သြားလာေရးခက္ခဲတဲ့ နာဂေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မွာ စိုးရိမ္ေန

(Zawgyi)⤵⤵⤵

စစ္ကိုင္းတိုင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ရေဒသ နန္းယြန္းၿမိဳ႕နယ္မွာ က်န္းမာေရးဝန္ထမ္းသုံးပစၥည္း မလုံေလာက္ တာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာရင္ ထိန္းခ်ဳပ္လို႔မရတဲ့ အေျခအေန ျဖစ္လာမွာကို ေဒသခံတခ်ိဳ႕က စိုးရိမ္ေနၾကပါတယ္။ အစိုးရကေတာ့ ဦးစားေပးေဒသေတြထဲ ပါဝင္တဲ့ နာဂေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ေရး ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

စစ္တိုင္းတိုင္းအထက္ပိုင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္ရေဒသထဲက  သြားလာေရးခက္ခဲတဲ့ လဟယ္၊ ေလရွီးနဲ႔ နန္းယြန္း ၿမိဳ႕နယ္တို႔ဟာ က်န္းမာေရးဝန္ထမ္း မလုံေလာက္တာေတြေၾကာင့္ ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔ ေရာက္ရွိလာရင္ တျခားေဒသထက္ ပိုၿပီးေတာ့ ဆိုးဆိုး႐ြား႐ြား ခံစားရမွာကို ေဒသခံတခ်ိဳ႕က စိုးရိမ္ေနပါတယ္။

တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိမ္းေမာင္က နန္းယြန္းေဆး႐ုံမွာ ေဆးဝန္ထမ္းေတြ အသုံးျပဳဖို႔ ႏွာေခါင္းစည္း၊ လက္အိပ္နဲ႔ PPE လို႔ ေခၚတဲ့ ေရာဂါပိုး ခုခံကာကြယ္တဲ့ဝတ္စုံ ကာကြယ္ေရးပစၥည္းေတြ လုံေလာက္မႈမရွိဘူးလို႔ ေျပာပါတယ္။

“သူနာျပဳဆရာမေတြသုံးတဲ့ လက္အိပ္တို႔၊ N95 တို႔၊ PPE တို႔က ဆရာဝန္ေတြရဲ႕ စံသတ္မွတ္ခ်က္ေတြအရ ဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား လိုေသးတယ္၊ မကိုက္ေသးဘူးေပါ့ေနာ္၊ အဲဒါေတြက လိုအပ္ေနတယ္၊ အနည္းဆုံးကေတာ့ က်ေနာ္တို႔ တစ္ပတ္စာေလာက္ေတာ့ ျပင္ဆင္ထားဖို႔လိုတယ္၊ ေဆး႐ုံမွာ လူနာ ျပဳစုမယ္ ဆိုရင္ေတာင္ တစ္ပတ္စာေတာ့ လုပ္ထားဖို႔လိုတယ္။”

နာဂေဒသဟာ လူဦးေရမ်ားတဲ့ အိႏၵိယႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနသလို တရားမဝင္ လမ္းေတြလည္း အမ်ားအျပားရွိပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ေတြအတိုင္း လူစုလူေဝးမလုပ္ဖို႔၊ ႐ြာေတြမွာ တစ္ျခားေဒသကလူေတြ ဝင္ေရာက္လာရင္ သတိေပးတားျမစ္တာမ်ိဳးေတြနဲ႔ ပတ္သက္ရင္ ေဒသခံတို႔က လိုက္နာမႈ အားေကာင္းၾကပါတယ္၊ ဒါေပမဲ့လည္း အေျခခံက်တဲ့အခ်က္ေတြျဖစ္တဲ့ ဆပ္ျပာ၊ ႏွာေခါင္းစည္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳဖို႔ ခက္ခဲတယ္လို႔ ဦးစိမ္းေမာင္ က ေျပာပါတယ္။

