COVID-19 ကာကြယ္ေရး လမ္းညႊန္ခ်က္သစ္နဲ႔ ျမန္မာေဆးပညာရွင္အျမင္

ထုိင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕တြင္ ျမန္မာဘက္သုိ႔ ျပန္လာသူမ်ား လဝက႐ုံးတြင္ တန္းစီေနသည့္ ျမင္ကြင္း။ (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 လူတခ်ိဳ႕မွာ စတင္ကူးစက္ေနၿပီ ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံတြင္းမွာ အလြန္အႏၱရာယ္ႀကီးတဲ့ အစုလုိက္ အၿပံဳလိုက္ တဆင့္ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္မႈေတြကို အစိုးရပိုင္းေရာ က်န္းမာေရးတာဝန္ရွိသူေတြ အေနနဲ႔ တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္သင့္တဲ့ အလြန္အေရးႀကီးတဲ့အခ်ိန္ ေရာက္ေနၿပီလို႔ ျမန္မာ-အေမရိကန္ ေဆးသိပၸံပညာရွင္က အႀကံေပး ေျပာဆိုလိုက္ပါတယ္။ အေမရိကန္ ေဆးသိပၸံဌာနရဲ႕ ေနာက္ဆံုးညႊန္ၾကားခ်က္ျဖစ္တဲ့ အျပင္ကို မျဖစ္မေန ထြက္ၾကတဲ့အခါ မ်က္ႏွာဖံုး ႏွာေခါင္းစည္းေတြ တပ္ဆင္ဖို႔ လုိက္နာၾကဖို႔ တိုက္တြန္းသလို အတတ္ႏိုင္ဆံုး ေနအိမ္ေတြထဲမွာပဲေနဖို႔ ျမန္မာျပည္သူေတြကို သူက အေလးအနက္ တုိက္တြန္းပါတယ္။


ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္မႈမ်ားတဲ့ အႏၱရာယ္ရွိေနတဲ့ ျပည္ပႏိုင္ငံေတြက ျပန္လာတဲ့သူေတြေရာ ျပည္တြင္း ခရီးသြားရာဇဝင္မရွိဘဲ မိသားစုလိုက္ ကူးစက္ခံရမႈေတြ ရွိလာေနတဲ့ ျမန္မာႏုိင္ငံတြင္း ကမာၻ႔ကပ္ေရာဂါ COVID-19 စိုးရိမ္စရာ ျမန္ဆန္ကူးစက္ျပန္႔ပြားမႈ ကာကြယ္ႏိုင္ေရး ဘာေတြ ေဆာင္ရြက္သင့္ပါလဲ၊ Georgia ျပည္နယ္ Atlanta ၿမိဳ႕ေတာ္မွာ ကူးစက္ေရာဂါတုိက္ဖ်က္ေရး ေဆးသုေတနလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ အေမရိကန္ ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုးကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းရာမွာ ေဒါက္တာမင္းမင္းစုိးက အခုလို တိုက္တြန္းပါတယ္။

“ဥပမာ အေမရိကားဆိုရင္ Local transmission ရပ္ကြက္ေက်းရြာထဲမွာ COVID-19 ပ်ံ႕ႏွံ႔မႈ ဘယ္ေလာက္အထိရွိတယ္၊ မရွိဘူးဆိုတာ အဆင့္ ၃ ဆင့္နဲ႔ သတ္မွတ္ထားတယ္။ သက္ဆိုင္တဲ့ အဆင့္အေပၚမွာ ေရာက္ေနတဲ့ ပ်ံ႕ႏွံ႔မႈ၊ ေရာက္ေနတဲ့အဆင့္ေပၚ မူတည္ၿပီး response တုံ႔ျပန္ၾကတာေပါ့။ ပထမဆံုးအဆင့္က ဘာေခၚလဲဆိုေတာ့ History ရွိတဲ့သူေပါ့၊ Travel History ရွိတဲ့သူေတြေပါ့၊ ဥပမာ တ႐ုတ္ကျပန္လာတာတို႔ ထုိင္းကျပန္လာတာတို႔ ျပန္လာခဲ့တဲ့ ႏုိင္ငံေတြကေန ေရာဂါပိုးကူးစက္မႈ ျမင့္ေနတဲ့ ႏုိင္ငံေတြေပါ့၊ အဲ့လိုႏုိင္ငံေတြကေန ျပန္လာတဲ့ ခရီးသြားရာဇဝင္ ရွိတယ္ဆိုရင္ ဟိုတေယာက္ ဒီတေယာက္ေလာက္ပဲဆိုရင္ ရပ္ကြက္ထဲမွာ ပ်ံ႕ႏွံ႔မႈက မရွိေသးဘူး။ သူနဲ႔ထိေတြ႔ခဲ့တဲ့ သူေတြေလာက္ကိုပဲ က်ေနာ္တို႔က ျပန္လိုက္ၿပီးေတာ့ Contact Tracing အခ်ိန္မီ အုပ္လုိက္ႏုိင္တယ္၊ ထိေတြ႔ခဲ့သူေတြကို Quarantine လုပ္လုိက္ႏုိင္တယ္ဆိုရင္ ဒါက Level one ေပါ့။ Community Transmission ေသခ်ာမရွိေသးဘူး။

