ေက်ာက္မဲက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူနဲ႔ ထိေတြ႕ခဲ့သူေတြကို ေစာင့္ၾကည့္ေန

(Zawgyi)⤵⤵⤵

ထိုင္းႏိုင္ငံကေန ျပန္လာၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိတဲ့ ေက်ာက္မဲေဒသခံ အမ်ိဳးသားကို ေက်ာက္မဲေဆး႐ုံ ကေန လားရႈိးျပည္သူ႔ေဆး႐ုံမွာ ေျပာင္းေ႐ႊ႕ေဆးကုသမႈ ေပးေနၿပီး မိသားစု အပါအဝင္ သူနဲ႔ နီးနီးကပ္ကပ္ ေနထိုင္ခဲ့သူေတြကို ေနအိမ္အတြင္း က်န္းမာေရးေစာင့္ၾကည့္တာေတြ ျပဳလုပ္ေနပါတယ္။

ေရာဂါပိုးကူးခံရသူနဲ႔ ထိေတြ႕ခဲ့တဲ့ ဖခင္အပါအဝင္ မိသားစုေတြကိုလည္း နမ့္ဟူး႐ြာေနအိမ္မွာ သီးသန႔္ထား ေစာင့္ၾကည့္ေနၿပီး က်န္းမာေရး ေကာင္းမြန္တယ္လို႔ သားျဖစ္သူကို ေလဆိပ္မွာသြားႀကိဳခဲ့တဲ့ ဖခင္ျဖစ္သူက RFA ကို ေျပာပါတယ္။

ေရာဂါပိုး ေတြ႕ရွိသူ ေနထိုင္တဲ့နမ့္ဟူး႐ြာဟာ ေက်ာက္မဲကေန ေနာင္ခ်ိဳၿမိဳ႕ဘက္ကိုအထြက္မွာရွိၿပီး ေက်ာက္မဲနဲ႔ ငါးမိုင္ ေလာက္သာ ေဝးပါတယ္။ ဒီအတြက္ ေက်ာက္မဲၿမိဳ႕ေပၚမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ပိုမို ေဆာင္႐ြက္မွာျဖစ္ၿပီး ၿမိဳ႕ကိုေတာ့ အဝင္အထြက္ ကန႔္သတ္တာေတြ လုပ္မွာမဟုတ္ဘူးလို႔ ေက်ာက္မဲၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ဝင္းက ေျပာပါတယ္။

သီေပါၿမိဳ႕ထဲကိုဝင္တဲ့ လမ္းေတြထဲက ပင္လုံလမ္းကလြဲရင္ က်န္တဲ့လမ္းေတြကိုေတာ့ ပိတ္ထားပါတယ္။ ပင္လုံလမ္းအဝင္ ေဆး႐ုံအေရွ႕မွာေတာ့ က်န္းမာေရး ဝန္ထမ္းေတြ ဌာနဆိုင္ရာေတြက ဝင္ေရာက္လာသူေတြကို က်န္းမာေရး စစ္ေဆးေနပါတယ္။

ေက်ာက္မဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါနဲ႔ပတ္သက္ၿပီး သံသယလူနာေတြကိုထားဖို႔ တီဗီေရာဂါကုသေဆာင္ အေဟာင္းကို ျပင္ဆင္ေနပါတယ္။

ေရာဂါပိုးရွိသူေတြ႕လာရင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကုသေရး စက္ကိရိယာေတြရွိတဲ့ လားရႈိးေဆး႐ုံကို ပို႔ေဆာင္ကုသေပးမွာျဖစ္တယ္လို႔ ေက်ာက္မဲေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေက်ာ္မိုးထြန္းက ေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရရွိသူေတြကို ကုသဖို႔အတြက္ လားရႈိးနဲ႔ တ႐ုတ္-ျမန္မာ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မူဆယ္ေဆး႐ုံေတြမွာ အစိုးရက စီစဥ္ထားတာပါ။