လူဦးေရ ခုႏွစ္ေသာင္းေက်ာ္ရွိတဲ့ နန္းယြန္းၿမိဳ႕မွာသာ ဒီေရာဂါျဖစ္ရင္ ကုသေရးပစၥည္း အားနည္းတာ၊ သြားလာရ ခက္ခဲတာေတြေၾကာင့္ အခက္အခဲ ႀကီးႀကီးမားမား ေတြ႕ႏိုင္တယ္လို႔  ဦးစိမ္းေမာင္က ေျပာပါတယ္။

“၂၀၁၆၊၂၀၁၈၊၂၀၁၈ သုံးႏွစ္ဆက္တိုက္ဆိုရင္ အျခားေရာဂါေတြ ေက်း႐ြာအတြင္းထဲျဖစ္တဲ့အခါမွာ လူေသဆုံးမႈေတြ ေတာ္ေတာ္မ်ားတယ္ဗ်၊ ၿပီးေတာ့ အဖ်ားကူးတာေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေန႔ခ်င္းညခ်င္းကိုျမန္တယ္၊ ဒီလို႔အေနထားကို ႀကဳံဖူးတဲ့အတြက္ေၾကာင့္ အခုလို ကမာၻကပ္ေရာဂါႀကီး ျဖစ္ခဲ့မယ္ဆိုရင္ ေတာ္႐ုံနဲ႔ ထိန္းႏိုင္မယ္မထင္ဘူးဗ်၊ ဘာျဖစ္လို႔လည္းဆိုေတာ့ က်ေနာ္တို႔ ျပည္သူေတြမွာ က်န္းမာေရးဗဟုသုတနည္းတယ္၊ ကုသႏိုင္တဲ့ေဆးဝါးေတြ၊ ကိရိယာေတြ လုံလုံေလာက္ေလာက္ မရႏိုင္ဘူး၊ က်န္းမာေရးဝန္ထမ္းေတြ လုံလုံေလာက္ေလာက္မရွိဘူး၊ ဒီအခက္အခဲေတြေပါ့၊ ျဖစ္လို႔ရွိရင္ အခ်ိန္မွီလည္း ကုလို႔မရဘူး၊ မေဆာင္႐ြက္ေပးႏိုင္ဘူး တစ္႐ြာနဲ႔တစ္႐ြာအလွမ္းေဝးတယ္၊ ဒါေတြေၾကာင့္ အရမ္း စိုးရိမ္ ပူပန္တာပါ”

နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဥကၠ႒ ဦးေကဆိုင္းက ေဒသတြင္း ၿမိဳ႕နယ္ေတြအတြက္ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး ျပင္ပကေန လိုသေလာက္ ဝယ္လို႔ မရႏိုင္ဘူးလို႔ ေျပာပါတယ္။

“လုံလုံေလာက္ေလာက္ေတာ့ မရွိေသးဘူးဗ်၊ အလြယ္တကူ ဝယ္လို႔မရဘူးျဖစ္ေနတယ္၊ က်ေနာ္တို႔ ရန္ပုံေငြ ေတြလည္း ရွာထားတယ္ေလ၊ က်ေနာ္တို႔ဆီမွာ ပစၥည္း အခက္အခဲရွိပါတယ္၊ ရွိသေလာက္နဲ႔ အေကာင္းဆုံး ဝိုင္းၿပီးလုပ္ေနပါတယ္”

တစ္ၿမိဳ႕နယ္ကို ဆရာဝန္တစ္ေယာက္စီသာ ရွိတဲ့အတြက္ ဆရာဝန္ အေရအတြက္ တိုးျမႇင့္ခ်ထားေပးဖို႔ တိုင္းအစိုးရဆီ တင္ျပေတာင္းဆိုထားတယ္လို႔လည္း ဦးေကဆိုင္းက ေျပာပါတယ္။

နာဂေဒသအတြက္ လိုအပ္ေနတဲ့ဆရာဝန္ တာဝန္ခ်ထားေပးဖို႔ တိုင္းက်န္းမာေရးဦးစီးဌာနကို ၫႊန္ၾကားထားတယ္ လို႔လည္း စစ္ကိုင္းတိုင္း လႈမႈေရးဝန္ႀကီး ေဒါက္တာ ေဇာ္ဝင္း က ေျပာပါတယ္။