“ေနာက္တဆင့္ကေတာ့ ဒီ့ထက္ အဆင့္တိုးလာတယ္။ လူနာကို ေရာဂါပိုးစစ္လိုက္တယ္၊ ေရာဂါပိုးေတြ႔တယ္၊ သူ႔မွာ Travel History မရွိဘူး။ ေရာဂါပိုးျမင့္မားတဲ့ ႏုိင္ငံေတြကေန ျပန္လာတဲ့ ခရီးသြားရာဇဝင္လည္း မရွိဘဲနဲ႔ ေရာဂါပိုး ကူးခံရတဲ့ အေနအထားရွိရင္ ဒါဟာ ရပ္ကြက္ေက်းရြာထဲမွာ ကူးစက္မႈရွိသလားဆိုတဲ့ သံသယရွိစရာ ျဖစ္လာတယ္၊ သံသယေတြ ေပၚလာၿပီေပါ့။ ဒီလိုမ်ိဳးျဖစ္လာရင္ သတိထားရမယ္။ ျမန္မာျပည္က အဲဒီအေနအထားမွာ ရွိတယ္။ တေယာက္ကေန ေလးငါးရက္အတြင္းမွာ ႏွစ္ေယာက္ျဖစ္သြားႏုိင္တယ္။ သံုးေယာက္ျဖစ္သြားႏုိင္တယ္။ က်ေနာ္တုိ႔အေခၚေတာ့ Reproductive Membranes ေပ့ါ၊ COVID-19 က လူတေယာက္ကေန ေနာက္ႏွစ္ေယာက္ကုိ သုံးေလးရက္အတြင္းမွာ ျပန္႔သြားႏုိင္တယ္၊ ခရီးသြားရာဇဝင္ မရွိဘူးဆုိရင္ သတိထားရမယ္။ အဲဒါဆုိရင္ က်ေနာ္တုိ႔ Level Two သတ္မွတ္တယ္။ သက္ဆုိင္ရာ COVID-19 တုံ႔ျပန္တဲ့ အဖြဲ႔အစည္းေတြ ဖြဲ႔ၿပီးေတာ့ စီမံခ်က္ေတြ ေသခ်ာေျပာထားဖုိ႔ လုိတယ္။ ျမန္မာျပည္ အေနအထားက အဲဒီအေနအထားမွာ ရွိေနတယ္။စီမံခ်က္ေတြဆြဲတဲ့အခါ သက္ဆုိင္ရာ ေဆး႐ုံ အုပ္ခ်ဳပ္ေရးပုိင္းေရာ၊ က်န္းမာေရးဝန္ႀကီးဌာန၊ လူထုအေျချပဳ အဖြဲ႔အစည္းေတြ၊ ရပ္မိရပ္ဖေတြ အကုန္ပါတဲ့ အဖြဲ႔ေတြနဲ႔ အေသအခ်ာကို Plan လုပ္ထားရမယ္။ လုပ္ထားၿပီးမွ Level Two ဆုိရင္ ဘယ္လုိတုံ႔ျပန္မယ္၊ Level Three ဆုိ ဘယ္လုိတုံ႔ျပန္မယ္၊ ေသခ်ာ Plan ေတြဆြဲၿပီးေတာ့ ႀကိဳတင္ျပင္ဆင္မႈ လုပ္ထားရမယ္။”