ေနာင္ခ်ိဳနဲ႔ မိုးမိတ္ၿမိဳ႕ေတြမွာ ေရာဂါပိုး ကူးစက္ခံရသူေတြ႕ရင္ေတာ့ မႏၲေလးကို ပို႔ေဆာင္ကုသမွာျဖစ္တယ္လို႔ ရွမ္းျပည္နယ္ ဒုတိယ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္က ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ၿမိဳ႕နယ္အသီးသီးမွာ ပရဟိတအဖြဲ႕ေတြ၊ က်န္းမာေရးဌာနတာဝန္ရွိသူေတြ၊ ဌာနဆိုင္ရာေတြနဲ႔ တပ္မေတာ္သားေတြပူးေပါင္းၿပီး ေဈး၊ ကားလမ္းမႀကီးေတြ၊ အမ်ားသူငါ သြားလာတတ္တဲ့ေနရာေတြမွာ ပိုးသတ္ေဆးေတြဖ်န္းေနပါတယ္။

ငါးရက္ေဈးနဲ႔ ညေဈးေတြ ေရာင္းခ်ခြင့္ကို ေဒသႏၲရအမိန္နဲ႔ ပိတ္ထားပါတယ္။ ဆိုင္ေတြမွာ အစားအေသာက္ေတြ ေရာင္းခ်တာကို ထုတ္ပိုးသယ္ယူစနစ္နဲ႔သာ ေရာင္းခ်ခြင့္ျပဳထားပါတယ္။

ခရီးသည္ကားေတြမွာ လူေလွ်ာ့တင္ၿပီး လက္မွတ္ဖိုး ပိုေကာက္ယူတဲ့ စနစ္နဲ႔ ေျပးဆြဲေနပါတယ္။ ေနရပ္ျပန္လာသူ ေတြကေတာ့ ေနအိမ္နဲ႔ အစိုးရက စီမံေပးတဲ့ေနရာေတြမွာ ဆယ့္ေလးရက္ က်န္းမာေရး ေစာင့္ၾကည့္ခံရမွာပါ။

ဧၿပီလ ေလးရက္ေန႔ ေန႔လယ္ပိုင္းအထိ ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ ေစာင္ၾကည့္လူနာ ကိုးဦးရွိၿပီး အဲဒီထဲက ေျခာက္ဦး မွာ ေရာဂါပိုးမေတြ႕ရဘဲ က်န္သုံးဦးရဲ႕ ဓာတ္ခြဲ အေျဖေတြက ေစာင့္ဆိုင္းေနဆဲျဖစ္ေၾကာင္း (လားရႈိးၿမိဳ႕) ျပည္နယ္ ျပည္သူ႔က်န္းမာေရး႐ုံးက ထုတ္ျပန္ထားပါတယ္။

လားရႈိးေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ လက္ရွိအေျခအေနအရ စိုးရိမ္စရာ မရွိဘူးလို႔ ဆိုပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/kyaukme-coronavirus-confirmed-patient-04052020062353.html
--------------
(Unicode)⤵⤵⤵

ကျောက်မဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူတွေကို စောင့်ကြည့်နေ
ကံသာ

ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ ကျောက်မဲဒေသခံ အမျိုးသားကို ကျောက်မဲဆေးရုံ ကနေ လားရှိုးပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ဆေးကုသမှု ပေးနေပြီး မိသားစု အပါအဝင် သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကို နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

ရောဂါပိုးကူးခံရသူနဲ့ ထိတွေ့ခဲ့တဲ့ ဖခင်အပါအဝင် မိသားစုတွေကိုလည်း နမ့်ဟူးရွာနေအိမ်မှာ သီးသန့်ထား စောင့်ကြည့်နေပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သားဖြစ်သူကို လေဆိပ်မှာသွားကြိုခဲ့တဲ့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။