အစိုးရ ေထာက္ပံ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ရာမွာ သုံးတဲ့ အသုံးေဆာင္ေတြ ျဖန႔္ေဝရာမွာ နာဂေဒသ က ဦးစားေပး ေဒသတစ္ခု ျဖစ္တယ္လို႔  သူက ဆက္ေျပာပါတယ္။

“PPE ဝတ္ဆုံေတြ မေန႔ကဘဲ လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုရိထင္ သူသယ္သြားပါၿပီ၊ နာဂအတြက္ ခြဲတမ္းကို၊ ေလရွီးနဲ႔ လဟယ္အတြက္၊ နန္းယြန္းကေတာ့ သူ႔ဟာသူ ႀကီးၾကပ္၂ က ယူသြားပါတယ္၊ ပစၥည္းက လိုသေလာက္ မရဘူး၊ ရရင္ရသလို ၃၇ ၿမိဳ႕နယ္ကို အညီအမွ်၊ ေနာက္ၿပီးေတာ့က် နာဂေဒသကို ေဝးလို႔ဆိုၿပီး သူ႔ကိုဦးစားေပးၿပီး အရင္ပို႔ေပးပါတယ္၊ တခ်ိဳ႕လည္းမသိလို႔ေနမွာပါ”

စစ္ကိုင္းတိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ေရးအတြက္ ျပည္ေထာင္စုအစိုးရက ကူညီတဲ့အျပင္ တိုင္းေဒသႀကီးအစိုးရ ဘ႑ာေငြနဲ႔ လိုအပ္တဲ့ပစၥည္းေတြ ဝယ္ယူ ေထာက္ပံ့ေနတယ္လို႔လည္း ေဒါက္တာ ေဇာ္ဝင္း က ေျပာပါတယ္။

၂၀၁၉  ၾသဂုတ္လကုန္ပိုင္း နန္းယြန္းၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕မွာ  ျဖစ္ပြားခဲ့တဲ့ ရာသီေပၚတုပ္ေကြးနဲ႔ဆင္တဲ့ တုပ္ေကြးေရာဂါတစ္မ်ိဳးေၾကာင့္ အဲဒီေဒသမွာ ႏွစ္ပတ္အတြင္း ကေလး ခုႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

သြားလာေရး ခက္ခဲတဲ့ ဒီေဒသမွာ ထူးျခားတဲ့ အေျခအေန ျဖစ္ခဲ့ေၾကာင့္ ကမာၻတစ္လႊား ျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ဒီေဒသေရာက္လာၿပီး ထိန္းမႏိုင္ သိမ္းမရ  ျဖစ္လာမွာကို စိုးရိမ္ေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/naga-lacking-medical-equipments-04052020052402.html
------------
(Unicode)⤵⤵⤵
သွားလာရေးခက်ခဲတဲ့ နာဂဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှာ စိုးရိမ်နေ

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ နန်းယွန်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းသုံးပစ္စည်း မလုံလောက် တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာရင် ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမှာကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။ အစိုးရကတော့ ဦးစားပေးဒေသတွေထဲ ပါဝင်တဲ့ နာဂဒေသမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်တိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသထဲက  သွားလာရေးခက်ခဲတဲ့ လဟယ်၊ လေရှီးနဲ့ နန်းယွန်း မြို့နယ်တို့ဟာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေကြောင့် ကူးစက်ရောဂါ ပျံ့နှံ့ ရောက်ရှိလာရင် တခြားဒေသထက် ပိုပြီးတော့ ဆိုးဆိုးရွားရွား ခံစားရမှာကို ဒေသခံတချို့က စိုးရိမ်နေပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က နန်းယွန်းဆေးရုံမှာ ဆေးဝန်ထမ်းတွေ အသုံးပြုဖို့ နှာခေါင်းစည်း၊ လက်အိပ်နဲ့ PPE လို့ ခေါ်တဲ့ ရောဂါပိုး ခုခံကာကွယ်တဲ့ဝတ်စုံ ကာကွယ်ရေးပစ္စည်းတွေ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