“ေနာက္တခုက အဆင့္ ၃၊ သူကေတာ့ အဆုိးဆံုးျဖစ္သြားၿပီ။ အေမရိကားဥပမာနဲ႔ဆို နယူးေယာက္ေပါ့၊ နယူးေယာက္စီးတီးမွာဆို အမ်ားႀကီးျပန္႔သြားၿပီ။ အဲဒါဆို သက္ဆုိင္ရာ ေဆး႐ုံေဆးခန္းေတြ မႏိုင္မနင္းျဖစ္တဲ့ အေနအထားေပါ့။ အဲ့ဒါဆိုရင္ေတာ့ အဆုိးဆံုးအဆင့္ အဲ့လိုျဖစ္သြားၿပီဆိုရင္ေတာ့ အဲဒီလိုအဆင့္ကို တုံ႔ျပန္ကာကြယ္မႈကို ပိုၿပီး ျပင္းျပင္းထန္ထန္ ထိထိေရာက္ေရာက္ ကာကြယ္ရမယ့္အဆင့္ ျဖစ္သြားၿပီ။”

မဆုမြန္ - အခုဆုိရင္ နယူးေယာက္မွာလည္္း ေတာ္ေတာ္ျဖစ္လာၿပီ၊ ေနာက္ ျပည္နယ္ေတြမွာလည္းျဖစ္ေတာ့ ဒီမွာဆုိရင္ ဝါရွင္တန္ဒီစီ၊ ေမရီလန္း၊ ဗာဂ်ီးနီးယားဆုိရင္ သူတို႔ ျပည္နယ္မွာရွိတဲ့ တာဝန္ရွိသူေတြက လူထုကို ဘယ္လိုေနရမယ္၊ ကူးစက္ျပန္႔ပြားမႈေတြ မရွိေအာင္ ဘယ္လိုကာကြယ္မႈေတြ ရွိမလဲဆုိတာ အဆင့္ဆင့္ ညႊန္ၾကားခ်က္သေဘာမ်ဳိး တားတဲ့ဟာေတြရွိတယ္။ ျမန္မာျပည္သူေတြကိုေရာ အခုလုိ လတ္တေလာ အေနအထားမွာ ဆရာ ဘာမ်ားေျပာခ်င္တာ၊ သတိေပးခ်င္တာ ရွိပါသလဲ။
social distancing, quarantine, isolation

ေဒါက္တာမင္းမင္းစုိး - “ထပ္ၿပီးေျပာခ်င္တာက Volunteer ေတြအတြက္ ႏွာေခါင္းစည္းေတြ တတ္ႏုိင္သမွ် ဝတ္ထားဖုိ႔၊ အထူးသျဖင့္ Quarantine လုပ္တဲ့သူေတြကို သြားကူတဲ့အခါမွာ အကာအကြယ္ သေဘာမ်ဳိး ဝတ္ထားဖို႔လုိတယ္။ မဝတ္ဘဲ ဒီတုိင္း သြားကူေနရင္ အႏၱရာယ္ႀကီးတယ္။ အဲဒါေလး ထပ္ျဖည့္ေျပာခ်င္တယ္။ ျမန္မာျပည္သူလူထု အဓိက လုပ္ရမွာက Social Distancing ေပါ့၊ အဲဒါေၾကာင့္ က်ေနာ္တုိ႔က ေသခ်ာေအာင္ ၆ ေပလို႔ ေျပာတာ CDC က။ WHO ကေတာ့ ၃ ေပလုိ႔ သတ္မွတ္ေပမယ့္ က်ေနာ္တုိ႔က ၆ ေပအထိ ေသခ်ာေအာင္ ေျပာထားတယ္။ နံပါတ္တစ္က Social Distancing ခပ္ခြာခြာေနဖို႔၊ နံပါတ္ႏွစ္က လက္ေဆးဖို႔။ အခု မေန႔ကဆုိရင္ CDC ရဲ႕ Recommendation က ႏွာေခါင္းစည္း မ်က္ႏွာဖုံးစည္း အုပ္ဖို႔ဆုိၿပီး ေျပာထားတယ္။ Vaccine ကာကြယ္ေဆးလည္း မရွိေသးဘူး၊ Therapeutic Treatment Plan မရွိေသးဘူးဆိုရင္ အေကာင္းဆုံး ထိေရာက္မႈ ကာကြယ္ႏုိင္မႈကေတာ့ လူထုရဲ႕ ပါဝင္မႈက အေရးအႀကီးဆံုးပါပဲ။ အဲေတာ့ Social Distancing လုပ္မယ္၊ အိမ္ထဲမွာပဲေနမယ္၊ အျပင္မထြက္ဘဲ ေနမယ္ဆုိရင္ေတာ့ Summer ေလာက္ဆုိရင္ေတာ့ က်သြားမွာပါ။”