ရောဂါပိုး တွေ့ရှိသူ နေထိုင်တဲ့နမ့်ဟူးရွာဟာ ကျောက်မဲကနေ နောင်ချိုမြို့ဘက်ကိုအထွက်မှာရှိပြီး ကျောက်မဲနဲ့ ငါးမိုင် လောက်သာ ဝေးပါတယ်။ ဒီအတွက် ကျောက်မဲမြို့ပေါ်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုမို ဆောင်ရွက်မှာဖြစ်ပြီး မြို့ကိုတော့ အဝင်အထွက် ကန့်သတ်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

သီပေါမြို့ထဲကိုဝင်တဲ့ လမ်းတွေထဲက ပင်လုံလမ်းကလွဲရင် ကျန်တဲ့လမ်းတွေကိုတော့ ပိတ်ထားပါတယ်။ ပင်လုံလမ်းအဝင် ဆေးရုံအရှေ့မှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေက ဝင်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးနေပါတယ်။

ကျောက်မဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး သံသယလူနာတွေကိုထားဖို့ တီဗီရောဂါကုသဆောင် အဟောင်းကို ပြင်ဆင်နေပါတယ်။

ရောဂါပိုးရှိသူတွေ့လာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသရေး စက်ကိရိယာတွေရှိတဲ့ လားရှိုးဆေးရုံကို ပို့ဆောင်ကုသပေးမှာဖြစ်တယ်လို့ ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မိုးထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရှိသူတွေကို ကုသဖို့အတွက် လားရှိုးနဲ့ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်ဆေးရုံတွေမှာ အစိုးရက စီစဉ်ထားတာပါ။

နောင်ချိုနဲ့ မိုးမိတ်မြို့တွေမှာ ရောဂါပိုး ကူးစက်ခံရသူတွေ့ရင်တော့ မန္တလေးကို ပို့ဆောင်ကုသမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အသီးသီးမှာ ပရဟိတအဖွဲ့တွေ၊ ကျန်းမာရေးဌာနတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တပ်မတော်သားတွေပူးပေါင်းပြီး ဈေး၊ ကားလမ်းမကြီးတွေ၊ အများသူငါ သွားလာတတ်တဲ့နေရာတွေမှာ ပိုးသတ်ဆေးတွေဖျန်းနေပါတယ်။

ငါးရက်ဈေးနဲ့ ညဈေးတွေ ရောင်းချခွင့်ကို ဒေသန္တရအမိန်နဲ့ ပိတ်ထားပါတယ်။ ဆိုင်တွေမှာ အစားအသောက်တွေ ရောင်းချတာကို ထုတ်ပိုးသယ်ယူစနစ်နဲ့သာ ရောင်းချခွင့်ပြုထားပါတယ်။

ခရီးသည်ကားတွေမှာ လူလျှော့တင်ပြီး လက်မှတ်ဖိုး ပိုကောက်ယူတဲ့ စနစ်နဲ့ ပြေးဆွဲနေပါတယ်။ နေရပ်ပြန်လာသူ တွေကတော့ နေအိမ်နဲ့ အစိုးရက စီမံပေးတဲ့နေရာတွေမှာ ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ခံရမှာပါ။

ဧပြီလ လေးရက်နေ့ နေ့လယ်ပိုင်းအထိ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ စောင်ကြည့်လူနာ ကိုးဦးရှိပြီး အဲဒီထဲက ခြောက်ဦး မှာ ရောဂါပိုးမတွေ့ရဘဲ ကျန်သုံးဦးရဲ့ ဓာတ်ခွဲ အဖြေတွေက စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း (လားရှိုးမြို့) ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးက ထုတ်ပြန်ထားပါတယ်။

လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ လက်ရှိအခြေအနေအရ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/kyaukme-coronavirus-confirmed-patient-04052020062353.html
ေက်ာက္မဲက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူနဲ႔ ထိေတြ႕ခဲ့သူေတြကို ေစာင့္ၾကည့္ေန ေက်ာက္မဲက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူနဲ႔ ထိေတြ႕ခဲ့သူေတြကို ေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.