“သူနာပြုဆရာမတွေသုံးတဲ့ လက်အိပ်တို့၊ N95 တို့၊ PPE တို့က ဆရာဝန်တွေရဲ့ စံသတ်မှတ်ချက်တွေအရ ဆိုရင်တော့ တော်တော်များများ လိုသေးတယ်၊ မကိုက်သေးဘူးပေါ့နော်၊ အဲဒါတွေက လိုအပ်နေတယ်၊ အနည်းဆုံးကတော့ ကျနော်တို့ တစ်ပတ်စာလောက်တော့ ပြင်ဆင်ထားဖို့လိုတယ်၊ ဆေးရုံမှာ လူနာ ပြုစုမယ် ဆိုရင်တောင် တစ်ပတ်စာတော့ လုပ်ထားဖို့လိုတယ်။”

နာဂဒေသဟာ လူဦးရေများတဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို တရားမဝင် လမ်းတွေလည်း အများအပြားရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း လူစုလူဝေးမလုပ်ဖို့၊ ရွာတွေမှာ တစ်ခြားဒေသကလူတွေ ဝင်ရောက်လာရင် သတိပေးတားမြစ်တာမျိုးတွေနဲ့ ပတ်သက်ရင် ဒေသခံတို့က လိုက်နာမှု အားကောင်းကြပါတယ်၊ ဒါပေမဲ့လည်း အခြေခံကျတဲ့အချက်တွေဖြစ်တဲ့ ဆပ်ပြာ၊ နှာခေါင်းစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ခက်ခဲတယ်လို့ ဦးစိမ်းမောင် က ပြောပါတယ်။

လူဦးရေ ခုနှစ်သောင်းကျော်ရှိတဲ့ နန်းယွန်းမြို့မှာသာ ဒီရောဂါဖြစ်ရင် ကုသရေးပစ္စည်း အားနည်းတာ၊ သွားလာရ ခက်ခဲတာတွေကြောင့် အခက်အခဲ ကြီးကြီးမားမား တွေ့နိုင်တယ်လို့  ဦးစိမ်းမောင်က ပြောပါတယ်။

“၂၀၁၆၊၂၀၁၈၊၂၀၁၈ သုံးနှစ်ဆက်တိုက်ဆိုရင် အခြားရောဂါတွေ ကျေးရွာအတွင်းထဲဖြစ်တဲ့အခါမှာ လူသေဆုံးမှုတွေ တော်တော်များတယ်ဗျ၊ ပြီးတော့ အဖျားကူးတာတွေက တစ်ယောက်နဲ့တစ်ယောက် နေ့ချင်းညချင်းကိုမြန်တယ်၊ ဒီလို့အနေထားကို ကြုံဖူးတဲ့အတွက်ကြောင့် အခုလို ကမ္ဘာကပ်ရောဂါကြီး ဖြစ်ခဲ့မယ်ဆိုရင် တော်ရုံနဲ့ ထိန်းနိုင်မယ်မထင်ဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေမှာ ကျန်းမာရေးဗဟုသုတနည်းတယ်၊ ကုသနိုင်တဲ့ဆေးဝါးတွေ၊ ကိရိယာတွေ လုံလုံလောက်လောက် မရနိုင်ဘူး၊ ကျန်းမာရေးဝန်ထမ်းတွေ လုံလုံလောက်လောက်မရှိဘူး၊ ဒီအခက်အခဲတွေပေါ့၊ ဖြစ်လို့ရှိရင် အချိန်မှီလည်း ကုလို့မရဘူး၊ မဆောင်ရွက်ပေးနိုင်ဘူး တစ်ရွာနဲ့တစ်ရွာအလှမ်းဝေးတယ်၊ ဒါတွေကြောင့် အရမ်း စိုးရိမ် ပူပန်တာပါ”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ ဦးကေဆိုင်းက ဒေသတွင်း မြို့နယ်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြင်ပကနေ လိုသလောက် ဝယ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