Georgia ျပည္နယ္ Atlanta ၿမိဳ႕ေတာ္မွာ ကူးစက္ေရာဂါတုိက္ဖ်က္ေရး ေဆးသုေတနလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ အေမရိကန္ ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုး ေျပာျပသြားတာ ျဖစ္ပါတယ္။


-------------------------------

(Unicode)

COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်သစ်နဲ့ မြန်မာဆေးပညာရှင်အမြင်

ကမ္ဘာ့ကပ်ရောဂါ COVID-19 လူတချို့မှာ စတင်ကူးစက်နေပြီ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ အလွန်အန္တရာယ်ကြီးတဲ့ အစုလိုက် အပြုံလိုက် တဆင့်ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို အစိုးရပိုင်းရော ကျန်းမာရေးတာဝန်ရှိသူတွေ အနေနဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ မြန်မာ-အမေရိကန် ဆေးသိပ္ပံပညာရှင်က အကြံပေး ပြောဆိုလိုက်ပါတယ်။ အမေရိကန် ဆေးသိပ္ပံဌာနရဲ့ နောက်ဆုံးညွှန်ကြားချက်ဖြစ်တဲ့ အပြင်ကို မဖြစ်မနေ ထွက်ကြတဲ့အခါ မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ လိုက်နာကြဖို့ တိုက်တွန်းသလို အတတ်နိုင်ဆုံး နေအိမ်တွေထဲမှာပဲနေဖို့ မြန်မာပြည်သူတွေကို သူက အလေးအနက် တိုက်တွန်းပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး မန္တလေးမြို့ အဝင်အထွက် စတင်ကန့်သတ်တဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုများတဲ့ အန္တရာယ်ရှိနေတဲ့ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေရော ပြည်တွင်း ခရီးသွားရာဇဝင်မရှိဘဲ မိသားစုလိုက် ကူးစက်ခံရမှုတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံတွင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 စိုးရိမ်စရာ မြန်ဆန်ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး ဘာတွေ ဆောင်ရွက်သင့်ပါလဲ၊ Georgia ပြည်နယ် Atlanta မြို့တော်မှာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးသုတေနလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးကို မဆုမွန်က ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာမင်းမင်းစိုးက အခုလို တိုက်တွန်းပါတယ်။

“ဥပမာ အမေရိကားဆိုရင် Local transmission ရပ်ကွက်ကျေးရွာထဲမှာ COVID-19 ပျံ့နှံ့မှု ဘယ်လောက်အထိရှိတယ်၊ မရှိဘူးဆိုတာ အဆင့် ၃ ဆင့်နဲ့ သတ်မှတ်ထားတယ်။ သက်ဆိုင်တဲ့ အဆင့်အပေါ်မှာ ရောက်နေတဲ့ ပျံ့နှံ့မှု၊ ရောက်နေတဲ့အဆင့်ပေါ် မူတည်ပြီး response တုံ့ပြန်ကြတာပေါ့။ ပထမဆုံးအဆင့်က ဘာခေါ်လဲဆိုတော့ History ရှိတဲ့သူပေါ့၊ Travel History ရှိတဲ့သူတွေပေါ့၊ ဥပမာ တရုတ်ကပြန်လာတာတို့ ထိုင်းကပြန်လာတာတို့ ပြန်လာခဲ့တဲ့ နိုင်ငံတွေကနေ ရောဂါပိုးကူးစက်မှု မြင့်နေတဲ့ နိုင်ငံတွေပေါ့၊ အဲ့လိုနိုင်ငံတွေကနေ ပြန်လာတဲ့ ခရီးသွားရာဇဝင် ရှိတယ်ဆိုရင် ဟိုတယောက် ဒီတယောက်လောက်ပဲဆိုရင် ရပ်ကွက်ထဲမှာ ပျံ့နှံ့မှုက မရှိသေးဘူး။ သူနဲ့ထိတွေ့ခဲ့တဲ့ သူတွေလောက်ကိုပဲ ကျနော်တို့က ပြန်လိုက်ပြီးတော့ Contact Tracing အချိန်မီ အုပ်လိုက်နိုင်တယ်၊ ထိတွေ့ခဲ့သူတွေကို Quarantine လုပ်လိုက်နိုင်တယ်ဆိုရင် ဒါက Level one ပေါ့။ Community Transmission သေချာမရှိသေးဘူး။

