်ရာ နေအိမ်ရှိရာ တိုက်ကို လော့ဒ်ချစဉ်
ရပ်ကွက်တွေ၊လမ်းတွေမှာ လော့ဒ်ဒေါင်းချရာမှာ စံသတ်မှတ်ချက်တွေရှိသလား

' ' ပိုးတွေ့လူနာရှိလာပြီဆို လွှတ်တော်ကိုယ်စားလှယ်၊ ကျန်းမာရေး၊ ရဲ၊ ရပ်ကွက် စတဲ့ပူးပေါင်းအဖွဲ့တွေနဲ့ သွားကြတာပါ။ အဲဒီနေရာက ဘယ်လောက်ဆက်စပ်မှုရှိလဲ၊ ဘယ်နေရာအထိ လော့ဒ်ဒေါင်းချဖို့လိုသလဲ ဆိုတာကို ကျန်းမာရေးကပဲဆုံးဖြတ်ပါတယ်။ ဒီကြားထဲမှာ ဒီလူတွေကို လော့ဒ်ဒေါင်းချပြီးရင် လိုအပ်တာ တွေကို ကူညီပေးဖို့ ကျန်းမာရေးအခြေအနေကို ဖုန်းနဲ့နေ့တိုင်းဆက်သွယ်မေးမြန်းရပါတယ်။ ဒါတွေက ဂိုက်လိုင်းတွေရှိပြီးသားပါ''

လို့ ဗဟန်းမြို့နယ်အတွင်းက ပိုးတွေ့လူနာတည်ရှိရာနေရာတွေကို လော့ဒ်ဒေါင်းချခဲ့တဲ့ အခြေအနေတွေကို ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကပြောပြပါတယ်။

ဒီလို သတ်မှတ်ချက်တွေရှိပေမယ့် အချို့သောမြို့နယ်တွေမှာတော့ လော့ဒ်ဒေါင်းချသွားပြီး တိုက်တံခါးတွေ သော့ခတ်သွားပေမယ့် ဘယ်သူ့ကို ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ နေ့ချင်းပြောမသွားတာ မျိုးတွေရှိတဲ့ အတွက်အခက်ကြုံရတာမျိုးတွေလည်း ရှိနေတယ်လို့ ကာယကံရှင်အချို့ကပြောပါတယ်။

ဒီအခြေအနေတွေဟာ ပိုးတွေ့လူနာနဲ့ဆက်စပ်မှုရှိသူတွေကို ကွာရန်တင်းဝင်ဖို့ အသိပေးဖို့ အခက်တွေ့လာနိုင်စေလား

' ' ကျွန်မ မိသားစုဝင်တစ်ဦးက ပိုးတွေ့လူနာနဲ့ လေယာဉ်တူတူစီးမိလို့ ဆေးရုံမှာ စောင့်ကြည့်ဖို့ သွားနေရ တယ်။ လေးရက်လောက်ကြာမှ ရုတ်တရက် ကျွန်မတို့အိမ်ကို ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေလာပြီး အိမ်ကို အပြင်ကနေ သံကြိုးနဲ့သော့ခတ်ဖို့ လာလုပ်တယ်။''

ဒါကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကိုဗစ်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွေကို တက်ကြွ စွာဆောင်ရွက်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးလည်းဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က ဘီဘီစီကိုပြောပြတာပါ။

''ဒါဟာ ကျန်းမာရေးအတွက် အားလုံးအတွက်ကောင်းဖို့ဆိုတာနားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ပေါ့စတစ်တွေ့ထားတဲ့ လူနာမိသားစုလည်း မဟုတ်ဘူးလေ။ ကျွန်မအနေနဲ့ ရပ်ကွက်လူကြီးကို အတိုက်အခံပြောမှ နောက်ဆုံးသံကြိုးခတ်ဖို့ လက်လျှော့ပြီး အပြင်မထွက်ပါဘူးလို့ ခံဝန်ကတိထိုးပေးခဲ့ရတယ်''လို့ သူမကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Ye Myo Khant / MPA
Image caption OVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်လာ