“လုံလုံလောက်လောက်တော့ မရှိသေးဘူးဗျ၊ အလွယ်တကူ ဝယ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့ ရန်ပုံငွေ တွေလည်း ရှာထားတယ်လေ၊ ကျနော်တို့ဆီမှာ ပစ္စည်း အခက်အခဲရှိပါတယ်၊ ရှိသလောက်နဲ့ အကောင်းဆုံး ဝိုင်းပြီးလုပ်နေပါတယ်”

တစ်မြို့နယ်ကို ဆရာဝန်တစ်ယောက်စီသာ ရှိတဲ့အတွက် ဆရာဝန် အရေအတွက် တိုးမြှင့်ချထားပေးဖို့ တိုင်းအစိုးရဆီ တင်ပြတောင်းဆိုထားတယ်လို့လည်း ဦးကေဆိုင်းက ပြောပါတယ်။

နာဂဒေသအတွက် လိုအပ်နေတဲ့ဆရာဝန် တာဝန်ချထားပေးဖို့ တိုင်းကျန်းမာရေးဦးစီးဌာနကို ညွှန်ကြားထားတယ် လို့လည်း စစ်ကိုင်းတိုင်း လှုမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း က ပြောပါတယ်။

အစိုးရ ထောက်ပံ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရာမှာ သုံးတဲ့ အသုံးဆောင်တွေ ဖြန့်ဝေရာမှာ နာဂဒေသ က ဦးစားပေး ဒေသတစ်ခု ဖြစ်တယ်လို့  သူက ဆက်ပြောပါတယ်။

“PPE ဝတ်ဆုံတွေ မနေ့ကဘဲ လွှတ်တော် ကိုယ်စားလှယ် ကိုရိထင် သူသယ်သွားပါပြီ၊ နာဂအတွက် ခွဲတမ်းကို၊ လေရှီးနဲ့ လဟယ်အတွက်၊ နန်းယွန်းကတော့ သူ့ဟာသူ ကြီးကြပ်၂ က ယူသွားပါတယ်၊ ပစ္စည်းက လိုသလောက် မရဘူး၊ ရရင်ရသလို ၃၇ မြို့နယ်ကို အညီအမျှ၊ နောက်ပြီးတော့ကျ နာဂဒေသကို ဝေးလို့ဆိုပြီး သူ့ကိုဦးစားပေးပြီး အရင်ပို့ပေးပါတယ်၊ တချို့လည်းမသိလို့နေမှာပါ”

စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရက ကူညီတဲ့အပြင် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူ ထောက်ပံ့နေတယ်လို့လည်း ဒေါက်တာ ဇော်ဝင်း က ပြောပါတယ်။

၂၀၁၉  သြဂုတ်လကုန်ပိုင်း နန်းယွန်းမြို့နယ် ကျေးရွာတချို့မှာ  ဖြစ်ပွားခဲ့တဲ့ ရာသီပေါ်တုပ်ကွေးနဲ့ဆင်တဲ့ တုပ်ကွေးရောဂါတစ်မျိုးကြောင့် အဲဒီဒေသမှာ နှစ်ပတ်အတွင်း ကလေး ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။

သွားလာရေး ခက်ခဲတဲ့ ဒီဒေသမှာ ထူးခြားတဲ့ အခြေအနေ ဖြစ်ခဲ့ကြောင့် ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဒီဒေသရောက်လာပြီး ထိန်းမနိုင် သိမ်းမရ  ဖြစ်လာမှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/naga-lacking-medical-equipments-04052020052402.html
သြားလာေရးခက္ခဲတဲ့ နာဂေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မွာ စိုးရိမ္ေန သြားလာေရးခက္ခဲတဲ့ နာဂေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မွာ စိုးရိမ္ေန Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.