“နောက်တဆင့်ကတော့ ဒီ့ထက် အဆင့်တိုးလာတယ်။ လူနာကို ရောဂါပိုးစစ်လိုက်တယ်၊ ရောဂါပိုးတွေ့တယ်၊ သူ့မှာ Travel History မရှိဘူး။ ရောဂါပိုးမြင့်မားတဲ့ နိုင်ငံတွေကနေ ပြန်လာတဲ့ ခရီးသွားရာဇဝင်လည်း မရှိဘဲနဲ့ ရောဂါပိုး ကူးခံရတဲ့ အနေအထားရှိရင် ဒါဟာ ရပ်ကွက်ကျေးရွာထဲမှာ ကူးစက်မှုရှိသလားဆိုတဲ့ သံသယရှိစရာ ဖြစ်လာတယ်၊ သံသယတွေ ပေါ်လာပြီပေါ့။ ဒီလိုမျိုးဖြစ်လာရင် သတိထားရမယ်။ မြန်မာပြည်က အဲဒီအနေအထားမှာ ရှိတယ်။ တယောက်ကနေ လေးငါးရက်အတွင်းမှာ နှစ်ယောက်ဖြစ်သွားနိုင်တယ်။ သုံးယောက်ဖြစ်သွားနိုင်တယ်။ ကျနော်တို့အခေါ်တော့ Reproductive Membranes ပေ့ါ၊ COVID-19 က လူတယောက်ကနေ နောက်နှစ်ယောက်ကို သုံးလေးရက်အတွင်းမှာ ပြန့်သွားနိုင်တယ်၊ ခရီးသွားရာဇဝင် မရှိဘူးဆိုရင် သတိထားရမယ်။ အဲဒါဆိုရင် ကျနော်တို့ Level Two သတ်မှတ်တယ်။ သက်ဆိုင်ရာ COVID-19 တုံ့ပြန်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ စီမံချက်တွေ သေချာပြောထားဖို့ လိုတယ်။ မြန်မာပြည် အနေအထားက အဲဒီအနေအထားမှာရှိနေတယ်။စီမံချက်တွေဆွဲတဲ့အခါ သက်ဆိုင်ရာ ဆေးရုံ အုပ်ချုပ်ရေးပိုင်းရော၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ အကုန်ပါတဲ့ အဖွဲ့တွေနဲ့ အသေအချာကို Plan လုပ်ထားရမယ်။ လုပ်ထားပြီးမှ Level Two ဆိုရင် ဘယ်လိုတုံ့ပြန်မယ်၊ Level Three ဆို ဘယ်လိုတုံ့ပြန်မယ်၊ သေချာ Plan တွေဆွဲပြီးတော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်။”

“နောက်တခုက အဆင့် ၃၊ သူကတော့ အဆိုးဆုံးဖြစ်သွားပြီ။ အမေရိကားဥပမာနဲ့ဆို နယူးယောက်ပေါ့၊ နယူးယောက်စီးတီးမှာဆို အများကြီးပြန့်သွားပြီ။ အဲဒါဆို သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေ မနိုင်မနင်းဖြစ်တဲ့ အနေအထားပေါ့။ အဲ့ဒါဆိုရင်တော့ အဆိုးဆုံးအဆင့် အဲ့လိုဖြစ်သွားပြီဆိုရင်တော့ အဲဒီလိုအဆင့်ကို တုံ့ပြန်ကာကွယ်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ကာကွယ်ရမယ့်အဆင့် ဖြစ်သွားပြီ။”