နေရာမတူပေမယ့်လည်းကိုဗစ်နဲ့ဆက်စပ်လို့ အဖြစ်အပျက်နောက်တစ်ခုကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာနေထိုင်သူတစ်ဦးကလည်းသူ့ရဲ့အဖြစ်အပျက်ကို ဧပြီ ၂၄ ရက်နေ့က ဆိုရှယ်မီဒီယာကတဆင့် အခုလို ရင်ဖွင့်ထားပါတယ်။

' ' မနက်ကရောဂါပိုးတွေ့လို့ဆိုပြီး ကျွန်တော်တို့နေတဲ့တိုက်ကိုပိတ်လိုက်တယ်။ လမ်းသွားလမ်းလာကအစ ကျွန်တော်တို့တိုက်ကို အပြစ်ကျူးလွန်ထားတဲ့နေရာတစ်ခုလို အကြည့်တွေနဲ့ကြည့်သွားကြတယ်။ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်တိုက်ကလူတွေကလည်း ကျွန်တော်တို့တိုက်ကသူတွေကို အပြစ်ခံနေရ သူတွေလိုကြည့်ကြတယ်။''လို့ ဆိုပါတယ်။

' ' အတော်ကိုဆိုးရွားလွန်းတယ်။ ဒီတော့ ခင်ဗျားတို့လည်း ကျွန်တော့်လိုမျိုး ကိုယ့်အနီးအနားက ရောဂါရှိ လူနာတစ်ယောက်မတွေ့ပါစေနဲ့ ဆုတောင်းထားကြတော့။ တစ်ယောက်လောက်တွေ့ရင် မဆီမဆိုင် ကိုယ်တွေပါ ၂၁ ရက်လောက်ချိတ်ပိတ်ခံနေရမယ်'' လို့ ထပ်မံရေးသားထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီ ၂၄ ရက်နေ့မှာထုတ်ပြန်ထားတဲ့စာရင်းဇယားတွေအရ လက်ရှိမှာ Facility quarantine စောင့်ကြည့်ခံနေသူ လေးသောင်းကျော်ရှိပြီး သံသယလူနာက၂၄၄၀ ဦးအထိရှိတယ်လို့ သိရပါတယ်။

သံသယလူနာ၊ စောင့်ကြည့်လူနာတွေထဲကမှ ဓာတ်ခွဲစစ်ဆေးမှုအနေနဲ့ ၆၁၂၄ ဦးကို ဓာတ်ခွဲစစ်ဆေး နိုင်ခဲ့ပြီး ဒီထဲကမှ ပိုးတွေ့လူနာ ၁၄၄ ဦးတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

ပိုးတွေ့လူနာကို အပြစ်ရှိသူအဖြစ် မဆက်ဆံဖို့ နိုင်ငံ့ အကြီးအကဲတွေကိုယ်တိုင် မေတ္တာရပ်ခံထားပေမယ့် လည်း လက်တွေ့မှာတော့ ရာနဲ့ချီလာတဲ့ပိုးတွေ့လူနာတွေအပြင် လူနာနဲ့ဆက်စပ်သူတွေ ယာဉ်တစ်စီးထဲ စီးနင်းမိသူတွေမှာတောင် ခွဲခြားဆက်ဆံခံရတာတွေရှိနေတယ်လို့ ကာယကံရှင်တွေကပြောပါတယ်။

အားလုံးမဟုတ်ပေမယ့်လည်း အချို့သော ခွဲခြားဆက်ဆံခံရသူတွေအနေနဲ့ ဒါဟာ စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်မှုရှိလာတယ်လို့ ဖွင့်ဟပြောဆိုနေကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52378448
ကိုဗစ္-၁၉ ေပါ့စတစ္လူနာ တည္ရွိရာၿမိဳ႕နယ္ေတြက ေလာ့ဒ္ေဒါင္းအခ်ခံရသူေတြ ဘာေတြႀကဳံေနၾကရပါလဲ ကိုဗစ္-၁၉ ေပါ့စတစ္လူနာ တည္ရွိရာၿမိဳ႕နယ္ေတြက ေလာ့ဒ္ေဒါင္းအခ်ခံရသူေတြ ဘာေတြႀကဳံေနၾကရပါလဲ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.