    မြန်မာအစိုးရရဲ့ ၁၄ ရက် သီးခြားခွဲထားရေးအစီအစဉ်အပေါ် ပြည်ပက ပြန်လာသူတွေအမြင် ဖတ်ရှုနိုင်ပါတယ်။

မဆုမွန် - အခုဆိုရင် နယူးယောက်မှာလည်း တော်တော်ဖြစ်လာပြီ၊ နောက် ပြည်နယ်တွေမှာလည်းဖြစ်တော့ ဒီမှာဆိုရင် ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားဆိုရင် သူတို့ ပြည်နယ်မှာရှိတဲ့ တာဝန်ရှိသူတွေက လူထုကို ဘယ်လိုနေရမယ်၊ ကူးစက်ပြန့်ပွားမှုတွေ မရှိအောင် ဘယ်လိုကာကွယ်မှုတွေ ရှိမလဲဆိုတာ အဆင့်ဆင့် ညွှန်ကြားချက်သဘောမျိုး တားတဲ့ဟာတွေရှိတယ်။ မြန်မာပြည်သူတွေကိုရော အခုလို လတ်တလော အနေအထားမှာ ဆရာ ဘာများပြောချင်တာ၊ သတိပေးချင်တာ ရှိပါသလဲ။

ဒေါက်တာမင်းမင်းစိုး - “ထပ်ပြီးပြောချင်တာက Volunteer တွေအတွက် နှာခေါင်းစည်းတွေ တတ်နိုင်သမျှ ဝတ်ထားဖို့၊ အထူးသဖြင့် Quarantine လုပ်တဲ့သူတွေကို သွားကူတဲ့အခါမှာ အကာအကွယ် သဘောမျိုး ဝတ်ထားဖို့လိုတယ်။ မဝတ်ဘဲ ဒီတိုင်း သွားကူနေရင် အန္တရာယ်ကြီးတယ်။ အဲဒါလေး ထပ်ဖြည့်ပြောချင်တယ်။ မြန်မာပြည်သူလူထု အဓိက လုပ်ရမှာက Social Distancing ပေါ့၊ အဲဒါကြောင့် ကျနော်တို့က သေချာအောင် ၆ ပေလို့ ပြောတာ CDC က။ WHO ကတော့ ၃ ပေလို့ သတ်မှတ်ပေမယ့် ကျနော်တို့က ၆ ပေအထိ သေချာအောင် ပြောထားတယ်။ နံပါတ်တစ်က Social Distancing ခပ်ခွာခွာနေဖို့၊ နံပါတ်နှစ်က လက်ဆေးဖို့။ အခု မနေ့ကဆိုရင် CDC ရဲ့ Recommendation က နှာခေါင်းစည်း မျက်နှာဖုံးစည်း အုပ်ဖို့ဆိုပြီး ပြောထားတယ်။ Vaccine ကာကွယ်ဆေးလည်း မရှိသေးဘူး၊ Therapeutic Treatment Plan မရှိသေးဘူးဆိုရင် အကောင်းဆုံး ထိရောက်မှု ကာကွယ်နိုင်မှုကတော့ လူထုရဲ့ ပါဝင်မှုက အရေးအကြီးဆုံးပါပဲ။ အဲတော့ Social Distancing လုပ်မယ်၊ အိမ်ထဲမှာပဲနေမယ်၊ အပြင်မထွက်ဘဲ နေမယ်ဆိုရင်တော့ Summer လောက်ဆိုရင်တော့ ကျသွားမှာပါ။”

    နယူးယောက်က IT ပညာရှင်တဦးရဲ့ COVID-19 အရေး လုပ်ငန်းအတွေ့အကြုံ ဖတ်ရှုနိုင်ပါတယ်။

Georgia ပြည်နယ် Atlanta မြို့တော်မှာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးသုတေနလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုး ပြောပြသွားတာ ဖြစ်ပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com/a/covid19-interview-with-dr-min-min-soe/5360866.html
COVID-19 ကာကြယ္ေရး လမ္းညႊန္ခ်က္သစ္နဲ႔ ျမန္မာေဆးပညာရွင္အျမင္ COVID-19 ကာကြယ္ေရး လမ္းညႊန္ခ်က္သစ္နဲ႔ ျမန္မာေဆးပညာရွင္အျမင္ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.